ကျွန်တော်နှင့်အလွမ်းများ

in #myanmar7 years ago (edited)

download (1).jpgမင်းကွာ ၊၊၊၊၊၊၊ ရုပ်ဆိုးလိုက်တာ
ကျွန်တော်ရင့်ထဲ နည်းနည်းတော့ သိမ်ငယ်သွားတယ်။ ကိုယ်ရုပ်ဆိုးမှန်းတော့ ကိုယ်သိပါတယ် ။ ဒါပေမယ့် .. ဒါပေမယ့် ပေါ့ဗျာ
အိမ်ကို အလည်လာတဲ့သူတွေဆီက လည်းမိဘတွေနဲ့ပြောနေရင်း စကားသံ သဲ့သဲ့မျှ မဟုတ်ဘဲ မောင်နှမတွေထဲ မှာ ဒီကောင်ကရုပ်အဆိုးဆုံးဘဲတဲ့ ။
ဒီစကားတွေကို ကျွန်တော် ထပ်မကြားပါရစေနဲ့တော့ လို့ မြတ်ဘုရားထံမှာ အကြိမ်ကြိမ် ဆုတွေသာတောင်းနေမိတယ် ။
ဒီလိုနဲ့ ကျွန်တော်လူပျိုအရွယ်ရောက်လာတယ်။ လူပျိုဆိုတော့ လေတိုက်တာ၊ သစ်ရွက်ကြွေတာအကစ ရင်ခုန်နေတတ်ပြီဘဲမဟုတ်လား။ ကိုယ်လည်း
ပုထုဇဉ်တစ်ယောက်ဘဲပေမို့ ကောင်မလေးတစ်ယောက်ကို တစ်ဖက်သတ်ချစ်ကြိုက်ရင်ခုန်မိခဲ့တာပေါ့။ ကျွန်တော် (၉)တန်း ၊ ကျွန်တော်တစ်ဖက်သတ်ကြိုက်မိနေတဲ့
မိန်းကလေးက (၇)တန်းပေါ့ ။ သူကျောင်းကိုလာတိုင်း အခန်းဘေးနားကနေ နေ့တိုင်း ငေးငေးကြည့်ကြည့်နေမိတယ်။ သူ့ကိုချစ်မိနေတဲ့အကြောင်းက ငေးကြည့်
နေယုံနဲ့ပြီးဆုံးလာမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိလာတော့ သူ့ဆီကို ကျွန်တော်ချစ်မိနေတဲ့အကြောင့် သိအောင် ကြိုးစားရတော့မယ်လေ။ဒါနဲ့ သူ့သူငယ်ချင်းမလေးတစ်ယောက်
နဲ့ခင်အောင်ပေါင်းပြီး သူ့ဆီကို စာပေးဖို့ကြိုးစားခဲ့တယ်။
image
"သူ"
မညီညာမလှပတဲ့ ကိုယ့်ဘ၀ရဲ့ဒီစာလွှာကို " သူ " မချစ်လို့ မုန်းရင်တောင် အပြုံးဆောင်လို့ ဆုံးအောင်ဖတ်စေချင်ပါတယ်။
ရိုးရိုးလေးဘဲ ပြောရင်ရင် ကိုယ်မင်းကိုသိပ်ချစ်မိနေပြီ။ ဟုတ်တယ်။ အဲချစ်တယ်ဆိုတဲ့နောက်ကွယ်မှာ ရိုးသားခြင်း၊ ဖြူစင်ခြင်းတွေဟာ သူ့အတွက်
တွဲဆက်လျှက်ရှိနေမှာပါသူရယ်။ အစွဲအလန်းတွေကြီးလာရင် အိပ်မက်မှာပါလာတတ်ကြတယ်တဲ့။အဲတာကြောင့် သူ့ရဲ့အိပ်မက်လေးတွေကို ကိုယ်သိပါရစေ။
ဘယ်တော့မှ မနစ်မြုပ်ပါဘူးဆိုတဲ့ တိုင်တန်နစ်သင်္ဘောကြီးလည်းနစ်မြုပ်ခဲ့ရပြီ၊ ဘယ်တော့မှမရှုံးနိမ့်ပါဘူးဆိုတဲ့ မိုက်တန်ဆန် လဲ အလဲထိုးခံခဲ့ရပြီ။ ဘယ်တော့မှ
မပြိုလဲပါဘူးဆိုတဲ့ ဘာလင် တံတိုင်းကြီးလည်း ပြိုလဲခဲ့ရပြီ။ ဒါပေမယ့် လက်တစ်ဆုပ်စာသာရှိတဲ့ သူ့ အသည်းကတော့ ခုထိတင်းမာနေဆဲပါပဲလားကွယ်။ "
(ဘယ်ရမလဲ လွန်းထားထားတို့၊ မောင်စိန်ဝင်းတို့ ၊ မောင်လှမျိုးတို့ ---------- လိုစာအုပ်တွေဖတ်ပြီး သူတို့ထဲက ခိုးပြီးရေးပေးလိုက်တယ်)
အဲလိုဘဲ စာတွေအလီလီပေးခဲ့ပေမယ့် သူဆီက တစ်ချက်လေးမှ ပြန်စာမရခဲ့ပါဘူး။ နေနိုင်ရက်လိုက်တာသူရယ်။နေနိုင်လိုက်တာ ။ ညဘက်တွေ
တစ်ချို့မှာ သူမအိမ်ရှေ့နားကို သီချင်းတွေ (ဂီတာတီး)သီဆိုပြီး
ရင်ဖွင့်ရတာလဲအမောပါဘဲလေ ။ (ညညဆို သူ့အိမ်ရှေ့မှာ သီချင်းလေးတွေလာဆို ။ သူကတော့သိမယ်မထင်ဘူး ။ ကျွန်တော်ကတော့ သီချင်းတွေဆိုရင်းရူး ---- ။။)
image
ဘယ်တော့မှ ပွင့်ဟလာမှာမဟုတ်တဲ့ တံခါးတစ်ချပ်ကို လက်တွေနာတဲ့အထိ ဆက်ခေါက်နေမိတယ်။ လွမ်းလိုက်တာသူရယ် ။ သိတတ်လိုက်စမ်းပါ။
အလွမ်းတွေကို ရင်ဖွင့်ပြီး ကောင်းကင်ပေါ် ပြစ်တင်လိုက်တော့ (ဟော ) မိုးတွေတစ်ဖွဲဖွဲချွေချပေးကြတယ်။

@nannhtike
MSC-146
photo>>google

Sort:  

good

ကျေးဇူးပါ

good

ကျေးဇူးပါဗျ

good

ကျေးဇူးပါ

Bro ပုံတွေ ဒိထက်ပိုထည့်ရမယ် broကြားထဲမာ ဝေဝေဆာဆာ ဖြစ်အောင်လေ😁😁

နည်းနည်းတော့ထပ်ထည့်လိုက်ပြီဗျ

ဘယ်တော့မှ မနစ်မြုပ်ပါဘူးဆိုတဲ့ တိုင်တန်နစ်သင်္ဘောကြီးလည်းနစ်မြုပ်ခဲ့ရပြီ၊ ဘယ်တော့မှမရှုံးနိမ့်ပါဘူးဆိုတဲ့ မိုက်တန်ဆန် လဲ အလဲထိုးခံခဲ့ရပြီ။ ဘယ်တော့မှ
မပြိုလဲပါဘူးဆိုတဲ့ ဘာလင် တံတိုင်းကြီးလည်း ပြိုလဲခဲ့ရပြီ။ ဒါပေမယ့် လက်တစ်ဆုပ်စာသာရှိတဲ့ သူ့ အသည်းကတော့ ခုထိတင်းမာနေဆဲပါပဲလားကွယ်။ "
အဲအပိုဒ်လေးရှကြိုက်အကိုရေ
ဆက်ရေးပါအားပေးနေပါတယိ
စကားမစပ်commentတွေကိုreplyပြန်ပေးပါအုံးနော်အကိုရေ

ဟုတ်ကျေးဇူးပါအစ်ကို

bro ဓါတ်ပုံတွေ ဒီထက်မက ထည့်စေချင်ပါတယ်ဗျ

ဟုတ်ကျေးဇူးအစ်ကို ဖြည့်လိုက်ပြီ

ဒီနေ့မှသေချာဖတ်ရတယ်
ကြွေတယ်အရေးအသားတွေက

ဆက်တော့ရေးကြည့်ဦးမယ် သိပ်တော့မရေးတက်ဘူး :)

Good ကောင်းတယ် bro

ကျေးဇူးပါဗျာ

ကျေးဇူးပါ

ကောင်းတယ်​အစ်​ကို အား​ပေး​နေပါတယ်

ကြိုးစားပါ့မယ်ဗျ

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58981.94
ETH 3097.70
USDT 1.00
SBD 2.38