ကျွန်တော့်ဘဝ နှင့် မိသားစုအကြောင်း တစေ့တစောင်း အပိုင်း(၃)steemCreated with Sketch.

in #myanmar7 years ago (edited)

Steemit Myanmar မှ ညီအစ်ကိုမောင်နှမများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလို့တောင်းဆုပြုလိုက်ပါတယ်imageကျွန်တော် မှာကလေး ၃ယောက် ရှိတယ်လို့ introduction post မှာရေးခဲ့ပြီးပါပြီအကြီးဆုံးသမီးက ၆ တန်းတက်နေပါတယ်အလတ်သားကတော့၎တန်းတက်နေပါတယ် အငယ်ဆုံးသမီးကတော့ သူငယ်တန်း တက်နေပါတယ် ကျွန်တော့် ဇနီးကတော့ Japan နိုင်ငံမှာ ပညာတော်သင်သွားတာ ၁ နှစ်နီးပါးရှိပါပြီ ကလေးသုံးယောက်ကျောင်းကိစ္စ၊ ပညာရေးကိစ၊္စ ကျန်းမာရေးကိစ္စတွေကိုကျွန်တော့်ယောက္ခမ နဲ့အတူ လုံးလည်ချာလည် လိုက်နေခဲ့ပါတယ် တော်သေးတာတစ်ခုကတော့ကျွန်တော့သားသမီး များလိမ္မာရေးခြားရှိပြီး စာတော်ကြတော့ ကျွန်တော် ပင်ပန်းရကျိုးနပ်ပါတယ် အဲ့ဒီလို လိမ္မာအောင်ကလေးတွေ ပြုစု ပျိုးထောင်နည်း စာအုပ်တွေဖတ်ခဲ့တာလည်း ပါသလို ကျွန်တော့်နည်းလေးနဲ့လည်း ကိုင်တွယ်ခဲ့တာပါတယ်

အပိုင်း (၂) မှာရေးခဲ့သလို စာဖတ်သူတို့ကို ကျွန်တော့် ကိုင်တွယ်တဲ့နည်းလေးပြောပြချင်လို့ အစပျိုးနေတာတာပါအနောက်တိုင်း လို့ခေါ်တဲ့ နိုင်ငံခြားကမိသားစုတွေနဲ့ ကျွန်တော်တို့ဟာအနေအထိုင် အပြောအဆို ယဉ်ကျေး မှု ကွာခြားသလို သားသမီးတွေ ဆုံးမပဲ့ပြင်ရာမှာလဲ ပြဒါးတစ်လမ်း သံတစ်လမ်းလိုပါပဲ သူတို့တွေဟာကလေးတွေကို အမှီအခိုကင်း ပြီး ကိုယ်ပိုင်တွေးခေါ်မှုကို ငယ်စဉ်အခါ ထဲကလေ့ကျင့်ပေးလေ့ ရှိပါတယ် အဲ့ဒါ ကျွန်တော်တို့နဲ့ မတူတဲ့ အဓိက ခြားနားချက်ပါ ကျွန်တော်တို့ဆီမှာတော့ ဆယ်တန်းအောင်ပြီး တက္ကသိုလ် ကောလိပ် တက်နေတာတောင် မျက်စိထဲမှာ ကလေးလို့မြင်နေကြတာပါ ဒါကြောင့် ဘွဲ့ရပြီးသည့်တိုင် မိဘအရိပ်မလွတ်ကင်းကြသူ အများအပြား ရှိနေကြတာပါ ဒါလဲ စာရေးသူ ကျွန်တော့အမြင်ပါ အမှားပါရင် ကျွန်တော့်ကို ခွင်လွတ်ကြပါ

ဆိုခဲ့တဲ့အတိုင်း ကလေးတွေကို ဆုံးမရာမှာ မရိုက်ဖို့ကို စာအုပ်တော်တော်များများမှာ ဖတ်ခဲ့ဖူပါတယ် အထူးသဖြင့် နုနယ်တဲ့ကလေးစိတ်ထဲကိုဒဏ်ရာဖြစ်စေပါတယ် ဒါပေမယ့် စာအုပ်ထဲကစာဟာဖတ်လို့ကောင်းပေမယ့်အတုယူလိုက်လံလုပ်ဆောင်ရာမှာ အရမ်းကိုခက်ခဲစေပါတယ် စာအုပ်ရေးသူရဲ့သဘောထားနဲ့စာဖတ်သူ မိမိတို့စိတ်နေစိတ်ထား တူဖို့ဆိုတာ logic သဘောတရားအရ ဖြစ်နိုင်ချေနည်းပါးလို့ပါ ကျွန်တော်လည်းကလေးတွေကိုမရိုက်မိဖို့ အတတ်နိုင်ဆုံး မိမိစိတ်ကို ထိန်းလို့ ဆုပေးဒဏ်ပေးစနစ် ကိုကျင့်သုံးခဲ့တာကြာပါပြီ ဒါပေမယ့်စိတ်အရမ်းရှုပ်နေချိန် ဒေါသထွက်နေချိန် အခန့်မသင့်ရင်ရိုက်မိခဲ့ပါတယ် မိမိရင်သွေးကိုဒေါသဖြစ်လို့ ရိုက်ခဲ့ပြီး သူငိုနေချိန်မှာ သနားနေတတ်တာ မိခင်ဖခင်တိုင်းဖြစ်နေကျအလေ့အထတစ်ခုပါ

ကျွန်တော်ရိုက်ခဲပါတယ် ရိုက်ပြီးရင် သနားတတ်ပေမယ့် ပြန်ချော့တဲ့အလေ့အထကို ကျွန်တော် မကျင့်သုံးပါဘူး ဘာဖြစ်လို့လဲတော့ ကလေးကို ရိုက်ပြီးပြန်ချော့ ရင်အဲ့ကလေးဟာ အမှတ်မရှိတဲ့အပြင်မိဘကို မကြောက်တော့ပါဘူး ကျွန်တော့်နည်းကတော့ ကလေးဆုံမရာမှာရိုက်တာကို အတတ်နိုင်ဆုံးရှောင်ပေမယ့် ရိုက်မိတဲ့တဲ့အခါ ပြန်မချော့ပါဘူး ရိုက်ပြီး ၁နာရီ ၂ နာရီ ထိသူတို့နဲ့ မနီးမဝေးမှာမျက်နှာကို တည်နေအောင်နေပြီးကိုယ်လုပ်စရာရှိတာသာလုပ်ပါတယ် သူ့တို့စိတ်ထဲမှာလဲ ငါ့အဖေက တော်ရုံမရိုက်ဘူး ငါတို့အပြစ်ကြီးလို့ ဒါမှမဟုတ် အဖေတော်တော် စိတ်ဆိုးနေလို့ဆိုတာသိနေပါတယ် နဲနဲ သူတို့ပုံမှန်ဖြစ်တဲ့အချိန်မှာ မျက်နှာတည်တည်နဲ့ပဲ သူတို့ကိုအနားခေါ်ပါတယ် ပြီးတော့ ဒေါသမပါတဲ့အသံ နဲ့ သမီး ခုနကလုပ်ရပ် ကမှန်လား မှားလား ဘာကြောင့်အရိုက်ခံရတာလဲ ဆိုတာကို သူတို့ကိုယ်တိုင်ကိုပြန်သုံးသပ်စေပါတယ် ပထမ အကြိမ်တွေမှာ ကျွန်တော့်စိတ်ကူးတည့်ရာအတွေးနဲ့လုပ်ခဲ့တာ ဖြစ်လို့အခက်အခဲ ရှိပေမယ့် ၃ကြိမ်မြောက်မှာ တော်တော် အဆင်ပြေခဲ့ပါတယ် သမီးရောသားရော ကျွန်တော်ခေါ်စရာမလိုပဲ အနားရောက်လာပြီး သူဘယ်နေရာမှားခဲ့လို့ပါဆိုတာ ပြန်ပြောလာနိင်တယ် ပြန်မပြောနိုင်ရင် ကျွန်တော်က ဘုရားစင်ရှေ့မှာ တရားထိုင် နည်းပြပြီး အနည်းဆုံး ၁ နာရီ မှ ၂နာရီ ထိုင်ခိုင်းလို့ပါပဲ အခုဆို ရိုက်စရာမလိုတော့ပါဘူး အမှားသိရင် အရိုက်ခံရမှာထက် အမှားကိုမသိရင် ပြန်မပြောနိုင်ရင် ပေးတဲ့အပြစ်ဒါဏ် ကိုကြောက် ကြလို့ပါပဲ😂😂😂 ဒါပေမယ့် ဘာသာရေးကို မကြောက်အောင် မပျင်းအောင် သင်ပေးပြီး အကျင့်လုပ်ခဲ့လို့ လိမ္မာရေး ခြားအရမ်းရှိပြီးထူး ခြားတိုးတက်လာခဲ့ပါတော့တယ် အဲ့လိုပြောလို့ ကလေးတွေ အရင်ထဲလိမ္မာမယ် မထင်လိုက်ပါနဲ့

သမီကြီး မည်သူ့ကိုမှ မကြောက်သလို ရိုက် လျင်မျက်ရည်မ ကျပါ သားလတ် မရိုက်ရသေးဘူး ငိုနေပါပြီ ပြီးရင် သူလုပ်ချင်ရာ သူလုပ်တတ်ပါသည် သမီးအငယ်ဆုံး အလိုလိုက်ခံရတော့ ပိုဆိုးပါသည် အမှတ် တော့ကြီးပါသည် အဲ့ဒါကဒီလိုပါ
တစ်ရက်သမီးအငယ်လေးနဲ့ city mark ကို shopping ထွက်ပါသည် အိမ်မှာလိုတာလေးတွေ ဝယ်ဖို့ပေါ့လေ သူအဲ့ဒီ့အချိန်က ချောင်းဆိုးနေပါတယ် ဈေးဝယ်နေတုန်း အကောင်းပါပဲ ပိုက်ဆံရှင်းရန် ကောင်တာသွားတော့မှ ကောင်တာဘေးက ရေခဲမုန့် ရေခဲချောင်းတွေ ထည့်ထားတဲ့ပုံးကို မြင်ပြီး ပူဆာပါတော့သည် ကိုရီးယားရေခဲချောင်းဆိုလားပဲ သူပဲပြောတတ်တယ် ချော့မရ ခြောက်မရ ချောင်းဆိုးနေလို့နောက်မှ ဝယ်ကျွေးပါ့မယ် ဆိုလဲမရ ကောင်တာက casher ကောင်မလေးတွေ ပြုံးစိစိ ဖြစ်ကုန်ပြီ ဈျေးဝယ်သူနဲနေတဲ့အချိန်ဆိုတော့ ပိုသိသာပါသည် ကျွန်တော်သမီးကို တိုးတိုး မေးပါတယ် ဖေဖေဝယ်ပေးမယ် သမီးအိမ်ရောက်ရင် ဝယ်ပေးတဲ့အတွက် ချက်ချင်းမစားရဘူး ဖေဖေစကား
နားမထောင်လို့ အပစ်ပေးရင် ခံမလားဆိုတော့ အေးဆေးပဲ Buy for me and then as you like ဆိုပဲ သူက အင်္ဂလိပ်ကျောင်းနေတော့ တစ်ခါတစ်လေ E လိုပြောတတ်ပါတယ်(သူပြောတဲ့အတိုင်း ရေးထားတာပါ) နောက်တော့ ဝယ်ပေးလိုက်ရတာပါပဲ ဈေးကလဲကြီးပါ့ရေခဲချောင်း ဘာမှမပါတာကို 1500 kks ဆိုတော့ ပိုစိတ်တိုသွားတယ် နှမြောတာပိုတယ်ဆိုရမလားပဲ
အိမ်ပြန်ရောက်တော့ သူဘာမှ မပြောပါဘူး သူအတွက်ဝယ်လာတဲ့ရေခဲ ချောင်းကိုကိုင်ပြီး ရေခဲသေတ္တာထဲ ပြေးထည့်တယ် ပြီးတော့ သူချောင်းဆိုးနေလို့ ချောင်းဆိုးပျောက်မှစားပါ့မယ်တဲ့ စိတ်တိုနဲနဲပြေသွားတယ် ဒါပေမယ့် သူ့ကိုအပစ်မပေးပဲထားလိုက်ရင် ဒီ့ထက်ဆိုးမှာကိုသိနေတယ်လေ အဲ့ဒီတော့သူ့ကိုအနားခေါ်ပြီး supermarket မှာ သမီးပြောတာမှတ်မိလား as you like ဆိုတာ
လေ လို့ပြောတော့ မျက်နှာငယ်နဲ့ ဟုတ်တဲ့ အာ့ဆို သမီးဖေဖေ့စကားနားမထောင်လို့အပြစ်ရှိလားမေးတော့ ရှိပါတယ်တဲ့ အဲ့ဒါဆို ဘုရားစင်ရှေ့မှာ ပန်ကာဖွင့်ထားတယ် သွားထိုင်ပါ မလှုပ်ပါနဲ့ လို့ပြောပြီး ၁ နာရီ ခွဲလောက် ထိုင်ခိုင်းလိုက်ပါတယ် အဲ့ဒီ့နေ့ကစလို့ သူတစ်ခုခုပူဆာရင် သမီး as you like ပဲလားဆို
သူမပူဆာတော့ပါဘူး ယနေ့ထိပါပဲ 😂😂😂😂
MyanmarSteemit Community မှ admin များ ညီအကိုမောင်နှမများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမကြပါစေ
image
Photo credit. .
image
အပိုင်း ၄ ဆက်ရေးပါမည် အမှားပါရင်ခွင် လွတ် ကြပါလို့
ကျေးဇူးတင်စွားဖြင့်...
ကိုယ်တိုင်ရေး မှတ်စု
@NandaMinKhant
(steemit Myanmar )

Sort:  

အခုလို မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အစ်ကို ရေးထားတဲ့ စာတွေ တချိန်ကြရင် အစ်ကို့ ကလေး တွေ ပြန်ဖတ်ရပါလိမ့်မယ်။ ကျွှန်တော် ဖတ်ဘူးတဲ့ ဆရာပါရဂူ ရေးထားတဲ့ ကလေးသူငယ် ပြုစုပျိုထောင်ရေး ဆိုတဲ့ စာအုပ်လေး အရမ်းကောင်းတယ်။

ဆရာပါရဂူလို လူပျိုကြီး တယောက်က မွေးကင်းစခလေးကနေ လူပျိုပေါက်အရွယ်ထိ ခလေး တွေကို ဘယ်လို ထိန်းကျောင်းရမယ်ဆို တာ ရေးထားတော့ အံ့သြမိသေးတယ်။ ကျေးဇူးပါအစ်ကို ။

ဟီး အကို့ လို လူပျိုကြီး တွေကပိုသိတယ်နော်
ခင်လို့နောက်တာ စိတ်ဆိုးနဲ့😂😂😂

ကိုခန့်ရေ အရမ်းကောင်းတယ် နော်တို့အတွက်တော့ အတုယူရမယ်ဟာတွေလည်းများတယ် …ဆက်ရေးပါအုံးအကိုရေ ကျေးဇူးနော်

ကျေးဇူးပါအကို အကို့လို စာရေးကောင်းချင်တာ☺

ကိုခန့်က ဖြစ်အောင်ကြိုးစားနိုင်ပါတယ်ဗျာ…

နည်းစနစ်လေးတွေအင်တန်ကောင်းသလို စာရေးတာလည်းကောင်းပါ့ဗျာ

ကျေးဇူးပါ အကို ကျွန်တော် သိပ်မရေးတတ်သေးပါဘူး အကိုတို့ဆီက အတုယူတာတွေပါပါတယ် စာရေးပျင်းတဲ့ကျွန်တော် ကိုဆွဲခေါ်ခဲ့တဲ့အကိုတို့ကိုအထူး
ကျေးဇူးပါ

ဟုတ်တယ်ကျနော်သိတယ် ကိုခန့်စာအရေးပျင်းခဲ့တာ ကျနော်တို့နဲ့အတူတူtrade များခဲ့လို့နေမှာ …😄😄

အဖေ ကောင်းတစ်ယောက်ပါ

ကျေးဇူးပါ sis ရေ ကျွန်တော် ကိုခုလိုအားပေးတာ
ကျွန်တော်ကြိုးစားနေ

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60185.13
ETH 3290.40
USDT 1.00
SBD 2.44