လှရက်လွန်းတဲ့ မရယ်

in #myanmar6 years ago

လှရက်လွန်းတဲ့ မရယ်

ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့မင်းသမီးချောလေး ဆိုရီဂျင်းပဲဖြစ်ပါတယ်။

တောင်ကိုရီးယားမင်းသမီးချောလေးတစ်ဦးဖြစ်ပြီး သူမအသက်ကဆိုရင် ၃၆ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် ၊ ဇန်နဝါရီလ ၁၁ ရက်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး အရပ်ကတော့ ၅ပေနဲ့ ၄ လက်မ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေရင်ထဲကို ထိုးဖောက်နိုင်ခဲ့သူလေး တစ်ဦးပါ။

သူမရဲ့အောင်မြင်ကျော်ကြားမှုက ကိုရီးယားနိုင်ငံတစ်ခုတည်းမဟုတ်ဘဲ တရုတ်၊ ဂျပန်စတဲ့ နိုင်ငံတွေအပြင် အခြားအာရှနိုင်ငံတွေကိုပါ ထိုးဖောက်နိုင်ခဲ့ပါတယ်။

ဆိုရီဂျင်းရိုက်ကူးခဲ့တဲ့ နာမည်ကြီးဇာတ်ကားတွေကတော့ The Classic (2003), Summer Scent (2003), A Moment to Remember (2004), and April Snow စတဲ့ဇာတ်ကားကောင်းတွေဖြစ်ပြီးတော့ မတူညီတဲ့ဇာတ်ကောင်တွေကို လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ပရိသတ်တွေအသိအမှတ်ပြုခံခဲ့ရတဲ့ ဇာတ်ကားတွေ ကတော့ in Alone in Love (2006), My Wife Got Married (2008), The Pirates (2014), The Truth Beneath နဲ့The Last Princess (both in 2016) ပဲဖြစ်ပါတယ်။

image
ဒီ ၂၀၁၈ ခုနှစ်မှာတော့ “Something in the rain” ဇာတ်ကားမှာ မန်နေဂျာမမ တစ်ယောက်အဖြစ်ပါဝင် သရုပ်ဆောင်ခဲ့ပြီး နုပျိုတဲ့ သူမရဲ့ဟန်ပန်တွေကြောင့် ပရိသတ်တွေက ဒီဇာတ်ကားမှာလည်း အချစ်ပိုခဲ့ ရပါတယ်။ သိပ်ကို ရိုမန်းတစ်ဆန်တဲ့ဇာတ်ကားဖြစ်တဲ့အပြင် သူမရဲ့ သရုပ်ဆောင်မှုကလည်း မင်းသားဖြစ်သူ ဂျန်ဟေအင်းနဲ့ လိုက်ဖက်ညီလွန်းခဲ့တာကြောင့် ပရိသတ်တွေက ဇာတ်ကားပြီးတော့ သူတို့နှစ်ဦး တွဲနေကြတယ်ဆိုတဲ့ ကောလဟာလတွေပါ ထွက်တဲ့အထိ ဖြစ်ခဲ့တာပါ။

အနုပညာမှာသူမရဲ့ အောင်မြင်မှုကလည်း တကယ့်ကို အံ့မခန်းပါပဲ။ သူမရရှိခဲ့တဲ့ အနုပညာထူးချွန်ဆုပေါင်း အခု နှစ်ဆယ်ကျော်က သူမအောင်မြင်မှုရဲ့ မှတ်တိုင်တွေပဲ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့စာရင်းတွေအရတော့ သူမရဲ့ ချမ်းသာကြွယ်ဝမှုဟာဆိုရင် သန်း ၂၀ လောက်ထိပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Sort:  

Congratulations @nanshwesin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @nanshwesin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.026
BTC 57383.94
ETH 2450.29
USDT 1.00
SBD 2.40