ရေကုသိုလ်

in #myanmar6 years ago (edited)

ရေကုသိုလ်
ဒီနေ့ 1/4/2018 နေ့ သောက်သုံးရေအခက်အခဲ
ဖြစ်နေတဲ့ရွာတွေထဲက မှ သာပေါင်းရွာလေးကို
သောက်သုံးရေ သွားရောက်လှူဖြစ်ခဲ့ပါတယ်။
ခါတိုင်းဆိုမနက် (7:00)လောက်မှထတတ်တဲ့
သူကျွန်တော်ဟာ ဒီနေ့မနက် (5:30)လောက်မှာ
နိုးခဲ့ပါတယ်။ ညကလည်း အိပ်ရာစောစောအိပ်
ခဲ့တယ်လေ။ နိုးနိုးပြီးချင်း သွားတိုက် မျက်နှာ
သစ်ခဲ့တယ်။ အင်္ကျီအဝတ်စားလဲ နောက်ဖေး
ခဏသွားပြီ ချိန်ထားတဲ့ဆီ သွားမယ်လုပ်နေ
တုန်း ကျွန်တော်မိန်းမက လိုက်ပို့ပေးရမလား
မေးတယ်။ နေပါစေ ကိုယ့်ဘာသာ သွေးပူလေ့
ကျင့်ခန်းလေးဖြစ်အောင် လမ်းဘဲလျောက်
တော့မယ်လို့ပြောပြီးထွက်ခဲ့လိုက်တော့တယ်။

image

ဒီလိုနဲ့လမ်းလျောက်ရင်း ကိုယ်လက်ကြံ့ခိုင်
ရေးအဖြစ် ခြေဆန့်လက်ဆန့် သွေးပူလေ့ကျင့်
ခန်းလေးလုပ်ရင်း လက်ဘက်ရည်ဆိုင်ဘက်ကို
ထွက်လာခဲ့တယ်။ အချိန်ကနည်းနည်းစောနေ
သေးတော့ လမ်းမပေါ်မှာ လူသူအသွားအလာ
လည်းနည်းပါးနေသေးတယ်။ မနက်စောစော
လမ်းထလျောက်ကြနေသူတစ်ချို့ နဲ့ ဈေးသည်
အချို့ခင်းကျင်းနေတာလောက်ဘဲတွေ့ရတယ်။
လက်ဘက်ရည်ဆိုင်မရောက်ခင် ကွမ်းဆိုင်တွေ့
လို့ ကွမ်း ၅၀၀ ဖိုးထုတ်ပေးထားဖို့ ဆိုင်ရှင်ကို
မှာလိုက်တယ်။ ဘယ်အချိန်ယူမှလဲတဲ့။ ကျွန်
တော် ဟိုဘက်နားလေး လက်ဘက်ရည်ဆိုင်
ကအပြန်ဝင်ယူမယ်ဆိုပြီးပြောခဲ့တယ်။ ကွမ်း
ဆိုင်က ဝယ်သူများနေလို့မှာမစောင့်ချင်လို့
ထုပ်ပေးထားဖို့မှာခဲ့ပြီး လက်ဘက်ရည်ဆိုင်ရှိ
ရာဘက်ကို ခြေဦးလှည့်ခဲ့တယ်။ ဟိုရောက်တော့ သူငယ်ချင်းတွေက လက်ဘက်ရည်မှာပြီး
သောက်နှင့်နေကြပြီ။ အဲတာနဲ့သူတို့ဘေးနား
ဝင်ထိုင်လိုက်ပြီးပလာတာတစ်ခုမှာလိုက်တယ်

image

တစ်အောင့်လောက်ကြာတော့ မှထားတဲ့

ပလာတာပွဲရောက်လာလို့ မနက်စာအဖြစ်လွေး
လိုက်တယ်။ ပြီးရေနွေးကြမ်းလေး တစ်ခွက်
လောက်သောက်လိုက်တယ်။ စားပြီးသောက်
ပြီးရင် ထုံးစံအတိုင် ပါးစပ်လေးက ချဉ်ခြင်း
တက်လာတယ်။ စားပွဲထိုးလှမ်းခေါ်လိုက်
တယ်။ ကျွန်တော်ကို ruby လေးတစ်ပွဲလောက်
ပေးပါဗျာ။ ဆေးလိပ်လေးကောက်ဖွာပြီး အာ
သာဖြေနေလိုက်တယ်။ ဆေးလိပ်ကုန်ခါနီးလောက်ကျ ချိန်းဆိုထားတဲ့ မီးသတ်ဦးစီးမှူးနဲ့
သူ့တပည့် ၄ယောက်လောက် ယူနီဖောင်းအစုံ
အလင်ဝတ်ထားပြီးရောက်လာကြတယ်။ စကားခဏလောက် ထိုင်ပြောဖြစ်ကြတယ်
မီးသတ်ဦးစီးတို့က လူအင်အားနဲ့ ရေသည်ကား
စိုက်ထုတ်တယ် ။ ကျတော်ကတော့ကားဆီဖိုး
ထုတ်ပေးတယ်ပေါ့ဗျာ။ ပူးပေါင်းဆောင်ရွက်
ကုသိုလ်မျှယူကြတာပေါ့။ ကဲသွားကြစို့ဆိုပြီး
လက်ဘက်ရည်ဆိုင်ကနေထပြန်လာကြတယ်။
စောစောကမှာထားတဲ့ကွမ်းယာထုပ်ဝင်ယူပြီး
တစ်ယာထုတ်ဝါးလိုက်တယ်။ ဦးစီးစားပါဦးဗျ
ဆိုပြီး ဦးစီးကိုကွမ်းထုပ်လေးကမ်းပေးလိုက်ပါ
တယ်။ ဦးစီးကလည်းတစ်ယာထုတ်စားပါတယ်။ နောက်ပြီးသူငယ်ချင်းကိုလည်း ကျွေး
လိုက်ပါတယ်။ မီးသတ်ဦးစီးဌာနရောက်တာနဲ့
သူတို့က ကားစက်နိုးပြီး ကားရဲ့ကြံ့ခိုင်ရေးတွေ
ကိုလှည့်လည်စစ်ဆေးမှုပြုလုပ်ကြပါတယ်။

image

ကဲ အားလုံးအဆင်သင့်ဖြစ်ရင်သွားကြစို့

ကားပေါ်လူစုံပြီဆိုတာနဲ့ ကျွန်တော်တို့ ရေကု
သိုလ်လုပ်တဲ့ခရီးကိုစတင်ခဲ့ပါတယ်။ မြို့ထိပ်
ချောင်းနားရောက်တော့ ကိုယ်လက်လှုပ်ရှား
ကျန်းမာရေးအတွက်လေ့ကျင့်ခန်းလုပ်နေသူ
တစ်ချို့ကို မြင်တွေ့ရတယ်။ တဖြည်းဖြည်း
မောင်းလာခဲ့ပြီး မြစ်ရေတင်စခန်းရှိတဲ့နေရာကို
ရောက်လာတော့ ကားထဲကိုရေဖြည့်ဖို့လုပ်ကြ
ပါတယ်။ ရေစက်ချ ပြီးရင် ရေကတန်းမဘိုက်တော့ ရေကြိုပေးရသေးတယ်။ ရေစုပ်တဲ့အခါ အနည်အထိုင်တွေမပါရလေအောင် ရေ
ပိုက်ခေါင်းကို ရေအပေါ်မလွတ်ယုံလေးထားပြီး ရေတင်ခြင်းလုပ်ဆောင်ကြပါတယ်။

image

ရေပြည့်ပြီဆိုတာနဲ့သာပေါင်းရွာကို ထွက်ခွါလာကြပါတယ်။ လမ်းမကြီးမှာတော့ မောင်း
လာရတာအဆင်ပြေပေမယ့် ရွာဘက်ကိုသွား
ရတဲ့လမ်းစလိုက်တာနဲ့ လမ်းဟာတော်တော်
စိုးလာပါတယ်။ တောလမ်းဆိုတော့ ကျဉ်းက
လည်းကျဉ်း မိုးရွာသီ ရေဗွက်ထတုန်း နွားလှည်းတွေသွားထားတော့ ချိုင့် ခွက်တွေ တော်တော်လေးဖြစ်နေပါတယ်။ ချိုင်ခွက်တွေများ
တော့ကားကိုတဖြည်းဖြည်းချင်းဘဲမောင်းလာ
ရပါတယ်။ လှိုင်းတွေများတော့ ကားဟာအိပဲ့
အိပဲ့နဲ့ ပုံမှန်ခရီးဆက်လာပြီး နောက်ဆုံးတော့
သာပေါင်းရွာလေးကို ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်ရှိလာပါတော့တယ်။

ပထမတော့ရွာထဲကလူတွေကိုခေါ်ပြီးဝေပေးဖို့
စိတ်ကူးခဲ့ပေမယ့် ဘုန်းကြီးကျောင်းမှာဘဲလှူဖြစ်ခဲ့ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ရွာခံ
တစ်ချို့ရောလာရောက်ကြပါတယ်။
အုတ်ကန်ကနည်းနညိးမြင့်တော့ လှေကားနဲ့
ထောင်ပြီးတက်ရပါတယ်။ ဂါလံ ၁၆၀၀ ပါခဲ့
တယ်ဆိုတော့ အုတ်ကန်အပြည့်ဖြစ်သွာတယ်။
အဲတာနဲ့ပိုတဲ့ရေအချို့ကို ကျောင်းအရှေ့ပေါက်နားက မိုးရေကန်ထဲထပ်ဖြည့်ပေးခဲ့ပါတယ်။

ရေဖြည့်ပြီးတော့ ဘုန်းဘုန်းက ရေနွေးကြမ်း
သောက်ရအောင်လာခေါ်လို့ ကျွန်တော်တို့တစ်
ဖွဲ့လုံးလိုက်သွားပါတယ်။ ဟိုရောက်တော့ စား
သောက်စရာတွေချကျွေးပါတယ်။ ကျတော်ကတော့ ရေနွေးကြမ်းနဲ့အကြော်လုံးလေး
စားခဲ့တယ်။ စားသောက်ပြီးပြန်မယ်ပြင်နေချိန်
ဘုန်းဘုန်းက စတီးဇလုံးကြီးတွေ ၅လုံး ပြန်ပြီး
စွန့်ကြဲလိုက်တယ်။ ကျွန်တော်တို့လည်း ထိုဇလုံကြီးတွေကို မပြီးအပြန်ခရီးကို စတင်လိုက်
ခဲ့ပါတော့သည်။

photo @nannhtike

msc-164
author @nannhtike

Sort:  

သာဓု ပါဗျာ ရေအကျိုး ၁၀ ပါးမတောင်းသော်လည်းရ၏ တဲ့

ဆရာရယ် ကိုနန်းထိုက်ရဲ့ အလှူကို သာဓုခေါ်ပေးရအောင်

Good...​ရေလှူတာ​ကောင်းပါတယ်​...ခုလိုအ​တွေ့ကြုံ​တွေမျှ​ဝေ​ပေးလို့​ကျေးဇူးပါ...

G 3 ရဲ့ အလှူရှင်လေးပေါ့နော် အစ်မ

သာဓု သာဓု သာဓု

ကုသိုလ်မျှဝေပါတယ်ဗျ

ရေအကျိုး ၁၀ပါး မတောင်းပဲ ပြည့်ပါစေ😁

ပြည့်ပါရစေမမ

သာဓုသာဓုသာဓုပါ

သာဓုခေါ်ဆိုပါတယ်

သာဓု ဝိုင်းပြီး ခေါ်ရမယ်ဗျ

ဒီထကိမကလှူနိုင်ပါစေ

လှူဒါန်းမှုအတွက် သာဓုပါဗျာ

ရေအကျိုး ၁၀ ပါး မတောင်းဘဲပြည့်ပါစေဗျာ

ဖတ်ရတာထောက်နေသလားလို့

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62795.57
ETH 2581.60
USDT 1.00
SBD 2.74