သမီးလေး ရဲ့ ကျန်းမာရေး အတွေ့ကြုံsteemCreated with Sketch.

in #myanmar7 years ago (edited)

Steemit Myanmar မှ ညီအကိုမောင်နှမ များအားလုံးမင်္ဂလာ ညချမ်းလေးပါဗျာ ကျွန်တော် ဒီနေ့ သမီးလေးကိုစိတ် အရမ်းပူနေခဲ့ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ သွေူလွန်တုတ်ကွေး ဖြစ်တာ ၅ ရက်မြောက်နေ့ day 5 ပေါ့ဗျာ သွေးလွန်တုတ်ကွေး ဖြစ်စေတဲ့ခြင်ကိုက်ခံ ရပြီး သွေးလွန်တုတ်ကွေး ဖြစ်ပြီဆို အမျိုးအစား ၄ မျိုးရှိပါတယ် တစ်ဦးနဲ့တစ်ဦး ဖြစ်တဲ့သွေးလွန်တုတ်ကွေး ရောဂါတူပေမယ့် ပိုး မတူကြပါဘူး ဒါ့ကြောင့် ရှော့ခ် ဖြစ်ပုံတွေလဲ မတူကြပါဘူး သွေးလွန်တုတ်ကွေး ဖြစ်ရင် အဖျား ၃ ရက်နေမှ ရှိမရှိ ပေါ်ပါတယ် အဲ့နောက်တော့ ၄ ရက် ၅ ရက် ၆ ရက် တွေဟာ အရမ်းအရေး တကြီးစောင့်ကြည့်ရမယ့် အချိန်တွေဖြစ်ပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီအချိန် ဟာ အဆင့်တွေ ပြောင်းတဲ့အချိန် step by step 1to 4 ချိန်းတဲ့အချိန်တွေပေါ့ ဗျာ အဲ တစ်ခု မေ့တော့မလို့ သွေးလွန်တုတ်ကွေးဖြစ်ရင် အသည်း ကြီးတတ်ပါတယ် အာ့ဆိုအောင့်မယ် စားတဲ့အစာ အရည်တွေပြန်အန်တတ်ပါ
တယ် ယနေ့ သမီးလေးရဲ့ အသည်းကတော့ပါမောက္ခ ဆရာဝန်ကြီး ပြောစကားအရ ဆို 3cm ပါတဲ့ ကျန်တာတော့ သိပ်မပြောပါဘူး အဲပြောချင်တာက သွေးပေါင်ချိန် ကောင်းဖို့
ပါ ခု ၅ရက် မြောက် စိုးရိမ်ရတဲ့အချိန်မှာ သမီးလေးသွေးပေါင်ချိန်က ၁၀၀/၆၀ ဆိုတော့ ကောင်းနေပါသေးတယ်တဲ့ အချိန်မရွေး ရှောခ့် ဝင်နိုင်ပါတယ် ဒါ့ကြောင့် သွေးအလှူရှင် ကြိုရှာထားပါတဲ့ သမီးလေးသွေးက
(0 +) တဲ့ ဆရာမ ကျွန်တော် O သွေးပါ ကျွန်တော်သမီး ကျွန်တော် လှူမယ် ဆိုတော့ အဖေ အမေက ကလေးပြုစုရမှာမို့ အခြားလူရှာပါတဲ့ ဟုတ် ကျွန်တော် အသိတွေရှာပါတယ် ကူလဲ ကူညီကြမယ် ပြောပါတယ် ခက်တာက အခုစာရေးနေတဲ့အချိန် ည ၁၁ နာရီ ခွဲ မှာ သူတို့ ကိုခေါ်ဖို့ အားနာ ပါတယ် ဘာ့ကြောင့်လဲဆိုတော့ သွေး အမျိုးအစားချင်း တူပေမယ့် အုပ်စု ပြန်ခွဲထားလို့ မတူရင် မရပါဘူးတဲ့ တူခဲ့ရင်လဲ သူတို့ သွေးတိုးအပါအဝင် ဘီပိုး စီပိုး HIV ,အစရှိသဖြင့် များစွာ သောရောဂါများရှိမရှိ ၈၀၀၀၀ ကျပ်ဖိုးစစ်ရပါမယ်တဲ့ မတူရင် မရပါဘူးတဲ့ နောက်ဆုံးသမီးလေးနဲနဲ လန်းလာလို့ ဆရာမရယ် ဖြစ်ချင်ရာဖြစ် ကျွန်တော် လှူမယ် ကျွန်တော် အားနဲနေရင်လဲ တခြားလူတွေပြုစု ပါလိမ့်မယ် ပြောမှ သွေးပေါင်ချိန် တိုင်းပေးပါ့မယ် တဲ့လေ အဲ တကယ်လဲ သွေးပေါင်ချိန်တိုင်း
ရော ၁၄၀ /၁၀၀ တဲ့ စိတ်ညစ်လိုက်တာ လေ သွေးတိုးတစ်ခါမှ မရှိပါဘူး စိတ်လှုပ်ရှားလို့ နေပါလိမ့်မယ်တဲ့ ပြန် နားလိုက်ပါ ပြီးမှ လာတိုင်းပါမယ်တဲ့ ခုကျွန်တော် ရေးနေချိန်မှာ နောက် တစ်ခေါက် ပြန်လာတိုင်း ဖို့ပြောနေပါတယ် ကျွန်တော် သွားတိုင်းလိုက်ဦးမယ် ကျွန်တော့သမီးလေး ရှော့ခ့် မဝင်ပဲ သွေးမသွင်းရပဲ နေကောင်းအောင် ဆုတောင်းပေးကြပါဦးနော် နောက်ဘာဖြစ်မလဲ ဆက်ရေးပါ့မယ့် image
ကိုယ်တိုင်ရေး မှတ်စု
Nanda Min Khant (steemit Myanmar )

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66560.03
ETH 3447.91
USDT 1.00
SBD 2.64