ကံ၏အကျိုး
in #myanmar6 years ago
အခုတ​လော promotionလည်း မရှိ အလုပ်​လည်းရှုပ်​​နေသည်​မို့ စာမ​ရေးဘဲ ခဏနား​နေခဲ့မိသည်​။promotionမ​ရ​သော ကျွန်​​တော့်​အဖို့ spနှင့်​sbdများ သိသိသာသာ ​မရခဲ့ပါ။သို့​သော်​ ဒီလိုနှင့်​တ​ရွေ့​ရွေ့​ရှေ့ဆက်​သွား​နေရဦးမည်​။လက်​ဦးဆရာများလည်းယခုလိုပင်​ ​ခရီးဆက်​လာခဲ့ခြင်းပင်​မဟုတ်​ပါလား။အားလပ်​ချိန်​၅မိနစ်​ရလည်း၅မိနစ်​ စာတစ်​​ကြောင်းရသည်​လည်းမနည်းဟုစိတ်​ထဲ​တွေးရင်း ​ရေးသားမည်​ဟုစိတ်​ပိုင်းဖြတ်​ထားသည်​။မိမိမှာ စာ​ရေးသားခြင်းအလုပ်​နှင့်​steemitတွင်​ အချိန်​ကုန်​ချင်​​သော်​လည်းအလုပ်​ကတစ်​ဖက်​နှင့်​မို့မဖြစ်​နိုင်​။ပြီး​တော့ကျွန်​​တော်​ကဘွဲ့ရပညာတတ်​တစ်​​ယောက်​​လည်းမဟုတ်​ပါ။အထက်​တန်းကို​အောင်​ရုံ​အောင်​ခဲ့ပြီးမိရိုးဖလာအိမ်​အလုပ်​ကိုပဲဝိုင်းဝန်းလုပ်​ကူ​နေခဲ့တာပါ။မိဘများကတက္ကသိုလ်​တက်ခိုင်း​သော်​လည်းမိမိကိုယ်​တိုင်​ကစာမကျက်​ချင်​။ထို့​ကြောင့်​ဖခင်​မှာထွန်​စက်​ဝယ်​၍မိမိအားအလုပ်​ရ​စေခဲ့ပါသည်။ထို​နေ့မှစ၍တ​နေကုန်​အလုပ်​နှင့်​အချိန်​ကုန်​​နေရသည်​။တခါတ​လေ ည၁၂နာရီမှအလုပ်​သိမ်းသည်​။အလုပ်​ပြီး၍​ရေမိုးချိုးထမင်းစားပြီးသည်​နှင့်​​စောသည်​ဆိုလျှင်​ ည၁၀နာရီပဲဖြစ်​ပါသည်​။စာ​ရေးချိန်​ကသိပ်​မရှိ။တခါတ​လေ​ရေးရင်းနှင့်​ပင်​အိပ်​​ပျော်​သွားတတ်​သည်​။Screenshot_2017-12-13-08-56-12-1.png
 စာများပုံမှန်​​ရေးသားချင်​​လျှင်​ ​တစ်​ရက်​နှစ်​ရက်​​လောက်​နားရသည်​။ထို့​ကြောင့်​ကျွန်​​တော်​စာ​ရေးရန်​အလုပ်​များ​ခေတ္တနားထား​တော့သည်​။လွန်​ခဲ့​သောနှစ်​ရက်​ခန့်​ကကျွန်​​တော်​အိမ်​တွင်​ရှိ​နေစဉ်​တူမ​လေးတစ်​​ယောက်​အိမ်​ကို​ရောက်​လာပါ​တော့သည်​။တူမ​လေးမှ
"ကြီး​ဒေါ်မရှိဘူးလား အကို​လေး"
"ရှိတယ်​​လေ အိမ်​​နောက်​​ဖေးမှာ"မိမိမှာစာ​ရေး​နေသည်​မို့ပြီးစလွယ်​​ဖြေလိုက်​ပြီးဂရုမစိုက်​အား။တူမ​လေးမှာ အ​မေ့ဆီသွားပြီးတီးတိုးတီးတိုး​ပြောကာ သုတ်​ကြီးသုတ်​ပြာနှင့်​ပြန်​ထွက်​သွားပါသည်​။ထို့​နောက်​အ​မေ ကျွန်​​တော့်​ဆီလာပြီး
"ဟဲ့ သားး မင်းဘကြီး​ဆေးရုံတင်​ရမယ်​တဲ့ အဲ့ဒါကား​မောင်းလိုက်​ပို့​​ပေးလိုက်​ဦး"
"ဟာဗျာ ကျွန်​​တော်​လိုက်​မပို့ချင်​ဘူးဗျာ အဲ့ဘကြီးဆိုရင်​​တော့ အားလည်းမအားဘူး"
"လိုက်​ပို့လိုက်​ပါ သားရယ်​ မင်းအ​ဖေလည်းသွားလိုက်​ပို့ဖို့​ပြော​နေတယ်​"
"အဲ့ဘကြီးက ကျွန်​​တော်​တို့အ​ပေါ်ဘာ​ကောင်းခဲ့လို့လဲအ​မေ သူ့​ကြောင့်​မိသားစုတစ်​ခုလုံးစိတ်​ဆင်းရဲတာ အခုအကူအညီမှ လာ​​ခေါ်တယ်​မသွားချင်​ဘူးဗျာ"
"သူမ​ကောင်းတာက မ​ကောင်းတာပဲ​လေ သူမ​ကောင်းတိုင်းကိုယ်​လိုက်​မ​ကောင်းရမှာလား သားရဲ့သွားလိုက်​ပို့လိုက်​ပါ ကုသိုလ်​ရပါတယ်​"
ကျွန်​​တော်​လည်း မသွားချင်​သွားချင်နှ​င့်​ကား​မောင်းထွက်​လာခဲ့​တော့သည်​။တော်​ရုံတန်​ရုံလူဆိုကျွန်​​တော်​ကူညီရန်​အသင့်​ပင်​။သို့​သော်​ ကျွန်​​တော့်​ဘကြီးကို​တော့မကူညီလိုပါ။အဘယ့်​​ကြောင့်​မကူညီချင်​လည်းကျွန်​​တော်​​ပြောပြပါမည်​။ကျွန်​​တော့်​ အ​ဖေတွင်​ညီအစ်​ကို သုံး​ယောက်​ရှိပါသည်​။ညီအရင်းတစ်​​ယောက်​နှင့်​ အ​မေတူဖ​အေကွဲ အစ်​ကိုကြီးဆုံးတစ်​​ယောက်​ရှိပါသည်​။ဆို​တော့ ကျွန်​​တော့်​အ​ဖေက အလတ်​​ပေါ့။အကိုကြီးဆုံး(ကျွန်​​တော့်​ဘကြီး)တွင်​ သမီးတစ်​​ယောက်​နှင့်​သားတစ်​​ယောက်​ရှိပါသည်​။သားသမီးများကလည်း ဘကြီးကိုလုပ်​​ကျွေးရှာပါသည်​။ဘကြီးသမီးက​တော့ အိမ်​​ထောင်​ကျပြီး သူ့အိမ်​ဝိုင်းထဲမှာ​နေပါသည်​။သူ့သားက​တော့ သူတို့နဲ့အတူတူ​နေတာ​ပေါ့။မိန်းမနဲ့ကွဲပြီး သား​လေးတစ်​​ယောက်​ရထားပါတယ်​။ဘကြီးမှာ တစ်​ယူသန်​စိတ်​ရှိသည်​။သူ့သားက တစ်​ခါတ​လေ ​ဆေးဖြစ်​ဝါးဖြစ်​ အရက်​​သောက်​လာရင်​မကြိုက်​ပါ။ကြိမ်​လုံးဖြင့်​ရိုက်​သည်​။လေးဂွဖြင့်​လိုက်​ပစ်​ပါသည်​။မာန်​မာနလည်း အလွန်​ကြီးပါသည်​။ဘကြီးမိန်းမက​တော့ ဒုတ္ခိတသမား။လေဖြတ်​ထားသည်​။m nt1.jpg
နောက်​​တော့ သူ့သားနှင့်​ သူ့သမီးကို အိမ်​​ပေါ် အိမ်​ဝိုင်း​လေးထဲမှ အကုန်​နှင်​​ထုတ်​​တော့သည်​။မည်​သူမှ​ပေးမ​နေ​တော့။အ​ကြောင်းကား မျက်​စိရှုပ်​လို့ဟု​ပြောသည်​။ထိုအိမ်​ဝိုင်းတဝက်​ကိုလည်း​ရောင်းစားပစ်​သည်​။သူ့သမီးလည်း တခြားရွှာသို့​ပြောင်း​နေလိုက်​​တော့သည်​။သူ့သားက​တော့ ​သူ့​မြေးနှင့်အတူ​တောင်​ကြီးတွင်​ အလုပ်​လုပ်​ပြီးပြန်​မလာ​တော့။ပိုက်​ဆံ​တော့မကြာခဏပို့​ပေးပါသည်​။ဒါကို​လည်း အ​ကောင်းမ​ပြောပါ။ပတ်​ဝန်းကျင်​နှင့်​လည်းမတည့်​​။ကျွန်​​တော့်​ဦး​လေး(အ​ဖေ့ညီ)နှင့်​ဆိုမ​ခေါ်​တော့ပါ။ဦး​လေးကစည်းကမ်းကြီးသည်​။ဘကြီးကဦး​​လေးဆီပိုက်​ဆံ​ချေးပြီးပြန်​မဆပ်​နိုင်​​​သောကိစ္စနှင့်​ပတ်​သတ်​ပြီးမ​ခေါ်ကြ​တော့ပါ။ကျွန်​​တော်​တို့ဘိုးဘွားပိုင်​အိမ်​​လေးကိုလည်း အ​မွေ​တောင်းသည့်​အတွက်​ ထိုအိမ်​​လေးကို​ရောင်း၍ခွဲ​ပေးရ​သေးသည်​။ခေတ္တ​စောင့်​ဆိုင်းရန်​​ပြော​သော်​လည်းမရပါ။ဝယ်​သူများအား​ခေါ်လာကာရသည့်​​ဈေးနှင့်​​ရောင်းလိုက်​​တော့သည်​။သူ့မိန်းမ​ဆွေမျိုးဘက်​တွင်​လည်းထိုနည်းတူစွာပင်​ အ​မွေများအား လက်​လံ​တောင်းယူသည်​။တရားဥပ​ဒေအရ ​တောင်းယူရန်​အတွက်​ဝန်​မ​လေးဟုလည်း​ဆွေမျိုးများအားကြိမ်း​မောင်း​သေးသည်​။လူ့​လောဘကား​ကြောက်​စရာ​ကောင်းလှ<ပါသည်​။မ​ပေးချင်​၍​တော့မဟုတ်​ပါ။ရသင့်​ရထိုက်​သည်​ကို​တောင်းခြင်းဟူ၍မှန်​​သော်​လည်း ယခုကဲ့သို့​ အတင်းအဓမ္မ​တောင်းယူခြင်းမှာ ​ဆွေမျိုးကြား စိတ်​အ​နှောက်​အယှက်​ဖြစ်​ကုန်​​စေသည်​။သူ၏လုပ်​ရပ်​များ​ကြောင့်​​ဆွေမျိုးများမှလည်း အ​ခေါ်အ​ပြောမလုပ်​​တော့ပါ။အမှန်​တကယ်​ဆိုရင်​ ညီကို​မောင်​နှမများစည်းစည်းလုံးလုံးညှိနှိုင်းတိုင်​ပင်​သင့်​ပါသည်​။ယခုကားထိုသို့ မဟုတ်​​ပေ။နောက်​ပိုင်းဘကြီးအိမ်​လည်းလူအဝင်​အထွက်​နည်းလာသည်​။အ​ပေါင်းအသင်းများလည်း မလာကြ​တော့ပါ။သူ​နေမ​ကောင်းဖြစ်​၍အိပ်​ယာထက်​လှဲ​နေသည်​ကိုပင်​ တစ်​​ယောက်​မှ​သွားမကြည့်​ပါ။သူ့​မြေးမ​လေးတစ်​​ယောက်​​သာ​ရောက်​လာပြီးပြုစု​ပေး​နေရရှာသည်​။ယခု ကျွန်​​တော့်​အားလာ​ခေါ်သည်​မှာလည်း သူ့​မြေးမ​လေးပင်​ဖြစ်​သည်​။သူ့သားက​တော့ ပိုက်​ဆံများပို့​ပေးရှာပါသည်​။16105634_407891466216448_911083667854217298_n.jpg
"​မ​ကောင်း​သောသူမှာ မ​ကောင်းတာလုပ်​ဖို့ပဲ​တွေး​နေမည်​ဖြစ်ပြီး၊​ကောင်း​သောသူအဖို့​ကောင်းတာလုပ်​ဖို့ပဲ​တွေး​နေမိမည်​ပဲဖြစ်​ပါသည်​။"စာ​ကြောင်း​လေးရဲ့အဓိပ္ပါယ်​မှာတန်​ဖိုးရှိလွန်းပါသည်​။
ထို့​ကြောင့်​ မိမိစိတ်​က​လေးကို ​ကောင်းတဲ့စိတ်​ထား​​လေးနဲ့အမြဲ​နေနိုင်​ဖို့ကြိုးစားမည်​ဟုဆုံးဖြတ်​လိုက်​ပါ​တော့သည်​။
 Steemitညီအစ်​ကို​မောင်​နှမများလည်း ​မေတ္တာတရားများဖြင့်​လက်​တွဲ​အောင်​မြင်​နိုင်​ကြပါ​စေ။
 Author by @nandasai(MSC.076)
Photos from Google image
br>
Sort:  
သူများမကောင်းပေမဲ့ကိုယ်ကောင်းလိုက်ပါလေ နော့်
စိတ်​ထား​ကောင်း​​အောင်​ကြိုးစားရမယ်​​လေ
မင်္ဂလာပါ အကို အောင်မြင်ပါစေ လက်တွဲခေါ်ပါအုံးဗျ
Welcomeပါ ဗျာ steemitမှာ​အောင်​မြင်​ပါ​စေ
ဟုတ်ကဲ့ ကျေးဇူးပါပဲဗျအကို အခုလိုဆုတောင်းပေးတဲ့အတွက် အကိုလဲအောင်မြင်ပါစေ
အယ် broက စာရေးကောင်းတယ်
ကျေးဇူးပါဗျာ ဆရာ့ဆရာ​တွေနဲ့ယှဉ်​လိုက်​ရင်​ မဆိုစ​လောက်​​လေးပါ
Coin Marketplace
STEEM 0.26
TRX 0.13
JST 0.032
BTC 61663.08
ETH 2893.40
USDT 1.00
SBD 3.48