ဆွမ်းကပ်​လှူပူ​ဇော်​ခြင်း

in #myanmar6 years ago (edited)

ဆွမ်းကပ်​လှူပူ​ဇော်​ခြင်း

နှစ်စဉ်နှစ်တိုင်း အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ မှာ သံဃာတော်အရှင်သူမြတ်များကို
နှစ်ဆန်း (2)ရက်နေ့ရောက်တိုင်း အာရုံဆွမ်း ဆက်ကပ်လှူဒါန်းဖြစ်တာ ဒီနှစ်ရော
ဆိုရင် (16)ကြိမ်မြောက်ပြီးမြောက်ခဲ့ပါပြီ။ ကျွန်တော်တို့ 1999-2000 ကျောင်းသား
ဟောင်းများစုပေါင်းပြီးတော့ ကပ်လှူပူဇော်တာဖြစ်ကြပါတယ်။
အရင်နှစ်တွေဆိုရင် သူငယ်ချင်း မိန်းကလေးအိမ်ကနေ ကူညီချက်ပြုတ်ပေးလို့
အဆင်ပြေနေပေမယ့် ဒီနှစ်အဲသူငယ်ချင်းမိန်းကလေးက ရန်ကုန်ကို သင်တန်းသွား
တက်တော့ ကျွန်တော်တို့ ယောက်ကျားလေးတွေဘဲ ကျန်တော့တယ်။ ကျွန်တော်
တို့အဖွဲ့ထဲမှာ မိန်းကလေးတွေပါပေမယ့် အဝေးရောက်နေတဲ့သူက များပါတယ်။
image
ဒါ့ကြောင့်ဒီနှစ်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဖိုးတူးတို့အိမ်မှာ ချက်
ပြုတ်ကြဖို့ တိုင်ပင်ထားကြပါတယ်။ ချက်ပြုတ်ဖို့ရန်အတွက် လိုအပ်တဲ့ဟင်းသီးဟင်း
ရွက် ၊ ဆား၊ ဆီ ၊ ကြက်သွန် အစရှိတာတွေကို ၀ယ်ခြမ်းရပါတော့မယ်။ အနီးနားမှ
ဝယ်ရင်အဆင်မပြေပါဘူး။ ဘာလို့လည်းဆိုတော့ အဲအချိန်ဈေးတွေမဖွင့်သေးလို့ပါ။
ဒါ့ကြောင့် သင်္ကြန်မတိုင်ခင် မန္တလေးမှာ သွားဝယ်ဖို့ ပြင်ဆင်ကြပါတယ်။
ဈေးသွားဝယ်ဖို့လည်း ကျွန်တော်တို့ယောက်ကျားလေးတွေဘဲ သွားဝယ်မလို့လုပ်
ကြပါတယ်။ ဒီလို့နဲ့ ပစ္စည်းတွေဝယ်ဖို့ ကျွန်တော်တို့တွေ မန္တလေးကိုသွားဖို့ လူစု
တော့ ကျွန်တော်ရယ် ကျွန်တော်သူငယ်ချင်းဖိုးတူးရယ် နှစ်ယောက်ဘဲ ရှိပါတယ်။
တို့နှစ်ယောက်ထဲတော့အဆင်မပြေလောက်ဘူး။ နောက်ထပ်တစ်ယောက်လောက်
အကူအညီခေါ်ရအောင်ဆိုပြီးပြောပြလိုက်တော့ ကျွန်တော်တို့ ဆွမ်းကပ်မှာ နှစ်တိုင်း
နီးပါးလာကူညီနေတဲ့ ကျွန်တော်တို့ သူငယ်ချင်းအကို တစ်ယောက်ရှိပါတယ်။ ဒါနဲ့
သူ့ကို သွားခေါ်ကြပါတယ်။ သူကလည်း သူ့မိန်းမ အလုပ်ရှိလားမေးပြီး ဒီနေ့တော့
အလုပ်အားတယ် လိုက်ရင်လိုက်သွား ဈေးတော့ခဏသွားဝယ်လိုက်ဦးမယ်ဆိုလို့
သူတို့အိမ်မှာ နာရီဝက်လောက် စောင့်နေပေးလိုက်ပါတယ်။
image
အိမ်စောင့်နေရင်း သူငယ်ချင်းအစ်ကိုကြီးက သူ့ကလေးတွေကို ထမင်းကျွေးခြင်း
ချော့မြူခြင်းနဲ့ ကလေးထိန်းနေရပါတယ်။ ခဏနေတော့ သူ့မိန်းမ ဈေးကပြန်လာ
တော့ ကျွန်တော်တို့ သုံးယောက် မန္တလေးကို ထွက်ခဲ့ကြပါတယ်။ ရောက်တာနဲ့
ကားရပ်နားဖို့နေရာရှာပြီး ဈေးချိုကိုစတင်ပြီးပတ်ကြပါတယ်။ ပထမဆုံး သခွါးသီး
လေးလုံးလောက်ဝယ်လိုက်ပါတယ်။ ၀ယ်ပြီးသယ်လာတော့ ခဏလေးကြာတော့
လေးလံလာပါတယ်။ နေကလည်းတစ်အားပူနေတယ်။ ဟူးးး မောလိုက်တာဗျာ။

ကဲငါတို့ ဒီအတိုင်းတော့မဖြစ်ချေဘူး။ ပစ္စည်းထည့်ဖို့ တစ်ခုခုလိုအပ်နေတယ်။
အိတ်ဖြစ်ဖြစ်ဝယ်ရအောင်ဆိုပြီး လိုက်ရှာတော့ ခြင်းတောင်းတွေရောင်းနေတဲ့
အစ်ကိုကြီးတစ်ယောက်တွေ့တာနဲ့ ဈေးခြင်းတောင်းဝယ်ပြီး ငပိ၊ ငခြောက်၊
ပုဇွန် အစရှိတဲ့အရာတွေဝယ်လိုက်ပါတယ်။ ဇောနဲ့သူငယ်ချင်းနှစ်ယောက်လမ်း
လျှောက်လာလိုက်တာ အစ်ကိုကြီးတစ်ယောက်ပါမလာတာသတိမထားမိဘူး။
ဈေးခြင်းတောင်းကူဆွဲဖို့ ကြည့်လိုက်မှ မပါမှန်းသိတော့တယ်။ ကဲထားလိုက်
ပါတော့ သူဖုန်းဆက်လိမ့်မယ်ဆိုပြီး သူငယ်ချင်းနှစ်ယောက်ထဲ့ ဈေးထဲလှည့်
လည်နေပြီး ဈေးဝယ်ခြမ်းနေလိုက်တယ်။ ၀က်အူချောင်းလိုက်ရှာတော့ အရောင်
တွေဆိုးထားတာများလို့ တစ်ဆိုင်ပြီးတစ်ဆိုင်လိုက်ရှာလိုက်တာ မထူးပါဘူး။
အနည်းနဲ့အများဘဲကွာတယ်။ အကုန်နီးပါးပါကြတာပါဘဲလေ။
image

ဝက်အူချောင်းဝယ်ပြီးတော့ ဆိတ်သားခြောက်လိုက်ရှာကြတယ်။ ကျွန်တော်က
သူငယ်ချင်းကို ပြောလိုက်တယ်။ ဆိတ်သားခြောက်များကွာ ကိုယ့်ဆီမှာဝယ်
လိုက်ပါ့လား။ ဘာကြောင့်ဒီမှာဝယ်နေမှာလဲလို့ပြောတော့ ဟိုမှာက ခိုင်းရမှာ
မလွယ်ဘူးတဲ့။ ကဲသဘောပါဘဲဆိုပြီးလိုက်ရှာလိုက်တာ တော်တော်မောသွား
တယ်။ ဆိတ်သားခြောက်အစစ်ကဘယ်ဆိုင်မှ ရှာလို့မတွေ့ဘူး။ အစ်မကြီး
တစ်ယောက်ကပြောလိုက်တာ။ ဒီနားမှာတော့မင်းတို့ အစစ်တွေ့ဖို့မလွယ်ဘူး။

အဲတာနဲ့ သူငယ်ချင်းက ငါန်းဇွန်မှာရှိတဲ့ သူငယ်ချင်းမိန်းကလေးဆီကိုဖုန်းဆက်
ပြီး ငါတို့ဒီမှာတော့ ဆိတ်သားခြောက်အစစ်မရနိုင်ဘူး။ ဘယ်လိုလုပ်ရမလဲ
လို့ပြောတော့ ဒီနေ့ စစ်ကိုင်းသွားတဲ့တစ်ယောက်ရှိတယ်။ ငါသူ့ဆီလှမ်းမှာလိုက်
မယ်လို့ ပြောလို့ ဆိတ်သားခြောက်ရှာခြင်း တစ်စခန်းရပ်နားခဲ့လိုက်ပါတယ်။
msc-164
author @nannhtike
Photo google and me

Sort:  

ကုသိုလ်တွေ မျာကြီး ရမှာပါ သာဓုပါ ငါ့မောင်လေး လက်ထဲက btc တေ ဈေးမြန်တက်ပါစေတော်😊

ကုသိုလ်​မျှ​ဝေပါတ်​ယ မမ
မမလည်းကုသိုလ်​ရပါ​စေ
btc 😄😄😄မန်​မြန်​ပြန်​တက်​ပါ​စေ

သာဓုပါနန်းရေ လက်ထဲ BTC များနေရင်ပေးနော်ခ်ခ်ခ်

ကျေးဇူးပါကိုကို ​ကျော်​ထီ​ပေါက်​ရင်​​ပေးမ်​ ယ☺️☺️☺️☺️

အလှူအတွက်​အားလုံးစု​ပေါင်းလုပ်​​ဆောင်​ကြတာ​ပျော်​စရာ​ကောင်းမှာပါ

ဟုတ်​​ပျော်​စရာ အမှတ်​ရစရာ​တွေလည်းပြည့်​​နေပါတယ်​ဗျာ

နေကအရမ်းပူတ်​ သတိထားပါယ

ဟုတ်​​ကျေးဇူးပါ

Comment နည်းလိုက်တာကွာ၊ တစ်ရက်ကို လူ(၂၀)လောက်သာလိုက်ပေးပါ၊ ပါဝါမရှိရင် up vote ပေးမနေနဲ့၊ Comment တော့အားတိုင်းလိုက်ရေး။

ဟုတ်​ကဲ့ပါဆရာ
ကြိုးစားပါ့မယ်​ဗျ

မန္တလေးကပူတော့ ဈေးဝယ်ရတာ တော်တော်ပင်ပန်းမှာပေါ့နော် ကိုနန်း

ချွေး​တွေကိုပျံလို့ 😔😔😔😔

ပထမပိုစ်​ကဘယ်​လိုဖစ်​သွားတုန်းဆရာနန်း

rulerနဲ့မလွတ်​လို့ပါဗျ

ပျော်​စရာ​တွေနဲ့ပြည့်​စုံပါ​စေ သာုပါဓ

မျှ​ဝေ​ပေးပါတ်​ယ

ကျွန်​​တော်​ရမ့်​ကုသိုလ်​များလည်း မျှ​ဝေ​ပေးပါတ်​ယ
အမျှကြပါ​စေ

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 69061.75
ETH 3774.04
USDT 1.00
SBD 3.51