စည်းလုံးညီညွတ်​​စေချင်

in #myanmar6 years ago

အားလုံးပဲမင်္ဂလာပါခင်​ဗျ..ယခုတစ်​ပတ်​ promotionတွင်​ ကျွန်​​တော့်​ပတ်​ဝန်းကျင်​မှာ ကြုံ​တွေ့ဖြစ်​ပျက်​​နေ​သော ဖြစ်​ရပ်​မှန်​တစ်​ချို့ကို​ရေးသား​ဖော်​ပြချင်​ပာတယ်​။ဆောင်းပါးထဲတွင်​ trollသည့်​အ​ကြောင်းအရာများပါဝင်​မည်​​ဖြစ်​​သော်​လည်း သင်​ခန်းစာယူနိုင်​ရန်​​ရှေးရှုပြီး​ရေးသားခြင်းဖြစ်​ပါတယ်​။အဓိက​ပေးချင်​တဲ့ message ​လေးက​တော့ စည်းလုံးညီညွတ်​​စေချင်​တဲ့ message ​လေး​ပေါ့။ယခုကျွန်​​တော်​​ပြောပြချင်​တဲ့အ​ကြောင်းအရာက​တော့ ကျွန်​​တော့်​(စာ​ရေးသူ)၏​​မွေးရပ်​ဇာတိ ရွှာ​လေးအ​ကြောင်းပဲဖြစ်​ပါတယ်​။ကျွန်​​တော်​တို့ရွှာ​လေးဟာဆိုရင်​ ​တောင်​ငူမြို့အ​ရှေ့ဘက်​ကခြမ်း စစ်​​တောင်းမြစ်​နံ​ဘေးတွင်​တည်​ရှိပါတယ်​။ရွှာနာမည်​ကို​တော့ ရဲထက်​ဆိုးလို့အမည်​တွင်​​ပါတယ်​။(ရွှာနာမည်​က​ပြောင်းလဲ​ရေးသားထားပါတယ်​။ကျွန်​​တော်​ကိုယ်​တိုင်​​ပေးထားတဲ့နာမည်​​ပေါ့။ဟိ ဟိ😄😄)ဆက်​​ပြောပြပါဦးမယ်​ကျွန်​​တော်​တို့ရွှာတွင်​အိမ်​​ခြေ​ပေါင်း ၅၀၀ခန့်​ရှိပါတယ်​။လူမျိုးက​တော့ ရှမ်းလူမျိုးများဖြစ်​ကြပြီး ဗုဒ္ဓဘာသာကိုးကွယ်​ကြပါတယ်​။ဘာသာခြားက​တော့မရှိကြပါ။အလုပ်​အကိုင်​လုပ်​ငန်းများ​တော့ ယာ၊ကိုင်း၊ကုန်​​ရောင်းကုန်​ဝယ်​လုပ်​ငန်းများဖြင့်​အသက်​​မွေးဝမ်း​ကျောင်းပြုကြပါတယ်​။ယခင်​က ထို​နေရာ​ဒေသများအား အညို​ရောင်​နယ်​​မြေဟု သတ်​မှတ်​ထား​သော်​လည်း ယခုအခါ တည်​ငြိမ်​​အေးချမ်း​နေပြီဖြစ်​​သော​ကြောင့်​အဖြူ​ရောင်​နယ်​​မြေဟု ပြန်​လည်​သတ်​မှတ်​ခဲ့ပါသည်​။unity.gif

ကျွန်​​တော်​တို့ရွှာ​လေးသည်​ ယခင်​က အရမ်းစည်းလုံးညီညွတ်​ပါသည်​။အခု​တော့ မဟုတ်​ဘူး​ပေါ့။(ငိငိ😄😄)အဓိကအ​ကြောင်းအရင်းက​တော့ခေါင်း​ဆောင်​ပိုင်း​ပေါ့။တစ်​ကိုယ်​​ကောင်းအတ္တသမား​တွေရဲ့ လုပ်​ရပ်​များ​ကြောင့်​လို့ ​ခေါင်းစဉ်​တပ်​ရမည်​။ကျွန်​​တော်​တို့ရွှာ​လေးသည်​ ​တောင်​ပိုင်း၊​မြောက်​ပိုင်းနှင့်​အ​ရှေ့ပိုင်းဟူ၍အပိုင်းသုံးပိုင်​ရှိပါတယ်​။ရွှာလယ်​တွင်​ ဘုန်း​တော်​ကြီး​ကျောင်းတည်​ရှိပြီး ရွှာဦးတွင်​​တော့ စာသင်​​ကျောင်း​လေးတည်​ရှိပါတယ်​။ယခင်​က ထိုသုံးပိုင်းလုံးသည်​ အရမ်းစည်းလုံးညီညွတ်​​သော​ကြောင့်​ မိမိရွှာအား ​ဘေးပတ်​ဝန်းကျင်​ရွှာကပါ ချီးကျူး​ပြောဆိုကြသည့်​အထိပင်​။ရွှာတွင်းမည်​သည့်​ကိစ္စမျိုးရှိပါ​စေ စည်းလုံးညီညွတ်​စွာတိုင်​ပင်​ပြီး ​ဆောင်​ရွက်​တတ်​ကြသည်​။ကိုယ်​ထူကိုယ်​ထလမ်းများ​ဖောက်​လုပ်​နိုင်​ခဲ့​သော​ကြောင့်​ လမ်းပန်းဆက်​သွယ်​​ရေးများလည်း အဆင့်​မြင့်​လာခဲ့သည်​။စီးပွား​ရေးလမ်း​ကြောင်း ပွင့်​လာသည်​ဆိုရမှာ​ပေါ့။နောက်​ပိုင်း ပြသာနာများစဖြစ်​လာပါ​တော့သည်​။အ​ကြောင်းအရင်းက​တေှာ့ရွာသားများနှင့်​​ကျောင်းထိုင်​ဘုန်းကြီး ပဠိပက္ခဖြစ်​ကြခြင်းဖြစ်​ပဲဖြစ်​ပါတယ်​။ပထမအကြိမ်​တရားပွဲတစ်​ခုအတွင်း ​ကျောင်းထိုင်​ဘုန်းကြီးမှ ရွှာသားများနှင့်​ စကားများကြခြင်းပဲဖြစ်​ပါသည်​။ရွှာသားဆို​ပေမဲ့ အကုန်​လုံး​တော့မဟုတ်​ဘူး​ပေါ့။နောက်​ပိုင်း ထိုလူများလည်း ပရဟိတအသင်းဆို​သော​ခေါင်းစဉ်​ဖြင့်​ အဖွဲ့တစ်​ဖွဲ့ ဖွဲ့လိုက်​ပါ​တော့တယ်​။ထိုအဖွဲ့က​တော့ ရွှာဘုန်းကြီးများကို မကိုးကွယ်​​တော့​ပေ။ရွှာဘုန်းကြီးများနှင့်​ဆန့်​ကျင်​ကာ ဓမ္မာရုံတစ်​ခုတည်​​ဆောက်​လိုက်​​သေးသည်​။ကျွန်​​တော်​ကြုံ​​တွေ့ရသ​လောက်​​တော့ ယခုလိုမျိုး ဖြစ်​ရပ်​တိုင်းဟာ ရွှာတိုင်းလိုလိုဖြစ်​​နေကြပါတယ်​။ဒါဟာ​ကောင်းတဲ့နိမိတ်​​တော့ဖြစ်​မယ်​မထင်​ပါဘူး။ဒီကိစ္စပတ်​သတ်​ပြီး ကျွန်​​တော့်​အမြင်​ကို တစ်​ချက်​​ပြောပြချင်​ပါတယ်​။တကယ်​ဆို ယခုလိုမျိုး လုပ်​ကြတာဟာ ငရဲရှာ​နေသလိုများဖြစ်​​နေတယ်​ထင်​လို့ပါ။လူကျင့်​ဝတ်​နှင့်​ မညီညွတ်​ဘူးလို့လည်းထင်​မိပါတယ်​။Church-Unity-document-NAD-meetings.jpgဘုန်းကြီးရဟန်းများနှင့်​ တုနှိုင်း၍ ပြသာနာရှာခြင်းဟာ ဘုရားသား​တော်​အား ​စော်​ကားခြင်းလို့ စာအုပ်​စာ​ပေ​တွေထဲမှာဖတ်​ဖူးပါတယ်​။ပြီး​တော့ သံဃာ​တော်ေ​​စာ်​ကားတဲ့သူဟာ ဘယ်​​တော့မှ​ပြောင်​​ရောင်​နိုင်​မယ်​မထင်​ပါဘူး။ဆို​တော့ ရဲထက်​ဆိုး ရွှာ​လေးက နှစ်​ခြမ်းကွဲသွားပါ​ရော​ပေါ့။ပရဟိတအသင်းနှင့်​ ရွှာဘုံဟူ၍​ပေါ့။အဲ့​နောက်​ပိုင်း ပြသာနာ​တွေက တစ်​စတစ်​စ ဖြစ်​လာပါ​တော့တယ်​။ ပိုဆိုးသည်​က ​ခေါင်း​ဆောင်​များပင်​။ခေါင်း​ဆောင်​များ၏ အတ္တစိတ်​များ​ကြောင့်​ ​နောင်​လာ​နောင်​သားလူငယ်​များလည်း စိတ်​ဓာတ်​ပိုင်းဆိုင်​ရာ ကွဲလွဲကုန်​သည်​။ပရိဟိတ အသင်းသာ​ခေါင်းစဉ်​တပ်​ထားသည်​ ထိုသူတို့၏လုပ်​​ဆောင်​များက ပရိဟိတလုပ်​ငန်းများနှင့်​ဆန့်​ကျင်​ဘက်​ပင်​။ခေါင်း​ဆောင်​ လူကြီးများက ​နောင်​လာ​နောင်​သားလူငယ်​များအား ​​ကောင်းမွန်​​သောလမ်းသို့လမ်းညွန်​အစား တစ်​ဖက်​သတ်​အ​တွေးများသာ ရိုက်​သွင်း​ပေးသည်​။ထို့​နောက်​ ပရဟိတအသင်းတွင်​စည်းမျဉ်းစည်းကမ်းများလည်း ထုတ်​လာခဲ့သည်​။ထိုစည်းကမ်းထဲတွင်​ အဆိုးဆုံးစည်းကမ်းတစ်​ခုက​တော့ပရဟိတအသင်းသားများမဟုတ်​​သောကိစ္စဝိစ္စများတွင်​ သွား​ရောက်​ကူညီခြင်းမပြုလုပ်​ကြရန်​ပဲဖြစ်​ပါသည်​။ကျွန်​​တော့်​စိတ်​ထဲ​တွေးမိ​နေတာအခုထက်​ထိပါပဲ။ဘာ​ကြောင့်​ပရဟိတလူငယ်​​မောင်​မယ်​​လေးများဟု ​ခေါင်းစဉ်​တပ်​ထားရသနည်း​ပေါ့။အ​ပြောနှင့်​အလုပ်​ကျ တစ်​ခြားစီဖြစ်​ကုန်​သည်​။ပရဟိတ အသင်းပဲလားဟုထင်​​ကောင်းထင်​ပါလိမ့်​မယ်​။မဟုတ်ပာဘူး​လက်​ခုပ်​ဆိုတာနှစ်​ဖက်​တီးမှမြည်​သည့်​အမျိုးပါ။unity-blog-pic-1-520x400.jpgတစ်​ဖက်​မှ​ကျေးရွာလူငယ်​များအသင်းကလည်း ပရဟိတအသင်းများအား ကြည့်​မရ။တဖက်​မှ မ​လျော့နိုင်​။တစ်​ဖက်​ကလည်း တင်းမာမြဲတင်းမာဆို​တော့ ပြသာနာမီးက မငြိ​မ်းနိုင်​ဖြစ်​​နေ​တော့သည်​။အဓိက​တော့ ​ခေါင်း​ဆောင်​များစည်းလုံးညီညွတ်​ဖို့အရမ်းလိုအပ်​ပါသည်​။ဘာမဟုတ်​​သော အတ္တမာန်​မာနများကို​ရှေ့တန်းတင်​ပြီး ​ဆောင်​ရွက်​လုပ်​ကိုင်​​နေ​သော လူကြီးများအတွက်​​ရင်​​လေးမိပါသည်​။တကယ်​ဆို ထိုလုပ်​ငန်းများကို လူကြီးများက လိုက်​လံလုပ်​​ဆောင်​ရန်​မလိုဘူးဟုထင်​ပါသည်​။လူငယ်​​လေးများအား လက်​ဆင့်​ကမ်း​ပေးပြီးလမ်းညွန်​သ​ဘော​လောက်​သာ ပြုလုပ်​​ပေးရန်​လိုအပ်​ပါသည်​။ခေါင်း​ဆောင်​ပိုင်း လူကြီးများ၏ စိတ်​ဓာတ်​များကို ပြင်​ဆင်​ကြရန်​အရမ်းလိုအပ်​လွန်း​နေသည်​။စည်းလုံးညီညွတ်​ခြင်းသည်​ ​အောင်​မြင်​ခြင်း၏လမ်းစဗျ။ထင်း​ချောင်းတစ်​​ချောင်းအား ချိုးရန်​လွယ်​ကူ​သော်​လည်း ထင်းစည်းထုံးကို​တော့ ချိုးရန်​လွယ်​ကူမည်​မဟုတ်​ပါ။ဆိုလိုချင်​သည့်​သ​ဘောက​တော့ နှစ်​ဦးနှစ်​ဘက်​ညှိညှိနိုင်းနိုင်းဖြင့်​စည်းစည်းလုံးလုံး​ဆောင်​ရွက်​ပါက ​အောင်​မြင်​မှုဆိုတာ ခဲယဉ်းမည်​မဟုတ်​​တော့ပါ။ထို့​ကြောင့်​ကျွန်​​တော့်ရဲ့ steemitညီကို​မောင်​နှမများလည်း စည်းစည်းလုံးလုံးညီညီညွတ်​ညွတ်​နဲ့ တစ်​ဦးနဲ့တစ်​ဦးကူညီ​ဖေးမနိုင်​ကြပါ​စေလို့ ဆု​တောင်းရင်း........။အအ~2.jpg

Author by @nandadai(msc.076)

Photos from google image

Sort:  

ညီညွတ်ခြင်းသည်အင်းအားဗျာ
လက်မှာတောင် လက်ချောင်းအစုံပါပါမှ အလုပ် ပိုမိုထိရောက် မြန်ဆန်ပါ၏

ဟုတ်​တယ်​ အမှန်​​တွေ

စည်းလုံးမှူသည်​အင်းအား​ပေါ့ တင်​ပြပုံ​လေး​ကောင်းပါတယ်​ Bro

အဓိက Team work ပေါ့အကိုရာ

မှန်​ပါတယ်​ဗျာ

စည်းလုံးညီညာ အောင်ကြောင်းဖြာပေမယ့်
နွားကွဲရင် ကျားဆွဲမှာပေါ့

အမှန်​ပါပဲဗျာ

Unity is the strength ပေါ့ဗျာ..
အစီအစဉ်ကျကျရေးသားထားတာ အဆင်ပြေပါတယ်ဗျ..

ခေါင်းဆောင်ပေမဲ့ ခေါင်းဆောင်ရဲ့ အရည်အချင်းတွေမပြည့်စုံပါဘူးခုလိုပြောပြချက်တွေအရ။ အဲ့ဒီရွာလေးအတွက်တော့ စိတ်မကောင်းပါဘူး။

နွားကွဲရင်​ ကျားဆွဲတာပါဘဲ

ဟုတ်​ပါ့ဗျာ အဲ့အတိုင်းဖြစ်​​နေပြီ

စည်းလုံးညီညာအောင်ကြောင်းဖြာတဲ့။

မှန်​ပါတယ်​ စည်းလုံးညီညွတ်​မှ ​အောင်​မြင်​မှာပါ

တွဲလက်များမဖြုတ်တမ်း ရှေ့ဆက်ကြပါစို့ဗျာ

ရှေ့ဆက်​ကြတာ​ပေါ့

မစည်းလုံးတဲ့အခါ တိုးတက်မူ့က အရမ်းနှေးသွားတာကိုမြင်ပါတယ် ဘဒိုရေ

အမှန်​​ပေါ့ဗျာ

Coin Marketplace

STEEM 0.18
TRX 0.17
JST 0.032
BTC 63715.34
ETH 2738.90
USDT 1.00
SBD 2.61