မိသားစုတွင်း ချစ်ခြင်းမေတ္တာ ခိုင်မြဲဖို့သာ...steemCreated with Sketch.

in #myanmar7 years ago (edited)

Myanmar Steemit Community မှ ညီအကိုမောင်နှမများ ဆရာဆရာမများနဲ့ steemit ကိုမြန်မာနိုင်ငံ မှာဖွံဖြိုးတိုးတက်ရေး၊ မြန်မာလူငယ်များ steemit platform မှနေ၍ဗဟုသုတ၊ အသိပညာ၊ တိုးတက်ဖွံ့ဖြိုးရေး ၊ ကိုယ်ပိုင်အစွမ်းအစများကို ယုံကြည်၍ ကြိုးစားချင်စိတ် ဖြစ်အောင်ဝိုင်းဝန်း ကြိုးစားနေကြသော admin များ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နဲ့ပြည့်ကြပါစေ။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ရှေးဦးစွာ ဆုတောင်းပေးလိုက်ပါသည် ။
image

မနက်မိုးသောက် အလင်းရောက်လာရင်ပဲ ရောင်ဝါနေမင်းသည် ကောင်းကင်ယံမှာ အလင်းရောင်ပေးဖို့ ထွန်းညှိလို့ အားသစ်အင်သစ်နဲ့ ပေါ်ထွက်လို့လာခဲ့ပါသည် ။ လူတိုင်းကိုယ်စီမှာလည်း ဝတ္တရားတွေရှိတဲ့ အတိုင်း အလုပ်သွားသူ၊ ကျောင်းသွားသူ၊ ဈေးသွားသူ ၊ တရားဘာဝနာပွားများသူ စတဲ့လူမျိုးစုံနဲ့ ကျွန်တော်တို့ရပ်ကွက်ကြီးက စည်ကားလို့နေပါသည် ။ သည်လို့စည်းကားနေတာကိုကြည့်နေရင်း စိတ်ထဲမှာအနုပညာတစ်ခုအဖြစ် ခံစားမိပါသည် ။ အော်♡ဘာလိုလိုနဲ့ ကျွန်တော့်ဇနီး ရေခြားမြေခြား ရောက်နေတာ နောက်လဆို ၁နှစ်တောင် ပြည့်တော့မှာပဲ လို့တွေးရင်း စိတ်ထဲမှာလွမ်းဆွေးမှုက ဝင်ရောက်လာပါသည် ။ ဟိုအရင်ကဆို အိပ်ယာထတာနဲ့ မနက်စာပူပူလေး အဆင့်သင့်လုပ် ပေးတတ်တဲ့သူ၊ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပဝါ အဆင်သင့်နဲ့စောင့်နေတတ်တဲ့ ဇနီးချောကိုလွမ်းတာ မဆန်းပါဘူးလို့ထင်မိပါသည် ။ လူဆိုတာလဲ အခက်သားလား ရှိနေတုန်းကတန်ဖိုးကို မရှိတော့မှ သိတာမျိုးလေ ။ အခုတော့ မနေ့ကကျန်တဲ့ ထမင်းနဲ့ ကိုယ်တိုင်ကြော် ကြက်ဥကိုစားလို့ ခါးသက်သက် ကော်ဖီတခွက်ကို အရသာမခံပဲ သောက်တတ်စားတတ်နေခဲ့ပါပြီ ။
image

လူတိုင်းကိုယ်စီမှာ တာဝန်ဆိုတာရှိ ကြပါသည်။ အိမ်ထောင်ဦးစီးဆိုသည်က စီးပွားရှာလို့ အိမ်၏ကောင်းရာဆိုးရာ ခေါင်မိုးသို့ပမာ တာဝန်ရှိသလို ပါရမီဖြည့်ဘက် ဇနီးမယားကလည်း အိမ်ထောင့်တာဝန် မလစ်ဟင်းစေရန် စီးတဲရေဆည်တဲ့ကန်သင်းပမာ တာဝန်ရှိပြန်ပါသည် ။ နှစ်ဦးနှစ်ဖက် ညီညွတ်မျတစွာ လိုက်ဖက်ညီလို့ သဟဇာတ ဖြစ်ပါမှ ပျော်ရွင်ဖွယ်ကောင်းသော မိသားစုတစ်ခု ၊ အိမ်ထောင်စုတစ်ခုကို ခိုင်မာအောင် တည်ဆောက်နိုင်ပါမည် ။ တိုင်းပြည်အုပ်ချုပ်မင်း လုပ်သူတို့သည်လည်း ထိုနည်း၎င်းအတိုင်းပင် ဟန်ချက်ညီလို့ အဂတိတရား ကင်းပါမှ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တရပ် ပေါ်ပေါက်လာပေမည် ။ သို့တည်းမဟုတ် တစ်ယောက်တာဝန် တစ်ယောက်မကျေ လစ်ဟင်းပါက သူ့အပြစ် ကိုယ့်အပြစ်မြင်လာပြီး စိတ်ညစ်စရာအတိနှင့် စိတ်ပျက်ဖွယ် မိသားစု သို့မဟုတ် ကမ္ဘာ့အလယ်မျက်နှာငယ်စရာ တိုင်းပြည် ဖြစ်၍လာပေလိမ့်မည် ။ ထို့နည်းတူစွာ မိမိရင်ဝယ်သားသမီး များကိုကျွေးမွေးပြု စောင့်ရှောက်ရန်သာမက ပညာရေး ၊ သားသမီးများလိမ္မာရေးခြားရှိရေး တာဝန်များကို ကိုယ်စီကိုယ်ငှ ခွဲဝေယူကြရပေမည် ။ သားသမီးမကောင်း မိဘခေါင်းဟူသော ဆိုရိုးစကားရှိခဲ့သည့်အတိုင်း မိမိသားသမီးများ ၏ကောင်းသည်ဆိုးသည်မှာ မိမိ၏ကံ၊ မိမိ၏စရိုက်၊ မိမိ၏ပြောဆိုဆုံးမ မှုနှင့်သာဆိုင်ပါသည် ။
image

ကျွန်တော်သည် အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်သောကြောင့်မိသားစု ကိုရှာဖွေကျွေးမွေး ပြုစုစောင့်ရှောက် ခဲ့ပါသည် ။ တဆက်တည်းပင် မိမိသည် အိမ်ထောင်ဦးစီး ဖြစ်သည်နှင့်အညီ မိသားစုတွင် အရေးအကြီးဆုံး ဆိုသောစိတ်ပါဖြစ်တည်ခဲ့ပါသည် ။ အရေးကြီးသော ဆုံးဖြတ်ချက်များ ၊ ကိစ္စရေးရာများ ကိုဆုံးဖြတ်ချက်ချပြီး မိသားစုအားတိုင်ပင် ဆွေးနွေးခြင်းမပြုခဲ့ပါ ။ ထို့ကြောင့်မှန်သည်များ ရှိခဲ့သလို မှားသည်များလဲ ရှိခဲ့ပါသည် ။ ကျွန်တော်ဆုံးဖြတ်သော ကိစ္စတစ်ခု မှန်ကန်ခဲ့ပါက ငါ့ကြောင့်ဟူသော အတ္တစွဲဖြင့် ဂုဏ်ယူဝံ့ကြွားခဲ့ပါသည် ။ မှားယွင်းခဲ့ပါကလည်း တစ်ခါတစ်လေတော့လဲ မှားမှာပေါ့ဟု တဖက်သတ်ဆန်စွာ ပြောခဲ့ဖူးပါသည် ။ ဘယ်လောက်မှားမှား ကျွန်တော့်အပေါ် အပြစ်မမြင်ခဲ့ သောဇနီးကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါသည် ။ သို့သော် ထိုသို့တစ်ခါမျှ တွေးမထင်ခဲ့ဖူးပါ ။ တစ်ခါတစ်ရံ ကျွန်တော်မအား၍ ကိစ္စအချို့ကို ဝင်ရောက်ဆုံးဖြတ် ပေးသောဇနီးသည် မှန်ကန်ပါက မချီးကျူးခဲ့သလို မှားယွင်းခဲ့ပါက တကိုယ်ကောင်းဆန်စွာ အပြစ်ဆိုခဲ့မိပါသည် ။

တကယ်တော့ အမှားအမှန်ထက် " ငါသည်သာ " ဆိုသောအတ္တစွဲ ဝင်ရောက်နေခဲ့သည်ကို သတိမပြုခဲ့မိခြင်းသာ ဖြစ်ပါသည် ။ ငါရှာနိုင်သည် ၊ငါကျွေးမွေးသည်၊ ငါဆုံးဖြတ်သည်၊ ငါ ငါ ငါ ဆိုသောအတ္တဝါဒီ သမားတစ်ယောက် ဆိုသည်ကို သတိမထားခဲ့မိအောင် ညံ့ဖျင်းခဲ့ဖူးပါသည် ။၂၀၁၂တွင် ကျွန်တော်ဝန်ထမ်းဘဝမှထွက်ခဲ့ပါသည် ။ ထို့နောက်ဇနီးသည်နဲ့ အတူလက်တွဲလို့ စီးပွားရေးတော်တော်များများ လုပ်ဖြစ်ခဲ့ပါသည် ။ ဝန်ထမ်းဘဝမှ ထွက်လာသောကြောင့် အပြင်စီးပွားရေး နယ်ပယ်တွင် မကျွမ်းကျင်ခဲ့ပါ ။ ထို့အတွက် အချို့သောစီးပွားရေး ကိစ္စများတွင် မဆုံးဖြတ်ရဲဘဲ တွေဝေနေခဲ့ပါသည် ။ ထို့ကြောင့်စီးပွားဖြစ်သင့်သလောက် မဖြစ်ခဲ့ပဲရှိပါသည် ။
တစ်နေ့သောအချိန်တွင် ကျွန်တော့်ဇနီး မှအမျိုးသမီး အဝတ်အထည်များ ကိုယ်တိုင်ထုတ်လုပ် ရောင်းချချင်ကြောင်း ဖွင့်ဟတိုင်ပင်လာပါသည် ။ ကျွန်တော်လဲ တက်ကြွနေသော ဇနီးသည်မျက်နှာ ကြည့်ပြီး လုပ်ချင်လဲလုပ်လေဟု ပထမဦးဆုံး အခွင့်အရေးပေးခဲ့ပါသည် ။ ထို့ထက်အကြံကုန် ဂဠုန်ဆားချက်သည်ဟုလည်း ပြော၍ရပါသည် ။ အမျိုးသမီး အဝတ်အထည်များ ဖြစ်သောကြောင့်ကျွန်တော် ဘာမျှနားမလည်ခဲ့ပါ ။ ထို့ကြောင့်အရာရာကို ဇနီးသည်မှ ဦးဆောင်၍လုပ်ကိုင်ခဲ့ပါသည် ။ အစပိုင်းတွင် ဇနီးသည်မှ အခက်အခဲများ တွေရပါသည်။ ကျွန်တော်မလုပ်တတ်သော်လည်း အခက်အခဲ တွေ့တိုင်း ကျွန်တော့်ကို အလေးထားလို့ ပြောပြကာ တိုင်ပင်ဆွေးနွေးတတ်ပါသည် ။ ကျွန်တော်ဝင်ရောက် အကြံဥာဏ်ပေးချက် များမှားယွင်းနေပါကလည်း မည်သို့မျှအပြစ်တင် ခြင်းကိုမခံခဲ့ရဘူးပါ ။ ထိုသို့သော အခါများတွင် ကျွန်တော်ယခင်က ပုံစံများကို မျက်စိထဲမြင်ရောင်ရင်း ရှက်ခဲ့မိဖူးပါသည် ။*** အတ္တဝါဒီသမား အဖြစ်မှကင်းလွတ် ခဲ့ကြောင်းဝန်ခံမိပါသည် ။ စာဖတ်သူများ ဖတ်၍အသိတရားတစ်ခုရရန် မရှက်မကြောက် တင်ပြရခြင်းစေတနာ ဖြစ်ပါသည်*** ။

အမျိုးသမီးဝတ်အထည်များ ထုတ်လုပ်ရောင်းချရာတွင် အထိုက်အလျောက် အောင်မြင် လာခဲ့သလို စီးပွားရေး အဆင်ပြေလာခဲ့ပါသည် ။ ကျွန်တော့်ဇနီးသည်၏ အကွက်ကြိုမြင်တတ် မှုကိုလဲတွေ့ရှိလာရပါသည် ။ လူတိုင်းတွင် ငုပ်လျိုးနေတဲ့ အစွမ်းအစ ကိုယ်စီရှိကြသည်ကို ကျွန်တော် လက်တွေ့သိခဲ့ရပါသည် ။ ကျွန်တော့်ဇနီးအား ကျွန်တော်ချစ်၍ လက်ထပ်ပေါင်းသင်း ခဲ့သည်မှာမှန်သော်လည်း ရိုးအေး၍ အိမ့်ထောင့်တာဝန် ကျေပွန်သော အမျိုးသမီးတစ်ယောက်ဟုသာ ရိုးရှင်စွာ မြင်ခဲ့မိသည် ။ အထင်လည်းမကြီးခဲ့သလို အထင်လည်းမသေးခဲ့ပါ ။ မြန်မာလူမျိုးတို့၏ *** ရှေးရိုးအယူဝါဒစွဲ တစ်ခုကြောင့် အိမ်ဦးနတ်ဟု မိမိကိုယ်မိမိမြင်လျက် လျစ်လျူ ရှူခဲ့မိပါသည်***။

ကျွန်တော်၏ဇနီးမှာ စီးပွားရေလုပ်တတ်ခဲ့မည်ဟု စိုးစဉ်းမျှမထင်မိခဲ့ပါ ။ သူသည်မိသားစု အပေါ်အိမ်ထောင့်တာဝန် ကျေပွန်ရုံသာမက သူမတူသော စီးပွားရေး အတွေးအခေါ်များသည် ကျွန်တော့်ထက်ပင် သာလွန်ခဲ့လေသည် ။ အလွန်ကြိုးစားကာ မိသားစုကိုလည်းအလွန်ပင် ချစ်တတ်သူ အမျိုသမီးတစ်ယောက် ဖြစ်လေသည် ။ သူ၏ကြိုးစား မှူတစ်ခုအဖြစ် ယခုအခါနိုင်ငံခြား သို့အဝတ်အထည် ဒီဇိုင်းနှင့်ပတ်သတ်၍ ပညာတော်သင်သွားခြင်းဖြစ်ပါသည် ။ သူပြောလေ့ရှိသောစကားမှာ*** ကိုယ်လုပ်သောအလုပ်ပေါ်တွင် စေတနာထား၍ စိတ်ဝင်စားကာ professional ကျကျတတ်မြောက်ထားပါက ပိုမိုအောင်မြင်မည်ဟုဖြစ်ပါသည်*** ။ ထိုသို့သော အတွေးကြောင့် ယခုလိုနိုင်ငံခြားသို့ ပညာသင်ရန် သွားခြင်းဖြစ်ပါသည် ။ ကျွန်တော်၏ သူငယ်ချင်း ၊ ဆွေမျိုးအသိုင်းအဝိုင်းမှ အမျိုးမျိုး ဝေဖန်ကြသော်လည်း သူသည်သူ၏ယုံကြည်မှုတစ်ခု သာအရင်းခံ၍ ဆုံဖြတ်ကာသွားခဲ့ ခြင်းဖြစ်ပါသည် ။ အဘယ်ကြောင့်ဆိုသော် စီးပွာရေးလုပ်ငန်းရှိ ပြီးသားဖြစ်သည့်အပြင် အိမ်ထောင်သက် ၁၄ နှစ်ရှိပြီဖြစ်သော ကျွန်တော်တို့တွင်ရင်သွေး ၃ ယောက်ရှိသောကြောင့် ဖြစ်ပါသည်

ထိုမျှမကသေး အိမ်ထောင်းရေး၌ပါ မထင်မှတ်တာတွေ ဖြစ်နိုင်သည်ဟု မိတ်ဆွေများ၊ ဆွေမျိုးများမှ စေတနာဖြင့် ထောက်ပြကြပါသည် ။ ကျွန်တော့်ကိုယ်တိုင်လည်း အစပိုင်းတွင်သဘောမတူခဲ့ပါ ။ ထူးဆန်းသည်မှာ ကျွန်တော်၏ ဘဝပဲ့ကိုင်ရှင် ဖြစ်သော ထာဝရကျေးဇူးရှင် မိခင်မှကျွန်တော့် ဇနီးကိုထောက်ခံခဲ့ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် ထိုကိစ္စအတွက် ကျွန်တော်နှင့် ၆လမျှ အကြိတ်အနယ်ဆွေးနွေး ခဲ့ရပါသည် ။*** စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြရမည်ကို နှစ်ဦးသားသိရှိသည့်အလျောက် ဖြစ်နိုင်သည်များကို တိုင်ပင်ခဲ့ကြပါသည် ။ နောက်ဆုံးစိတ်အားထက်သန်လွန်းသော သူ့ဆန္ဒကို ဖြည့်ဆည်းရန်ပါရမီဖြည့်ဖက် တစ်ယောက်အဖြစ် ခံယူခဲ့ပါသည်*** ။
image

တစ်ခါမျှမခွဲခဲ့ ဖူးသည်ကတစ်ကြောင်း သူမရှိမှ သူ့တန်ဖိုးမည်မျှရှိသည် ကိုသိရှိရသည်ကတစ်ကြောင်းကြောင့် သူ့အပေါ်ယခင်ကထက်ပင် ပို၍ချစ်ခင်စုံမက်မိပါသည် ။ သူသွားကာစ၌ အဆင်မပြေမှု များစွာသူ့ဘက်ရော ကိုယ့်ဘက်ပါရှိခဲ့ပါသည် ။ ယခု တစ်နှစ်နီးပါး ရှိချိန်တွင် တဖြည်းဖြည်းအဆင်ပြေ နေသားကျလာယုံမက သားသမီးများအပေါ် မိခင်လိုရော ဖခင်လိုပါ အုပ်ချုပ်ထိန်းသိမ်းနိုင်ခဲ့ပါသည် ။ ထိုမျှမက အပျော်မရှာတတ် ကျွန်တော့်ကို မိတ်ဆွေသူငယ်ချင်းများသာမက ချစ်၍စောင့်ကြည့်နေကြသော ဆွေမျိုးများကပါ ချီးကျူးခြင်းကို ခံခဲ့ရပါသည် ။ အိမ်၏စီးပွားရေးကိုလဲ အခက်အခဲမရှိ ဆောင်ရွက်နိုင်ခဲ့ပါသည် ။ ယခုလိုအခြေအနေ ရောက်ရှိရန်အတွက် ကူညီခဲ့ကြသော ကျွန်တော့်မိခင် ၊ကျွန်တော်နှင့်စီးပွား လုပ်ကိုက်ဖက် ငယ်သူငယ်ချင်း ၊ ဆွေမျိုး မိတ်ဆွေများကို အထူးပဲ ကျေးဇူးတင်ကြောင်း ပြောကြားရင် ယခုရေးသားသော ဆောင်းပါးဖြင့် ဂါဝရပြုအပ်ပါသည် ။

Myanmar Steemit Community တွင်ဝင်ရောက်လုပ်ကိုင် နေကြသော ညီ ၊ ညီမ များအား ဗဟုသုတရရန် အလိုငှာတင်ပြရပါသည် ။

*** တာဝန်ကိုယ်စီ ရှိပင်ငြားလည်း***
အမုန်းမပျက် အပြုံးဖက်ကာ
စုစည်းညီညွတ် အားမာန်ဝံ့လို့
တွေ့သမျှအခက်အခဲ မကြောက်ရွံ့ပဲ
ရင်ဆိုင်ဖြေရှင်း မိသားစုတွင်း
ချစ်ခြင်းမေတ္တာ ခိုင်မြဲစေမှာ
ထာဝစဉ်သာ
ရင်တွင်းဖြစ် ကဗျာလေးရေးရင်း နိဂုံးချုပ်ပါရစေခင်ဗျာ♡♡♡♡
ကိုယ်တိုင်ရေးဖြစ်ပြီး မှီငြမ်းကိုးကား မပါသောကြောင့် အမှားအယွင်းများပါပါက
ခွင့်လွတ်ကြပါရန်နှင့် မိမိထက်တော်သောဆရာ များ၏ဆုံးမမှုကို အစဉ်နာယူ လေးစားလျက် ☆ Myanmar Steemit Community ☆ အဖွဲ့ကြီးအောင်မြင်စွာဆက်လက် ချီတက်နိုင်စေ ကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်****
အစဉ်လေးစားလျက်
Written by @Nandaminkhant
Steemit Myanmar

Sort:  

Myanmar Steemit Community ကိုအထူးပင်ကျေးဇူးတင်ကြောင်းနှင့် အရေးအသားတိုးတက်စေရန်ဝေဖန် အကြံဥာဏ်ပေးသော ဆရာ Tinhlaingoo ကိုလေးစားမိပါသည်

Good post that you always do. Thanks for sharing.

Thanks for your kindness br

အားကျတယ်အကိုရယ် အိမ်ထောင်ရှင်တစ်ယောက်ဟာ အိမ်ထောင်ရှင်းမ
ကောင်းသာမရှိရင် ဘယ်လောက်ရှာရှာ ရေလို ဒလဟောထွက်နေမှာဘဲ
ကန်သင်းကောင်းကောင်းလေးရှိနေတဲ့အကို့အတွက် တော့ good

ဟုတ်အကို ကျေး

Yap bro , Thanks for your kind

ကျွှန်တော် ဒီတခေါက်ရန်ကုန်ရောက်ရက် အစ်ကို့ ကို လာတွေ့ပါအုံးမယ်။ Steemit မှာ အစ်ကို့ရဲ့ စေတနာပါတဲ့ ဆောင်းပါးတွေအတွက် အများကြီးကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ပါ အကို အကို့ရဲ့လက်တွဲခေါ် သင်ယူမှုကြောင့် အခုလိုရေးလာနိုင်တာပါ ကျွန်တော်လဲ အကိုနဲ့တွေ့ချင်ပါသေးတယ်

ကောင်းတယ်​ဗျာ
မျှ​ဝေ​ပေးတာ ​ကျေးဇူးပဲ

ဟုတ်ကဲ့ပါ bro ရေ

အေးချမ်းအောင်မြင်တဲ့ဘဝရှိဖို့အတွက် အရင်းနှီးဆုံးသောသူများဟာ အရေးကြီးပါတယ် ကျေးဇူးပါခင်ဗျာ

ဟုတ်ပါတယ် အကိုရေ တကယ်အမှန်

Great post...bro..
မိသားစုတွင်း ချစ်ခြင်းမေတ္တာခိုင်မြဲဖို့ဆိုတာ အလိုအပ်ဆုံးပဲပေါ့ဗျာ..

ကျေးဇူးပါ bro ရေ

if you keep these great work more will get more followers

if you keep these great work more will get more followers

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.033
BTC 63989.15
ETH 2749.61
USDT 1.00
SBD 2.66