Support & Resistance , Break Out Trade

in #myanmar7 years ago (edited)

Support နှင့် Resistance Level တို့သည်
Market အတွင်း Supply နှင့် Demand တို့၏
တွေ့ဆုံမှု မည်သည့်နေရာတွင် ဆုံချက်ဖြစ်မည်ကို
ပြသပေးသော အဓိက ကျသောအဆင့် ဈေးတန်းLevel ဖြစ်သည်။
ဈေးကွက်၏ အခြေခံ သဘောတရားဖြစ်သော
Supply များလျှင် ဈေးကျပြီး Bearish လားရာ ဖြစ်ပေါ်စေမည်
Demand များလျှင် ဈေးတက်ပြီးBullish လားရာ ဖြစ်ပေါ်စေမည် ဖြစ်သည်။ဤ အခြေခံသဘောတရားကိုပင် ဈေးကွက်တွင်း
အရောင်းအဝယ်လုပ်ရာမှာ အပြန်အလှန်အသုံးပြု ခဲ့
ခြင်းဖြစ်ပါသည်။ သို့သော်လည်း Supply နှင့် Demand ညီမျှ နေပါက ဈေးအတက်အကျသိပ်မရှိပဲ Sideway လားရာဖြစ်နေတတ်ပါသည်။
Support နှင့် Resistance Level တို့သည် Technical Analysis တွင် မရှိမဖြစ် မသိမဖြစ် သိထားရမည့် Key ပင်ဖြစ်သည်။ သို့မှသာ Trading လုပ်ရာမှာ ထို Level များတည်ရှိရာ ဈေးတန်းကို ချင့်ချိန်၍ အနီးစပ်ဆုံးမှန်းဆပြီးအရောင်းအဝယ်လုပ်နိုင်မှာပဲဖြစ်ပါသည်။

image

Resistance ဆိုသည်မှာ ...
ဈေးအတက်တွင်ရောင်းချင်သော Seller သမားများအနေဖြင့် ရောင်းထုတ်ဖို့ရန်လုံလောက်သော ဈေးတန်းLevel တစ်ခုအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ထိုဈေးတန်းရောက်လျှင် ရောင်းရန်သင့်တော်သည် ဟု ခန့်မှန်းထားခြင်းပင်ဖြစ်သည်။ Resistance Level ဘက်သို့ ဈေးတန်းက ဦးတည်ပြီး တက်နေပြီဆိုလျှင် ကိန်းဂဏန်းတန်ဖိုးကြီးလာမည် ဈေးတက်လာမည်ဖြစ်သည်။ ထိုအဆင့်တွင် Seller သမားများကတော့ ဈေးတက်နေချိန်ရောင်းမည်ဖြစ်ပြီး Buyer သမားများအနေဖြင့် အမြတ်သိပ်မရနိုင်တော့သောကြောင့် ဝယ်လိုအားလျော့လာမည်ဖြစ်သည်။ ထို့ကြောင့် ဈေးနှုန်းသည် Resistance Level ရောက်သွားချိန်တွင် ဝယ်လိုအားထက် ရောင်းလိုအားပြန်ဝင်လာပြီဖြစ်သောကြောင့် ထိုLevel ထက်ပိုပြီး ဈေးဆက်လက်မတက်သွားစေရန် ဟန့်တားထားသလိုဖြစ်ပါသည်။

သို့ပေမယ့် ဝယ်လိုအားသည်
ရောင်းအားထက်ပိုများနေမည်ဆိုလျှင်
ပိုမြင့်သော Resistance Level ကို ထပ်၍တက်သွားနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Resistance ဟုညွှန်းဆိုထားသော ဈေးတန်းLevel ဆီသို့ တက်နေစဉ် ဈေးအတက်မှာ အမြတ်ယူချင်သော Buyer သမားများပိုမိုဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်။ ထို့အပြင်နဂို ဝယ်ထားလက်စ အဝယ်သမားများကလဲ Position ထပ်မံယူပြီး အမြတ်ရဖို့ရန်ကြိုးစားလာကြပေမည်။ ထိုစဉ်ဈေးတက်နေသည်ကို မြင်ပြီး အများကဝယ်နေလျှင်လိုက်ဝယ်ချင်ကြသော အုပ်စုများ ထပ်မံဝင်ရောက်လာလျှင် လက်ရှိ Resistance Level ကိုဖောက်တက်သွားပြီး နောက်ထပ်Resistance Level တန်းကို ရောက်သွားနိုင်ပါသည်။ Resistance Level သည်များသောအားဖြင့် လက်ရှိဈေးနှုန်း၏ အထက်မှာပဲ ရှိနေတတ်သည်။

image

Support ဆိုသည်မှာ ...
Resistance နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဈေးအကျတွင် စောင့်ဝယ်သော Buyer သမားများအနေဖြင့် ဝယ်ဖို့ရန်လုံလောက်သော ဈေးတန်းLevel တစ်ခုအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ ထိုဈေးတန်းရောက်လျှင် ဝယ်ယူရန်သင့်တော်သည် ဟု ခန့်မှန်းထားခြင်းပင်ဖြစ်သည်။ Support Level ဘက်သို့ ဈေးတန်းက ဦးတည်ပြီး သွားနေပြီဆိုလျှင် ကိန်းဂဏန်းတန်ဖိုးလျော့ပါးလာမည် ဈေးပေါလာမည်ဖြစ်သည်။ ထိုအဆင့်တွင် Buyer သမားများကတော့ ဈေးသက်သာချိန်ဝယ်ယူကြမည်ဖြစ်ပြီး Seller သမားများအနေဖြင့် အမြတ်သိပ်မရနိုင်တော့သောကြောင့် ရောင်းအားလျော့လာမည်ဖြစ်သည်။
ထို့ကြောင့် ဈေးနှုန်းသည် Support Level ရောက်သွားချိန်တွင် ရောင်းအားထက် ဝယ်လိုအားပြန်ဝင်လာပြီဖြစ်သောကြောင့် ထိုLevel ထက်ပိုပြီး ဈေးဆက်လက်မကျဆင်းသွားစေရန် ဟန့်တားထားသလိုဖြစ်ပါသည်။

သို့ပေမယ့် အမြဲတမ်းတော့ ထိန်းမထားနိုင်ပါဘူး။
ရောင်းအားကသာ ဝယ်လိုအားထက်ပိုများနေမည်ဆိုလျှင် ပိုနိမ့်သော Support Level ကို ထပ်ဆင်းသွားနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသောSupport ဟုညွှန်းဆိုထားသော ဈေးတန်းLevel ဘက်သို့ ကျဆင်းနေစဉ် ဈေးအကျမှာ အမြတ်ယူချင်သော Seller သမားများပိုမိုဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်။ ထို့အပြင်နဂို ရောင်းလက်စ အရောင်းသမားများကလဲ Position ထပ်မံယူပြီး အမြတ်ရဖို့ရန်ကြိုးစားလာကြသည်။ ထိုစဉ်ဈေးကျနေသည်ကို မြင်ပြီး သူများရောင်းလျှင်လိုက်ရောင်းချင်ကြသော အုပ်စုများ ထပ်မံဝင်ရောက်လာလျှင် လက်ရှိ Support Level ကိုဖောက်ဆင်းပြီး နောက်ထပ်Support Level တန်းကို ရောက်သွားနိုင်ပါသည်။ Support Level သည်များသောအားဖြင့် လက်ရှိဈေးနှုန်း၏ အောက်ဘက်မှာပဲ ရှိနေတတ်သည်။

Support နှင့် Resistance တို့သည်အပြန်အလှန်ပြန်ဖြစ်ပေါ်နေပါသည်။ Support Level တစ်ခုကိုဖောက်ဆင်းပြီး နောက်ထပ်Support ကိုရောက်ရှိသွားလျှင် နဂိုမူလက ဖောက်ဆင်းခဲ့သော Support သည် လက်ရှိဈေးတန်း၏ Resistance ဖြစ်လာမည်ဖြစ်သည်။

image

TA သည် သိပ္ပံပညာလိုတိတိကျကျ မဟုတ်သည့်အတွက်ကြောင့် တစ်ခါတစ်ရံ Support Level ဘယ်နားလောက်ရှိနေနိုင်မည် ဆိုတာ အတိအကျသိနိုင်ဖို့ရန်ခက်ခဲနိုင်ပါသည်။ အချို့ ဈေးကွက်အပေါ်သက်ရောက်နိုင်စွမ်း အားကြီးတဲ့ သတင်းတွေ ထွက်ပြီးခါစ အချိန်တွေမှာဆိုလျှင် ဈေးနှုန်းတွေဟာ အတက်အကျမငြိမ်တော့ဘဲ ကသောင်းကနင်းဖြစ်နေတတ်သည်။ ထိုအချိန်တွင်း Support Level အောက်သို့ ရုတ်တရတ်တော်တော်ကြီးဆင်းသွားတာမျိုးလည်း ဖြစ်တတ်သောကြောင့် နောက်ထပ်Support တစ်ခုကို ခန့်မှန်းဖို့ရန် ခက်ခဲသွားခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့သော အခြေနေမှာ အတွေ့အကြုံ ရင့် Trader , Investor ကြီးများကတော့ အနိမ့်ဆုံး အဆုံးစွန်ဆုံးကျရောက်သွားသော Level တစ်ခုကိုသာ Support ဟု သတ်မှတ်ကြပါသည်။

image

Rangeသည် Support & Resistance ကြားတွင်ရှိနေသော ဈေးတန်းကို ဆိုလိုခြင်းဖြစ်သည်။ တစ်နေ့တာအတောအတွင်း မူလ Support Level ကို Break downဖောက်ဆင်းသည် ဖြစ်စေ Resistance Level အထက်ကို Break outဖောက်တက်သည်ဖြစ်စေ Momentum ပါလျှင် နောက်ထပ် Level ကို ထပ်သွားနိုင်သည်။ Break out trade သည် Trader များအသုံးများသော ရိုးရှင်းသည့် Strategy ဖြစ်သည်။

image

တစ်ခါတစ်ရံ မူလ Support & Resistance ကိုဖောက်ထွက်ထားသော်လဲ ဈေးကွက်တွင်းအရောင်းအဝယ်ခတ္တတန့် သွားချိန်ဖြစ်လျှင် ရှေ့သို့လဲ ဆက်မသွားနိုင် နောက်လဲ ပြန်မဆုတ်နိုင်ဘဲ ထိုနားတဝိုက်တဝဲလည်လည် Consolidation ဖြစ်နေတတ်သည်။ ထိုအနေအထား သည်ဈေးကွက်ထဲ အဝင်မလောဘဲ သေချာစွာစောင့်ကြည့်ရမည့် အနေအထားဖြစ်သည်။

image

တစ်ခါတရံတော့ Break out လည်းမဖြစ် Consolidation အနေနဲ့လည်း ကြာကြာမရှိနိုင်ဘဲ ဆန့်ကျင်ဘက်လားရာ နောက်ပြန်ခေါက်ခဲ့ လျှင် Trend Reversal ဖြစ်ခြင်းဖြစ်သည်။ ထိုအချိန်တွင် Position ယူထားပြီးသားရှိလျှင်ပြောင်းသင့်ကပြောင်းရမည်ဖြစ်ပြီး အသစ်ယူမည်ဆိုလည်း ဆန့်ကျင်ဘက်ပြန်ခေါက်သည့် လားရာနောက်လိုက်ယူနိုင်မည်ဖြစ်သည်။

Photo; Credit
Ref; www.chartschool.com , www.babypips.com

@nangkhamthiri
နန်းခမ်းသီရိဦး
6.9.2017

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 62974.52
ETH 2679.49
USDT 1.00
SBD 2.55