ကျွန်တော့်ဘဝအကြောင်း တစေ့တစောင်း အပိုင်း(၂)steemCreated with Sketch.

in #myanmar7 years ago (edited)

Steemit Myanmar မှ ညီအစ်ကိုမောင်နှမများ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလို့တောင်းဆုပြုလိုက်ပါတယ်
ကျွန်တော့် ဘဝမှာအမြဲမှတ်မိစေတဲ့အကြောင်းအရာလေး တစ်ခုကအဲ့ဒီနေ့မှာဖြစ်ခဲ့ပါတယ် သင်္ကြန်အကြိုနေ့မှာ ရေပက် ဖို့အဖေကအိမ်ရှေ့မှာ ရေပိုက်ဆင်ပေးနေတာပေါ့ အိမ်ရှေ့မှာအမေကကျွန်တော့ညီမွေးကာစပေါက်စလေးကို ကြမ်းပြင် မှာချလို့ချော့မြူနေပါတယ်အမေနဲ့ ညီလေးရဲ့ မနီး မဝေးမှာကျွန် တော် အရုပ်လေးတွေနဲ့ဆော့နေပါတယ် ခဏ ကြာတော့အမေ က ညီလေးကိုထားပြီး အိမ်နောက်ဖေးဖက် ဝင်သွားပါတယ်အဲ့အချိန်နဲ့မရှေးမနှောင်းမှာပဲအဖေကကျွန်တော့ကိုအိမ်ရှေ့မှာရေပိုက်ဆင်ပြီးလို့သားရေ ရေလာကစားလို့ ရပြီပြောလို့ ကျွန်တော် ဝမ်းသာအားရပြေးသွားပါတယ် ကျွန် တော်အိမ်ရှေ့ကိုကြညိ့ပြီးပြေးတာမို့ညီလေးကို သတိမထားမိ ပါဘူးဒါကြောင့် ကျွန်တော်မရည်ရွယ်ပဲ ညီလေးရဲ့ဝမ်းဗိုက် နေရာကိုတက်နင်းမိခဲ့ပါတယ်

ညီလေးရဲ့ငိုသံ ဟာကျွန်တော့် နားထဲကိုကျယ်လောင်စွာဝင်လာတာနဲ့အတူ အောင်မလေး သားလေးရေဘာဖြစ်တာလဲဆိုတဲ့အော်သံ နဲ့အတူ အမေပြေး လာပါတယ် ကျွန်တော် တဒင်္ဂ ကြောင်သွားပြီးရပ်ကြည့်နေ မိပါတယ် အဖေလဲ အလောတကောနဲ့တက်လာပြီးညီလေးကို ကြည့်ပြီးကျွန်တော့်ဘက်ကိုဒေါသထွက်နေတဲ့မျက်လုံးနဲ့ကြည့် လိုက်ပါတယ် အဲ့ဒီ့အကြည့် ကျွန်တော် အရမ်းကြောက်တဲ့ အကြည့်ကျွန်တော့ဘဝမှာ မမေ့နိုင်တဲ့အကြည့် ကျွန်တော် ကြောက်ပြီးသေးထွက်ကျလာပါတယ် နှုတ်ကလဲ ငိုဖို့ကိုဆွံ့အပြီးကြောက်ရွံ့သိမ်ငယ်စွားရပ်နေမိပါတယ်ကျွန်တော့်ညီရဲ့ချက်နေရာကသွေးတွေထွက်တာကိုမြင်နေရပါတယ် အမေက ချက်ချင်းသတိဝင်ပြီး ကျွန်တော့်ကိုပွေ့ဖက်ကာ သားဘယ်လိုဖြစ်တာလဲ တတွတ်တွတ်မေးနေပါတယ် ကျွန် တော့်နှုတ်က အမေ့ကို မတော်တဆ ဖြစ်တာပါလို့ပြောနေပေ မယ့် အသံမထွက်လာတော့ပါဘူး ကျွန်တော် အကြောက်လွန် ပြီး ကျွန်တော် အသံပျောက်သွားခဲ့ပါတယ် ကျွန်တော်ကံ ဆိုး ပြီပေါ့နော့်အသံမထွက်ရင်တသက်လုံး အ အ ဘဝနဲ့ နေရတော့မှာလေ

ကျွန်တော်ကံကောင်းခဲ့ပါတယ် တပတ်လောက်ကြာတော့အသံပြန်ထွက်လာပါတယ်ဒါပေမယ့် တစ်ပတ်တောင်နော် လုံးဝ အသံထွက်လို့မရတာ တွေကြကြပါအဲ့ဒီအချိန်ကျွန်တော့်ခံစားချက်တွေကို ဒီနေရာမှာကျွန်တော် ပြောချင်တဲ့ စာဖတ်သူများအတွက် ပထမသင်ခန်းစာကတော့ငယ်ရွယ်နုနယ်တဲ့ကလေးတစ်ယောက်ရဲ့ရင်ထဲကို အကြောက်တရားတွေထည့်ပေးတဲ့ ဆုံးမမှုမျိုးလုံးဝမလုပ်မိစေချင်တာပါကျွန်တော့်အဖေ့ကိုချစ်ပါတယ်အဖေကလဲ ကျွန်တော့ကိုချစ်ပါတယ် ဒါပေမယ့်ကျွန်တော့်အဖေကစိတ်အရမ်းထက်တော့ ထစ်ကနဲဆိုဘာမှမမြင်တတ်ပါဘူးပြီးသွားမှ စိတ်မကောင်းဖြစ်နေတဲ့လူစားမျိုးပါ တကယ်တော့မကောင်းပါဘူးအဲ့ဒီလျှပ်တပျက်အချိန်လေးကဘဝတစ်ခုလုံးကိုပြောင်းလဲပစ် စေနိုင်ပါတယ် သာဓက များစွာလဲ ရှိခဲ့ဖူးပါတယ်ပြောရမယ်ဆို ကျွန်တော်အဖေ့ကိုချစ်တာထက်ကြောက်တာကပိုနေပါတယ် အဲ့ဒါမကောင်းတာပါ ဘယ်အရာမှသာမန်ထက်ပိုရင် မကောင်းပါဘူး အကြောက်တရားရဲ့နောက်မှာအမုန်းတရားက ကပ်ပါလာတတ်ပါတယ်ကျွန်တော့်အမေဘာ သာရေးနဲ့သွန်သင်မှုအားကောင်းလွန်းလို့ ကျွန်တော်အသိတရားကပ်လို့ အဖေ့ကိုမမုန်းခဲ့မိတာပါ တော်သေးတယ်ညီလေးလဲဘာမှ မဖြစ်ခဲ့ပါဘူး ကျွန်တော် ၄ နှစ်သားတစ်ယောက်ရဲ့ကိုယ်အလေးချိန် ဘာမှ မရှိသေးလို့ထင်ပါတယ်ဒါပေမယ့်အခန့်မသင့်ရင်သေတတ်တယ်လို့ပြောတဲ့အမေ့စကားကြောင့်ယနေ့ချိန်အထိ ကျွန်တော် ခလုတ်တိုက်ဖို့တောင် ခဲယဉ်းအောင် သတိထားတတ်ခဲ့ ပါတယ်
ဒီလိုနဲ့ကျွန်တော်တို့မိသားစုရန်ကုန် ပြန်ရောက်ခဲ့ပါတယ် ကျွန်တော်လဲ သူငယ်တန်း တက်ရမယ် ဆိုတော့အမေတို့နဲ့ ခွဲရပြန်ပါတယ်အဖွားအိမ်ကနေပြီးကျောင်းတက်ပေါ့ သောကြာနေ့ညနေဆို အဖေကဆိုင်ကယ်နဲ့လာခေါ်ပါတယ် ကျွန်တော့်အဖေက ဆိုင်ကယ်အရမ်း ဝါသနာပါတယ် အဖေ့ဆိုင်ကယ် ရှေ့ကျွန်တော်ထိုင်စီးရမယ်ဆိုအရမ်းပျော်ပါတယ်အဖေအမေနဲ့တူတူအိပ်ရတော့မှာ တွေးရင်းနဲ့ပေါ့လေ ပြီးရင် မနက်တူတူအဖေနဲ့ လ္ဘက်ရည်ဆိုင်လိုက်ရတဲ့ အရသာကလဲအရမ်းကြိုက်ပေါ့ ဘာပြောကောင်းမလဲ အစားကြီးတော့ အဝစားပေါ့အဲ့ဒီ
မှာ လ္ဘက်ရည်ဆိုင်နဲ့ပတ်သတ်တဲ့ အမှတ်တရလေးငယ်စဉ်ကရှိနေခဲ့ပြန်တာပေါ့ ရီစရာလဲ အကောင်းသား ဖြစ်ပုံကဒီလို
တစ်နေ့အိပ်ယာနိုးတော့ အဖေနဲ့ လ္ဘက်ရည်ဆိုင်လိုက်လာတာပေါ့ လဘက်ရည်ဆိုင်ရောက်တော့ အဖေကသားဘာစားမလဲမေးတာပေါ့ ကျွန်တော်ငယ်ငယ်က နံပြားအရမ်းကြိုက်တာလေ အာ့ကြောင့်ပဲပြုတ်နဲ့နံပြားစားမယ်လို့ ပြန်ပြောတာပေါ့အဲပြောစရာကျန်သေးတယ် မေ့လို့ကျွန်တော် အဲ့အချိန်က ရှေ့သွားတွေကပိုးစားပြီးငုတ်စိလေးတွေပဲ ကျန်တော့တာပေါ့မကြာပါဘူး ပဲပြုတ်နဲ့နံပြား ရောက်လာပါတယ် ကျွန်တော်လဲအရမ်းကြိုက်တော့ အားရပါးရ. လွေးတော့တာပါပဲတဝက် လောက်ကျိုးတော့ ကျွန်တော့်အဖေက ကျွန်တော်မကုန်ဘူး
ထင်ပြီး နဲပြားတစ်ပိုင်းကို ချိုးစားပါတယ် လောဘကြီးတဲ့ကျွန်တော် ငိုပါလေရောဗျာ အဖေကဘာဖြစ်လို့လဲမေးတော့ ကျွန်တော် မဝဘူး လို့ပြန်ပြောတယ်လေ လက်ထဲမှာလဲစားလက်စနံပြားနဲ့ ပါးစပ်ကပလုတ်ပလောင်း နဲ့ငိုနေတဲ့ကျွန်တော့်ကိုအဖေကကြည့်ပြီး စိတ်ဆိုးသွားတယ်ထင်ပါတယ် သား မင်းကုန်လို့လား နောက်ထပ် တစ်ချပ်ထပ်ယူရင်ကုန်မှာလားလို့မေးတော့ ကုန်တယ် အများကြီးစားမှာလို့ ကလေးအတွေးနဲ့ဖြေ ခဲ့မိပါတယ် ကျွန်တော့်အဖေ စားပွဲထိုးကိုချက်ချင်း ခေါ်ပြီး နောက်ထပ်နံပြား ၂ချပ်ထပ်မှာပါတယ် နံပြားရောက်လာတော့ ကျွန်
တော့်ရှေ့တိုးပေးပြီး ကျွန်တော်အရမ်းကြောက်တဲ့ အကြည့်နဲ့ရော မင်းကုန်အောင်စား မကုန်ရင်တွေ့မယ် လို့ပြောပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကနံပြားဆိုတော့ တွေကြည့်လေ တော်တေကြီးသေးတယ် ဗျ ကျွန်တော်လဲ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ကုန်အောင်စားခဲ့ပါတယ် ဇွဲတော့မလျော့ဘူးဗျ စနေသားလေ သိတယ်မဟုတ်လား ဒါပေမယ့် အဲဒီကရလာတဲ့အကျိုးဆက်ကတော့နောက် နေ့မှာကျွန်တော့်သွားဖုံး တွေရောင်ကိုင်းလာပါတော့တယ်ပါစပ်ထဲမှာသွားဖုံးတွေ ရောင်ပြီး ဘာမှစားလို့မရတော့ဘူးအမေက ကျွန်တော့်ကိုကြည့်ပြီး ထိုင်ငိုနေတာ၅ နှစ်သားကျွန်တော့် တစ်သက်မမေ့နိုင်အောင် နုနယ်တဲ့နှလုံးသားမှာဒါဏ်ရာတစ်ခုထပ်ရခဲ့ပြန်ပါတယ် ဒီနေရာမှာစာဖတ်သူတို့ကို ကျွန်တော့်ဘဝနဲ့ရင်းပြီး ရတဲ့အတွေ့အကြုံအရကလေးတစ်ယောက်ကိုဘယ်တော့မှ အမိန့်ဆန်တဲ့ရက်စက်ခြင်းမျိုး နဲ့မဆုံးမမိစေမိဖို့ပါပဲ လက်ရှိကျွန်တော်ဖခင်နေရာရောက်နေပါပြီ ကျွန် တော့်သားသမီးတွေကို ပြောဆိုဆုံးမတဲ့နေရာမှာအမိန့်ဆန် စွာကျင့်သုံမှုကိုကျွန်တော်ရအောင်ရှောင်ပါတယ် လိုအပ် ရင် သာဓကဥပမာများစွာနဲ့ ရှင်းပြပါတယ်တစ်ခါတ လေစိတ်တို နေရင်ကလေးတွေကိုရိုက်ခဲ့မိပါတယ်ရိုက်တဲ့အလေ့အထဟာ မကောင်းမှန်းသိပေမယ့် အဲ့ဒီအပေါ်မှာအကျိုးရှိအောင် ကျွန် တော်အသုံးချခဲ့ပါတယ်အဲ့ဒီနည်းလေးစာဖတ်သူတို့ကိုပေးချင် ပါတယ်ကျွန်တော့်ဆရာBroKachinHenryတို့Myanmar steemit community Admin မှ လူပျိုကြီး တွေကြာခင် မိန်းမတွေရ ကလေးတွေမွေးတော့မှာမို့ပါ
(ခင်လို့နောက်တာပါနော် စိတ်မဆိုကြပါနဲ့ )
ကျွန်တော်ကတော့ သားသမီးတွေ အပေါ်မှာ ကျင့်သုံးတာအောင်မြင်ပါတယ်
အဲ့ဒီနည်းလေးကတော့ နောက်တစ်ပိုင်းကပြန်စပါ့မယ်နော်
အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမကြပါစေ
image
image
Photo credit. .
image
အပိုင်း ၃ဆက်ရေးပါမည် အချိန်လုပြီးရေးရလို့ အမှားပါရင်ခွင် လွတ် ကြပါလို့
ကျေးဇူးတင်စွားဖြင့်...
ကိုယ်တိုင်ရေး မှတ်စု
@NandaMinKhant
(steemit Myanmar )

Sort:  

ကျွန်တော်တို့ Myanmar Steemit Communityကြီး အောင်မြင်
ပြီးထာဝရ တည်တံ့ပါစေ ဗျာ ဦးဆောင်သူများအားလုံး ကိုကျေးဇူးအထူးတင်ပါတယ်

အမြဲ​မေးတာ
က​လေးတစ်​​ယောက်​ ပိုက်​ဆံ​ပြောက်​လို့ ရိုက်​တယ်​ဆို
ပိုက်​ဆံန​မျှောလို့လား
တ​နောက်​မ​ဖြစ်​​အောင်​လား
တ​နောက်​မဖြစ်​​အောင်​ဆိုရင်​ ရိုက်​စရာမလို တခြားနည်းရှိတယ
ပိုက်​ဆံနု​မျှောလို့ဆို ရိုက်​တာဆို မိဘ မဟုတ်​​တော့ဘူး
ပြန်​မျှ​ဝေတာပါ
good post

ဟုတ်တယ် bro နောက် အခန်းကျရင် အဲ့ဒါနဲ့ပတ်သတ်ပြီးရေးမှာပါ ခုလို
အချိန်ပေးဖတ်ပေးတာ ကျေးဇူးပါ မရိုက်ပဲနဲ့သူ့ ဦးနှောက်မှာ စွဲစေတဲ့နည်း

ကောင်းပါတယ်ဗျာ ဒေါသနဲ့မေတ္တာ ဒေါသ မထွက်နဲ့လို့အမိန့်ပေးလို့မရတာခက်ပီပေါ့ဗျာ

ကျေးဇူးပါ အကို တကယ့်ရင်တွင်း ခံစားချက် ဘဝဖြစ်စဉ် အမှန်တွေပါ

နောက်တစ်ပတ် မျော်

ကျေးဇူးပါ ခင်

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60771.43
ETH 3271.80
USDT 1.00
SBD 2.44