တစ်​ခါတစ်​ရံ ၌ အချစ်​သည်​...အပိုင်း(၁)

in #myanmar7 years ago (edited)

ခင်​။

ခင်​ ဆိုသည့်​နာမည်​အား ​နှုတ်​ဖျားမှ မထွက်​ခဲ့သည်​မှာ နှစ်​များမနည်းခဲ့ပြီ။အခန်းငယ်​​လေးထဲ လူးလှိမ့်​ရင်း ​ကျော်​စွာ တစ်​​ယောက်​ အ​ဝေးမှ ချစ်​သူအား လွမ်းခန်းဖွင့်​​နေ​လေရဲ့။ခင်​ ဆိုသည့်​ အမည်​နာမ​လေးအား စာရွက်​​လေး​ပေါ်ချ​ရေးရင်း နှုတ်​ထဲမှလည်း တဖွဖွ​ရေရွတ်​လို့။ကျော်​စွာ တစ်​​ယောက်​အဖို့ မိမိတိုင်းပြည်​မှ တိုင်းတစ်​ပါးသို့ လာ​ရောက်​ပြီး ဒုက္ခခံ အလုပ်​လုပ်​ ​နေရသည့်​အ​ကြောင်းအရင်းမှာလည်း ခင့်​ အတွက်​​​ကြောင့်​ပင်​မဟုတ်​လား။အချစ်​အတွက်​ဆို ဓား​တောင်​​ကို​ကျော်​ပြီးမီးပင်​လယ်​​တောင်​ဖြတ်​ရဲ​သောခွန်​အား သတ္တိရှိကြသည်​။အခုလည်း ထိုသို့ဆိုရပာမည်​။couple holiday .jpg

ကျော်​စွာနှင့်​ ခင်​မှာ ချစ်​သူသမီးရည်းစား ဖြစ်​သည့်​အ​လျောက်​ အနာဂတ်​အတွက်​ ခင့်​အား တ​င့်​​တောင်းတင့်​တယ်​ထားနိုင်​ဖို့ ​ကျော်​စွာ တစ်​​ယောက်​ တိုင်းတစ်​ပါးသို့ ခရီးနယ်​ဆန့်​ခဲ့သည်​မဟုတ်​လား။တိုင်းတစ်​ပါးဆိုသည်​က သိကြသည့်​အတိုင်းပညာတတ်​မဟုတ်​ပါက အနှိမ်​ခံ အနှိပ်​စက်​ခံမျှသာ။အဆက်​အသွယ်​ ​ကောင်း​ကောင်းမရှိပါက အလုပ်​​ကောင်းရဖို့ ခဲယဉ်းလှသည်​။ကျော်​စွာတို့လို တရားဝင်​မဟုတ်​ဘဲ ​မှောင်​ခိုနှင့်​ဆို ပိုဆိုးလှ​ပေါ့။တရားဝင်​ ဗီဇာနဲ့ သွားဖို့အတွက်​ကျ ​ကျော်​စွာ့ အတွက်​ မပြည့်​စုံ​သောဘဝမို့ မဖြစ်​နိုင်​။ထို့​ကြောင့်​ သူငယ်​ချင်းဖြစ်​သူ၏ ​သွေး​ဆောင်​မှု့​ကြောင့်​ ​မှောင်​ခိုနှင့်​သာ လူမျိုးခြား နိုင်​ငံသို့​ရောက်​ခဲ့ရသည်​။

ကျော်​စွာ။asw.jpg

ကျော်​စွာတွင်​ မပြည့်​စုံ​သောဘဝ​လေးထဲ နစ်​​မျောခဲ့ရသည်​မှာ သူ့တစ်​သက်​ပင်​ရှ်ိခဲ့သည်​။ငယ်​ငယ်​​လေးထဲကမိဘနှစ်​ပါးလုံး​လှေ​မှောက်​၍အသက်​ဆုံးပါးခဲ့ကြရသည်​။ဦး​လေးဖြစ်​သူနှင့်​အတူ​နေရင်းဘဝကိုခက်​ခက်​ခဲခဲရုန်းကန်​ခဲ့ရသည်​။ဦး​လေး၏မိန်းမမှာ​ကျော်​စွာ့အားမျက်​နှာသာမ​ပေး။ကျော်​စွာ့ဦး​လေးမရှိရင်​ မရှိသလိုနှိပ်​စက်​သည်​။မိန်းမကို​ကြောက်​ရ​သော ​ကျော်​စွာ့ဦး​လေးမှာလည်း​ကျော်​စွာအားအကာအကွယ်​မ​ပေးနိုင်​ခဲ့ပါ။အသက်​က ၂၂ဝန်းကျင်​ ရှိ​နေပြီဖြစ်​​သော်​လည်း အများနည်းတူ ​ပြောင်​​ရောင်​သည်​မရှိခဲ့။ရှေးဘဝက ကုသိုလ်​နည်းခဲ့ရသလားဟု ​ကျော်​စွာတစ်​​ယောက် မကြာခဏ ညည်းတွား ​နေ​လေတတ်​သည်​။တစ်​ခုရှိသည်​က အချစ်​​ရေးတွင်​​တော့ ​ကျော်​စွာ ကံ​ကောင်းခဲ့သည်​။အကြောင်းမှာကျာ်​စွာ ​နေထိုင်​ရာ ပန်းတ​နော်​မြို့နယ်​ ကြီးကံလှ ရွှာ​လေးထဲမှ ကွမ်း​တောင်​ပန်း​တောင်​ကိုင်​ ခင်​ထား ဆိုသည့်​ မိန်းက​လေးနှင့်​ ရည်​ငံ​နေကြခြင်းပဲဖြစ်​ပါသည်​။ခင်​ထား ​လေးက ရိုးရိုး​လေးနှင့်​ လှသည်​။အသားအရည်​က ခပ်​ညိုညို ပိတုန်း​ရောင်​ ဆံနွယ်​ရှည်​​လေးနှင့်​ မြင်​သူတိုင်း​ငေး​စေနိုင်​သည်​။သ​ဘောလည်း​ကောင်းလွန်းသူမို့တရွှာလုံးကလည်း ခင်​ထား​လေးအား ချစ်​ခင်​ကြသည်​။ဥစ္စာ​ပေါ ရုပ်​​ချော ဆိုသလိုပင်​ ခင်​ထား ဘဝ​လေးက ပြည့်​စုံလှသည်​။ထို့အပြင်​ ရွှာထဲမှ ကာလာသားများ ဝိုင်းဝိုင်းလည်​ရုံမက ​ဘေးပတ်​ဝန်းကျင်​ရွှာမှ ​ကာလာသားများလည်း လာ​ရောက်​ပိုးပန်းခြင်းခံရသူလည်း ဖြစ်​သည်​။ သို့​ပေမဲ့လို့ ခင်​ထား မည်​သူ့ကိုမှ သ​ဘောမ​တွေ့ခဲ့ပါ။ခင်​ထား သ​ဘော​တွေ့ခဲ့သူက အညတရ ဆင်းရဲသား​လေး ​ကျော်​စွာတစ်​​ယောက်​ကိုပင်​။ကျော်​စွာမှာ ခင်​ထားအိမ်​မှ ခိုင်းဘက်​ တစ်​​ယောက်​အဆင့်​ဟုဆိုရမည်​။ခင်​ထားတို့ လယ်​​၊ယာ ကိစ္စအဝဝကို ​ကျော်​စွာတစ်​ဦးတည်း ဦးစီးဦး​ဆောင်​ လုပ်​​ပေးရသည်​။ကြာလာ​တော့ အိုးချင်းထား အိုးချင်းထိ ဆိုသလို ခင်​ထားမှာ ​ကျော်​စွာ့အား ​တရားဝင်​​ချစ်​သူအဖြစ်​​ရွေးချယ်​ခဲ့​တော့သည်​။ထို့အ​ကြောင်းကို ခင်​ထား ဖခင်​ ဦး​စောနိုင်​ သိ​သောအချိန်​တွင်​ ယမ်းပုံ​ပေါ် မီးခဲကျ​တော့သည်​။ဦး​စောနိုင်​ ​ပေါက်​ကွဲ​တော့သည်​။သိသိချင်း ​ကျော်​စွာ့အား​ခေါ်ကာ မတူမတန်​ရာ မှန်းရမလားဆိုပြီး ထိုးကြိတ်​လွှတ်​လိုက်​​သေးသည်​။ဘေးပတ်​ဝန်းကျင်​မှ ဝိုင်းဝန်း ​ဖျန်း​ဖြေ၍သာ ​ကျော်​စွာ ကံ​ကောင်းသွားသည်ဟု ​ဆိုရမည်​။မမြင်​နိုင်​​သောအချစ်​တစ်​ခုကို  ​ငွေဆိုအရာဝတ္ထုနှင့်​ ပိုင်းဖြတ်​၍ရရိုးလား။ကျော်​စွာတစ်​​ယောက်​ အခက်​​တွေ့သွားခဲ့ပြီ။ခင်​ က​တော့အား​ပေးစကားများ ​ပြော​ပေးခဲ့ရှာပါသည်​။ခင့်​ မိဘများက ​ငွေမက်​ကြသည်​။ဟုတ်​ပြီ ​ငွေများများရ​အောင်​ ရှာရမည်​။ငွေများများရမှ ခင့်​ကို တင့်​​တောင်းတင့်​တယ်​ထားနိုင်​မည်​။ငွေများများရနိုင်​မည့်​နည်းလမ်းမှာ တစ်​ခုပဲရှိသည်​။နိုင်​ငံခြားသို့ ထွက်​၍အလုပ်​လုပ်​ခြင်း တစ်​ခုပင်​။ကျော်​စွာ အ​တွေးများစွာဖြင့်​ ထိုင်းနိုင်​ငံသို့ အလုပ်​လုပ်​ရန်​ ဆုံးဖြတ်​လိုက်​​တော့သည်​။ထိုင်းနိုင်​ငံသို့မသွားမီ ခင်​ နှင့်​ခဏတာဆုံ​တွေ့ခွင့်​ရခဲ့​သေးသည်​။Romantic love Sony Xperia Z2 Wallpapers.jpg

"ကို ထိုင်းနိုင်​ငံကိုတကယ်​သွားမှာလားဟင်​"

"သွားရမှာ​ပေါ့ ခင်​ထားရယ်​ အကို အဲ့ဒီမှာ ခင်​ထားနဲ့နီးနိုင်​ဖို့ ​ငွေများများရှာရမယ်​​လေ တရွှာမ​ပြောင်းသူ​ကောင်းမဖြစ်​ ဆိုတဲ့စကားပုံလည်းရှိတယ်​မဟုတ်​လား ဒီရွှာမှာ ဒီအလုပ်​နဲ့ပဲ ဆက်​လုပ်​​နေရင်​​တော့ ဒီတသက်​ ခင်​ထား နဲ့နီးရမှာမဟုတ်​ဘူး မတတ်​သာလို့သာ သွားရမှာခင်​ထားရယ်တကယ်​ဆို ခင်​ထားနဲ့ တစ်​စက္ကန့်​​လေး​တောင်​မခွဲချင်​တဲ့သူပါ"

"ခင်​ထားလည်း နားလည်​ပါတယ်​ ဒါ​ပေမဲ့ကိုရယ်​ ခင်​ထား​ကြောက်​တယ်​ ကံကြမ္မာ ဆိုတဲ့အရာကို ခင်​ထား ​ကြောက်​တယ်​ ခင်​ထားနဲ့နီးရဖို့အတွက်​ကြိုးစားရင်း ​ဝေးသွားမှာ​ကြောက်​တယ်​"

"စိတ်ချ ပါခင်​ထားရယ်​ ကို ခင်​ထားနဲ့ဘယ်​​လောက်​ပဲ​ဝေး​ဝေး ခင်​ထားအ​ပေါ်သစ္စာမ​ဖောက်​ပါဘူး ကို့အသက်​ရှင်​​နေသ​ရွေ့ ခင်​ထားဆီကို ကို ​ရောက်​​အောင်​ပြန်​ခဲ့မှာပါ"

"ခင်​ထားလည်း ကို့အ​ပေါ် သစ္စာအမြဲရှိ​နေမှာပါ​နော်​ ပြီး​တော့ ဟို​ရောက်​ရင်​လည်း ကျန်းမာ​ရေး ကိုဂရုစိုက်​​နော်​ ခင်​ထား အကို​ပြန်​လာမဲ့​နေ့​လေးကို ​မျှော်​​နေမယ်​"

ချစ်​သူနှစ်​ဦး ခွဲခွာရမဲ့အချိန်​​လေးသည်​ တကယ့်​လွမ်း​ဆွေးစရာ အချိန်​ပဲမဟုတ်​ပါလား။တစ်​​ယောက်​နှင့်​တစ်​​ယောက်​ ရင်​ထဲကစကား​တွေ​ပြောမကုန်​နိုင်​​အောင်​ ဖြစ်​​နေခဲ့ပါသည်​။ကျော်​စွာတို့ချစ်​သူနှစ်​ဦးအတွက်​ ထိုညက လ​ရောင်​မလင်း​ပေးခဲ့ပါ။အ​မှောင်​ထုများဖုံးလွှမ်း​နေခဲ့​သော သစ်​ပင်​​အောက်​မှာ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ တင်းကြပ်​စွာ ​ပွေ့ဖက်​ထားပြီး နှုတ်​ဆက်​အနမ်း​တွေကိုယ်​စီ​ပေးလို့​ပေါ့။

ဆက်​လက်​​ရေးသားပါဦးမည်​။

ကျေးဇူးတင်​စွာဖြင့်
sai-1.png
Author by @nandasai(MSC.076)

Photos from google image

Sort:  

အားကျတယ်​ဗျို့

ဟိ ဟိ

This post has received a 1.15 % upvote from @boomerang thanks to: @nandasai

အဲလယ့် ခေတ်မှီတယ်ဟေ့
kiss တေဘာတေနဲ့

ရွာဇာတ်လမ်းပေါ့
Goodညီလေးရေ

ဟိ ဟိ ဆင်​ဆာ မိမယ်​ထင်​တယ်

နူတ်ဆက်အနမ်းလေးပေါ့ 😂😁

ဟိဟိ

ဇာတ်အိမ်တည်တဲ့အရေးအသားတွေမှာ စကားပြောလေသံသိပ်မထည့်နဲ့၊ ပတ်ဝန်းကျင်ရှုခင်း၊မြင်ကွင်းများကိုအလျဉ်းသင့်သလိုထည့်သုံးပေးပါ။

ဟုတ်​ကဲ့ ဆရာ မှတ်​သားထားပါ့မယ်

အားပေးတယ်broရေ ဆက်ရေးပါ။

ကျေးဇူးပါဗျာ

စာအုပ်ထုတ်ရင်အရင်ဆုံးအားပေးမယ်ဗျာ

ဝတ္တုရှည်ရေးမယ်ပေါ့

ဆိုပါ​တော့

စွန့်စားရတာပါပဲ

အချစ်​သူရဲ​ကောင်းကြီး​ဗျ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59999.40
ETH 2646.89
USDT 1.00
SBD 2.44