ကိုယ်ချင်းစာတရား ရင်မှာထားလို့♡♡♡♡steemCreated with Sketch.

in #myanmar7 years ago (edited)

Myanmar Steemit Community မှ ညီအကိုမောင်နှမများ ၊ဆရာ ၊ဆရာမများနဲ့ steemit ကိုမြန်မာနိုင်ငံ မှာဖွံဖြိုးတိုးတက်ရေး၊ မြန်မာလူငယ်များ steemit platform မှနေ၍ဗဟုသုတ ၊ အသိပညာ တိုးတက်ဖွံ့ဖြိုးရေးအပင်ပန်းခံ ပြုစုပျိုးထောင်ပေးကြသော admin များအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါရစေခင်ဗျာ●
image
ဘာလိုလိုနဲ့ စက်တင်ဘာလ အလယ်ကို ရောက်လိုလာခဲ့ပါပြီ ။ ရာသီဥတုက တဖြည်းဖြည်း ပူအိုက်စွတ်စို သောဘက်သို့ချင်းနင်း ဝင်ရောက်လာသည် ။ များမကြာမီကာလတွင် မိုးလေကင်းလွတ် သီတင်းကျွတ်သို့ ရောက်လာပါတော့မည် ။ ဟိုး....ယခင် ကလေးဘဝက ယခုလိုအချိန်တွင် စာမေးပွဲ ပထမအစမ်းဖြေရန် စာများ ကျက်လို့မှတ်လို့ မပင်ပန်းနိုင်ပဲ သီတင်းကျွတ်တွင် ဗြောက်အိုးဖောက် ရမည်ကိုတွေးရင်း ပျော်ခဲ့ဖူးပါသည် ။ ထို့ပြင် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာအရ သီတင်းကျွတ်လတွင် လူကြီးမိဘများကို ကန်တော့ကြမည် ။ လူကြီးမိဘ များကမုန့်ဖိုး ပြန်လည်ပေးကြသဖြင့် အလွန်ပင်ဝင်ငွေ ဖြောင့်သောအချိန် ဖြစ်ပေသည် ။ အလွန်ချစ်စရာကောင်းသော မြန်မာ့ဓလေ့စရိုက် တစ်ခုပင်ဖြစ်ပါသည် ။ ယခုလို နိဒါန်းပျိုးရခြင်းမှာ သီတင်းကျွတ်အကြောင်း ရေးချင်၍မဟုတ်ပဲ ၊ မနေ့ညက သမီးကြီးဖြစ်သူမှ ဖေဖေကိုမုန့်ဖိုး စုပြီးကန်တော့မည် ၊ မုန်ဖိုးပေးရမည်ဟု ပြောလာသောကြောင့် ဖြစ်ပါသည် ။ ဘာလိုလိုနဲ့ ကန်တော့ခံအရွယ်သို့ စတင်ဝင်ရောက် လာကြောင်း အသိပေးလိုက်သလို သီတင်းကျွတ်လျှင် ဘာလုပ်ရမည် ၊ ဘာတွေ ပြင်ဆင်ရမည်ဆိုသော အသိတစ်ရားတစ်ခုပါ ခေါင်းအတွင်းသို့ ဝင်ရောက်လာပါသည် ။
image
သက်ရှိလောကတွင် အသိတရားအမြင့် ဆုံးလူ့ဘဝကို ပိုင်ဆိုင်ခဲ့သည်မှာ အလွန်ထူးသော ကုသိုလ်ကံကြောင့်ပင် ဖြစ်ပေသည် ။ ထိုအကြောင်းကို ကျွန်တော်ကြည့်လေ့ရှိသော Nat Geo Wild Channel ကြည့်တိုင်းတွေးမိပါသည် ။ အဘယ်ကြောင့်ဆိုသော် သက်ရှိတိရိစ္ဆာန် များတွင် ပုရွက်ဆိတ်၌ပင် မျိုးစိတ်ကွဲပေါင်း များစွာတည်ရှိပြီး မရေမတွက် နိုင်သောကြောင့်ဖြစ်ပါသည် ။ သက်ရှိများနှင့် နှိုင်းယှဉ်လျှင် လူသားမျိုးနွယ် အရေအတွက်သည် မပြောပလောက် အောင်ပင် နည်းပါးလွန်းလှပေသည် ။ ထိုသို့သော နည်းပါးလွန်းသည့် အရေအတွက် logic သဘောတရားအရ ဖြစ်နိုင်ခြေအလွန် နည်းပါးသော လူသားမျိုးနွယ်တွင် ကျွန်တော်အပါအဝင် မိတ်ဆွေများ ဖြစ်တည်လာကြသည်မှာ အလွန်ပင်ကံထူးသည် ဟုဆိုချင်ပါသည် ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွင်လည်း လူဖြစ်ရန် အလွန်ပင် ခဲယဉ်းကြောင်း မြတ်စွာဘုရားမှ ဟောကြားခဲ့ဖူးပါသည် ။
ကျွန်တော်ငယ်စဉ်က ကြားဖူးခဲ့သည်မှာ လူ့ပြည်မှအပ်တစ်စင်းနှင့် မိုးပေါ်မှအပ်တစ်စင်း ထိသည်ထက်ပင် လူဖြစ်ရန်ပို၍ ခက်ခဲပါသည် ။

သက်ရှိများအာလုံးတွင် အသိဥာဏ် အမြင့်မားဆုံး လူသားဖြစ်ရန်မလွယ်ကူကြောင်းရှေ့ကပြောခဲ့ပါသည် ။ ထိုမလွယ်ကူသောအထဲ တွင်မိမိတို့ လူသားအဖြစ်မွေးဖွားလာခြင်းသည် ပထမဦးဆုံး ကံထီပေါက်သည်ဟု ပင်ဆိုချင်ပါသည် ။ ထိုမှတဆင့် ၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း အစရှိသဖြင့် အမျိုးမျိုးကွဲ ပြားလာရပေသည် ။ သို့သော်လည်း လူသားတို့သည် တဖြည်းဖြည်းလောဘ ၊ ဒေါသ ၊ မောဟ တရားများကြီးထွားလာကြကာ ကိုယ်ချင်းစာတရား များတဖြည်းဖြည်း နဲပါးလကြပါသည် ။ မည်မျှပင်ချမ်းသာကြပါစေ ၊ မည်မျှပင်ပညာတတ်ကြပါစေ ကိုယ်ချင်းစာတရား ရှိရန်အလွန်ပင် အရေကြီးလှပါသည် ။ အဘယ်ကြောင့်ပြောရသနည်းဆိုသော် ဖြစ်မည့်ဒေါသ ၊ ဖြစ်ဆဲဒေါသ ၊ ဖြစ်ပြီးဒေါသ များအားလုံးကို အသိ ၊ သတိ နှင့်ထိန်းချုပ်နိုင်ယုံမက ကိုယ်ချင်းစာတရား နှင့်ပါထိန်းချုပ်နိုင်ပါသည် ။

ကျွန်တော်သည် စိတ်ဆိုး ၊ ဒေါသ အဖြစ်မြန်သော လူမျိုးထဲတွင်ပါဝင်ပါသည် ။ ငယ်စဉ်က ရိုက်ခတ်ခဲ့သော လောကဓံတရားအရ လူမိုက်မဟုတ်တောင် လူရိုင်းစာရင်းတော့ ဝင်ခဲ့ဖူးပါသည် ။ အိမ်ထောင်ကျသည့်အခါ ဇနီးသည်မှာ စာပေမြတ်နိုးသူ ဖြစ်သဖြင့် ကျွန်တော့အား စာအုပ်ဖတ်သော အလေ့အကျင့်ရရန် စည်းရုံးခဲ့ပါသည် ။ ထို့ကြောင့် အားလပ်သောအခါများတွင် စာဖတ်သော အလေ့အကျင့် ကျွန်တော်ရခဲ့ပါသည် ။ ထိုအခါကျွန်တော်၏ စိတ်များသည် နူးညံ့လာသည့်အပြင် အရာရာကို သေသေချာချာ စဉ်းစားချင့်ချိန်ကာ ပြောဆိုတတ်လာပါသည် ။ စာပေ၏ အကျိုးကျေးဇူးကား အလွန်ပင်များလှပါသည် ။ သူတစ်ပါး၏အားနည်းချက် ကိုပြောဆိုခြင်းထက် ထိုသူ၏နေရာကို ဝင်၍ခံစားကြည့်သော တွေးကြည့်သောအလေ့အထ တစ်ခုကျွန်တော့်ထံ၌ ဖြစ်တည်လာခဲ့ပါသည် ။ ထို့အရာမှာ ကိုယ်ချင်းစာစိတ် ပင်ဖြစ်ပါသည် ။ ထိုကိုယ်ချင်းစာ စိတ်ကြောင့်ပင် ကျွန်တော်လုပ်ငန်း တစ်ခု၌ပိုက်ဆံဆုံးရှုံးခါနီးမှ လွတ်ခဲ့ရသော အကြောင်းအရာတစ်ခု တင်ပြလိုပါသည် ။ ကျွန်တော်၏ ကိုယ်ရေးကိုယ်တာ အချက်အလက် ဖြစ်သောကြောင့် မည်သူ့ကိုမှ ထိခိုက်စေရန်မရည်ရွယ်ပါကြောင်း အရင်ပြောလိုပါသည် ။

ကျွန်တော်ဝန်ထမ်းဘဝမှထွက်ပြီး ကားတစ်စီးဝယ်ကာ TAXI အငှားကားထောင်ခဲ့ပါသည် ။ ထိုအချိန်က CNG TAXI များအလွန်ခေတ်စားနေပါသည် ။ CNG ဓာတ်ငွေက ဈေးသက်သာသည့်အပြင် ကားငှားရာတွင် ပိုက်ဆံပိုရသော ကြောင့်ဖြစ်ပါသည် ။ ယခုထိလည်း အုံနာကြေးပို၍ ရနေပါသေးသည် ။ ထို့ကြောင့်ကျွန်တော့ကားကို CNG တင်ရန်ကြိးပမ်းပါတော့သည် ။ ဖြစ်ချင်တော့ CNG တင်ရန် ယခင်အရည်ကျိုအပ်ကား ရှိရပါမည် ။ ထိုသို့မရှိပါက အရည်ကျိုမည့် CNG ကားအဟောင်းကို ဝယ်ယူ၍ နာမည်ဖောက်ကာ နောက်တင်သွင်းသည့်ကား တွင်တပ်ဆင်ရန် လျှောက်ရပါသည် ။ထိုအချိန်တွင် ကျွန်တော့်သူငယ်ချင်းတစ်ယောက်မှ မိတ်ဆက်ပေးသဖြင့် လူတစ်ဦးထံမှ CNG အိုးအား အမှန်အကန်စာချုပ်ချုပ်ဆို၍ ဝယ်ယူခဲ့ပါသည် ။ ရောင်းချသူမှာ ကျွန်တော်နှင့် ဝန်ကြီးဌာနတစ်ခု ထဲတွင်လုပ်ခဲ့သော သူ၏အဖေဖြစ်နေပါသည် ။ ကျွန်တော်နှင့်အတူ လူတော်တော်များများဝယ်ခဲ့ပါသည် ။ ရောင်းချသူမှာလဲ နာမည်ပျက်မရှိခဲ့ဖူးပဲ လူမှန်တစ်ဦးဖြစ်ပါသည် ။ ကံဆိုးချင်တော့ ကျွန်တော်တို့လျောက်ထားသော CNG ပြောင်းတပ်ဆင်ခွင့်ကို လက်မှတ်ထိုးချပေးမည့် MD အပြောင်းအလဲဖြစ်ပေါ်ခဲ့ပါသည် ။ ထို့ပြင်နောက်ရောက်လာသော MD မှစည်းကမ်းချက်များပြင်ဆင်ခဲ့သောကြောင့် ကျွန်တော်တို့ တပ်ဆင်ခွင့်ကျရန် အလွန်ပင်ကြာမြင့်ခဲ့ပါသည် ။ ၎င်းကိုရောင်းချသူမှ ရှင်းပြသော်လည်း စာချုပ်ထဲတွင် ၃ လအတွင်းဟုပါရှိသဖြင့် ဝယ်သူများမှ မစောင့်နိုင်ပဲ အမျိုးမျိုးပြဿနာတက်ကြပါသည် ။ ရောင်းချသူမှ စိတ်ရှည်ရန် ပြောသော်လည်း ၆ လကျော်လာသောအခါ ပြဿနာများကြီးထွားလာပါသည် ။ တချို့ကလဲ ပိုက်ဆံ အချို့ပြန်အမ်းရန်ပြောပါသည် ။ ကျွန်တော်ကတော့ မိမိ၏ပိုက်ဆံ နှမြောသော်လည်း ရောင်းချသူမှ ယခုလိုတစ်ခါမျှမဖြစ်ဖူးကြောင်း စုံစမ်းသိရှိရပါသည် ။ ၎င်း၏နေရာကို မိမိကိုယ် မိမိအစားထိုးကာ ရောင်းချသူဘက်မှနေကြည့်ပါသည် ။ မိမိသည် မလိမ်ပဲရောင်းချသည်မှန်သော်လည်း ရုံးပိုင်းဆိုင်ရာကိစ္စများကြာကြံ့ကြာသည်ဆို ဘာလုပ်ရမည်နည်း ။ ပိုက်ဆံအားလုံးလည်း ပေးပြီးသား ဖြစ်သောကြောင့် ကိုယ်ချင်းစာတရားထားကာ မိမိ၏ကံဟုသာ ထားခဲ့ပါသည် ။ ၁နှစ် ၃ လရောက်သောအခါမှ တပ်ဆင်ခွင့် ကျခဲ့ပါသည် ။ ကံကောင်းစွာဖြင့်ပင် ကျွန်တော်မဆုံးရှုံးခဲ့သည့်အပြင် ရောင်းချသူနှင့်လဲ မိတ်မပျက်ပဲ စီးပွားရေးဆက်လုပ်နိုင်ခဲ့ပါတော့သည် ။ ကျွန်တော်သာ စိတ်မရှည်ပဲ ထိုသူအာူ လူလိမ်လူညာဟုစွတ်စွဲတိုင်တန်း ပါက အမှုရင်ဆိုင်ကုန်ကျရမည့် အပြင်၎င်း CNG လည်းရရှိမည် မဟုတ်ပါ ။ သူပေးသော စာရွက်စာတမ်းများကို သေချာစီစစ် အမှန်ဖြစ်၍သာ ဝယ်ခဲ့ခြင်းဖြစ်ပါသည် ။ ကျွန်တော်နှင့်အတူ ဝယ်ယူခဲ့သူအချို့စိတ်မရှည်သောကြောင့် မရရှိခဲကြသူများ ရှိသည်ဟုသိရှိခဲ့ရပါသည် ။ ဤသည်မှာ အခြားသူတစ်ဦး၏ အခက်အခဲကို သေချာစုံစမ်း၍ ကိုယ်ချင်းစာတရားဖြင့် အပြစ်မမြင်ခဲ့သော အကျိုးကြောင့်ဟုပင်ထင်ပါသည် ။ စာဖတ်သူများလည်း ကျွန်တော်ရေးခဲ့သောနည်း အတိုင်းသူဘက်ကိုယ်ဘက် မျှတွေးပေးလျှင် အမုန်းတရားဆိုတာ ဝေးလို့လူချစ်လူခင်ပေါများလာပါလိမ့်မည် ။ ( မှတ်ချက်။ ။အလွန်အပြစ်မြင်တတ်သူ စိတ်ထားဆိုးသူများနှင့်တွေ့လျှင်တော့ သည်းခံခြင်းတရား လက်ကိုင်ထားလို့ ကိုယ့်လမ်းကိုယ်လျှောက်ပါလို့ အကြံပေးချင်ပါသည် )။

ထို့ကြောင့် Steemit Platform ပေါ်သို့ ဝင်ရောက်လာသောလူငယ်များ ၊$ ရှိရန်ပဲဖြစ်ဖြစ် ၊ ဗဟုသုတရရန်ပဲ ဖြစ်ဖြစ် ၊ မည်သို့သော အကြောင်းတရားဖြင့် လုပ်ကိုင်ကြပါစေ မိမိလုပ်သော အလုပ်တစ်ခုကို အကျိုးရှိရှိ အသုံးချပါက ကောင်းမွန်သော လူအဖွဲ့အစည်းထဲ၌ပင် အောင်မြင်နိုင်ကြပါသည် ။ တစ်ယောက်ကို တစ်ယောက် ဖေးမကူကာ စည်းလုံးညီညွတ်စွာ ကိုယ်ချင်းစာတရားဖြင့် ချီတက်ပါက အချိန်တိုအတွင်း အကျိုးရှိလာလိမ့်မည်ဟု မြင်မိပါသည် ။ ကျွန်တော်တို့တွင် ကောင်းမွန်သော ၊ စေတနာကောင်းသော ၊ ကိုယ်ချင်းစာတရားရှိသော ၊ ဖေးမကူညီတတ်သော leader နှင့် admin team ရှိနေသောကြောင့်ကံတရားအရကောင်းနေပြီး Myanmar Steemit Communityကြီးရေရှည်တည်တံ့ ခိုင်မြဲရန်အလို့ငှာ ဝိုင်းဝန်းအားထည့်ကြိုးစားကြပါမည်လို့ ထပ်လောင်းပြောကြားရင်း ယခုလောက်နှင့်သာ နားခွင့်ပေးပါခင်ဗျာ ။

ကိုယ်တိုင်ရေးဖြစ်ပြီး မှီငြမ်းကိုးကား မပါသောကြောင့် အမှားအယွင်းများပါပါက
ခွင့်လွတ်ကြပါရန်နှင့် မိမိထက်တော်သောဆရာ များ၏ဆုံးမမှုကို အစဉ်နာယူ၊
အစဉ်လေးစားလျက်
Written by @Nandaminkhant
Steemit Myanmar

Sort:  

စိတ်ရှည်သည်းခံခြင်းကြောင့်
ကောင်းတဲ့အကျိုးကျေးဇူးတွေကိုခံစားရမှာပါဗျာ
.
အရေးသားကောင်းတယ်ဗျာ

ကျေဇူးတင်ပါတယ် အကို

ကိုခန့်ရေ စာကို လိမ္မာပါးနပ်ပီး အချက်ကျကျလေး ပေါ်အောင်ရေးနိုင်ပါဗျာ…အောင်မြင်ပါစေအကို…

ကျေးဇူးပါ အကိုရေ အကို့ဆီက အတုယူခဲ့တာတွေပါပါတယ်

wao sir your knowldge is fantastic,upvoted you sir,i hope you also like me.
@honeysingh

သတ်ပုံစာသားအထူးဂရုမစိုက်ပဲရေးသားထားကြောင်းသိသာသော်လည်း အမှားအယွင်းမရှိပါ။ စာပိုဒ်ခွဲထားမှုတွင် အချိတ်အဆက်ကောင်းမွန်ပါသည်။ ပြောရန်မရှိပါ။ ဝိဘတ်များမထပ်အောင်သုံးနိုင်သည်မှာလည်းတော်ပါသည်။ စကားအလင်္ကာဆင်တတ်လျှင်တော့ အလွန်ကောင်းမွန်သောစာရေးသူဖြစ်လာမှာမလွဲပါ။

ကျေဇူးပါဆရာြ

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60335.73
ETH 3297.58
USDT 1.00
SBD 2.43