အလုပ်
photo sourceHere
18 နှစ်သားကောင်လေးတစ်ယောက်ဟာ ဘာအလုပ်မှမလုပ်ပဲ နေ့စဉ် စကျင်ကျောက်တုံးအရှည်ကြီးကို အမြဲကြည့်နေခဲ့တယ်။ မိဘတွေနဲ့ မြင်သူတိုင်းက မင်းအလုပ်လဲမလုပ်ပဲ ဘာလို့ နေ့တိုင်း ဒီကျောက်တုံးအရှည်ကြီးပဲ ကြည့်နေရတာလဲ အလုပ်လေးဘာလေးလုပ်အုံး ဆိုပြီးနေ့တိုင်း ပြောဆို ဆက်ဆံကြတိုင်း သူပြန်ပြောတယ် ကျွန်တော် အလုပ်လုပ်နေတာပါတဲ့။ ဘယ်သူမှလဲ မယုံသလို နေ့တိုင်း ဒီကျောက်တုံးအရှည်ကြီးကြည့်တာပဲ မြင်နေကြတယ်လေ။ ဒီလိုကြည့်လာတော့ သူ့အသက် 21 နှစ်ရောက်တဲ့အထိပါ။ အားလုံး ပြောဆိုဆဲဆိုခြင်းနေ့စဉ်ခံခဲ့ရတယ်။ မိဘတွေကလည်း အိမ်ကနှင်ထုတ်ဖို့တောင်ဖြစ်လာတာပါ။ ဘယ်လိုပဲပြောနေပါစေသူ က အလုပ်လုပ်နေတယ်လို့ပဲပြောပါတယ်။ သုံးနှစ်အကြာ အိမ်မက်ထဲက ရေးဆွဲထားတဲ့ ပရောဂျက်ကို စတင်ပါတော့တယ်။ သူ့ရဲ့ စိတ်ကူးကို ရုပ်လုံးပေါ်အောင် တစ်ယောက်ထဲ စိတ်ရှည်စွာဖန်တီးခဲ့တာ နှစ်နှစ်အတွင်း စကျင်ကျောက်တုံးရှည်ကြီးကနေ လက်ရာအမြှောက်ဆုံး စကျင်ကျောက်ရုပ်ထုကြီးဖြစ်လာခဲ့တယ်။ သူထုဆစ်ထားတဲ့ ရုပ်ထုကြီးက လူအများကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်ပေါ်လာစေခဲ့တာပေါ့။ သူလုပ်ခဲ့တဲ့အလုပ်ကြောင့် သူ့ဒေသ လူအသိအများဆုံး လည်ပတ်သူအများအပြားဆုံးဖြစ်လာတော့ ဒေသတစ်ခုလုံး စီးပွားရေးတွေပါ အဆင်ပြေသွားကြတယ်။ သူ့အတွက်လည်း သူလုပ်ခဲ့တဲ့ အရာကနေ အဆင်ပြေမှုတွေ ရရှိခံစားလာတယ်။ လူတစ်ယောက်ရဲ့ အလုပ်နဲ့ စိတ်ကူးကို အထင်မသေးမိပါစေနဲ့ လူတိုင်းလူတိုင်းမှာ စိတ်ကူးအိမ်တွေနဲ့ ရည်မှန်းချက်တွေအမြဲရှိကြပါတယ်။ လူတိုင်းရဲ့ အလုပ်မရှိအကိုင်မရှိ ဆန်ကုန်မြေလေးလို့ အပြောအဆိုခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်ကြောင့် ဒေသကြီးတစ်ခုလုံး အဆင်ပြေသွားစေခဲ့တာ သူ့ရဲ့ စိတ်ကူးအိမ်မက်နဲ့ အရည်အချင်းတွေကြောင့်ပါ။ ကျွန်တော်အလုပ်လုပ်နေတာပါလို့အမြဲပြောတဲ့ ကောင်လေး။
@nayhlaingsoe
@MSU_No.24
Good idea ✅
Cute story✅
ဗဟုသုတ တော့တိုးပြီဗျာ ခု စာပိုဒ်လေး ဖတ်လိုက်တာ
Good writing👍