ကိုယ်စိတ်နှလုံး စဉ်ချုပ်ထိန်းလို့ ဒေါသတရားပယ်ကြမယ်....steemCreated with Sketch.

in #myanmar7 years ago (edited)

Myanmar Steemit Community မှ ညီအကိုမောင်နှမများ ၊ဆရာ ၊ဆရာမများနဲ့ steemit ကိုမြန်မာနိုင်ငံ မှာဖွံဖြိုးတိုးတက်ရေး၊ မြန်မာလူငယ်များ steemit platform မှနေ၍ဗဟုသုတ ၊ အသိပညာ တိုးတက်ဖွံ့ဖြိုးရေးအပင်ပန်းခံ ပြုစုပျိုးထောင်ပေးကြသော admin များအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံကြပါစေလို့ ဆုတောင်းပေးပါရစေခင်ဗျာ●
image
Photo credit...
ဘာကွ !!!!!! ကျယ်လောင်သောအသံနှင့်အတူ ကိုသာလှရဲ့ မျက်နှကြီးနီရဲလို့တက်လာပါသည် ။ ချွေးပြန်နေတဲ့ နှဖူးကိုသုတ်ရင်း လက်ထဲကသောက်လက်ဆ ဆေးပေါ့်လိပ်ကို စိတ်တိုစွာတောက်ထုတ်လိုက်ပါသည် ။ " သူကဒီလိုပဲပြောလား မှတ်ကြီး " ..... စိတ်တိုနေသော ကိုသာလှကို မှတ်ကြီးတစ်ချက်ကြည့် ပြီး "ဟုတ်တယ် ကိုသာလှ ၊ ကြိုက်တဲ့နေရာတိုင် မကျေနပ်ရင်ကြိုက်သလို ရှင်းလို့ရတယ်တဲ့ " အောင်ဘု ကိုယ်တိုင်ကျွန်တော့် ကိုပြောလိုက်တာ ။
" တောက် " ရင်ထဲမှာ တလိပ်လိပ်တက်လာသောဒေါသကြောင့် " တွေ့ကြသေးတာပေါ့ အောင်ဘုရာ " လို့ ကိုသာလှတစ်ယောက် ကျယ်လောင်စွာပြောရင်း လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည် ။ ကိုသာလှ အသံကြားတော့ ဇနီးဖြစ်သူ မထားခင် နောက်ဖေး ဟင်းချက်ရာမှ အပြေးတပိုင်း ထွက်လို့လာပါသည် ။ " စိတ်ထိန်းပါ အကိုရယ် ဆွေမျိုးမကင်းကြသူတွေဆိုတော့ အေးဆေးပြောကြရင်ရမှာပါ " ဇနီးသည် မျက်နှာကြည့်ရင်း သနားလာမိတာနဲ့ ကိုသာလှတစ်ယောက် ဒေါသကို မြိုသိပ်ပြီး ရေးနွေးသာဆက်သောက်နေပါတော့သည် ။
image
Photo credit

တကယ်တော့ ကိုသာလှတစ်ယောက်လည်း ဒေါသမထွက်ချင်ပါ ။ ဇနီးသည်ထားခင်နှင့် မရခင်ရွာကာလသားခေါင်း ဘဝကတည်းက ထားခင်၏မောင်တဝမ်းကွဲဖြစ်သော အောင်ဘုကို ထိန်းလာခဲ့သောကြောင့်ဖြစ်သည် ။ သံယောဇဉ်လေးလဲရှိ ၊ မိမိထက်လဲ ငယ်သောကြောင့် တွေ့တိုင်းဆုံးမခဲ့သည် ။ ငယ်စဉ်က ကိုသာလှပြောစကားနားထောင် ခဲ့ပြီးလိမ္မာရေးခြားရှိသော အောင်ဘုတစ်ယောက် ၁၀ တန်း ၃ခါကျလို့ အရွယ်လေးရောက်လာတော့ အချိုးပြောင်းလာခဲ့သည် ။ မိမိနင့်တွေ့လျင်ပင် အခြားဘက်သို့ မျက်နှာလှည့်ကာ မမြင်ချင်ယောင်ဆောင်တတ်လာခဲ့သည် ။ ဆုံးမလျှင်လည်း ပြန်မပြောပေမယ့် မျက်နှာအနေအထားက ပြောတာမကြိုက်သည့်ပုံ ဖြစ်လာသည် ။ ကိုသာလှက ညီရင်းလိုသဘောထားသောကြောင့် အောင်ဘုပုံစံ ပြောင်းနေသည်ကို မသိမသာ အကဲခတ်စောင့်ကြည့်နေခဲ့သည် ။ မိမိအိမ်မှ သူရင်းငှားဖြစ်သူ မှတ်ကြီးကိုစုံစမ်းကြည့်တော့ အောင်ဘုတစ်ယောက် မူမမှန်တာတော့အမှန် ဖြစ်ကြောင်းထောက်ခံလေသည် ။ ထို့ကြောင့်အောင်ဘု မိဘများနှင့်တွေ့လျှင်သည်အကြောင်းပြောမည်ဟု ကိုသာလှစဉ်းစားထားခဲ့ပါသည် ။

" အကိုသာလှ " ရုတ်တရက်ခေါ်သံကြောင့် ကိုသာလှတစ်ယောက် မော့ကြည့်လိုက်တော့ ပြုံးရွင်သော မျက်နှာဖြင့် အောင်ဘုတစ်ယောက် ဖြစ်လို့နေပါသည် ။ သောက်လက်စ ရေနွေးချမ်းကိုအသာချ ပြီး " အောင်မလေး ၊ ဒီနှစ်တော့ မိုးကောင်းပြီး စပါးတွေတိုးဦးမယ် ထင်ပါတယ် " လိုရီမောရင်း အောင်ဘုကို လှမ်းပြောလိုက်ပါသည် ။ " ဘာဖြစ်လို့လဲ အကိုသာလှ " " ဘာဖြစ်ရမှာလဲ ၊ မင်းငါ့အိမ်မလာတာစဖူး အလာထူးပြီး ၊ ပြုံးလို့ရယ်လို့ငါ့ကို စကားတွေ ပြောနေလို့ပေါ့ကွ " " လာရေနွေးသောက်ဦး " ကိုသာလှ ကမ်းပေးသော ရေနွေးခွက်ကို ယူရင်း အောင်ဘုက " မဟုတ်ပါဘူး အကိုသာလှရာ အခုတလော ကျွန်တော်စိတ်ညစ်နေလို့ပါ " " ဟေ.... စိတ်ညစ်တယ် မင်းက ဘာအလုပ်လုပ်စရာမှ မလိုပဲနဲ့ ပညာအေးအေးဆေးဆေး သင်နေရတာများ " " အဲ့ဒါစိတ်ညစ်တာပေါ့ အကိုသာလှရ ကျွန်တော်ကျောင်းမတက်ချင်တော့ဘူး " " အလုပ်လုပ်မယ်လို့ ပြောတော့ အိမ်ကလကိမခံဘူး ဗျ " ကိုသာလှတစ်ယောက် အံ့ဩစာဖြင့် အောင်ဘုကို ကြည့်ရင်း " မင်းကဘာအလုပ်လုပ်မလို့လဲကွ " " ကျွန်တော် မြို့ပေါ်တက်ပြီး အရောင်းအဝယ် လုပ်မလို့အကိုသာလှရ " ဟိုဘက်ရွာက ကျွန်တော့သူငယ်ချင်း အခုလုပ်နေတာ အဆင်ပြေတယ် " အဲ့ဒါ ကျွန်တော်လုပ်ချင်ရင် သူနဲ့အတူတူ လုပ်ပါလားတဲ့ အမြတ်ကလဲ ထက်ဝက်နီးပါးကျန်တယ်ဗျ "
" အိမ်ကအဖေနဲ့အမေကို ပြောတော့ငါတို့က ကျောင်းထားပေးတာ မင်းပညာတတ်ဖို့ ၊ အဲ့ဒါမှ မသင်ချင်ဘူး အလုပ်လုပ်မယ်ဆို ကိုယ့်အရင်းအနှီးကိုယ်ဘာသာရှာတဲ့ အကိုရ " ကိုသာလှ အောင်ဘုမျက်နှာ တစ်ချက်ကြည့်ပြီး " အဲ့ဒီ့တော့ ငါကဘာလုပ်ပေးရမလဲ " ဟီး..." အဲ့ဒါ အရင်းအနှီးလိုနေလို့ အကိုသာလှဆီလာလှည့်တာ " " အများကြီးမဟုတ်ပါဘူး ငါးသောင်းလောက်ပါ "
image
Photo credit
ကိုသာလှ အခုမှကောင်းကောင်း သဘောပေါက်သွားသည် ။ ဒါကြောင့် အောင်ဘုတစ်ယောက် ဒီလောက်မျက်နှာချိုသွေးနေတာကိုး ။ " မင်းဟာက မများပါဘူး ပြောနေတာ ငါ့အတွက်တော့ ငါးသောင်းဆိုတာ မနည်းဘူးကွာ အောင်ဘုရ " " ငါ့လက်ထဲမှာတော့ လကုန်ရင် မြေဩဇာဝယ်ဖို့ ပိုက်ဆံနဲနဲရှိတယ် " အဲ့ဒါ လကုန်ပြန်ရမယ် ဆိုရင်တော့ မင်းအမထားခင်ကို ပြောပြီးယူသွားလေ " " စိတ်ချ အကိုသာလှ အခုမှ လဆန်းပိုင်းပဲရှိသေးတာ ၊ ကျွန်တော် အလွန်ဆုံးကြာ ၁၅ ရက်ပါပဲ " " အေးလေ ဒါဆိုလဲယူသွား ၊ ဒါပေမယ့် လကုန်တော့ဆက်ဆက် ပြန်ပေးနော် " အောင်ဘုမျက်နှာ ရွင်လန်းသွားပြီး " ဟုတ် အကိုသာလှ " ဟုဆိုကာ အိမ်ပေါ်ရှိ သူ့အမ မထားခင်ဆီသို့ ပြေးတက်သွားတော့သည် " အမှန်တကယ်တော အောင်ဘု ယခုလို အကူအညီတောင်းခြင်းသည် သူတစ်ယောက်တည်းမဟုတ်ကြောင်းနှင့် တကယ်အလုပ်လုပ်ဖို့ မဟုတ်မှန်း ထိုအချိန်တည်းက ကိုသာလှတစ်ယောက် သိခဲ့ရင်ဖြင့် ယခုလို ကူညီမိမည် မဟုတ်ပါ ။
ယခုမူ လကုန်ရက် ကျော်လို့မက ၃ လပင်စွန်းခဲ့ပြီ ။ အောင်ဘုတစ်ယောက် မြို့လဲမသွားသည့်အပြင် ပိုက်ဆံတောင်းတိုင်းလဲ ဟိုနေ့သည်နေ့ရွေ့လုပ်သည် ။ ကိုသာလှ အိမ်သို့လာဖို့မပြောနှင့် အိမ်ရှေ့ကပင်ဖြတ်မလျှောက်တော့ ။ ဒီနေ့တော့ ရအောင်ပေးလိုက်ပါဟု သူရင်းငှားမှတ်ကြီးနှင့်သေချာ တောင်းခိုင်းလိုက်မှပင် ယခုလိုရိုင်းစိုင်းစွာ အပြောခံခဲ့ရခြင်းဖြစ်သည် ။

" အကိုသာလှရေ ၊ အမထားခင်ရေ " ရုတ်တရက်မှတ်ကြီး၏ ကျယ်လောင်သော အော်သံကြောင့် ကိုသာလှ အတွေးစ ရုတ်တရက် ပျက်သွားခဲ့သည် ။ " အာ ဟေ့ကောင် မှတ်ကြီး လန့်တာကွာ ၊ ဘယ်လိုဖြစ်လာရတာလဲ " မှတ်ကြီးအသက်ပြင်းပြင်း ရှူရင်း " အောင်ဘု ဓားထိုးခံရလို့ အကိုသာလှရ ၊ သေလား ရှင်လားမသိဘူး ၊ အခု တိုက်နယ် ဆေးရုံခေါ်သွားကြလေရဲ့ " " ဟာ ,ဘယ်လိုဖြစ်ရတာလဲ ဒါနဲ့ဘယ်သူက ထိုးတာတုန်းကွ " " ကျော်ကြီး လို့ ပြောတယ် အကို ပိုက်ဆံ ချီးပြီးပြန်မပေးလို့ ရန်ဖြစ်ကြတာဆိုပဲ " " ကျော်ကြီးက ကောင်းကောင်းပြောနေတာကို အောင်ဘုက မပေးနိုင်ဘူး ဘာဖြစ်လဲ မကျေနပ်ရင် ကြိုက်သလိုရှင်း လို့ပြောပြီး စိန်ခေါ်လို့ ဖြစ်ကြတာတဲ့ " အခုကျော်ကြီးကိုလဲ ရဲတွေလာခေါ်သွားပြီ " ကိုသာလှ မှတ်ကြီးပြောနေသော စကားများကိုမကြားတစ်ချက်ကြားတစ်ချက် သာဖြစ်နေသည် ။ အကယ်၍ မနေ့ကသာ သူယခုလို ဒေါသမထိန်းရင်ဖြင့် ၊ မိမိဇနီးသည် မျက်နှာမထောက်ခဲ့ရင် ဖြင့်ယခု အောင်ဘုနှင့် ကျော်ကြီး ၏ တစ်ယောက်ယောက် နေရာသို့ သူရောက်နေပြီလေ ။ ဒေါသကို အသိတရားဖြင့် ချုပ်ထိန်းခဲ့သော အကျိုးကျေးဇူးရရှိခဲ့ ခြင်းဖြစ်သည် ။

ကျွန်တော်တို့သည်လည်း လူ့ဘဝတွင် ကျင်လည်ရုန်းကန်နေရသမျှ ကာလပတ်လုံး လောဘ ၊ ဒေါသ ၊ မောဟ များနှင့် မကင်းနိုင်ကြပေ ။ ပုထုဇဉ်သဘောအရ မကင်းနိုင်သော်လည်း တတ်နိုင်သမျှ လျော့နည်းအောင်တော့ နေလို့ရပါသည် ။ လောဘတက်လာလျင် အရာရာ မမြဲခြင်းသဘောတရားကို ဆင်ခြင်လျက် အသိတရား ၊ သတိတရား နှင့်ယှဉ်ကာထိန်းချုပ်ရပါမည် ။ ဒေါသ ထွက်လာလျင်လည်း ရရှိလာမည့် အကျိုးကျေးဇူးသည် မည်သို့မျှမကောင်းနိုင်ကြောင်း ဆင်ခြင်ရသလို ၊ မောဟတရားများကင်းဝေးလို့ မိမိနေထိုင်ရာ ပတ်ဝန်းကျင် မိသားစုကို ကောင်းကျိုးချမ်းသာ ပေးဆပ်ဖို့သာ အသိတရား အစဉ်ရှိထားရပေမည် ။ သို့မှသာ ကျွန်တော် အထက်ကတင်ပြခဲ့သော ပညာပေးဇာတ်လမ်းတို လေးထဲမှလို မဖြစ်သင့်တာ မဖြစ်ကြပေမည် ။

ကျွန်တော် Steemit Myanmar တွင်ပညာပေးအနေဖြင့်ရေးသားပေးသည်မှာ ဝထ္ထုတစ်ပုဒ်လိုရေးချင်သော်လည်း စာရေးခြင်းအတတ်ကို အသက်မွေးဝမ်းကြောင်းအလို့ငှာ မတတ်သဖြင့် တတ်သလောက်မှတ်သလောက်ကိုကြိုးစားရေးသားထား ခြင်းဖြစ်ပါသည် ။ အထက်ပါအကြောင်းအရာ နှင့် နာမည်များမှာ ကျွန်တော်၏စိတ်ကူး အတွေးသက်သက်များသာဖြစ်ပြီး အမှားအယွင်းများရှိပါက ခွင့်လွတ်ကြပါရန်နှင့် ဆက်လက်ကြိုးစားပါမည် ဟုထပ်လောင်းပြောကြားလိုပါသည် ။ ကျွန်တော် ရေးချင်သော အကြောင်အရာများစွာရှိသော်လည်း စားဝတ်နေရေးအရတစ်ကြောင်း ၊ ဂျပန်စာသင်တန်းတက် ပြီးစာမေးပွဲ ဖြေဆိုရမည်ကတစ်ကြောင်း ၊ နေ့စဉ်ကလေး ၃ ယောက်တာဝန်ပါရှိသောကြောင့် မအားလပ်သည့်ကြားမှ ရေးသားခြင်းဖြစ်ပါသည် ။ အဘယ်ကြောင့်ရေးသားသည် ဆိုသော် Steemit Myanmar ၏ ဖွဲ့စည်းပုံနှင့်ရည်ရွယ်ချက်ကို အလွန်သဘောကျသောကြောင့် ဖြစ်ပါသည် ။ ကျွန်တော်ရေးသော စာများသည် မေတ္တာစေတနာ အပြင်လူငယ်လူရွယ် များကောင်းစေချင်စိတ်ပါ ပါဝင်ကြောင်း လိပ်ပြာသန့်စွာ ဖြင့်တင်ပြအပ်ပါသည် ။

ကိုယ်တိုင်ရေးဖြစ်သောကြောင့်အမှားအယွင်းများပါပါက ခွင့်လွတ်ကြပါရန်နှင့် မိမိထက်တော်သောဆရာ များ၏ဆုံးမမှုကို အစဉ်နာယူ၊အစဉ်လေးစားလျက်
Written by @Nandaminkhant
Steemit Myanmar

Sort:  

အားကျနေပီ…ဘရိုရေ
အရမ်းမိုက်တယ် …"ဘာကွ!"ဆိုတဲ့ တစ်လုံးနဲ့ကို 😄

ကျေးဇူးပါ bro ရေ 😂

ကောင်းပါတယ် အားပေးနေပါတယ် အတူတကွ ဆက်လက်ချီတက်ကြတာပေါ့ အောင်မြင်ပါစေ

ကျေးဇူးပါ ဆရာစိုး

Congratulations @nandaminkhant! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60335.73
ETH 3297.58
USDT 1.00
SBD 2.43