Transform unhealthy diet to helthy diet.. အာဟာရ တန်ဖိုးတက်အောင်

in #myanmar7 years ago

In our Country readymade noodles are widely use . Can found various kinds of brands , abundantly in shopping malls, stores and markets , because
It is rather cheap and easy to cook for busy housewives.
Actually these noodles are not healthy diet. It only contains Carbohydrate and oil.
Instead of boiling or frying it plain , you can add an egg , some meat and veggies to the dish to become a healthy diet , which contains Carbohydrate, Protein & Vitamins from vegetables.

မြန်မာနိုင်ငံမှာ အော်တို ခေါက်ဆွဲထုပ်တွေ .. ဆန်ပြုတ်ထုပ်တွေ တံဆိပ် အမျိုးမျိုးနဲ့ Shopping malls တွေ စတိုးဆိုင် ဈေးဆိုင်တွေမှာ အများအပြားနေရာယူနေကြပါတယ် ..
စားသုံးသူတွေကလည်း တစ်ထုပ်မှ ၂၀၀ ဝန်းကျင်မို့ ဈေးလည်းသက်သာတာမို့ .. လွယ်လွယ်ကူကူပင် .. ဝယ်ယူအသုံးပြုကြ .. မိမိသားသမီးတွေကို ဗိုက်ဝ ပြီးရော ကမန်းကတမ်းပြုတ်ကျွေး ကြပါတယ် ..
သို့ပေမယ့် .. အဲဒီ ready made ထုပ်တွေက
ဂျုံ ကစီဓါတ် နဲ့ စားအုန်းဆီ ကလွဲလို့ အာဟာရတန်ဖိုး မရှိလှပါဘူး .. အထူးသဖြင့် ခလေးတွေ အတွက် အာဟာရ ပြည့်ဝတဲ့ အစားအစာမျိုးကျွေးမှ ဉာဏ်ရည်ထက်မြက် သွက်လက် ဖွံ့ဖြိုးပါမယ် ..
ဒါကြောင့် အော်တိုခေါက်ဆွဲ ထုပ် တွေကို ဒီအတိုင်းမစားဘဲ .. အသီးအရွက် .. အသား .. ကြက်ဥ ဝက်အူချောင်း တို့နဲ့ ရောနှောလိုက်ရင် .. အာဟာရပြည့်ဝတဲ့ မနက်စာ နေ့လည်စာ အသွင်ပြောင်းယူနိုင်ပါတယ် ..
အလုပ်များတဲ့ အိမ်ရှင်မတွေ .. မိမိအိမ်သားတွေ အတွက် အချိန်နဲနဲ နဲ့ ကမန်းကတမ်းပြင်ဆင်ပေးနိုင်ပါတယ် ..

![image](

image

အော်တိုချဉ်စပ်ခေါက်ဆွဲကို ပြုတ်ပြီး .. အသားပြား ကြက်ဥ ပဲသီး စတာတွေနဲ့ ပြန်ကြော်လိုက်တော့ .. ကစီဓါတ် အသားဓါတ် ဗီတာမင် .. ၃ မျိုးစုံလင်တဲ့ .. အာဟာရ ပြည့်ဝပြီး အရသာရှိလှတဲ့ အစားအစာ အဖြစ် အသွင်ပြောင်းယူနိုင်ပါတယ်

image

ခနောဆန်ပြုတ်ထုပ်ကိုလည်း .. ကြက်ဥ အသားပြား တရုတ်နံနံပင် တို့နဲ့ ရောပြုတ် ငြုတ်ကောင်းလေးဖြူးလိုက်ခြင်းဖြင့် အနံ့ အရသာ ကောင်းပြီး အာဟာရ စုံလင်တဲ့ ပူပူနွေးနွေး အငွေတထောင်းထောင်း ငြုတ်ကောင်းနံ့ မွှေးမွှေး နဲ့ အာဟာရပြည့်ဝတဲ့ မနက်စာလေး ဖန်တီးပေးလို့ ရပါတယ် ..

Photos took by iphone Phone camera.
If you like my post please upvote ,follow me & write your opinion in comment.
Thanks and appreciate for your Visit, Upvote, Comment and Follow me @nang.myint.thwel

Author - @nang.myint.thwel

Sort:  

လုပ် စား မယ်ဗျာ

နဲနဲလေး မွမ်းမံလိုက်ရုံနဲ့ အဖိုးတန်သွားပါတယ် .. @botint

a diet a day keeps cancer away

delicious food

စားချင်သဖွယ်လေး Bec I'm lazy to cook, I just buy from outside

စားစရာမြင်ရင် မနေနိုင်ပု သရေကျ ချင်စရာ ဟီးးးးးးး

ကျေးဇူး ... @kyawkothet

ဗဟုသုတရပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ

နဲနဲလေး ပြုပြင်လိုက်တာနဲ့ .. ကျန်းမာရေးနဲ့ ညီညွတ်သွားပါတယ် .. @komoezaw

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63126.02
ETH 2553.49
USDT 1.00
SBD 2.78