သဘောထား

in #myanmar7 years ago

သဘောထား
+++++++++

ကိုယ့်အမြင်တစ်ခုတည်းနဲ့ အကြောင်းအရာတစ်ခုကို အဆုံးအဖြတ်ပေးခဲ့ရင်
ဘယ်အရာမှ သိပ်ပြည့်စုံမှာ မဟုတ်ပါဘူး

ကိုယ့်သဘောထားတစ်ခုတည်းနဲ့ သူများကို သွားတိုင်းရင်
ဘယ်သူမှ သိပ်ပြည့်စုံမှာ မဟုတ်ပါဘူး

ကိုယ့်အလိုတစ်ခုတည်းနဲ့ သူများကို သွားတောင်းဆိုခဲ့မယ်ဆိုရင်
ဘယ်သူမှ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး

မျက်စိသာ ပေတံလို သဘောထားခဲ့ရင်
သူများကို မတိုင်းတာခင်မှာ ကိုယ့်ကိုယ်ကို အရင်တိုင်းကြည့်ပါ။

စိတ်ကိုသာ အလေးလို့ သတ်မှတ်ခဲ့ရင်
သူများကို မချိန်တွယ်ခင်မှာ ကိုယ့်ကိုယ်ကို ချိန်တွယ်ကြည့်ပါ။

သူများအပြစ်ကိုချည်းရှာဖွေနေရင်၊ ကိုယ်ကကောဘယ်လောက်ပြည့်စုံနေလို့လဲ
သူများအားနည်းချက်ချည်း ကြည့်နေမယ်ဆိုရင်၊ ကိုယ်လည်း မှားယွင်းမူတွေ အများကြီးပါ။

သူများကို တောက်ရှောက် အပြစ်ရှာနေတဲ့သူဟာ
သူတစ်ပါးကို ပြသနာ အများကြီးမပေးနိုင်ပေမဲ့
ကိုယ်ကိုယ်တိုင် ဒုက္ခတွင်းထဲရောက်သွားနိုင်တတ်တယ်။

သူများအားနည်းချက်တွေကို တောက်ရှောက်ထောက်ကြည့်နေတဲ့သူဟာ
သူတစ်ပါးကို အရှက်အများကြီး မပေးနိုင်ပေမဲ့
ကိုယ်ကိုယ်တိုင် သိက္ခာလုံးလုံးကြီး မဲ့သွားနိုင်ပါတယ်။

သူများကို ကြည့်လို့ရမှ လောကကြီးထဲမှာ ၀င်ဆန့်လို့ရသလို
သူများကို လေးစားတတ်ပါမှ သူများရဲ့ လေးစားမူကို ခံရတတ်တယ်။

ပင်လယ်လို သဘောထားကျယ်ပြောနိုင်မှ
သမုဒ္ဒရာကဲ့သို့သော စိတ်ထားကို ပိုင်ဆိုင်နိုင်စွမ်းရှိမယ်။

ပင်လယ်ကြီးလို ငြိမ်သက်နိုင်မှ
လေဒဏ်လိုင်းဒဏ်ကို ကောင်းကောင်းခံနိုင်စွမ်းရှိမယ်။

လူနေချုံကြား၊ စိတ်နေဘုံဖျား
ကြီးကြီးတွေးမယ်။ မြင့်မြင့်တက်မယ်။
ဝေးဝေးကြည့်မယ်။
ပြီးရင် ပင်လယ်လိုကျယ်ပြောတဲ့
မဟာသဘောထား ပိုင်ဆိုင်ချင်ပါတယ်။
ဖတ်ရူ့သူအားလုံး သဘောထားကြီးနိုင်ကြပါစေ။FB_IMG_1498751614754.jpg

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60185.13
ETH 3290.40
USDT 1.00
SBD 2.44