နွေလတ​ပေါင်း

in #myanmar7 years ago

တစ်​​နေ့..ကျွန်​​တော်​တစ်​​ယောက်​စာ​ရေးဖို့ဟန်​ပြင်​လိုက်​ရင်​ပဲ ​ခေါင်းထဲမူး​နောက်​လာသည်​။အ​ကြောင်းက​တော့ မည်​သည့်​အ​ကြောင်း​ရေးရမည်​မစဉ်းစားတတ်​​တော့။အားလပ်​​သော ​နေ့လည်​အချိန်​​လေး အကျိုးရှိ​စေဖို့ အသုံးချလိုသည်​။ထို့​ကြောင့်​ မိမိဖုန်း​လေးကိုင်​ကာ စပ်​မိစပ်​ရာအ​ကြောင်း​ရေးဖို့ နိဒါန်းပျိုးမည်​​ပေါ့။

သို့​သော်​ အာရုံက စုစည်း၍မရ။ဘယ်​သို့စုစည်း၍ရပါမည်​လဲ။တောင်​​လေများစတင်​တိုက်​ခတ်​လာပြီ​လေ။မကြာမီ​နွေဥသြငှက်​​လေးများတွန်​ကျူးလို့​နွေလတ​ပေါင်းသို့​ရောက်​​တော့မည်​မဟုတ်​လား။နွေတ​ပေါင်းသို့်​ရောက်​သည်​နှင့်​အညီ ပူပြင်း​ခြောက်​​သွေ့​သော အရသာကိုလည်း ခံစားရ​တော့မည်​မဟုတ်​လား။စာ​ရေးဆရာအများစုမှာလည်း ​နွေလတ​ပေါင်း၏မည်​မျှလွမ်း​မောဖွယ်​​ကောင်း​ကြောင်းကို ​ရေးသားထားသည်​မှာလည်း စာဖတ်​သူများ သိလိမ့်​မည်​ထင်​ပါသည်။အင်​မတန်​ ဈာန်​ခိုင်​​သော ပုဂ္ဂိုလ်​ များပင်​ ဈာန်​မခိုင်​ ယိမ်းယိုင်​နိုင်​သည်​ဟုလည်း ​ရေးသားထားကြပါသည်​။ကျွန်​​တော်​အထက်​တန်း​ကျောင်းသားဘဝတွင်​ တ​ပေါင်းလရာသီနှင့်​ပတ်​သတ်​ ​သောသင်​ခန်းစာများကိုသင်​ကြားခဲ့စဉ်​က ​နွေလတ​ပေါင်းအ​ကြောင်း မခံစားတတ်​ခဲ့။အ​တွေးအ​ခေါ်နုနယ်​​သောအရွယ်​ သဘာဝအလှတရားများကိုမခံစားတတ်​​သော အရွယ်​ဖြစ်​၍လား မဆိုတတ်​။ကြီးပြင်းလာ​သောအရွယ်​​ရောက်​မှ ခံစားတတ်​လာသည်​။နွေလတ​ပေါင်း​ရောက်​တိုင်း ​လေရူး​လေးလို စိတ်​များ က​ရောက်​ကယှက်​ဖြစ်​ချင်​သည်​။

ထိုပြင်​​နွေလတ​ပေါင်းသည်​ ​ခြောက်​​သွေ့ရာသီဖြစ်သော်​လည်း သဘာဝအလှတရားများနှင့်​စို​ပြေလွန်းသည်​။ရွက်​ဟောင်း​ကြွေ၍ ရွက်​သစ်​​ဝေ​သော ရာသီဆိုလည်းမမှားပါ။ရွက်​​ဟောင်း​ကြွေ​သော ​နွေလတ​ပေါင်းတွင်​ အလွမ်းဓာတ်​ခံရှိသူအဖို့ အတိတ်​အားပြန်​လည်​​တွေးမိပြီ အသစ်​တဖန်​ ပြန်​လည်​ လွမ်းကြပြန်​သည်​ဟုဆိုကြပြန်​သည်​။မှန်​လိမ့်​မည်​ဟုလည်းထင်​မိပါသည်​။မိမိသည်​လည်း အတိတ်​အားတစ်​ခါတစ်​ရံပြန်​လည်​​အောက်​​မေ့ရင်း လွမ်းမိသည်​လည်းရှိခဲ့သည်​။
yw_nway oo.jpg
နွေလတ​ပေါင်းသည်​ မြန်​မာပြည်​သူပြည်​သားတို့၏ ကုသိုလ်​အလှူ ပြုကြရာ လတစ်​လလည်းဖြစ်​ပါသည်​။မြန်​မာနိုင်​ငံ​တောင်​သူဦးကြီးများသည်​လည်း မိမိတို့၏​ချွေးနဲစာများဖြင့်​ တစ်​ပိုင်​တစ်​နိုင်​ အလှူ အတန်းပြုလုပ်​ကြသည်​။ထို​ကြောင့်​​ကျေးလက်​​တောဓ​လေ့အလှူပွဲကြီးများမှာလည်း ​နွေလတ​ပေါင်းအလှကိုပိုမိုပြည့်​စုံ​စေခဲ့သည်​။FB_IMG_1518942586348.jpg

ထို့ပြင်​ ​နွေလတ​ပေါင်းရာသီထဲတွင်​ ရာသီပွဲ​တော်​များလည်း ရှိပါ​သေးသည်​။တ​ပေါင်းလပြည့်​တွင်​ကျင်းပ​သော တ​ပေါင်းဘုရားပွဲ​တော်​ မှာလည်းစည်​ကားသိုက်​မြိုက်​လွန်းလှသည်​။အနယ်​နယ်​အရပ်​ရပ်​မှ ဘုရား​စေတီများတွင်​ ဗုဒ္ဓပုဇရိ ဘုရားပွဲ​တော်​များကျင်းပကြသည်​။စာ​ရေးသူ​နေထိုင်​ရာ ​ရွှာနံ​ဘေးတွင်​လည်း သမိုင်းဝင်​မြတ်​​စောညီ​နောင်​​စေတီ​တော်​နှစ်​ဆူရှိပါသည်​။ထိုဘုရားတွင်​လည်း နှစ်​စဉ်​တ​ပေါင်းလဆန်း ၁၁ရက်​​နေ့မှစ၍၁၅ရက်​​နေ့ထိ ၅ရက်​တိုင်​တိုင်​စည်​ကားသိုက်​မြိုက်​စွာကျင်းပကြပါသည်​။ထိုဘုရားပွဲ​တော်​သို့ လာ​ရောက်​ကြ​သော ​တောသူ​တောင်​သားတို့၏ ဓ​လေ့မှာလည်း စိတ်​ကြည်​နူးဖွယ်​​ကောင်းပါသည်​။တချို့ကျ နွားလှည်းများဖြင့်​လာ​ရောက်​ကြသည်​။အနည်းငယ်​အလှမ်း​ဝေး​သော ​သူများလည်း ည​ရေးညတာတည်းခို၍လာ​ရောက်​ကြသည်​။ထိုပွဲ​တော်​တွင်​ ​တောသူ​တောင်​သားတို့၏ အားထားရဆုံး​သောပွဲ​တော်​တစ်​ခုလည်းဖြစ်​ပါသည်​။လှည်းပြိုင်​ပွဲ၊ပိုက်​​ကျော်​ခြင်းပြိုင်​ပွဲ၊ရိုးရာလက်​​ဝှေ့ပြိုင်​ပွဲများလည်းပါဝင်​သည်​ဖြစ်​၍ အနယ်​နယ်​အရပ်​ရပ်​မှ လူမျိုးများလည်းစုံလင်​လွန်းပါသည်​။နွေလတ​ပေါင်း၏အပူချိန်​ကိုမမှုဘဲ စည်​ကားသိုက်​မြိုက်​စွာလာ​ရောက်​ကြ​သော ​တောသူ​တောင်​သားတို့်၏ချစ်​စဖွယ်​ထုံးတမ်းစဉ်​လာကိုလည်း တ​ပေါင်းလ ရာသီတွင်​ ​တွေ့မြင်​ကြရမှာလည်းဖြစ်​ပါသည်​။34 Ayeyarwady river .jpg

စာ​ရေးသူသည်​လည်း တစ်​ခါတစ်​ရံ ​နွေတ​ပေါင်းတို့​ရောက်​သည်​ဆိုလျှင်​ မည်​သည်​ကိုလွမ်းလို့ လွမ်းရသည်​မသိ​နိုင်​ဖြစ်​ရပါသည်​။မိမိ​နေထိုင်​ရာ ပတ်​ဝန်းကျင်​အား ​ငေး​မော၍ လွမ်းသည့်​စိတ်​များက အလိုလို​ပေါက်​ဖွားလာသည်​။သစ်​ရွက်​​ခြောက်​များ ​​ကြွေ​လွင့်​​နေ​သော လမ်း​ပေါ်တွင်​ မိမိကိုယ်​မိမိ အထီးကျန်​သည့်​ပမာ ထင်​​ယောင်​​စေသည်​။dolphin.jpg

ထိုအပြင်​ ​နွေလတ​ပေါင်းသို့​ရောက်​လာလျှင်​ ​ကျောင်းသား ​ကျောင်းသူများအားလုံးလည်း ​နွေရာသီ​ကျောင်းပိတ်​ရက်​ရှည်​ကာလဖြစ်​ပါသည်​။နွေရာသီ​ကျောင်းပိတ်​ရက်​တွင်​ ​​လူငယ်​​မောင်​မယ်​​လေးများအား​နေ့လည်​​နေ့ခင်း အားလပ်​ရက်​ချိန်​ဗဟုသုတရ​စေရန်​ လူကြီးသူမများက ဆိုဆုံးမစကား​ပြော​လေ့ရှိကြပါသည်​။နွေ​လေပူတို့တိုက်​ခတ်​​လေ့ရှိ​သော ​နေ့လည်​​နေ့ခင်းတွင်​ အရိပ်​အာဝသ​ကောင်းမွန်​​သော သစ်​ပင်​ရိပ်​​အောက်​များတွင်​ ကွပ်​ပျစ်​ထိုးကာ စုရုံး​နေတတ်​ကြသည်​။နေကွင်းပြင်​တွင်​ တံလျပ်​များလှုပ်​ခတ်​သည်​အထိ ပူပြင်း​သော ​နွေရာသီသည်​ ကျွန်​​တော့်​စိတ်​ကို လွမ်း​မော​စေသည်​။မြစ်​၊​ချောင်းအင်းအိုင်​များခန်း​ခြောက်​ စပြု​နေ​သောဤကာလတွင်​ တံငါသည်​များအတွက်​ ဝမ်းစာရှာ​ဖွေရန်​​ကောင်း​သောအချိန်​ပင်​။နေပူမ​ရှောင်​ မိုးရွှာမ​ရှောင်​ဆိုသည့်​အတိုင်း တံငါသည်​များလည်း မိမိတို့ဝမ်းစာအတွက်​ ​လှေငယ်​တစ်​စီးဖြင့်​ အသက်​​မွေးဝမ်း​ကျောင်းပြုကြရသည်​။မြစ်​​ချောင်းအလယ်​ ​လှေငယ်​​လေးဖြင့်​ ပိုက်​ကွန်​များအ​ဖော်​ပြုကာ ဝမ်း​ရေးအတွက်​ ရှာ​ဖွေ​နေ​သော တံငါသည်​များသည်​ လည်း ​နွေလတ​ပေါင်း၏ပန်းချီကားတစ်​ချပ်​ပမာထင်​ဟပ်​​စေပါသည်​။ကျွန်​​တော်​ထင်​မိပါသည်​ ​နွေလတ​ပေါင်းရာသီသည်​ စာဖတ်​သူတို့၏ ရင်​ထဲကိုတစ်​မျိုးတစ်​မည်​​ပြောင်းလဲ​စေမည့်​ ရာသီတစ်​ခုဖြစ်​လိမ့်​မည်​ ဆိုသည်​​ပေါ့။ကျွန်​​တော်​(စာ​ရေးသူ)၏ရင်​ထဲတွင်​​တော့ ​နွေလတ​ပေါင်း၏အ​ငွေ့အသက်​များ​ကြောင်း လွမ်း​မောမှု့အပြည့်​များဖြင့်​သာ။

Author by @nandasai(MSC.076)

Photos from Google image

Sort:  

အဲ စိတ်ကူးတူလိုက်တာ ကျော်လဲ ရေးထားတာ

ဟုတ်​လား အကြံတူသွားပြီ​ပေါ့

ဓာတ်ပုံနဲ့  အရေးသား တစ်ထပ်ထဲကျတယ်ကွယ် ဖက်လို့ ကောင်း စာရေးဆရာအတိုင်းပဲ good

ကျေးဇူးပါကိုလင်း

သြော်...နွေတဲ့လား
နွေရာသီရဲ့ အလှအပ တွေကိုခံစားရေးဖွဲ့ထားတာ အရမ်းကောင်းပါတယ်။

ဟုတ်​ကဲ့ ​ကျေးဇူးပါဗျာ

ကောင်းပါတယ်ဗျာ အားပေးပါတယ်

ဟုတ်​ကဲ့​ကျေးဇူးပါ

နွေရာသီရောက်တော့မယ်

ဟုတ်​တယ်​ဗျ

ဥသြတွန်သံလေးတွေကြားရတော့မဟ်ပေါ့ bro

အဲ့အသံကြားရင်​ ပိုဆိုး

အဲဒီ၇ာသီတွေက ရူးလို့ကောင်းတဲ့ရာသီတွေပေါ့ဗျာ hee hee

အမှန်​အကန်​ရူးရတာ

စပ်မိစပ်ရာတော့ စပ်ရပါတယ်။ အဲ့ဒီကနေ တစ်ခုခုပို့နိုင်အောင်လည်းကြိုးစားနေပါတယ်

နွေတပေါင်း
ကြွေညောင်းလို့ ရွက်ဝေ
လေအတိုက် ဖြေရှိက်ကာမရ
လွမ်းပါလှ

ဟုတ်​ပါ့ ကိုဟိန်း​ရေ

ကျွန်တော်ကတော့နွေရာသီ ရောက်ရင်
အလုပ်တွေ ကောင်းလို ပျော်တယ်ဗျို့

ဟုတ်​လား

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.032
BTC 60799.23
ETH 2640.18
USDT 1.00
SBD 2.58