Google မှာဆရာတစ်ယောက်ကဲ့သို့ ရှာဖွေခြင်း

in #myanmar7 years ago

image
မြန်မာနိုင်ငံတစ်ဝန်းရှိ လူတော်တော်များများ/ ကျောင်းသားကျောင်းသူများ/ ကလေးလူကြီး အကုန်နီးပါးလိုလို Facebook ကို မရှိမဖြစ် သဘောသုံးစွဲနေကြပြီ ဖြစ်ပါသည်။ facebook သုံးစွဲပြီ် နည်းပညာ ရှာဖွေကြသည်မှာ အထူးအဆန်း မဟုတ်ပါ။ လူတိုင်းနီးပါး လိုလို like တွေ share တွေလုပ်ပြီး မိမိဝါသနာပါရာကို အသီးသီးလေ့လာနေကြပါသည်/ ဒါပေမဲ့ ကျနော့် steemit မှ မြန်မာလူငယ်တွေကို ကျနော် အထူးသတိပေးချင်တာက Facebook တွင် Google ကဲ့သို့ ပြည့်ပြည့်စုံစုံ ရှာဖွေ၍ မရနိုင်ပေ။ပုတ်ခက်၍ပြောဆိုခြင်း မဟုတ်ပါ မြန်မာလူငယ်များ Facebook ပေါ်တွင် အချိန်မကုန်စေရန် သတိပေးခြင်းသာဖြစ်ပါသည်။သူဟာနဲ့သူအသီးသီးအားနည်းချက်လေးတွေတော့ရှိနေကြပါတယ်/ ကျနော်က ကျနော့ steemit ကမသိသေးတဲ့ညီကိုတွေကိုသိသလောက်ပြန်လည် မျှဝေပေးချင်သာ ဖြစ်ပါသည်။ဆရာများ ကျော်ခွသွားနိုင်ပါသည်။

boldFacebook မှာ အဆင်မပြေမူလေးတွေအားနည်းချက်လေးတွေရှိပါတယ်
၁။ မိမိ Like အမြဲလိုလို လုပ်သော Post က ထိပ်ဆုံးသို့ ရောက်လာခြင်း

၂။ မိမိရေးသားထားသော အကြောင်းအရာများကို ပြန်လည်ရှာဖွေရ ခက်ခဲခြင်း(profile အောက်ကိုပြန်ဆွဲနေရတာ)

၃။ နောက်ဆုံးပေါ် နည်းပညာများ မရှာဖွေနိုင်ခြင်း။ အခြေခံနည်းပညာများသာ အလွယ်တကူ ရှာဖွေနိုင်ပါတယ် စသည့် အချို့ ကိစ္စလေးတွေ ရှိနေတတ်ပါသေးသည်။

သို့သော် Facebook ၏ ကြိုးစားအားထုတ်မှုကြောင့် Facebook Group တွင် အောက်ပါအတိုင်း ရှာဖွေနိုင်သည့် အားသာချက်များလည်းရှိပါသည်။
ဥပမာအနေနှင့် steemit vote link ကို အသုံးပြုထားသည်။

၁။ steemit vote link မှ Post များကို Post လုပ်ထားသည့် Date အတိုင်း အစီအစဉ်တကျ ကြည့်လိုပါက Search Bar တွင် “*” ကို နှိပ်ပါ။

၂။ မိမိသိလိုသော အကြောင်းအရာနှင့် Date အတိုင်း အစီအစဉ်တကျ ရှာလိုလျှင် “*steemit” စသဖြင့် ရှာဖွေပါ။

၃။ ကွန်ပျူတာ အသုံးပြုပြီး Facebook ကို ကြည့်ပါက ညာဘက်တွင် Files ရှိသည်။ Files ကို အသုံးပြုပြီး မိမိအဖွဲ့ဝင်များအကြား စာရွက်စာတမ်းများ ဖလှယ်နိုင်သည်။ အချိန်မရွေး ဝင်ရောက်ဖတ်ရှုနိုင်သည်။ ဖုန်းဖြင့် အသုံးပြုပါက Group -> Info -> Files ကို ရှာဖွေနိုင်သည်။

၎။ Events ကို အသုံးပြုပြီး အဖွဲ့ဝင်တွေအကြား Events များ ဖန်တီးနိုင်သည်။

မြန်မာလူငယ်တွေ goole ကို pro တစ်ယောက်လို သုံးတတ်စေရန် ရည်ရွယ်၍ ပြန်လည်း ကိုးကားတင်ပြပါသည်။

Google မှာ pro တစ်ယောက်လို့ ရှာနည်းများ

၁။ မိမိအတိအကျမသိသော စကားလုံးကို ရှာလိုလျှင် (*) ထည့်ရှာပါ။
ဥပမာ။ ။ *steemit

၂။ ကိုရှာမဲ့စကားလုံးကို တိတိကျကျသိချင်ရင် double Quote နှစ်ခုထဲ ထည့်ရှာပါ။
ဥပမာ။ ။ “steemit”

၃။ Special Character များ ထည့်ရှာချင်ရင်လည်း double Quote “” ထဲတွင် ထည့်ဖို့ လိုအပ်မည်။
ဥပမာ။ ။ “<%#”

၎။ မိမိရှာဖွေသော keyword ကို ခေါင်းစဉ် Title ထဲ ရှာလိုလျှင် title: ကို သုံးပါ။
ဥပမာ။ ။ title: steemit

၅။ Title က အရေးမကြီးဘဲ အဖြေစာသား Body ထဲမှာပဲ ရှာလိုလျှင် body: ကို သုံးပြီးရှာပါ။
ဥပမာ။ ။ body: steemit

၆။ မိမိရေးသားသော post များ ပြန်ရှာလိုလျှင် user:me အကြောင်းအရာ ကို သုံးပါ။
ဥပမာ။ ။ user:me steemit

၇။Minus sing ဆိုတဲ့ (-)အနုတ်လက္ခဏာ ကိုသုံးပြီး မိမိမရှာလိုသော အရာရှိလျှင် ဖယ်ထုတ်နိုင်ပါသည်။
ဥပမာ။ ။ steemit - facebook /
facebookနှင့် ဆက်နေသော အဖြေများ မလိုချင်ပါ။

၈ ။site: ဆိုတဲ့ စကားလုံးကိုသုံးပြီး site တစ်ခုမှာရှိတဲ့အကြောင်းအရာအချက်လက်တွေကိုရှာဖွေနိုင်ပါတယ်။ သင်ဟာ Andriod နဲ့ ပတ်ပြီး itnaunglinn.blogspot.com ဆိုတဲ့ site မှာရှာချင်တယ်ဆိုပါဆို
ှုဥပမာ - site:itnaunglinnmce.blogspot.com Android လို့ရှာဖွေနိုင်ပါတယ်။

၉။ (~) ဒီဟာလေးကို အသုံးပြု ပြီးး မိမိရှာချင်နေတဲ့စကားလုံးနဲ့ ဆက်စပ်နေတဲ့ စကားလုံးတွေရှာဖွေနိုင်ပါတယ်။
ဥပမာ - ~ steemit ပေါ့

၁၀။ အချိန်ကာလ သတ်မှတ်ပြီးရှာဖွေနိုင်ပါတယ်
ဥပမာ သင်ရှာဖွေချင်တဲ့ အကြောင်းအရာက steemit အချိန်က 2015 က နေ 2017 ဆိုရင်-
steemit 2015..2017 ပေါ့

၁၁။ filetype: ကိုအသုံးပြုပြီး file အမျိုးအစားတစ်ခုချင်းစီကို သီးသန့်ရှာဖွေ နိုင်ပါတယ်/ သင်ဟာ pdf file သီးသန့်ရှာချင်တယ်ဆိုပါဆို
ဥပမာ - filetype: pdf how to steem လို့ရှာနိုင်ပါတယ်

၁၂။ "OR" ဆိုတဲ့စကားလုံးကို အသုံးပြုပြီးတော့ မိမိရှာချင်တဲ့ စကားနှစ်လုံးရဲ့ အဓိပ္ပာယ်ကို တစ်ခုမဟုတ် တစ်ခုသိချင်ရင် ဒီလိုရှာဖွေနိုင်ပါတယ်။
ဥပမာ - steemit OR facebook

၁၃။Google ကို calculatorအဖြစ်လည်း အသုံးပြုနိုင်ပါတယ် အောက်မှာကြည့်ပါ
(4+6)*(5/7)

၁၄။ Googleကိုအသုံးပြုပြီးဘာသာစကား
တွေကိုလည်း ဘာသာပြန်ဆိုနိုင်ပါသည်
google translate ပါ ဒါကလူတိုင်းသိပြီးသားနေမှာပါ။

ကျနော်ပြောပြတဲ့ဟာတွေထဲက တစ်ခုခု လောက် မိတ်ဆွေတို့တွက် အသုံးဝင်မယ်လိုယူဆပါတယ်။လိုအပ်ရင် ထုတ်သုတ်နိုင်ပါတယ် ကျနော် သိသလောက် ညီကိုတွေကိုပြန်လည်မျှဝေပေးတာပါ။
bold
အားလုံးကို ကျေးဇူးတင်ပါသည်။
image

Sort:  

Great post
ပုံနဲ့တိုက်​ရှာတာ​တွေ
Facebook မှာ ဝါဒဖြန့်​တာ​တွေ ကို comment ဖတ်​ဖို့​တွေ ​ထပ်​​ရေးသင့်​တယ်​ဗ

nice post

great post , thanks for sharing

Thanks for sharing bro naung

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 59198.54
ETH 3287.69
USDT 1.00
SBD 2.43