ကျွန်တော့်ဘဝအကြာင်းတစေ့တစောင်း@အပိုင်း (၅)steemCreated with Sketch.

in #myanmar7 years ago (edited)

Myanmar Steemit Community မှ ညီအကိုမောင်နှမ နှင့် ဆရာများအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်ကြပါစေလို့ တောင်းဆုပြုလိုက်ရပါတယ်
အရင်အပိုင်း (၄)မှာတော့ကျွန်တော့ ဘဝအတွေ့အကြုံကိုအခြေခံ မိသားစုပြိုကွဲခဲ့တဲ့အကြောင်း တင်ပြခဲ့ပါတယ် ။ကျန်တော်ကြုံတွေ့နေရတဲ့ လက်တွေ့ဘဝကို အခြေခံလို့ရေးသား နိုင်ခဲ့တာမို့ တန်ဖိုးထားပျော် ရွင်မိပါတယ် image
ကျွန်တော်ငယ်စဉ်က သူငယ်တန်းမှ တတိယတန်းအထိ ကျူရှင်ဆိုတာ ဘာမှန်းမသိခဲ့ပါဘူး စာလဲအလွန်ပင် ညံ့ခဲ့ကြောင်း ဝန်ခံပါရစေ စတုတ္ထတန်း ရောက်ချိန်မှာ အစိုးရစစ်နဲ့တိုးပါပြီ ကျွန်တော် နေတဲ့ကျောင်းဟာ အသင်အပြကောင်းတဲ့ နေရာမှာနာမည်ကြီး တဲ့ရန်ကင်း TTC ကျောင်းပါ ဒါပေမယ့် စာညံ့တဲ့ကျွန်တော် အစိုးရစစ်ကို အောင်ဖို့ ကျူရှင်ယူဖို့အဒေါ်ကအမေ့ ကိုပြောပါတယ် အဖေနဲ့အမေ ကွဲနေကြတဲ့ အချိန်စီးပွားရေး မလုပ်တတ်တဲ့အချိန် ဖြစ်တာမို့ကျပ်တည်းမှု တွေနဲ့ရင်ဆိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်
အမေ့ကိုသနားတာနဲ့ ကျွန်တော့်ကျူရှင်စရိတ်ကို မိမိဘာသာရှာဖို့ဆုံးဖြတ်ခဲ့ပါတယ် ဘာလုပ်ရမှန်းတော့မသိသေးပါဘူး ၁၉၈၈ အရေးအခင်းမတိုင်ခင်ကာလဖြစ်လို့ ညစဉ်ဆိုသလို မီးပြတ်တာတွေ ရှိခဲ့ပါတယ် အဲ့ဒါကိုအခွင့်ကောင်း ယူ ပြီးပိုက်ဆံရှာဖို့ နည်းလမ်းတွေ့ခဲ့ပါတယ် အဲ့ဒါကတော့ ည ၇ နာရီနဲ့ ၉ နာရီကြာူးထဲ မှာဖယောင်းတိုင်ရောင်းခဲ့ပါတယ် လွယ်အိတ်ကလေးလွယ် မီးပျက်ချိန်ထွက်လို့ အနီးအနားက ရပ်ကွက်တွေလှည့်လို့ ဖယောင်းတိုင်ရောင်း ခဲ့ပါတယ်
မီးပြန်လာတဲ့အချိန် ဖယောင်းတိုင်ထုပ်လေး အိပ်ထဲပြန်ထည့်လို့ ကျူရှင်ကပြန်လာတဲ့ပုံစံနဲ့ အိမ်ပြန်ခဲ့ပါတယ် အဲ့ဒီအချိန်ကာလက အမှတ်ရမိတာလေးတစ်ခုတင်ပြချင်ပါတယ် တစ်ရက် ကျွန်တော်မီးပျက်ချိန် ဖယောင်းတိုင်ရောင်းဖို့ အိမ်မှထွက်ခဲ့ပါတယ် ရောင်းတာကြာတော့ ဖောက်သည်တွေလဲရနေပါပြီ အဲ့သည့်နေ့က ကျွန်တော် မရောက်သေးတဲ့လမ်းကို ဖယောင်းတိုင်လှည့်ရောင်းပါတယ်
အဲ့ဒီ့အချိန်မှာ အိမ်တစ်အိမ်က ဖယောင်းတိုင်ဝယ်ဖို့ ခေါ်ပါတယ် အိမ်ကသာမာန်သစ်သားအိမ်ပါပဲ အဲ့ဒီအချိန်က ရပ်ကွက်ထဲမှာ တိုက်ဆိုတာ ရှားပါသေးတယ်
အိမ်ပေါ်မရောက်ခင် သစ်သားကပျဉ် တစ်ခုရှိတာမို့ အိမ်ပေါ်မတက်ပဲသစ်သား
ကပျဉ်မှာသာရပ်နေလိုက်ပါတယ် အိမ်ထဲကိုလှမ်ကြည့်တော့ ကျွန်တော်နဲ့ရွယ်တူကောင်လေးတစ်ယောက်နဲ့ ကျွန်တော့ထက်ငယ်တဲ့ကောင်မလေးတစ်ယောက်က ပက်လက်ကုလားထိုင်မှာထိုင်နေတဲ့ သူ့တို့အဖေရဲ့ဘေးတစ်ဖက်တစ်ချက် မှာထိုင်လို့ ကျွန်တော့်ကိုလှမ်းကြည့် နေပါတယ် သူ့တို့အမေဖြစ်ဟန်တူသူက ဖယောင်းတိုင်ဝယ်ပါတယ် အဲ့ဒီအချိန်မှာ သူတို့အမေက သားနဲ့သမီး ဒီမှာကြည့်စမ်း ကလေးလေးလိမ္မာလိုက်တာ ငယ်ငယ်လေးနဲ့ပိုက်ဆံရှာနေတယ် သားတို့သမီးတို့ကတော့ ပိုက်ဆံတန်ဖိုးနားမလည်ဘူး အဖေနဲ့အမေကုန်ဖို့ပဲအမြဲပူဆာနေတယ် အတုယူထားတွေ့လားတဲ့ ကျွန်တော်စိတ်ထဲ ဘယ်လိုဖြစ်သွားမှန်း မသိပါဘူး ဝမ်းနည်းတာလား အားငယ်တာလား ရှက်ရွံ့သိမ်ငယ်တာလား လားပေါင်းများစွာနဲ့ မျက်ရည်ဝဲမိပါတယ် သေချာတာကတော့ သူတို့လိုအဖေစုံအမေစုံ နဲ့နေချင်မိတာတစ်ခုပါပဲ ဒါ့ကြောင့်အဲ့ဒီ အိမ်ပုံစံ အဲ့ဒီ့အချိန် သူတို့မိသားစုတွေကို အခုထိမှတ်မိနေခဲ့ပါတယ်
ဝဋ်ကြွေးဆိုတာ ရှိရင်ကျေအောင်ဆပ်ရတယ်လို့ ဗုဒ္ဓဘာသာမှာ အယူရှိပါတယ်
ကျွန်တော် အတိတ်ဘဝက ဘာလုပ်ခဲ့မှန်းမသိလို့ ဒီဘဝမှာ မိစုံဖစုံနဲ့ နေချင်ပါသော်လည်းမနေခဲ့ရပါဘူး ကျွန်တော့်မိခင် ကိုအရမ်းချစ်ပါတယ် ထို့အတူ အဖေ့ကိုလဲအရမ်းချစ်ပါတယ် ကျွန်တော်အသက် ၄၀ နားနီးလာပါပြီ အဖေနဲ့အမေ့ရဲ့အလယ်မှာနေလို့ အိပ်ချင်သေးလားမေးရင် ယနေ့တိုင် အဖြစ်ချင်ဆုံး ဆန္ဒထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ် ဘာလို့လဲ မမေးပါနဲ့ မိဘမေတ္တာကို အစုံလိုက်ခံစားချင်လို့ပါ နားရှုပ်သွားလားမသိဘူး ဟုတ်တယ် မိစုံဖစုံ မနေခဲ့ရတဲ့ အရိပ်မဲ
ကြီးက ယနေ့တိုင်ကျွန်တော့်ကို ဆိုဒ်ကို ဖြစ်စေခဲ့လို့ပါပဲ ကျွန်တော့်အကြောင်းတွေကို ယခုလိုရင်ဖွင့်ခွင့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး တွေးကြည့်မိတိုင်းလဲ ရင်ထဲမှာ မွန်းကြပ်စွားခံစားခဲ့ရပါတယ် ယခု steemit Myanmar ရဲ့ကျေးဇူးကြောင့် ရင်ဖွင့်ခွင့်ရခဲ့သလို စိတ်ထဲမွန်ကြပ်တာလဲ
အထိုက်အလျောက် ပြေခဲ့ပါပြီ steemit နဲ့မိတ်ဆက်ပေးတဲ့ ကိုဥာဏ်လင်းတို့ ကိုဟင်နရီတို့ အထူးပဲကျေးဇူးတင်မိပါတယ်
ဒီလိုနဲ့ကျွန်တော်တို့မိသားစုဟာ အဆင်မပြေတဲ့ဘဝကိုရုန်းကန် ရင်းနဲ့ကျွန်တော့အမေဟာ နောက်အိမ်ထောင်ပြုခဲ့ပါတော့တယ် ဟုတ်ကဲ့ အဖေလားပိုပြီးစိန်ဆိုးပြီး မထောက်ပံ့တဲ့အပြင် သူလည်းနောက်အိမ်ထောင်ပြုသွားခဲ့ပါတယ်
တစ်ခါတလေမှာ ဘဝတွေဟာ ရုပ်ရှင်ဆန်တယ်ဆိုတာ အမှန်ပါပဲဗျာ ကံကောင်းလာတဲ့အချက်က ကျွန်တော်နဲ့ ကျွန်တော့်ညီလေးဟာ ဖခင်မေတ္တာပေးနိုင်တဲ့ ဒုတိယအဖေနဲ့ထပ်တွေ့ခဲ့ရပါတယ် (ကျွန်တော် ပထွေးလို့မသုံးပါရစေနဲ့ခင်ဗျာ) အဖေလို့ပဲခေါ်ပါရစေ အရေးအခင်းကြောင့် ကျွန်တော်တို့တွေကျောင်းတစ်နှစ် နားခဲ့ရပါတယ် အရေးအခင်းကြီးကြောင့် ကျွန်တော် ၄ တန်းကို ၂ခါပြန်တက်ခဲ့ရပါတယ် ဒါပေမယ့် ကျွန်တော့်မိသားစု ချောင်လည်စပြုလာသလို နာကျည်းချက်နဲ့ မခံချင်စိတ်နဲ့ကြိုးစား ခဲ့တဲ့ ကျွန်တော်စာတော်တဲ့အထဲပါလာ ခဲ့ပါတယ် ပဉ္စမတန်းမှာ ( C) ခန်းမှနေ၍ အမှတ်နဲ့ခွဲပြီး ( B) ခန်းသို့ရောက် ထိုမှတဆင့်
သတ္တမတန်းမှာ ကျွန်တော်အလွန်နေချင်သော (A) ခန်းသို့ရောက်လာပါတော့တယ် ဟုတ်ကဲ့ (A) ခန်းရဖို့ဆိုတာ တော်တော်မလွယ်ခဲ့ပါဘူး အရမ်းလည်းကြိုးစာယခဲ့ရပါတယ် အမေ့ကတော့ ကျွန်တော်စာတော်လာလို့ ပျော်နေပေမယ့် ကျွန်တော့်အဖေကတော့ သာမာန်ထက်မပိုခဲ့ပါဘူး
ကျွန်တော်အဌမတန်းရောက်တဲ့နှစ်မှာ အစိုးရစစ်မလုပ်ဖြစ်တော့ပဲ ကျောင်းစစ်တွေပဲဖြစ်ခဲ့ရပြန်တယ် ဒီနေရာမှာ ကျွန်တော်ပြောချင်တာ ကျွန်တော်တို့ဟာ
စမ်းသပ်ခံ ပညာရေးစနစ်ရဲ့ သားကောင်တွေဖြစ်ခဲ့ရတာပါ သူတို့ကကိုအပစ်မပြောလိုပေမယ့် ခံစားခဲ့ရတဲ့ကိုယ့်ကိုကိုယ်သာ သနားနေမိခဲ့ပါတယ်
ကျွန်တော် (၈ )တန်းမှာ ၂ဘာသာ ဂုဏ်ထူးပဲ ရခဲ့ပါတယ် ကျွန်တော်ကတော့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ် All (D) မှန်းပေမယ့် မရခဲ့တာတော့ကျွန်တော့်ကံပေါ့လေ ဒါပေမယ့်ကျွန်တော် ပျော်ပါတယ် ဘာလို့လဲဆိုတော့ အမေကကျွန်တော်လိုချင်တဲ့ ကျောပိုးအိပ်လေး ဆုချခဲ့ပါတယ် အမေကတော့ ဆုပေးပြီးပြီ
အဖေ့ကိုပြောဦးမှ ဆိုပြီးကျွန်တော့အဖေကို အားရဝမ်းသာဖုန်းဆက် ခဲ့ပါတယ်
အဖေကသားဘာလိုချင်လဲ အဖေဝယ်ပေးမယ်တဲ့ ပျော်လိုက်တာဗျာ ကျွန်တော့အဖေကစီးပွားရေး ကောင်းနေတော့ကျွန်တော်လဲ အရမ်းလိုချင်နေတဲ့ နေတဲ့အရာဖြစ်တဲ့ စက်ဘီးကိုတောင်းဆိုခဲ့ပါတယ် အဖေကတော့ စိတ်ချရစေရမယ်တဲ့ ကျွန်တော်အရမ်လိုချင်တာ အဲ့ဒီအချိန်က နာမည်အရမ်ကြီးတဲ့ ဖီးဆင့်စက်ဘီးနော်လို့သေချာ ပြောခဲ့ပါသေးတယ်
နောက်တစ်ပတ်လောက်ကြာတော့ အဖေဖုန်းဆက်လာပါတယ် သားရေစက်ဘီးရ ပြီ လာယူတော့တဲ့ ကျွန်တော်အဲ့ဒီ့ညက အိပ်လို့တောင်မပျော်ခဲ့ပါဘူးဗျာ
မနက်ဖြန်စက်ဘီးရတော့ မှာကိုတွေးပြီးပျော်နေတာလေ ကျွန်တော်နေတာ ဗဟန်း အဖေနေတာ ပုဇွန်တောင်ဆိုတော့ သိပ်မဝေးဘူးလေ မနက်ရောက်တော့ ကျွန်တော်စောစောထ လို့မနက်စာတောင်မစားပဲ အဖေ့ဆီအပြေးလာခဲ့မိပါတယ် အဖေ့အိမ်ရောက်တော့ အဖေအိပ်နေသေးတာနဲ့ အဖေ့နောက်မိန်းမက ခနစောင့်ပါဆိုလို့ စောင့်ရပါသေးတယ် စက်ဘီးတွေ့လိုတွေ့ငြား ရှာပေမယ့်မတွေ့ပါဘူး တော်တော်ကြာမှ အဖေနိုးလာပြီး ဟာသားရောက်နေတာ တယ်စောပါလား ကြာပြီလားကွတဲ့ ဟုတ်ကဲ့တစ်ခွန်းသာက ပြန်ပြောဖြစ်ပါတယ်
ကျွန်တော်အဖေ့ကိုတွေ့ရင် စကားအများကြီးမပြောရဲပါဘူး အဲ့လောက်ကို ကြောက်ပါတယ် အဖေကမျက်နှာသစ် ပြီးလဘက်ရည်ဆိုင်ခေါ်သွားပါတယ်
သားရေစက်ဘီးကတော့ ဝယ်ပြီးပြီအဖေမအားတာနဲ့ မင်းအမေကိုပဲဝယ်ခိုင်း လိုက်တယ်ကွာတဲ့ အခုဂိုထောင်ထဲမှာ အဖေ့ကားဘေးမှာရှိတယ် သားဘယ်လိုယူသွားမလဲတဲ့ စီးသွားမှာပေါ့လို့ပြောတော့ အော်အေးတဲ့ အဲ့တစ်ခွန်းသာပြောလို့ စိုးရိမ်စကားတစ်ခွန်း မှမပြောခဲ့ပါဘူး
လဘက်ရည်သောက်တာအရမ်ကြာသလိုပဲ ကျွန်တော်ကစက်ဘီးကြည့်ချင်နေပြီလေ သောက်ပြီးပြန်လာကြတော့ အပြေးတစ်ပိုင်းဖြစ်နေတဲ့ ကျွန်တော့်ကိုအဖေက ဖြေးဖြေးသွားပါကွာ စက်ဘီးမရခင်ခလုတ်တိုက်ပြီး သွားကျိုးနေပါဦးမယ်တဲ့ အိမ်ပြန်ရောက်တာနဲ့ အဖေကားထားတဲ့ဂိုထောင်ထဲ ကျွန်တော်အပြေးဝင်သွားမိပါတယ် ကျွန်တော်မြင်လိုက်ရတာကတော့ ကျွန်တော်ထင်သလို ဖီးဆင့်စက်ဘီးအသစ် မဟုတ်ပဲ China made စက်ဘီးဟောင်း တစ်စီးသာဖြစ်ပါတယ် ဆေးရောင်လဲတော်တော်လွင့်နေတဲ့ အပြင်အရောင်ကလဲ ခရမ်းရောင်ဆိုတော့် ကျွန်တော်ငိုချင်မိသွားပါတယ် ရပ်ကွက်ထဲက ကျွန်တော့်သူငယ်ချင်းတွေကို စက်ဘီးအသစ်ရတော့မယ်လို့ ကြွားခဲ့တာကို ငိုချင်တဲ့စိန်ကိုထိန်းကာ
မထူးပါဘူး ရတာယူပြီးပြန်မယ်ဆိုတော့ အဖေက သားဖြေးဖြေးစီးနော် ဘရိတ်သိပ်မမိဘူးတဲ့ ကျွန်တော်စိတ်လေစွာနဲ့ပဲ ဘရိတ်မမိတဲ့စက်ဘီးကို ပုဇွန်တောင်ကနေ ဗဟန်းဂွတ္တလစ်ထိဖြစ်ချင်ရာဖြစ် စီးလာခဲ့ပါတော့တယ်
ကျွန်တော် ယနေ့အချိန်မှာကလေး ၃ယောက်ရခဲ့ပါပြီ သမီးကြီး ၆တန်းကိုခုထိ
အပြင်တစ်ယောက်ထဲ လွတ်ဖို့လုံးဝစိတ်မချပါဘူး သားလတ် ၄တန်းကိုလဲ အပြင်တစ်ယောက်ထဲ လုံးဝ မလွတ်ပါဘူး တစ်ခုခုဖြစ်ရင် ကျွန်တော်ရင်ကျိုးရမှာလေ....ကျွန်တော်ဆက်ရေးဖို့အင်အား မရှိတော့လို့ဒီလောက်နဲ့ပဲ ရပ်ပါရစေခင်ဗျာ....
Steemit Myanmar မှ ညီအကိုမောင်နှမများအားလုံး ချမ်းသာထီပေါက်လို့ နိဗ္ဗာန်ရောက်နိုင်ကြပါစေခင်ဗျား Myanmar Steemit Community မှ adminများလဲ ပင်ပန်းရကျိုးနပ်ကြပါစေ ဗျာ
တကယ့် ဘဝ အတွေ့အကြုံဖြစ်ပြီး ကိုယ်တိုင်ရေးသား ခြင်းဖြစ်လို့ အမှားပါရင်ခွင့်လွတ်ကြဖို့တောင်းပန်ပါတယ်
Written by @Nandaminkhant
Myanmar Steemit

Sort:  

တကယ့်ကို ဇာတ်လမ်းတပုဒ်လိုပါပဲ..အကို..

ဆက်မရေး နိုင်တော့ပါဘူး bro

လွတ်သွားတဲ့ အပိုင်းတွေကို အခုမှ ပြန်လိုက်ဖတ်နေရတယ်။ ကျွှန်တော်လည်း တချိန်ကြရင်တော့ ကျွှန်တော့ မိသားစု အကြောင်း ရေးဖြစ်မယ်ထင်တာပဲ။ အစ်ကို့စာတွေ စောင့် မျှော်လျက်ပါ။

ရေးပါအကို အကိုကစာအရေးအသားကောင်းတော့ စောင့်မျော်လျှက်ပါ

တခါတလေမှာ လက်တွေ့ဘဝတွေဟာ ဝတ္ထုထဲက ဘဝတွေထက် ပိုပြီးဆန်းကြယ်သလို ပိုပြီး နာကျင်ခံစားရတာတွေ ရှိပါတယ်။
မျှဝေပေးတဲ့အတွက် ကျေးဇူးပါ brother ရေ!

ကျေးဇူးပါ bro

I am so sad reading your story. Take care your child.

Thanks for your kindness

Thanks for your kindness

ဝမ်းနဲမိပါတယ် ဗျာ

ကျေးဇူးပါ

ကျ​နော်​လဲ ​ရေးချင်​စိတ်​ရှိလို့သာ ​ရေးရတာ တခါတ​လေ အဲ့လို​တေ ​ရေးရတာ ပြန်​စဉ်းစာပြိးမျက်​ရည်​သုပ်​ရတာနဲ့ မကာမိပါဘူးဗျာ

ဟုတ်တယ် bro ရယ် ဘဝကကြမ်းခဲ့တော့ ခုခေတ်ကလေးတွေ
သိစေချင်တယ် နောက်ပြီး အောက်ချေ ကြေမှ ဘဝတိုးတက်ဖို့အထောက်အကူရမယ်ဆို

I dont understand your language. Welcome to steem🙃🙃

It myanmar language.
He say about his sadly life in childhood and family.
Thank you for your support.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 60222.69
ETH 3303.10
USDT 1.00
SBD 2.36