10 Days at Moekok Meditation Center : မိုးကုတ်ဝိပသနာ ၁၀ ရက်စခန်းသို့

in #myanmar7 years ago

8247BF90-1282-40E1-A28B-C17EF7035149.jpeg

I have been to the Moekok Meditation Center for the second time after 5 years.
Since Meditation Centers are places, which trained people to be free from “Greed, Anger, Arrogant , Hatred, Attachments, Desires & Cravings .. “
We should go there simply by not wearing gold , diamonds & jewelries boastfully.
We have to meditate one hour per time , 8 times per day, there.
We have to get up at about 3.30am and go to bed at 9.00pm.

During 10 days , we must speak less, keep calm and concentrate on sermons & meditation by not using Facebook, Messenger & Viber , which will destroy calmness and serenity of our mind.
We should ignore all our business and house affairs for 10 days.

00D83A8E-6C99-487F-B117-58AC08522AD0.jpeg

We must clearly know that
“Nothing last Forever “ , every things & happenings will be ruined one day, including our body and mind .
“There are 5 Senses” that drive us to attachments , desires & cravings.
“There are 4 Truthfulness”
The more cravings, the more hard life we have to face, to fulfill our cravings.
“By performing 8 Rightful ways”,
such as thinking, talking, performing, earning, striving, noticing, concentrating, rightly in our life, we will reach our destination , the most peaceful place (Heaven ) “Nirvana”

A27B1037-399C-48D6-AE89-E1E0883975DF.jpeg

May I suggest you to meditate at least 5-15 minutes a day at home. Your mind will really become Pure, Peaceful, Calm & Clear.

2100D531-B99F-4A10-9189-1CA6D5DA8411.jpeg

" မိုးကုတ်ဝိပသနာ ၁၀ရက်တရားစခန်းသို့ .."
၅ နှစ်အကြာမှာမှ ဒုတိယ အကြိမ်ရောက်ခဲ့ပါတယ် ..
တရားစခန်းဆိုတာ .. “လောဘမီး ဒေါသမီး မောဟမီး တပ်မက်မှု တဏှာရာဂ သမုဒယ" တွေ ငြိမ်းသတ်ဖို့ လေ့ကျင့်သင်ကြားပေးတဲ့ နေရာမို့ ..
ဝတ်ဆင်ထားတဲ့ နားကပ် လက်စွပ် လက်ကောက် ဆွဲကြိုး အားလုံး ချွတ်ခဲ့ပါတယ် ..
၁၀ရက်လေးတောင်မှ ဒီ ဂုဏ်ပကာသန တွေ တပ်မက်မှု တွေကို မစွန့်နိုင်ဘူး ဆိုရင် ..
"တရားသိပေမဲ့ တရားရဖို့တော့"
ဝေးနေအုန်းမယ်လို့ ထင်ပါတယ် ..
မနက် ၃နာရီခွဲ ထ .. ည ၉ နာရီ မီးပိတ် တရားမှတ်ပြီး အိပ်ကြရပါတယ် ..
တစ်နေ့ကို ၈ကြိမ် တစ်ကြိမ်ကို ၁နာရီ .. တရားထိုင်ရပါတယ် ..
၎ကြိမ် တရားထိုင် .. ၄ကြိမ် တရားနာ .. နာရီဝက် ၂ကြိမ် စင်္ကြန်လျှောက် တရားမှတ်ရပါတယ် ..

F8E8E719-8679-42B2-8484-CA89B73B5015.jpeg

၁၀ရက် အတွင်း အပြည့်အဝ အကျိုးရှိအောင် .. အချိန်ကုန် လူပင်ပန်းရကျိုးနပ်အောင် .. အားလပ်ချိန်မှာလည်း အတတ်နိုင်ဆုံး တရားအမှတ်နဲ့ နေပါတယ် ..
ဝိုင်းဖွဲ့ ရယ်မော စကားပြောခြင်း .. ဝိုင်းဖွဲ့ စားသောက်ခြင်း မလုပ်ပါဘူး ..
အတတ်နိုင်ဆုံး စကားနည်းအောင် နေပါတယ် .. မိတ်ဆွေတွေ့ရင် ပြုံးပြ နှုတ်ဆက်ရုံ တစ်ခွန်းစ နှစ်ခွန်းစ ဘဲပြောပါတယ်
ညနေပိုင်း .. ဖျော်ရည်လေး တစ်ခွက် .. ထန်းလျက်လးတစ်လုံး .. ချိုချဉ် လေး ၃-၄ လုံး လောက်နဲ့ တင်းတိမ်နိုင်အောင် နေပါတယ် ..
သူများတွေက ကြာစွယ်တို့ .. ပဲနို့ရည်တို့ သောက်နိုင်တယ် ဆိုပေမယ့် ..
မသေချာလို့ ကျမ ကတော့ မသောက်ပါဘူး ..
၁၀ရက်အတွင်းမှာ .. "သားရေး သမီးရေး .. စီးပွါးရေး .. လောကီ အရေး "
အားလုံး မေ့ထားပါတယ် ..
"ဖုန်းမသုံးပါဘူး ..ဓါတ်ပုံ မရိုက်ပါဘူး .. FB Viber Messenger " ဘာမှ မသုံးပါဘူး ..
တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း တရားအမှတ် နဲ့ဘဲ ကြိုးစားပြီး နေပါတယ် ..
ဆရာတော် သင်ကြား ဟောကြား သမျှ သမျှ အတတ်နိုင်ဆုံး လေ့လာ မှတ်သား နာယူပါတယ် ..

3982A57D-85F1-4A23-9F82-5421C03AEA04.jpeg

"ရုပ်နာမ် ၂ပါး - ခန္ဓာ ၅ပါး - သစ္စာ ၄ပါး -မဂ္ဂင် ၈ပါး - ဉာဏ်စဉ် ၁၆ ပါး .. "
"ဘယ်အရာမှ မမြဲတဲ့ ဖြစ်ပျက် သဘော" "ဒိဌိ ၃မျိုး - အကြောင်းတရား အကျိုးတရား - အဝိဇ္ဇာ တဏှာ ဇာတိ ဇရာ မရဏ .. အတိတ်ပစ္စုပ္ပန် အနာဂတ် .. အကြောင်းအကျိုး ဆက်စပ်ပုံတွေတော့ .. "
ကကြီးရေက .. မူကြို အဆင့် လောက်တော့ သိခဲ့ရပါပြီ ..

E713DE23-C517-43B3-ADF4-90379295BFDA.jpeg

"ဆရာတော်ကြီး ရဲ့ အမှာစကား .."
“တရားဆိုတာ သိနေရုံနဲ့ မပြီး .. လိုက်နာ ကျင့်ကြံ အားထုတ်ဖို့လိုပါတယ် ..”
“၁၀ရက်ပြီးရင် ယောဂီတို့ .. မီးလောင်လွယ်တဲ့ သစ်ရွက်တဲအိမ်လေးကိုပြန်ကြရတော့မယ် ..”
“လောဘမီး ဒေါသမီး မောဟမီး တဏှာမီး သမုဒယမီးတွေ လောင်မြိုက်ခံကြရပြန်တော့မယ် ..”
"မီးတောက်မကြီးအောင် အသိတရားလေးနဲ့ ဆင်ခြင်ပြီး လျော့ရမယ် .."

"အိမ်ပြန်သွားရင် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ် တရားထိုင်ဖြစ်အောင်ထိုင်ပါ .."
"၃၆၅ရက်ဆို ကုသိုလ်တွေ အများကြီးစုမိမယ် .."
"လုံးဝ မထိုင်ရင်တော့ .. ဘာဝနာ ကုသိုလ် လုံးဝ မရဘူးပေါ့ .."

16C3AECF-3C7D-494F-BADE-6A1C76EE4EC5.jpeg

"ပုခက်မှ သုသာန်သွားတဲ့ လမ်းခရီး တစ်လျှောက်မှာ .. "
"လမ်းဘေးက ငရဲဆွဲချမယ့် အကုသိုလ် ကျောက်ခဲ အလေးကြီးတွေ သယ်မသွားကြပါနဲ့ .."
"ပန်းရထားနဲ့ နတ်ပြည်ပို့ပေးမယ့် အဖိုးတန် ပတ္တမြားခဲတွေဘဲ များများ ရွေးသယ်သွားကြပါ .."
"မသိခဲ့်လို့ ကျောက်ခဲတွေ သယ်မိခဲ့ရင်လည်း ဉာဏ်နဲ့ ဆင်ခြင်ပြီး .. ပစ်ချခဲ့ကြပါ တဲ့ .. "
"အလေးခံပြီး သံသရာထိ သယ်မသွားကြပါနဲ့ တဲ့ .."

C5CAA66D-B00D-4B76-A208-F4F53BD3EE7E.jpeg

"လှူတယ် ဆိုတာ ..
ကုန်သွားတာ မဟုတ်ဘူး .. ရလိုက်တာ "
"မိမိ ကိုယ်ပိုင်ရလိုက်တာ ..
မိမိနဲ့ သံသရာထိ ပါသွားမှာ .."
"ပစ္စည်း ဥစ္စာဆိုတာ သူခိုးခိုးနိုင်တယ် ..
မီးလောင် နိုင်တယ် .. "
"ကုသိုလ်ကို သူခိုးလည်း ခိုးလို့မရဘူး ..
မီးလည်း မလောင်နိုင်ဘူး .. "
"သံသရာတစ်လျှောက် မိမိနဲ့ အတူပါသွားမယ့် .. မိမိရဲ့ ကိုယ်ပိုင်ပစ္စည်း အစစ်ပါဘဲ ... " တဲ့

"ဆရာတော် ဘုရားရဲ့ အဖိုးတန် အမှာစကားကို .. မှတ်သားနာယူ လိုက်နာနေပါတယ် .."
"၁၀ရက် .. ၁၀ရက် ဆိုသလို .. နာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်း အလွန်တန်ဖိုးရှိလှတဲ့ အချိန်လေးပါဘဲ .."

အချိန်အားရင် အားသလို .. ပေါ့ပေါ့တန်တန် မနေဘဲ .. စိတ်ကို တည်ငြိမ်အောင်ထားပြီး .. "၅ မိနစ်ဘဲရရ " တရားမှတ်ကြပါ .. လို့ တိုက်တွန်းလိုပါတယ် ..

A69FE2D7-CC29-4E42-A698-C107AFB3408A.jpeg

မင်းကွန်း ဆရာတော်ဘုရား ဟောကြားထားပါတယ် ..
အိမ်ရှင်မတွေလည်း .. ထမင်းဟင်းချက်ရင်း .. သတိပဌာန် တရားမှတ်လို့ ရပါတယ် .. တဲ့
ဟင်းအိုးမွှေရင် မွှေနေတယ် .. ဆီထည့်ရင် ထည့်တယ် .. ဆားထည့်ရင် ထည့်တယ် .. ရေထည့်ရင်ထည့်တယ် .. ကြက်သွန်ကြော်ရင် ကြော်နေတယ် .. မွှေးလာရင် မွှေးလာတယ် .. စသဖြင့်
တောင်တောင်အီအီ တွေးမနေဘဲ .. စိတ်တွေ ပျံ့လွင့်မနေဘဲ ..
မိမိရဲ့ လှုပ်ရှားမှုတိုင်းကို သတိကပ်ပြီး မှတ်သားနေဖို့ပါဘဲ .. တဲ့

၅ မိနစ်တွေ စုလိုက်ရင် ကုသိုလ်တွေ အများကြီး ရလာပါမယ် ..
တစ်နေ့ကို ခြေတစ်လှမ်းလှမ်းရင် ..
နိဗ္ဗာန် နဲ့ တစ်လှမ်း နီးလာပါမယ် ..
တစ်လှမ်းမှ မလှမ်းရင်တော့ ..
နိဗ္ဗာန် နဲ့ ဝေးနေဦးမှာပါ ..

ပိုက်ဆံ မပေးရတဲ့ ..
အလကားရတဲ့ ကုသိုလ်လေး ..
"သီလကုသိုလ် .. ဘာဝနာကုသိုလ်" လေး .. ရအောင် ယူကြပါ လို့ တိုက်တွန်းရင်း .. "ဓမ္မဒါန " ပြုလိုက်ပါတယ် ..

Photo credit to Google images
Author - @nang.myint.thwel

Sort:  

သာဓုသာဓုသာဓုပါ ခင်ဗျ သားလည်း ၂၀၀၉ သကြွန်းတုန်းကတော့ သင်္ကြန် ၁၀ စခန်းဝင်ဖူးပါတယ်ဗျ ခုနောက်ပိုင်းတော့ အခြေနေအရ မဝင်ဖြစ်ခဲ့ဘူးအန်တီရေ

တစ်နေ့ ကို ၅ မိနစ် လောက် ပြန်စမှတ်ပါလား ..
ကုသိုလ် အဆက်ပေါ့ ..

တန်‌ဘိုးရှိတဲ့ Post ပါ။အိပ်‌ စား ကာမ အတွက်‌ နဲ့ လူ့ ဘ ဝ မှာ အချိန်‌ကုန်‌‌နေရင်‌ လူ ဖြစ်‌ရ ကျိုး မနပ်‌ပါဘူး။Meditation ဟာ မ ဖြစ်‌ မ‌နေ လုပ်‌ရမှာပါ။

အန်တီ အဲ့လောက်ကိုက တော်တော်ကျင့်ကြံရမယ်ထင်တယ် တစ်ရက်ကို ၈နာရီတဲ့ တရားထိုင်တာလေ.. စိတ်အတော်ငြိမ်းချမ်းစေမယ်ထင်တယ်.. လွယ်လည်းမလွယ်လောက်ဘူး

လူမှုရေး .. စီးပွားရေး ကိစ္စ အားလုံး မေ့ထားတော့ .. ၁၀ရက်စာ ပကတိ ငြိမ်းချမ်းပါတယ် .. စိတ်လည်း တည်ငြိမ်ရင့်ကျက်လာတယ် .. လောကဓံကို ကြန့်ကြန့်ခိုင်ခိုင် .. မတုန်မလှုပ် ခံနိုင်ရည်ရှိလာတာပေါ့ ..

ဗဟုသုတရပါတယ်​...Thank for sharing

You are welcome !

တရားထိုင်တာ စိတ်ကိုငြိမ်းချမ်းစေပါတယ်ဗျ

ဟုတ်ပါတယ် .. ပကတိ ငြိမ်းချမ်းပါတယ်

Yes,that is right.So,everybody must do a meditation at least 5 minutes a day.It can carry to you more refresh,more peaceful ,more confidence and more concentrate.

Absolutely right!

သာဓု သာဓု သာဓု ပါ တီတီရေ.. သမီးတော့ မဝင်ဖူးသေးဘူး တရားစခန်းကိုကြိုးစားရအုံးမယ်😊

အသက်ငယ်တုန်းဝင်နိုင်ရင် ပိုကောင်းတယ် ..
စိတ်စွမ်းအင်မြင့်တက်တာပေါ့

ကိုယ့်စိတ်ကို အေးချမ်းမှုတွေ စိတ်ဖိစီးမူတွေလျှော့ကျစေလို့ ကျနော်ကတော့ ကြိုက်တယ်

ဟုတ်ပါတယ်

ဟုတ်တယ်နော်

သာဓု၃ကြိမ်ခေါ်ပါတယ်ရှင့်

ကုသိုလ် အမျှအမျှအမျှ .. သက်လျာရေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62629.89
ETH 2572.37
USDT 1.00
SBD 2.74