တစ်ချိန်က
2000 ခုနှစ် မှာ ဆယ်တန်းဖြေဆိုခဲ့တယ်။ အောင်စာရင်းတွေထွက်လာတော့ ။ကိုယ့်ကိုကိုယ်အောင်မယ်လို့
မထင်ထားခဲ့ဘူး။ ကိုယ်ရသလောက်ဘဲဖြေခဲ့တာဘဲကိုး။ တစ်ခြားသူတွေအမြင်မှာတော့ ခိုးချတယ်လို့ဘဲ
မြင်နေကြတယ်လေ။ မတတ်နိုင်ဘူး။ ဒါသူတို့အမြင်ဘဲ။ ကိုယ်ရသလောက်ဖြေတာကို အောင်မှတ်ရတဲ့အကြောင်း
ကတော့ ကိုယ်ကျက်ထားတဲ့ဟာတွေအကုန်တိုးတာဗျ။ မြန်မာစာဆိုရင် (5)မှတ်တန်တွေအကုန်လုံးရတယ်။ (10)မှတ်တန်
ကိုမကျက်ဘူး။ ဘာလို့လည်းဆိုတော့ (10)မှတ်တန်က ဘယ်လောက်ဖြေဖြေအလွန်ဆုံးရ(၇)မှတ်(၈)မှတ်ဘဲလေ။
အဲတာကြောင့် ဆယ်မှတ်တန်မေးခွန်းကို ဖြေရမယ့်အစား (5)မှတ်တန်မေးခွန်းဘဲဖြေပေးလိုက်တယ်။ အမှတ်ပြည့်
(5)မှတ်ပြည့်ရတယ်လေ။ အင်္ဂလိပ်စာကတော့ အပေါက်ဖြည့်ကိုက ဆယ်မှတ်အလကားရတယ်မို့လား။ အက်ဆေး ရေးဖို့
ခေါင်းစဉ်တပ် ၊ နှုတ်ခွန်းဆက်တက်ရင်ကို (3)မှတ်ရတယ်။ ကျန်တာက တစ်နှစ်လုံးကျက်နေရတော့ (14)ပုဒ်လောက်က
နားရေ၀မျက်စိရေ၀နေတာနဲ့ကို အလိုလိုရနေတယ်လေ။ သချာင်္ပိုင်းကတော့ သချာင်္(2)ကို မဖြေဖူး ။ ပုံသေနည်းလေး
သုံးလေးခုလောက် တက်ပေးလိုက်တယ်။ အမှတ်ရတယ်လေ။ သချာင်္(1)ကတော့ အကုန်ဖြေတယ်။ ကိုယ်ကအဲလိုင်း
ဘဲသန်တယ်။ physic/ bio တွေကလည်း ပုံတွေ ကိုကအမှတ်ရတယ်။ သမိုင်းဆိုလည်း ကိုယ်ရွေးကျက်တဲ့ ၄ ပုဒ်အကုန်
ပါတယ်။ ပထ၀ီဝင် ကတိုက်ကြီး (4)တိုက်ဘဲကျက်တယ်။ တိုးတာဘဲလေ။ ဘောဂ ကတော့ ပုံသေနည်းလေးတွေကိုက
လည်း အမှတ်ရနေတော့တာ။ အပြည်ပြည်ဆိုင်ရာဝယ်လိုအားနဲ့ ရောင်းလိုအားဆိုရင် နှစ်စကတည်းကကျက်လာလိုက်
တာ နှစ်ဆုံးတဲ့အထိ အဲစာရွက်ကို မချဖြစ်ဘူး။ကျက်သမျှ တိုးတယ်လို့ပြောရမလား။ အောင်စာရင်းထွက်လာတော့
ကိုယ့်နာမည်လေးပါတယ်တဲ့။ ကိုယ်ကတော့ အောင်စာရင်းသွားမကြည့်ဖြစ်ဘူး။ အိပ်နေလိုက်တယ်။ အချိန်တန်ရင်
သိရလိမ့်မပေါ့လေ။ အောင်တယ်ဆိုတော့ သိတဲ့အတိုင်း အောင်ပွဲခံဖို့ လူတွေစုပြီး စားသောက်ဆိုင်ကိုသွားပြီး
အောင်ပွဲခံတယ်ပေါ့။ အဲအချိန်မှာ ကိုယ့်ကို တစ်သက်လုံးတောင်မအောင်ဘူးလို့ ပြောတဲ့သူက သူ့ကိုခေါက်ဆွဲကြော်
ဝယ်ကျွေးပါတဲ့လေ။ အင်းဘယ်လိုပြောရမလဲ။ ကိုယ်လည်း မသိချင်ဆောင်နေလိုက်တယ်။ ဆယ်တန်းအောင်ပြီးတဲ့
အထိ ကောင်မလေးတွေဆိုတာဘာမှန်းတောင်မသိသေးဘူးရယ်။ သူ့ဘာသာသူနေ ကိုယ့်ဘာသာကိုယ့်နေဘဲ။
ကိုယ်ကခပ်ကင်းကင်းရယ်။ (ကပ်လို့မှမရတာ)။ ပထမ အစ်မဆိုင်မှာဘဲ ကွန်ပျူတာစာစီစာရိုက်၊ တစ်ဖက်နဲ့
ဈေးကူရောင်းလုပ်ပေးခဲ့တယ်။ နောက်မှ အမေက ဆိုင်တစ်ဆိုင်ခွဲပေးလို့ ဆိုင်ကယ်အပိုပစ္စည်းဆိုင်လေးဖွင့်ရောင်း
ဖြစ်တယ်။ ကိုယ်ကလည်း လူပျိုလူလွတ်ဆိုတော့ ဟိုစပ်စပ်ဒီစပ်စပ်လုပ်ရင်း ဘောလုံးပွဲတွေလည်း လောင်းဖြစ်ခဲ့တယ်။
အဲမှာ ရှိသမျှ ဆိုင်လေး ပြောင်သလင်းခါသွားတယ်လို့ပြောရမယ်။ ဒီလိုနဲ့ ဆိုးရင်းပေရင်း ညဥ့်နက်တွေထိလျှောက်လည်
ပတ်ရင်း အချိန်တွေကုန်ဆုံးစေခဲ့တယ်။ ဒီလိုနဲ့ တက္ကသိုလ်ကိုတက်ဖို့အချိန်ရောက်လာတော့ မန်းလေးကိုသွားရတယ်။
အဝေးသင် စီးပွားစီမံ ပထမနှစ်စတက်ခဲ့တယ်။ အဲအချိန်တုန်းက ခုလို FRIEND တို့ဘာတို့လို သိပ်မစည်ကားသေးဘူး။
ယူနီစံ လက်ဘက်ရည်ဆိုင်တော့ရှိတယ်။ ကျောင်းထဲမှာက RUBY လက်ဘက်ရည်ဆိုင်လားရှိတယ်။ အင်တာနက်ဆို
တာကလည်း ခုလိုတွင်တွင်ကျယ်ကျယ်ကြီး မဖြစ်သေးဘူး။ ညဖက်တွေမှာဆို အဆောင်မှာရှိတဲ့သူငယ်ချင်းတွေနဲ့
လူစုပြီး အရက်သောက်လိုက်၊ ဖဲရိုက်လိုက်နဲ့ဘဲ အချိန်ကုန်လွန်စေခဲ့တယ်။
ပထမနှစ်မှာတော့ စည်ပင်တိုက်တန်းမှာငှားနေလိုက်တယ်။ အဲဒီမှာ ငယ်ငယ်ကတည်းကကွဲနေတဲ့သူငယ်ချင်းနဲ့
ပြန်ဆုံဖြစ်တယ်။ ခုဆိုရင်သူနဲ့အဆက်အသွယ်လည်းအမြဲရနေတယ်။ ပထမနှစ်ဆိုတော့ယောင်လည်လည်နဲ့
ဘယ်သွားလို့သွားရမှန်း မသိဘူး။ ကျူရှင်သွားလိုက်။ လက်ဘက်ရည်ဆိုင်ထိုင်လိုက်။ သူငယ်ချင်းအဆောင်သွား
လိုက်နဲ့ အချိန်ကုန်တာများတယ်။ ဖြစ်ချင်တော့ သူငယ်ချင်းရဲ့အသိထဲမှာ မိန်းကလေးလှလှလေးတွေပါတယ်။
ဟီးးးး။ သူနဲ့ကျွန်တော်နဲ့ မေဂျာကလည်းတူတယ်။ သူကလည်းဘာမှ မလုပ်တတ်မကိုင်တက်အူလည်လည်လေးရယ်။
အာ့နဲ့ကျူရှင်သွားရင်သူ့ကိုသွားခေါ် အတူတူသွား အတူတူစား နေလာလိုက်တာ သံယောဇဉ် နှောင်ကြိုးတိုးတိုး
လာခဲ့တယ်။ သူ့ကိုစိတ်ဝင်စားနေကြောင်းကိုသူလည်းရိပ်မိလောက်ပါတယ်။ သူငယ်ချင်းတွေကလည်း စသလိုလို
ဘာလိုလိုလည်းပြောထားတော့ သူသိလောက်မှာသေချာပါတယ်။ ကောင်မလေးကမဆိုးဘူးဗျ။ တော်တော်လေးကို
လှတယ်။ ရှမ်းမလေးဆိုတော့ အသားလေးကလည်းဖွေးဥနေတာ။ ခန္ဓာကိုယ်ကလည်းသွယ်သွယ်လျလျလေးဗျ။
မျက်နှာလေးကလည်းအပြစ်ကင်းလိုက်တာဗျာ။ (ဒါကျွန်တော်အမြင်ပါ)။ အဲလိုနဲ့ တစ်နေ့တစ်နေ့သာကုန်လွန်လာတယ်
သူ့ကိုဖွင့်မပြောဖြစ်ခဲ့ပါဘူး။ ကိုယ်ကမိန်းကလေးအကြိုက်နှင်းဆီခိုင်စာရင်းမ၀င်တော့ ဖွင့်ပြောဖို့မရဲခဲ့ဘူးဗျာ။

ဒီလိုနဲ့ ကျောင်းကပြီးတော့ သူလည်းသူ့နယ်ပြန်ကိုယ်လည်းကိုယ်နယ်ပြန်ရတော့မယ်လေ။ ဖွင့်ပြောမယ်လို့
အကြိမ်ကြိမ်ကြိုးစားတိုင်း ကျွန်တော်နှုတ်တွေဆွံ့အနေမိတော့တယ်။ သူ့အဆောင်ကို ညနေပိုင်းသွားတော့
မင်းသိဟ ကိတ်လေးဝယ်ကျွေးတယ်ဗျာ ။ ကျန်တဲ့သူတွေကတော့ စားတယ်။ ကျွန်တော်ကတော့ မစားဘဲ
သူကျွေးတဲ့မုန့်လေးကို အမှတ်တရအနေနဲ့သိမ်းထားဖို့ အဆောင်ထိယူလာပြီး သိမ်းဆည်းထားလိုက်တယ်။
အဲခေတ်တုန်းကဖုန်းတွေမပေါတော့ သူ့ကိုဆက်သွယ်ဖို့ ဖုန်းနံပါတ်လည်းမရှိ။ လွမ်းလိုက်တာဗျာ။
ဒီလိုနဲ့စောင့်စားရင်း မျောလွင့်ရင်းနဲ့ ဒုတိယနှစ်ကို တက်ဖို့အချိန်ရောက်လာပြန်ပါတော့တယ်။
ကိုယ့်မှာတော့ စိတ်အားတွေတတ်ကြွနေခဲ့တယ်။ မန်းလေးရောက်တော့ အဆောင်ငှားပြီး သူလာမယ့်နေ့ကို
စောင့်မျှော်နေမိတော့တယ်။ တစ်ရက်နှစ်ရက်နေတော့ သူတို့သူငယ်ချင်းတွေ ရောက်လာကြပြီ။
စစချင်းနေ့ဆိုတော့မမေးသေးဘူး။ နောက်နေ့ရောက်တော့ မနေနိုင်တော့ဘူး။ သူကျောင်းမတတ်တော့ဘူး
လား။ ဘာဖြစ်လို့မလာတာလဲလို့သူငယ်ချင်းကိုမေးတော့ -- - - - - - - -
သူက ယောကျာင်္းယူတာဘယ်လိုလည်းသိချင်လို့ဆိုပြီး လင်နောက်လိုက်သွားပြီတဲ့ဗျာ။ အဲလောက်ထိ
ရိုးအသူလေးပါဗျာ ( :-( )
ကျွန်တော်မှာတော့ သူပေးတဲ့ မင်းသီဟ မုန့်လေး မှိုတတ်နေတာလေးကို အဲအချိန်ထိ သိမ်းဆည်းထားဆဲ
AUTHOR @nannhtike
MSC-164
Photo google image
အဲ့လို ကျောင်းသားဘဝစာတွေဖတ်ရတာ
ကိုယ့် ကို ကိုယ်အသက်ပြန်ငယ်သွားသလိုဘဲ
ကျေးဇူးပါ။
သိချင်လို့ လိုက်သွားတယ်ဆိုဘဲ အံ့သြပါ့ညီရာ ဟားဟား
ဟုတ်တယ်ဗျာ။ ကျွန်တော်လည်း ကူညီနိုင်ပါတယ်။ ဟီးး
အမှတ်တရတွေရှိခဲ့တယ်ပေါ့နော်
ရှိတော့ရှိတာပြော ပြောရမှာရှက်လို့ ခုလိုဘဲပြောလိုက်တယ်
အော် စစချင်းမှာဘဲ လွမ်းစရာလေးတွေဖြစ်ရပြီပေါ့
အမှတ်တရ ဒဏ်ရာလေးတွေပါဗျာ ခုတော့ လည်း ပေါ့
တခိန်က အချိန်တွေ ပြန်တွေးရင်းလွမ်းမိတယ်
@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!
မင်းသီဟ သက်သေတည် ပေါ့ နော် ..
ဟုတ်တယ်တီတီနန်း ဟီးးး
အချစ်ကို စတင်တွေ့ပြီ ဆိုပါတော့
ဓါတ်တိုင်နဲ့ မခိုင်အာ့မှာစတွေ့တာဘဲ ဟီးးး
ဘဝရဲ့ အမှတ်တရလေးတွေဟာ ပြန်ပြောတိုင်းကြည်နူးစရာပါ ညီ။
ဟုတ်တယ်ဗျာ။ စဉ်းစားမိရင်တော့ လွမ်းစရာဖြစ်သားဗျာ
Wow ငယ်ချစ်ဦးလား အကို
တစ်ဖက်သတ်ပါဗျာ