ဒဏ်ရာဖြတ် မျဉ်း
ချစ်ခြင်းတရားဆိုတာ ကျမတို့ မိန်းကလေးတွေ ကိုးကွယ်သင့်တဲ့အရာမဟုတ်ဘူးတဲ့..။
အရှက်သိက္ခာနဲ့ လူ့ပတ်ဝန်းကျင်ထဲမှာ ကျမတို့ မိန်းမတွေဟာ ကျရှုံးတတ်တဲ့ သတ္တဝါတွေပဲလား။ တကယ်ချစ်တတ်ခြင်းဆိုတဲ့ နှလုံးသားကို ပိုင်ဆိုင်ခဲ့ပြီးတာတောင် ကျမမှာ ထုတ်ဖော်ပြောပြခွင့်မရှိဘူးတဲ့..။ ဘယ်အလွမ်းအတွက်မှ ကျမတို့အတွက် သီးသန့်စာမျက်နှာ မဖြစ်စေရဘူးတဲ့။ မိန်းမသားတွေရဲ့ ပညက်ချက်အဖြစ် ထုံးတမ်းဓလေ့တွေထဲမှာ အိနြေ္ဒ သိက္ခာနဲ့ တင်းချည်ထားခဲ့ကြတယ် ထင်ပါရဲ့။
ကျမ သူ့ကို တကယ် ချစ်ခဲ့တာပါ။
အဲ့ဒီနေ့က သူက ခါတိုင်းနဲ့မတူ အင်္ကျီဖြူနဲ့ ပုဆိုး အပြာရင့်ရောင်နဲ့ တကယ်ကို ပီဘိ ကလေးငယ်တစ်ယောက်လို ရှင်းသန့် ချောမွေ့နေခဲ့တာပါ။ ကျောင်းလှေကားရဲ့ တစ်ဆစ်ချိုးကနေ ဘွားခနဲ့ထွက်လာခဲ့တဲ့ သူက ကျမအမြင်ထဲ ဖျတ်ခနဲ ကျလာတဲ့ နတ်သားတစ်ပါးလိုပါပဲ။ ကြည်လင်တောက်ပပြီးတက်ကြွတဲ့ အပြုံးထဲမှာ ကျမ တခဏ မှင်တက်မိနေခဲ့ရပါတယ်။
" ဆရာမ ဒေါ်သိင်္ဂီအေးရဲ့ အခန်း ဘယ်အနားမှာလဲ " လို့ မေးလိုက်တဲ့ သူ့အသံ သြရှရှထဲမှာ ကျမ ဖြေစရာမရှိဖြစ်ခဲ့ရပါတယ်။ အထစ်ထစ် အငေါ့ငေါ့နဲ့ တီချယ်ရဲ့ အခန်းကို ညွှန်ပေးလိုက်ရင်း သူ့ရဲ့ ကျေးဇူးဆိုတဲ့ စကားတစ်ခွန်းမဆုံးခင် အတိုက်တိုက် အခိုက်ခိုက်နဲ့ ကျမ သူ့ရှေ့က ပြေးထွက်ခဲ့လိုက်ရတယ်။
ကျမရဲ့ ရင်ခုန်တတ်ခြင်းက အဲ့ဒီအချိန်ကနေ စခဲ့တယ် ထင်တာပါပဲ။ ဆယ်ကျော်သက်အရွယ် အင်္ဂလိပ်စာ မေဂျာရဲ့ ဒုတိယနှစ်ကျောင်းသူ ကျမရဲ့ ဘယ်ဖက် နှလုံးသားက ပထမဆုံးအချိန် တုန်လှုပ်ဖြစ်ခဲ့တာပါ။
အဲ့ဒီနေ့က စပြီး ကျောင်းပတ်ဝန်းကျင်မှာ ကျမ သူ့ကို ရှာဖွေနေမိတယ်။ တီချယ် ဒေါ်သိင်္ဂီအေးနဲ့လည်း အရင်ကထက် ပိုနှုတ်ဆက်ဖြစ်ခဲ့တယ်။ ကျမရဲ့ မျှော်တော်ယောင် အလွမ်းတွေ တိတ်တခိုး ဖူးပွင့် နေဖြစ်ခဲ့တာ ဘယ်သူမှတော့ မရိပ်မိခဲ့ကြဘူး လို့ ထင်ခဲ့ပေမဲ့ ကျမ ဘေးနားက သူငယ်ချင်း မေ ကတော့ သတိထားမိခဲ့ပုံရရဲ့။
" လွင် နင် ဘာဖြစ်နေတာလဲ ခုတလော ၊ ရုပ်က တစ်ယောက်ထဲလည်း ပြုံးချင်ပြုံးနေတာပဲ။ ဒီလောက် စာထဲ ခေါင်းနှစ်ထားသူက ငေးလိုငေး ငိုင်လိုငိုင်နဲ့ ။ နင် ဘာဖြစ်နေတာလဲ လွင် " တဲ့။
ကျမရဲ့ အေးတိအေးစင်အမူအယာအတိုင်းပဲ ပြုံးပြပြီး ခေါင်းခါပြလိုက်မိတယ်။မေက ကျမရဲ့ ပုံစံကို အဲ့ဒီလောက်ပဲ ရိပ်မိခဲ့ပုံပါပဲ။
ကျမ သူ့ကို ကျောင်းသွားတိုင်း ရှာနေမိပေမဲ့ မတွေ့ခဲ့မိဘူး။ ပထမဆုးံအကြိမ် အသဲကွဲ ဝေဒနာရဲ့ အဖျားဆွတ် အော်ဟစ်သံ သဲ့သဲ့ကို ကြားလိုက်မိသလိုပါပဲ။ ကျမ ရဲ့ တိတ်တခိုး ကနေ မျှော်လင့်ချက်လေး တစ်ချက် ပြန်လင်းလက်လာခဲ့လေရဲ့။
အဲ့ဒီနေ့က သူက ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့ ရိုးရိုးသာမန်ပုံစံလေးနဲ့ပါပဲ။ စိုဝင်း ဖြူနုနေတဲ့သူ့အသားအရည်းနဲ့ ပြုံးလိုက်တိုင်း နုဖတ်သွားတတ်တဲ့ မျက်နှာလေးနဲ့ တီချယ် ဒေါ် သိင်္ဂီအေးရဲ့ ဘေးနားကနေ ရယ်မောလို့ စကားပြောပြီး လျှောက်လာနေခဲ့ကြတာ ကျမနဲ့ မျက်နှာချင်းဆိုင်တည့်တည့်မှာ....
ကျမ သူ့ကို ဟိုး..အဝေးကြီးကတည်းက မြင်နေခဲ့တာပါ။ မျှော်လင့်နေမိတဲ့အချိန်အဟုတ်လို့ ကျမ လက်ဖျားအစုံ အေးစက်သွားပြီး မှင်တက်မိ သွားခဲ့တဲ့အထိပါပဲ။
သူက တီချယ်နဲ့ စကားကောင်းနေခဲ့လို့ ကျမကို မမြင်ခဲ့တာ ဖြစ်မှာပါ။
အနားရောက်တော့မှ တီချယ်ကလည်း ကျမကို မြင်သွားပုံပါပဲ။ ကျမ တုန်လှုပ်နေတဲ့ ရင်အစုံကို ဖုံးကွယ်ပစ်ပြီး သာမန်ပုံစံနဲ့ပဲ တီချယ့်ကို ပြုံးပြဖြစ်လိုက်ပါတယ်။
" ဟော... သမီး လွင်.."
တီချယ်က ရွှင်ပြုံးစွာနဲ့ပဲ နှုတ်ဆက်လိုက်တော့ ကျမ တီချယ့်ကိုရော သူ့ကိုပါ ရောနှော ပြုံးပြဖြစ်လိုက်ပါရဲ့။
" မင်္ဂလာပါ တီချယ် "
" အေးကွဲ့ သမီး...။ သားရေ ...ဒါ ဒေါ်လေးရဲ့ စာသိပ်တော်တဲ့ တပည့်မလေးပဲကွဲ့..။မြန်မာဆန်ပြီး ယဉ်ကျေးသလို သိပ်လည်း လိမ္မာပြီး စာလည်း သိပ်ကြိုးစားတာ သားရဲ့"
ကျမ ဆရာမရဲ့ ချီးမွှမ်းသံကြားမှာ ကျမ မနေတတ် မထိုင်တတ်နဲ့။
သူက ကျမကို ရွှန်းလဲ့စွာနဲ့ ကြည့်ပြီးတော့..
"ဟုတ်လား ။ မင်္ဂလာပါ ..ညီမ " တဲ့။
ကျမ တစ်ချက်လေးပဲ ခေါင်းညိတ်ပြုံးပြပြီး အဲ့ဒီနေရာကနေ ထွက်ပြေးလာခဲ့မိတဲ့အထိပါပဲ။
သူ ပြုစားနိုင်လွန်းခဲ့လေရဲ့။
မှတ်မှတ်ရရ အဲ့ဒီညက ကျမ သူ့ကို အိမ်မက်မက်ဖြစ်ခဲ့ပါတယ်။
ကျမ သိခဲ့ ရတာက သူဟာ ဂျပန်ကနေ ကျောင်းတက်ပြီး ပြန်လာသူဖြစ်ပြီး တိချယ် ဒေါ်သိင်္ဂီအေးရဲ့ တူတဲ့။ စာတော်သလို အားကစားပါ တော်သူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်း တစ်ခု ထူထောင်ဖို့ ကြိုးစားနေသူပါတဲ့။ ကျမတို့ ကျောင်းမှ တီချယ့်ကို သူ လာကြိုတိုင်း သူလာရာ လမ်းမှာ မိန်းကလေးများစွာ ပြန့်ကျဲနေတတ်မြဲ ။ သူ့သတင်းအချို့ကို ပလုံစီ ချန်စေတတ်မြဲပဲလေ။
တည်ကြည်ပြီး ယဉ်ကျေးပျူငှါတဲ့ သူ့ကို ကျမကိုယ်တိုင်တောင် သဘောကျနေဖြစ်ခဲ့သေးတာပဲ မဟုတ်လား။
တစ်နေ့ ကျမ ခါတိုင်းလိုပဲ ကျောင်းကို သွားဖြစ်ခဲ့ပါတယ်။ အဲ့ဒီနေ့က မိုးသားတွေ ညှို့ ညှို့နဲ့ တိမ်အချို့က ပြိုဖို့ ပြင်နေကြလေရဲ့။
ခါတိုင်းလိုပဲ သူ့ကားလေး ကျောင်းထဲဝင်လာတော့ ကောင်မလေးတွေ ဟိုနား ဒီနား ပြန့်ကျဲ ကုန်လေရဲ့..မျက်ဝန်းများစွာကတော့.. ကားလေးဆီမှာ...
ကျမ ကိုယ်တိုင်တောင် ဝရန်တာနဲ့ မျက်နှာချင်းဆိုင်တည့်တည့်က စိန်ပန်းပင်အောက်မှာ ချထားတဲ့ ခုံလေးမှာ ထိုင်ပြီး စာကျက်သလိုနဲ့ သူ့ကားလေးကို ငေးကြည့်နေမိခဲ့သေးတာပဲလေ။
အဲ့ဒီအချိန် မိုးဖွဲလေးတွေက ခုန်ဆင်းလာတော့ ကျမ စာအုပ်တွေကို ပိတ်ပြီး အတန်းထဲ ဝင်ဖို့ ပြင်မိတယ်။
သူ့ကားလေးကလည်း တလှိမ့်လှိမ့်နဲ့ လာနေလေရဲ့။ ကျမ သူ့ကားကျော်သွားတဲ့အထိစောင့်နေရင် စာအုပ်တွေ စိုသွားကုန်နိုင်တာမို့ သူ့ကားမရောက်ရင် ကားရှေ့က ဖြတ်ဖို့ ကြိုးစားပေမဲ့ ကားက ရောက်လာပြီမို့ နေရာမှာပဲ ရပ်စောင့်နေလိုက်မိပါတယ်။
ဒါပေမဲ့ ကားက ကျမရှေ့တည့်တည့်မှာ ပိတ်ရပ်ထားလိုက်တာမို့ ကားကို ရှောင်ကွင်းပြီး ကျော်သွားဖို့အလုပ်မှာ..
" ဒုန်း "
" အ "
" ဟာ..ဆောရီး"
သူက ကားတံခါးအဖွင့် ကျမက အဖြတ်နဲ့ ကျမ ကားတံခါးနဲ့ ရိုက်မိလိုက်သလို ဖြစ်သွားပြီး စာအုပ်တွေ ပြုတ်ကျကုန်လေရဲ့။ ကျမ ရှက်ရွံ အားနာစွာနဲ့ စာအုပ်တွေ ကဗျာကယာကောက်နေစဉ်မှာ သူပါ ဆင်းပြီး ကောက်ကူနေလေရဲ့။ကျမ သူ့ကို ခိုးကြည့်မိတော့ အပြာနုရောင် ရှပ်အင်္ကျီမှာ မိုးရေစက်တချို့ ခုန်ချနေကြလေရဲ့။
အဲ့ဒီအချိန်မှာပဲ
ကျမနှလုံးသားတစ်ခုလုံး ပြုတ်ထွက်သိားမတတ် စကားတစ်ခွန်းကို တိတိပပ ကြားလိုက်ရပါတော့တယ်
" မောင် ရရဲ့လား "တဲ့။
ကျမ နှလုံးသားတစ်ခုလုံး ပူလောင်သွားပြီး မော့ကြည့်လိုက်မိတော့ တည်ငြိမ်လေးနက်တဲ့ အလှပိုင်ရှင် အစ်မ တစ်ယောက်။ သူမက ကျမကို ငုံ့ကြည့်နေရင်း
" ဟင်... ညီမလေး လွင်...ညီမလေး လွင်မင်းသန့်"
့. မဟုတ်လားတဲ့ ။
ကျမ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ ကယောင်ကတမ်း ခေါင်းညိတ်ပြလိုက်တော့ သူမ လက်ထဲက ထီးကိုလွှတ်ချပြီး ကျမကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလေရဲ့..။
ကျမ...မမကို ဖက်တွယ်ထားမိရင်း....မျည်ရည်တွေ ကျနေခဲ့တာ ဘာအတွက်လဲ မသိတော့ဘူး။
...........................
တကယ်တော့ မမမြတ်က ကျမရဲ့ စံပြပါ။ ငယ်ကတည်းက အိမ်နီးချင်းဖြစ်ခဲ့ကြတဲ့ ကျမတို့ဟာ ညီအစ်မ အရင်းတွေထက် ပိုခင်မင်ရင်းနှီးခဲ့ကြသူတွေပါ။ စာတော်တဲ့ အိနြေ္ဒသိက္ခာကြီးတဲ့ လိမ္မာယဉ်ကျေးတဲ့ မမမြတ်က မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးတတ်ပြီး ကျမကို မကြာခဏ ဆုံးမတတ်သူလည်း ဖြစ်ခဲ့လေရဲ့။
မြန်မာမိန်းကလေးတစ်ယောက်ရဲ့ စောင့်စည်းအပ်တဲ့ အိနြေ္ဒ သိက္ခာ ကိုယ်ကျင့်တရားကို တန်ဖိုးထားမှုတွေက ဘယ်နိုင်ငံမှာမှ ရှာလို့မရနိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်ပဲ ညီမလေးရဲ့ ။ ယောက်ျားတစ်ယောက်ကို မြှူဆွယ်ဖျားယောင်းပြီးမှ သူ့အချစ်ယူရမယ်ဆို ဒီတစ်သက် အိမ်ထောင်မပြုရချင်နေပါစေ မမ ကိုယ့်ပညာနဲ့ကိုယ်ပဲ အားကိုးမယ် ညီမလေး။ ကိုယ့်အိနြေ္ဒသိက္ခာကို တနိဖိုးထား မြတ်နိုးလေးစားတတ်တဲ့ ယောက်ျားလေးကိုမှ မမ လက်ထပ်မယ် လွင်လေးရေ။ တဲ့
မမ ဆေးကျောင်းတက်ဖို့ မန္တလေးကို ပြောင်းသွားကြတော့ ကျမအဖို့ ငိုလိုက်ရတဲ့ဖြစ်ခြင်း ။ မမရဲ့ ခံယူချက်တွေ စိတ်နေစိတ်ထားတွေကို လေးစားရင်း တိတ်တခိုးအားကျ အတုယူရင်း ကျမ မမလို ဖြစ်အောင်ကြိုးစားမိခဲ့ပေမဲ့ မမလို ဆရာဝန်ဖြစ်ဖို့ ဝါသနာမပါခဲ့သလို ဆေးမှတ်လည်း မမီခဲ့သူပါ။ ကျမရဲ့ဝါသနာအရ တိုးရစ်ဂိုက်စ် လုပ်ဖို့ အင်္ဂလိပ်စာကို တတ်ချင်စိတ်နဲ့ e မေဂျာပဲ ယူဖြစ်ခဲ့ရင်း. အဲ့ဒီ စာသင်ခန်းတွေထဲမှာ ကျမ နှလုံးသားကို လူမသိ သူမသိ မြှုပ်နှံပစ်ခဲ့မိလေရဲ့။
တကယ်တော့ ဆယ်ကျော်သက်အရွယ် ဖြစ်တည်ခဲ့တဲ့ အချစ်စိတ်ထဲမှာ ကျမ ပျော်ကျမနေခဲ့ပေမဲ့ အဲ့ဒီတုန်းက မမကို ရဲရဲ မပြုံးပြရဲခဲ့ဘူး။ မိန်းကလေးတစ်ယောက်ရဲ့ အိနြေ္ဒသိက္ခာနဲ့ စောင့်စည်းအပ်တဲ့ စည်းတစ်ဖက်ကို ဖျက်ချင်စိတ်မရှိခဲ့ပဲ အမှတ်တမဲ့ စည်းကျော်မိခဲ့တဲ့ ကျမ အချစ်ကို မျက်ရည်နဲ့ ဆေးပြီး ဘဝကို တည်ထောက်ပြီးခဲ့ချိန်မှာ....အရာရာဟာ....ပြန်တွေးတော့လည်း....ရှတတဝိုင်တစ်ခွက်ကို သောက်နေရသလို ပြုံးချင်ချင်တော့ ဖြစ်မိသား။
ဒါပေမဲ့ ချစ်ခြင်းတရားကို ကိုးကွယ်ခွင့်မရခဲ့တဲ့ မိန်းမသားအဖြစ်တော့ ကျမ ရင်တွင်း တစ်နေရာမှာ ဒဏ်ရာ တစ်ခုက နက်ရှိုင်း နေတုန်း.....
အခုထိ....လေ......။
Nannwine
Msc 132
Photo me
Nice post sis
You're so nice for commenting on this post. For that, I gave you a vote!
Thz par
V 100% $0.072 > V n C Done, @poe/thi
GOOD
Good Post
Thz par
ခံစားချက်တွေလားသိဘူး။
ဟု
Good Post!
Thz q
Nice post sister
ဟု
Thz for sharing
Good writing skill 😇😇
Thz. Par
nice!