ကျွန်တော်နှင့် steemitsteemCreated with Sketch.

in #myanmar7 years ago (edited)

Myanmar Steemit Community မှ ညီအကိုမောင်နှမများ ၊ဆရာ ၊ဆရာမများနဲ့ steemit ကိုမြန်မာနိုင်ငံ မှာဖွံဖြိုးတိုးတက်ရေး၊ မြန်မာလူငယ်များ steemit platform မှနေ၍ဗဟုသုတ ၊ အသိပညာ တိုးတက်ဖွံ့ဖြိုးရေးအပင်ပန်းခံ ပြုစုပျိုးထောင်ပေးကြသော ပညာရှင်များအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နဲ့ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ဦးစွာပထမ
ပို့သအပ်ပါတယ်ခင်ဗျာ ။ ယခုလို အမြဲဆုတောင်းပေးနေခြင်းသည် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ တစ်ခုဖြစ်ပြီး ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ခြင်းက မင်္ဂလာတစ်ပါး မဟုတ်ပါလားခင်ဗျာ
image
အခုတလော ကျွန်တော့်မှာရောဂါတစ်ခု စွဲကပ်နေပါသည် ။ ရောဂါမှာ အခြေအနေတဖြည်းဖြည်း ပို၍ဆိုးလာသည်ဟု ထင်မိပါသည် ။ ရောဂါဟူသည် ဘယ်ရောဂါမှ မကောင်းဟု ဆိုသော်လည်း ယခုဖြစ်နေသော ရောဂါမှာ ကျွန်တော်ကိုယ်တိုင် ကျေကျေနပ်နပ် ခံယူထားသော ရောဂါတစ်ခုဖြစ်ပါသည် ။ ထိုရောဂါမှာ မနက်မိုးသောက် အလင်းရောက်သည်နှင့် မကြည့်ရလျှင် မနေနိုင်သော Steemit post များပင်ဖြစ်လေသည် ။ မိတ်ဆွေသူငယ်ချင်း ဆရာများ၏ post များအားvote ပေးခြင်း ၊ comment ရေးခြင်း ၊ကျွန်တော်တင်ထားသော post များ၏ရရှိသော SBD ၊ vote နှင့် အားပေးသော comment များကိုကြည့်၍ အရသာခံခြင်းမှာ ကျွန်တော်ကြိုက်သော ကော်ဖီခါးခါးတစ်ခွက်အလားပင် အရသာရှိလှပါသည် ။ ဟုတ်ပါသည် အမှန်တိုင်း ဝန်ခံရပါလျင် အရင်က စာရေးအလွန်ပျင်းခဲ့သလောက် ယခုမူတွဲ၍ခေါ်သော ညီအကိုများကြောင့် Steemit တွင်အချိန်လု၍ active ဖြစ်အောင်ရေးနိုင်ခဲ့ပါပြီ ။ ထို့အတူ ကျွန်တော်နှင့်လက်တွဲဖော် ညီအကိုမောင်နှမများ၏ post တွင်လည်း ပုံမှန် vote ပေးခြင်း ၊ comment ပေခြင်းများလုပ်တတ်ခဲ့ပါသည် ။ Steemit သည် အခြားသော social midea များနှင့်မတူညီ သောအချက်မှာ vote ပေးခံရသူရော vote ပေးသူပါ sbd များရရှိခြင်းပင်ဖြစ်ပါသည် ။
image
ဤအချက်သည် Steemit တည်ထွင်သူတို့၏ အလွန်ကောင်းသော အကြံဥာဏ်ပင်ဖြစ်ပါသည် ။ ထို့ ပြင် သူ၏အားသာချက်မှာ steem powerနှင့် reputation မြင့်မားလေ အခွင့်အရေး ပိုလေဖြစ်ပါသည် ။ ထိုမျှမကသေး steem power မှ steem dollar သို့ပြောင်းလဲနိုင်ခြင်း ပင်ဖြစ်ပါသည် ။ ထို့ပြင် Steemit ၏ သဘောသဘာဝကိုက ရေရှည်ရင်နှီး မြှုပ်နှံရမည့်သဘော ဖြစ်ပါသည် ။ ဇွဲမရှိသူများ ၊ ရေတိုသမားများနှင့် အဆင်မပြေပါ ။ အရေးအကြီးဆုံးသော အချက်မှာ Steemit တွင်အသိပညာ ၊ ဗဟုသုတ ၊ ပညာရှင်များ၏ Own creation များဖြစ်ပါက ပို၍အားပေးသောကြောင့်ဖြစ်ပါသည် ။ ထို့ကြောင့် နောင်အခါတွင် ပညာရှင်များစုဝေးရာ social midea နေရာတစ်ခု ဖြစ်လာပါသည် ။ ဤအချက်မှာ အသိပညာ ၊ ဗဟုသုတ ရယူလိုချင်သူများ အနေဖြင့် အလွန်အကျိုးရှိစေသော ဗဟုသုတဟင်းလေးအိုးကြီး သဖွယ်လိုချင်ရာကို tag နှိပ်၍ ရှာဖွေနိုင်ပါသည် ။
image
ယခုအခါ နိုင်ငံတော်တော် များများတွင် Steemit ကို community အနေဖြင့် အောင်မြင်နေကြပြီဖြစ်သည် ။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း အကို @kachinhenry မှဦးဆောင်၍ လွန်ခဲ့သော အချိန်အနည်းငယ်ခန့်မှစတင်၍ အင်တိုက်အားတိုက်ဖြင့်ကြိုးစား ကြပါသည် ။ သူ၏ကြိုးစားမှုကြောင့် ယခုအခါ အလွန်စည်းလုံးညီညွတ်သော အဖွဲ့အစည်းတစ်ခု အဖြစ်မြင်နေရပြီဖြစ်ပါသည် ။ ဒီနေရာမှာ admin များ၏ ကျေးဇူးကိုလည်း ထားခဲ့၍မရပါ ။ admin များမှ မိမိတို့ ကျရာနေရာမှ မအားလပ်သည့်ကြားမှ ကျွန်တော်တို့ မလုပ်နိုင်သည့်အရာများ ၊ မလုပ်အားသည်များကို supporting ပေးနေကြခြင်းဖြစ်ပါသည် ။ တကယ့်ကိုလေးစား၍ ရေးရခြင်းဖြစ်ပါသည် ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှ community အနေဖြင့် စည်းကမ်းတင်းကျပ်စွာ လုပ်ဆောင်နေပါသည် ။ မည်သည့် အကြောင်းအရာ ၊ သတင်း ၊ အသိပညာ မှန်သမျှ ကူးယူဖော်ပြ ခွင့်မရှိပါ ။ ထိုသို့ကူးယူဖော်ပြ ခြင်းကိုလည်း တားမြစ်ထားသည့်အပြင် သိရှိပါကလည်း Tag တွင် မြန်မာ ကိုဖြုတ်ခိုင်းခြင်းဖြင့်၎င်း ၊ သတိပေးသည့်အနေဖြင့် comment တွင်ရေးသားခြင်းဖြင့်၎င်း ပြုလုပ်ပါသည် ။ ကျွန်တော်သည် လည်းအစပိုင်း post များတွင် copy တင်ခြင်းဖြင့် အလွယ်လမ်းကို လိုက်ခဲ့မိဖူးပါသည် ။ အကျိုးရလာဒ်ကား sbd ရရှိသင့်သလောက်မရရှိခြင်းဖြစ်ပါသည် ။ ထို့ပြင်မိမိ ဖန်တီးထားသည် မဟုတ်ပဲ credit မပေးပဲတင်ခဲ့မိဖူးပါသည် ။ မရည်ရွယ်ခဲ့ပေမယ့် အများအမြင်မှာ မိမိပဲဖန်တီးထားသယောင် ဖြစ်စေသဖြင့် ယခုတွေးကြည့်မှ ရှက်စရာအတိပင် ဖြစ်ပါသည် ။

ယခုဆိုလျှင် ကျွန်တော်သည် Facebook ကိုယခင်ကာလ အချိန်များကလောက် မသုံးဖြစ်တော့ပါ ။ Steemit ပေါ်တွင်သာ အကျိုးပြုဆောင်းပါးများ ရေးနိုင်ရေးအတွက် ကြိုးစားနေသကဲ့သို့ သင်ယူ၍လည်းနေပါသည် ။ ဆရာတင်လှိုင်ဦး၏ ဝေဖန်အကြံပြုချက် အတိုင်းလည်း မြန်မာစာ စာလုံးပေါင်းသတ်ပုံ ကိုအထူးဂရုစိုက် ၍ရေးသားနေခဲ့မိပါသည် ။ မြန်မာလူမျိုး ဖြစ်သည့်အလျောက် မိမိစာပေနှင့် ယဉ်ကျေးမှုကို အလေးထားရပါမည် ။ ကျွန်တော်တို့ မြန်မာလူမျိုးများ၏ မြန်မာစာပေသည် ကမ္ဘာ့အဆင့်တွင် စာပေအဆင့်အတန်း နိမ်ကျခြင်းမရှိပါ ။ ၎င်းအကြောင်းကို The reader chennel တွင်စာရေးဆရာမကြီးတစ်ဦး ရှင်းပြသည်ကိုနားထောင်ခဲ့ရပါသည် ။ ထိုအခါ ယခင်က စာရေးရာတွင် ပေါပေါ့တန်တန် သဘောထားခဲ့မိသည်မှာ မှားကြောင်းကိုသိခဲ့ရပါသည် ။ မြန်မာစာပေတွင် စာလုံးပေါင်းသတ်ပုံ အရေးကြီးသကဲ့သို့ ဝါကျအထားအသိုမှာ လည်းလွန်စွာအရေးကြီးလှပါသည် ။ အပြောမတတ်တော့ ဆဲသလို ဟုဆိုရိုးစကားရှိသည့်အတိုင်း အရေးမတတ်ပါကလည်း ရှက်စရာဖြစ်ရပေမည် ။

ကျွန်တော် သူငယ်ချင်းတစ်ယောက် စာရေးရာတွင် ရီစရာအဖြစ်ကလေးကြုံဖူးပါသည် ။ သူရေးထားသည်မှာ ဒီမိုကရေစီ အကြောင်းအမှတ်တရများဟုရေးရမည်ကို" ဒီမိုးက ရေစီးအကြောင်း အမှတ်တရများ " ဟုရေးသားထားလေသည် ။ ဖြစ်ချင်တော့ခေါင်းစဉ်ဖြစ်နေသဖြင့် ပြန်စစ်ရာတွင် တန်းတွေ့ပါတော့သည် ။ တကယ်တန်း ရီစရာအဖြစ်ဟုမြင်သော်လည်း စာကြောင်းနှစ်ကြောင်း အဓိပ္ပါယ်သည် လုံးဝခြားနားသွားသည်ကို သတိပြုသင့်ပေသည် ။ ထို့ကြောင့် မြန်မာစာတွင် စာလုံးပေါင်းသတ်ပုံသည်လည်း အရေးကြီးပါသည် ။ ဆရာတင်လှိုင်ဦး ပြောမှထိုအကြောင်းအရာလေးကို သတိရမိပြီး သတ်ပုံကို အထူးပင်ဂရုစိုက်တတ်လာခဲ့ပါသည် ။ ထို့ပြင် ပုဒ်ကလေး ၊ ပုဒ်မ ကိုလည်းနေရာတကျထားသိုတတ်ရန် အကြံပြုပေးခဲ့ပြန်ပါသည် ။ ထို့ကြောင့် ဆရာ @Tinhlaingoo အား အထူးပင်ကျေးဇူးတင်မိပါသည် ။ အဘယ့်ကြောင့်ဆိုသော် ဖြစ်သလို ရေးနေသော အကျင့်ပျောက်သွားခဲ့သည့် အပြင်စာတစ်ပုဒ်ပြီးတိုင်း ဂရုတစိုက် ပြန်စစ်တတ်သော အလေ့အကျင့်ရခဲ့သောကြောင့် ဖြစ်ပါသည် ။ အချုပ်အားဖြင့်ဆိုရသော် Steemit သည်ကျွန်တော့်ကို ပြုပြင်ပေးသော အချက်များစွာရှိခဲ့ပါသည် ။ ထိုအချက်များထဲမှ အရာရာကိုဇွဲမလျှော့ပဲ ဖြစ်ရမည်ဟူသော စိတ်ကိုအကြိုက်ဆုံးဖြစ်ခဲ့ပါသည် ။ ထို့ကြောင့် အချိန်တော်တော် များများထိ ကျွန်တော် Steemit ပေါ်တွင်ရပ်တည် နိုင်အောင်ကြိုးစားပါမည် ။ ကျွန်တော့ကို မိတ်ဆက်ပေးသော ဆရာများ ၊ တွဲခေါ်ပေးသော ဆရာများ ၊ ပြုပြင်ပေးသောဆရာ များ အားလုံးကို စိတ်မပျက်စေရပါဟု ပြေကြားရင် ယခုရေးသော ဆောင်းပါးဖြင့်အသိပေးအပ်ပါသည် ။ တစ်ခု ကျန်ခဲ့လို့ ထပ်ဖြည့်ပါရစေခင်ဗျာ ။ ကျွန်တော်တို့ myanmar steemit community ကိုကူညီပြီး vote promotion ပေးနေကြသော curies များအားလုံးကိုလဲ အထူးပဲကျေးဇူးတင်ကြောင်း ပြောကြားပါရစေခင်ဗျာ ။*** Thanks you for your supporting my lovely curies***
ကိုယ်တိုင်ရေးဖြစ်သောကြောင့်အမှားအယွင်းများပါပါက ခွင့်လွတ်ကြပါရန်နှင့် မိမိထက်တော်သောဆရာ များ၏ဆုံးမမှုကို အစဉ်နာယူ၊အစဉ်လေးစားလျက်
Written by @Nandaminkhant
Steemit Myanmar

Sort:  

thanks for your sharing,bro!

ကျေးဇူးပါ အကို ။ အကိုတို့လို ပညာရှင်တွေရဲ့ vote ထက် comment ကိုပိုမျှော်လင့်ပါတယ် ။ အမြဲ ဝေဖန်ပေးပါ bro

ဆရာအပေါ်မှာ ရေးခဲ့ သလိုဘဲ ကျွှန်တော် ငယ်ငယ်က ရည်းစားစာသွားပေးတာ ကျွှန်တော်အမရဲ့ချစ်ခြင်းမေတ္တာကို အရမ်း လိုချင်မိပါတယ်လို့ ရေးတာ အနောက်က လိုချင်မိပါတယ် မှာ ဝစ္စပေါက်တစ်လုံးပိုသွား တာ ဟီး အသတ်ခံရတော့မလိုဖြစ်သွားဖူးတယ်

ဟီးနောက်တယ် နော် bro တွေးကြည့်တာ အသည်းယား

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60185.13
ETH 3290.40
USDT 1.00
SBD 2.44