စာပေအကျိုး လွန်စွာတိုး ဖတ်သည့်လူ့တန်ဖိုးsteemCreated with Sketch.

in #myanmar7 years ago (edited)

Myanmar Steemit Community မှ ညီအကိုမောင်နှမများ ၊ဆရာ ၊ဆရာမများနဲ့ steemit ကိုမြန်မာနိုင်ငံ မှာဖွံဖြိုးတိုးတက်ရေး၊ မြန်မာလူငယ်များ steemit platform မှနေ၍ဗဟုသုတ ၊ အသိပညာ တိုးတက်ဖွံ့ဖြိုးရေးအပင်ပန်းခံ ပြုစုပျိုးထောင်ပေးကြသော ပညာရှင်များအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နဲ့ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ဦးစွာပထမ ပို့သလိုက်ရပါသည် ။

ကျွန်တော်သည် steemit ၏ ကျေးဇူးကြောင့် ယခုအခါမြင်သမျှ တွေ့သမျှ အလကားမနေတော့ပဲ စာရေးသားရန်အတွက် ကုန်ကြမ်းရှာသော အလေ့အထတစ်ခုရရှိခဲ့ပါသည် ။စာရေးသားခြင်းဟူသော အလုပ်မှာ တကယ်တော့ အလွန်မလွယ်ကူသော အလုပ်တစ်ခုဖြစ်ပါသည် ။ မိမိရေးသားသော စာပေအကြောင်းအရာ စိတ်ဝင်စားမှုရှိစေရန် ၊ အရေးအသားပြေပြစ်စေရန် ၊ ခိုင်လုံသောအရေးအသားဖြစ်ရန် ၊ စိတ်ကူးကောင်းရန် ၊ ကုန်ကြမ်းအမြဲရှာရန် နှင့် ကျွန်တော်တို့မသိသေးသော များစွာသောအကြောင်းအရာများ လိုအပ်ပါသည် ။ ထိုများစွာသော အကြောင်းအရာများပြည့်စုံရန် ပါရမီရှိရမည့်အပြင် ဇွဲလုံလ ၊ ဝီရိယလည်းရှိရပါသည် ။ အဓိက အကြောင်းအရာမှာ ကုန်ကြမ်းရရှိရန်ဖြစ်ပါသည် ။ သို့ပေမယ့် တွေ့သမျှအကြောင်းအရာ အားလုံးကိုလည်းရေးသားရန်မဖြစ်နိုင်ပေ ။ မိမိရေးသားသော စာပေသည် စာဖတ်သူ အကျိုးတစ်ခုခုရရှိရန် အဓိကထားပါက ကုသိုလ်လည်းရ ဝမ်းလည်းဝသော အလုပ်တစ်ခုဖြစ်ပါသည်
image
Photo credit;
စာအုပ်စာပေ ၊ လူ့မိတ်ဆွေ ဟုဆိုရိုးစကား ရှိခဲ့သလို စာပေအကျိုး အမှန်တိုး ဖတ်သည့်လူ့တန်ဖိုး ဟူ၍ဖြစ်ပါသည် ။ အကျိုးပြုစာပေ ၊ သုတစာပေ ၊ ရသစာပေ ၊ ဟာသစာပေ အစရှိသဖြင့် မည်သည့်စာပေဖြစ်ဖြစ် စိတ်ဝင်တစားဖတ်ရှုပါက စာဖတ်သူအနေဖြင့် အကျိုးတစ်စုံတစ်ရာ ရရှိမှာအမှန်ပင်ဖြစ်ပေသည် ။ ယခုအခါ စာဖတ်ခြင်းအကျိုးကျေးဇူးအပြင် မိမိဖတ်ထားသော စာပေဗဟုသုတတို့ကို ပြန်လည်ဝေမျှရန် အခွင့်အရေးကောင်းများ ရှိလာပြီဖြစ်သည် ။
ထိုအရာမှာ Steemit ပေါ်တွင် အတွေ့အကြုံ ၊ ဗဟုသုတ ၊ အသိပညာ အတတ်ပညာ များကိုစာပေအဖြစ်ရေးသားခြင်းဖြင့် ဝင်ငွေများရှာနိုင်ပြီဖြစ်ပါသည် ။ သို့သော်စာကောင်းတစ်ပုဒ် ရေးသားနိုင်ရန် အထက်ကဖော်ပြခဲ့သောစာပေအသိပညာ ၊ အတွေ့အကြုံ ၊ ဗဟုသုတ ရှိမှဖြစ်ပေမည် ။ ထိုသို့ရှိရန် စားများများဖတ်ရန်လိုအပ်ပေသည် ။ စာဖတ်ခြင်းသည်လည်း လွယ်ကူသောအလုပ်ဟုမထင်မိပါ ။ စာပေအမျိုးမျိုးရှိသလို စာဖတ်ခြင်းဟူသည်လည်း အမျိုးမျိုးရှိပါသည် ။ တချို့ကပျင်း၍စာဖတ်ကြပါသည် ။ ယခု smart phone များပေါ်လာပြီးနောက်ပိုင်း ထိုအလေ့အထအတော်ပင်နည်းသွားပါသည် ။ တိုးတက်လာသော ခေတ်နှင့်အညီ ဇိမ်ခံပစ္စည်းမျိုးစုံ ပေါ်ထွက်လာသောကြောင့် ပျင်း၍စာဖတ်ခြင်း အလေ့အထအတော်ပင် နည်းသွားသည်ဟု အနောက်နိုင်ငံ သုတေသီများမှ ပြေကြားထားပါသည် ။
image
Photo credit;
အသိပညာ ၊ အတတ်ပညာလိုချင် ၍လည်းစာဖတ်ကြပါသည် ။ ခေတ်မှီအီလက်ထရောနစ် ကိရိယာပစ္စည်းများ များစွာပေါ်ထွက်လာသလို ထိုပစ္စည်းများ အသုံးပြုပုံ အသိပညာ ၊ အတတ်ပညာစာအုပ် များလည်းများစွာပေါ်ထွက်လို့ လာပါသည် ။ အထူးသဖြင့် ကွန်ပျူတာ ၊ ဖုန်းနှင့်ဆိုင်သော စာအုပ်များ ဆိုင်တိုင်းလိုလိုတွင် ဝယ်ယူ၍ရပါသည် ။ ကျွန်တော့်အသိသူငယ်ချင်းဆိုလျင် နယ်မှလာ၍အလုပ်လုပ်သူဖြစ်ပါသည် ။ သူသည်ကုမ္ပဏီ တစ်ခု၌ အလုပ်လုပ်ပါသည် ။ကွန်ပျူတာဝယ်နိုင်ရန် အသာထားလို့ အစစအရာရာ ကုန်ကျစရိတ်ကြီးမားသော ရန်ကုန်မြို့ကြီးပေါ်တွင် သူရရှိထားသော ဘွဲတစ်ခုဖြင့် အတော်ပင်ရုန်းကန်ရပါသည် ။ သူသည်ကွန်ပျူတာအလွန်ဝါသနာပါသောသူ တစ်ယောက်ဖြစ်ပါသည် ။ သို့သော်စားဝတ်နေရေးအတွက် အလုပ်တစ်ဖက်က ရှိသေးသည်အပြင် သင်တန်းတက်ရန် ငွေပိုငွေလျှံဆိုသည်မှာလည်း ဝေးစွာနတ္ထိ သူ့၌မရှိပါ ။ သူအလွန်ဝါသနာပါသော ကွန်ပျူတာ ပညာရပ်ကို စာအုပ်များဖတ်၍ လေ့လာပါသည် ။ စာအုပ်ထဲမှ သင်ခန်းစာများကို သူ၏ရုံးတွင်ရှိသော ကွန်ပျူတာတွင် လေ့ကျင့်သည်ဟုသိရပါသည် ။ တခါတလေ ကျွန်တော့ထံမှ laptop computer ငှား၍ လေ့ကျင့်ပါသည် ။ ယခုအခါ သူသည် computer တော်တော် ကျွမ်းကျင်သည့် အပြင် graphic design ပညာကိုပင် ဆက်လက်လေ့လာနေပြီဖြစ်ပါသည် ။ သင်တန်းသွားရာတွင် ကုန်မည့်အချိန် ၊ ကုန်ကျမည့် ငွေတို့ကို စာအုပ်ဖတ်ခြင်းဖြင့် ချွေတာကာ ထိရောက်စွာ အသုံးချခဲ့ပါသည် ။
image
Photo credit;
ဗဟုသုတ ၊ ဒေသန္တရ အကြောင်းအရာများ ကိုသိချင်၍လည်းစာဖတ်ကြပါသည် ။ မရောက်ဖူးသေးသော နိုင်ငံ ၊ မြို့ ၊ ရွာ ၊ဒေသအကြောင်းအရာများ ၊ ယဉ်ကျေးမှုများ ၊ ဓလေ့ထုံးစံများ ကိုစာဖတ်ခြင်းဖြင့်သိနိုင်ပါသည် ။ ထိုမျှမကသေး စီးပွားရေးဆိုင်ရာ အချက်အလက်များ ၊ ထွက်ကုန်ပစ္စည်းများ ၊ ဥပဒေသ အချက်အလက်များ ကိုလည်း စာဖတ်ခြင်းဖြင့်ပင် ဗဟုသုတ ရှာမီး၍ရနိုင်ပါသည် ။ ယခုအခါ ကမ္ဘာကြီးသည် ရွာကြီးတစ်ခုအလားမှတ်ထင်ရအောင် ဖွံ့ဖြိုးတိုးတက်လာပါသည် ။ မိမိလိုချင်သော စာအုပ် ၊ စာပေ ၊ ပညာရပ်ဆိုင်ရာများကိုလည်း online မှရှာဖွေ၍ လေ့လာနိုင်ပြီဖြစ်ပါသည် ။ မည်သို့ပင်လေ့လာစေကာမူ စာမဖတ်ချင်၍တော့ မရပါ ။ စာအုပ်ကို ဖတ်ရသလို Ebook ခေါ် အင်တာနက်စာအုပ် များလည်းဖတ်ရမည် ဖြစ်ပါသည် ။ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေဖြင့် တခြားနိုင်ငံများနှင့် ယှဉ်လျှင်စီးပွားရေး ဖွံ့ဖြိုးမှုအလွန်ပင် နောက်ကျခဲ့ရပါသည် ။ ကိုလိုနီစနစ်ဆိုးအပြင် နိုင်ငံရေးမတည်ငြိမ်ခြင်း ၊ ဒေသတွင်းမတည်ငြိမ်ခြင်း၊ ခေတ်အဆက်ဆက် အစိုးရများ၏ စာပေအားပေးမှု အားနည်းခဲ့ခြင်း ၊ နိုင်ငံရေးအတွက် စာပေကိုအသုံးချခဲ့ခြင်း ၊ အစမ်းသပ်ခံများဖြစ်ခဲ့ရခြင်း စသည့်အဓိက အကြောင်းအရာများကြောင့် စာပေပညာရှင်များပေါ်ထွက်လာမှု အလွန်ပင်နည်းခဲ့ရပါသည် ။ ထိုသို့ စီပွားရေး ဖွံ့ဖြိုးမှု နောက်ကျခြင်း သာဓက တစ်ခုအနေဖြင့် အင်တာနက် ဈေးနှုန်းများ အိမ်နီးချင်းနိုင်ငံ များနှင့်ယှဉ်လျှင် အလွန်ပင် ဈေကြီးလှပေသည် ။ နိုင်ငံစီးပွာရေး ဖွံ့ဖြိုးတိုးတက်မှ လူနေမှုဘဝများ မြင့်တက်ကြမည်မှာ အမှန်ပင် ဖြစ်လေသည် ။ ****စီးပွာရေး အားနည်းသော်လည်းမိမိ ဘဝလူနေမှု မြင့်မားရေးအတွက် စာအုပ်စာပေ ၊ လူ့မိတ်ဆွေ ဆိုသည့်အတိုင်း စာပေပညာဖြင့် မြှင့်တင်နိုင်ကြပါစေရန် အထူးအားပေးတိုက်တွန်းရပါသည်*** ။
image
Photo credit;
ကျွန်တော်တို့ထက် အစပေါင်းများစွာ တိုးတက်နေသော အနောက်နိုင်ငံတစ်ခုတွင် စာပေတန်ဖိုး ထားပုံကို စာဖတ်သူတို့အားပြန်လည် မျှဝေချင်ပါသည် ။အနောက်နိုင်ငံ တစ်ခု၏အလွန်နာမည်ကြီးသော တက္ကသိုလ် တစ်ခုတွင်ဖြစ်ပါသည် ။ ပါမောက္ခကျောင်းအုပ်ကြီး ၏ရုံးခန်းသို့ အိုမင်းနေသော အဖိုးအိုနှင့်အဖွားအို နှစ်ဦးမှာ လက်ချင်းချိတ်လို့ ဖြည်းဖြည်းချင်း လမ်းလျောက်လာပါသည် ။ သူတို့၏ ပုံစံနှင့် ဝတ်စားဆင်ယင်ထားပုံမှာ သာမာန်မျှသာဖြစ်ပါသည် ။ ကျောင်းအုပ်ကြီး ရုံးခန်းရှေ့အခန်းဝ၌ စာရေးမတစ်ယောက်ကို တွေ့ရပါသည် ။ ထိုစာရေးမမှ သာမာန်ဝတ်စားထားသော အဖိုးအိုနှင့်အဖွားအို စုံတွဲအား တချက်မျှ မော့ကြည့်ပြီး အလုပ်ရှုပ်ဟန်ဖြင့် " ဘာများအကူအညီပေးရမလဲ " ဟုမေးပါသည် ။ အဖွားအိုမှ ပါမောက္ခကျောင်းအုပ်ကြီးနှင့်တွေ့ ချင်ကြောင်းပြောပါသည် ။ စာရေးမကကြိုတင် ချိန်းဆိုထားပါသလားဟုမေးရာ အဖွားအိုမှ ခေါင်းခါ၍ မရှိကြောင်းပြောပါသည် ။ ယခုအချိန်သည်ကျောင်းအုပ်ကြီးနားနေချိန်ဖြစ်သဖြင့် တွေ့ခွင့်မရနိုင်ကြောင်း တွေချင်ပါက ၁ နာရီခန့်စောင့်ရမည် ဖြစ်ကြောင်း စာရေးမမှပြန်၍ ပြောပါသည် ။ ထိုအခါ အဖိုးအိုနှင့် အဖွားအိုမှာ ဧည့်သည်များထိုင်ရန် ထားထားသော ထိုင်ခုံတွင်ထိုင်၍စောင့်နေပါသည် ။ တစ်နာရီခန့်ကြာသောအခါ စာရေးမမှ ပါမောက္ခကျောင်းအုပ်ကြီးထံသို့ ဧည့်သည်ရောက်နေကြောင်း ဖုန်းဖြင့်အကြောင်းကြားပါသည် ။ ပြီးမှ အဖိုးအိုနှင့် အဖွားအိုအား ဝင်ခွင်ရပြီဖြစ်ကြောင်း ပြောပြီးလိုက်ပို့ပါသည် ။

ပါမောက္ခကျောင်းအုပ်ကြီးမှ အဖိုးအိုနှင့်အဖွားအို အားတွေ့သောအခါ ဘာများအကူအညီပေးရမလဲ ဟုမေးပြန်ပါသည် ။ ထိုအခါ တချိန်လုံးတိတ်ဆိတ်စွာနေခဲ့သော အဘိုးအိုမှ ၎င်းတို့သည် ယခုတက္ကသိုလ်တွင် တက်နေ၍ မကြာခင်ကမှကင်ဆာရောဂါဖြင့် ဆုံးပါးသွားသော ကျောင်းသားတစ်ဦး၏ မိဘများဖြစ်ကြောင်းမိတ်ဆက်ပါသည် ။ သူတို့၏သားသည်စာတော်၍ ပါမောက္ခကျောင်းအုပ်ကြီးကို အားကျအတုယူသူတစ်ဦးဖြစ်ကြောင်း ၊ သူ၏ကျောင်းစာများ ၊ ဘွဲ့လွန်ဆိုင်ရာစာတမ်းများအတွက် ဤတက္ကသိုလ်၏ စာကြည့်တိုက်ကို အားကိုးခဲ့ရကြောင်း ပြောပြပါသည် ။ ယခုအခါ သူ့သားဆုံးပါးသွားပြီ ဖြစ်သဖြင့် သူသားအတွက် အမှတ်တရတစ်ခုလုပ်ပေးချင်ကြောင်း ၊ ၎င်းမှာ သူ့သားအတွက် အားကိုးခဲ့ရာဖြစ်သော ပညာရပ်ဆိုင်ရာ စာကြည့်တိုက်အား ဒေါ်လာ ၁၀ သန်း လှူချင်၍ဖြစ်ကြောင်းပြောပါသည် ။ အဘယ်ကြောင့် ထိုစိတ်ကူးဖြင့် လှူရသလဲဟု ပါမောက္ခကြီးမှ မေးမြန်းသောအခါ သူတို့နှစ်ဦးစလုံးသည် စာမတတ်ကြကြောင်း နှင့် သူတို့ကဲ့သို့မဖြစ်စေရန်နှင့် သူတို့သားကဲ့သို့ ပညာတတ်များစွာမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ကြောင်း ၊ သူတို့တွင် ပညာတတ်သားသမီးမြောက်မြားစွာရှိသည် ၊ မွေးထုတ်ပေးခဲ့သည်ဟု ခံယူ၍လှူရခြင်းဖြစ်ကြောင်းရှင်းပြပါသည် ။ ဤသည်မှာ စာမတတ်သော်လည်း စာပေ၏ အကျိုးကျေးဇူးကို သိရှိသူဖြစ်ကြောင်းနှင့် မိမိတို့သည် အလှူရှင်ဖြစ်သော်လည်း မာန်တက်ခြင်းမရှိပဲ သည်းခံစွာစောင့်ဆိုင်းတတ်သော သူတို့နိုင်ငံ၏ ဥပဒေလေးစားလိုက်နာမှုကို အတုယူလေးစားမိပါသည် ။အကျဉ်းချုံး၍ ဖော်ပြခြင်းဖြစ်ပြီး မှတ်မိသလောက်ရေးသဖြင့် လွဲချော်မှုရှိပါက ကျွန်တော်၏ အမှားပင်ဖြစ်ကြောင်း ပြောကြားလိုပါသည်
image
Photo credit;
နိဂုံးချုပ်အနေဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူး ၊ ထိုသို့စာဖတ်ရန် စာရေးရန် အခြေအနေပေးလာသော steemit နှင့်ကြိုးစားတွဲခေါ်နေသော သူများအတွက် ကျွန်တော်ကိုယ်တိုင် ဖန်တီးထားသော ကဗျာလေးဖြင့် အဆုံးသတ်လိုက်ပါရစေ ခင် ဗျား ။ ။

စာပေအကျိုး ၊ အမှန်တိုး ၊ ဖတ်သည့်လူ့တန်ဖိုး
အကျိုးလည်းရှိ ၊ ထိုးထွင်းသိ ၊ စဉ်းစားချင့်ချိန်ညှိ
အသိလည်းကြွယ် ၊ နူးညံ့တယ် ၊ စာဖတ်သူ့စိတ်ဝယ်
စာပေတန်ဖိုး ၊ စဉ်မျှော်ကိုး ၊ ဖွံ့ဖြိုးနိုင်ငံအကျိုး
တစ်ဖက်တစ်လမ်းမှ ၊ ကြိုးစားတယ် ၊ Steemit လုပ်သူများရယ်
သူတို့စေတနာ ၊ ရိုးသားမှု ၊ မြင်လို့ကြည့်ပါယခု
လက်တွဲလို့ရယ် ၊ စေတနာကြွယ် ၊ မာန်မာနကိုဖယ်
သိသမျှတတ်သမျှ ၊ ပြန်ကာမျှ ၊ သူတို့ဗဟုသုတ
မအားလပ်သည့်ကြား ၊ လွန်ကြိုးစား ၊ ချစ်စရာ ဆရာများ
စိတ်ရှည်စွာနဲ့ ၊ တွဲခေါ်တယ် ၊ မြန်မာ့စာပေးအရေးအတွက်ရယ်
မကြာခင်ရှု အောင်မြင်မှု ၊ စာပေအတွက်ကြိုးစားမှု
ညီညွတ်စွာရယ် ၊ ချီတက်မယ် ၊ ပန်တိုင်ဆီသို့ကွယ်
အနာဂတ်မှာအောင်မြင်ရေး ၊ ထာဝစဉ်သာ မဝေး
ထို့ကြောင့်အားလုံး ၊ ကြိုးစားသည် ၊ မြန်မာစတင်းမစ် ကွန်မြူနတီ

ကျွန်တော့်ရင်တွင်း ခံစားချက်များဖြင့် မြန်မာ့စာပေအတွက် ကြိုးစားနေသော Steemit Myanmar အတွက် ဂုဏ်ပြု၍စပ်ဆိုထားသော ကာရန်ကဗျာတစ်ပုဒ် ဖြစ်ပါသည် ။

ကိုယ်တိုင်ရေးဖြစ်သောကြောင့်အမှားအယွင်းများပါပါက ခွင့်လွတ်ကြပါရန်နှင့် မိမိထက်တော်သောဆရာ များ၏ဆုံးမမှုကို အစဉ်နာယူ၊အစဉ်လေးစားလျက်
Written by @Nandaminkhant
Steemit Myanmar

Sort:  

ဒါနဲ့ဝင်ပြိုင်တယ် ဒိုင်တွေမှတ်ချက်မလာဘူး အမှန်က မှတ်ချက်ပေးသင့်တယ်
ဒါ့ကြောင့် ဝင်မပြိုင်တော့ဘူး လုပ်လဲမလုပ်တော့ဘူ

တော်တော်ကြိုးစားထားတယ် ကျနော်အဲ့လောက်မရေးတတ်ဘူး ချီးကျူးပါတယ်ဗျာ ဖတ်ရတာလည်း အရသာရှိပါတယ် Fighting

ကျေးဇူးပါ အကိုရေကြိုးစားရ ကျိုးနပ်ပါတယ်

wooow ကောင်းလိုက် ထှာ ကဗျာ လေးလဲ မိုက်တယ် သံပေါက်လေးလား ကျွှန်တော် အရင်က သံပေါက်စပ်နည်းကို အစလေးလုံး အလယ်သုံး အဆုံးငါးခွန်နှစ် ပဲသိခဲ့တာ ခုလို သိခွင့်ရလို့ ကျေးဇူးပါ ။

ဟုတ်ကဲ့ပါ ကျေးဇူးပါ bro ရေ ကာရံသံပေါက်အမျိုးအစားပုံစံ

ဟုတ်ပါတယ် bro ရေ ကာရံသံပေါက်ပါ

ဗဟုသုတရပါတယ် bro
ကျေးဇူးပါ

ဟုတ် bro ခုလိုအားပေးတာကျေး

Congratulations @nandaminkhant! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

a nice post!
tnanks for sharing,brother!

ကျေးဇူးပါ bro ရေကြိုးစားရတာ အားရှိတယ် ခု

Congratulations @nandaminkhant! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66438.74
ETH 3268.32
USDT 1.00
SBD 4.39