ကျွန်တော့် ဘဝအကြာင်း တစေ့တစောင်း (၆)steemCreated with Sketch.

in #myanmar7 years ago (edited)

Myanmar Steemit Community မှ ညီအကိုမောင်နှမ နှင့် ဆရာများအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်ကြပါစေလို့ တောင်းဆုပြုလိုက်ရပါတယ်
ကျွန်တော်ဟာ ကျွန်တော့ဘဝရဲ့ အစိတ်အပိုင်းများ. အကြောင်းဆက်ရေးချင်ပေမယ့် ကျွန်တော်ရင်နှင့်အမျှခံစားရလို့ ဆက်မရေးဖို့ဆုံးဖြတ်ခဲ့ပါတယ် အမှန်အတိုင်းဆက်ရေးချင်ပေမယ့် (၁.၁၁.၁၁) နေ့တွင် ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော့အဖေရဲ့ပုဂ္ဂိုလ်ရေးတွေ မထိခိုက်စေချင်လို့ ဆက်မရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ငယ်စဉ်ကချမ်းသာစွာနေခဲ့ရတဲ့ ကျွန်တော့အဖေ စီးပွားရေးကို မ်ျုးစုံလုပ် (လက်ကြောတင်းတင်းနဲ့လုပ်ခဲ့) တဲ့ကျွန်တော့်အဖေ လုပ်သမျှအောင်မြင် နိုင်ငံခြားထိစီးပွားရေး ခြေဆန့်နိုင်ခဲ့တဲ့အဖေ ရန်ကုန်ဆေးရုံကြီးပေါ်မှာ ဆုံးခဲ့ရပါတယ် ဆေးလိပ်အရမ်းကြိုက်တာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ရခဲ့သလို အဲ့ဒီ့ရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ် သူပိုင်ဆိုင်သမျှယူမသွားနိုင်တဲ့ အပြင်ကျွန်တော်တို့ညီအစ်ကို ၂ယောက်လုံးကိုလဲ သေသည်အထိကတိတည်စွာ ဘာတစ်ခုမှမပေးခဲ့ပါဘူး image
ကျွန်တော်ဟာဗုဒ္ဓဘာသာ ပီသစွာ အဖေ့အပေါ်ယနေ့ထိ မေတ္တာမပျက်ခဲ့ပါဘူး
ဘူရားဟောတရားထဲမှာ မိဘဆိုတာပစ်မှားထိုက်သူ မဟုတ်မှန်း ပစ်မှားမိက ပဉ္စနန္ဒိယကံကျူးလွန် တယ်ဆိုတာ အမေ့ဆုံးမမှုက ငယ်စဉ်ကပင်နားယဉ် ခဲ့မိလို့ပါပဲ ကျွန်တော့ဘဝအကြောင်း ရေးရင်အဖေ့ကိုအနဲနဲ့ အများထိခိုက်မှာသိပေမယ့် မလိမ်ညာချင်လို့အမှန်အတိုင်းရေးခဲ့ရတာပါ အဖေ့အတွက်ရည်စူးလို့လဲ
ကောင်းမှုကုသိုလ် များစွာလုပ်ပေးခဲ့ပါတယ် ဒါဆိုဘာလို့ရေးလဲလို့မေးရင် ကျွန်တော့်လို ခံစားရပေမယ့် ဖခင်အပေါ်ကို မပစ်မှားမိကြစေဖို့ နဲ့ steemit မှာလူငယ်လူရွယ်တွေ စာဖတ်ရင်းအသိတရားတစ်ခုရရင်ပဲကျေနပ်တဲ့ စေတနာရည်ရွယ်ချက်နဲ့ ရေးခဲ့ရတာပါ မိခင်ဖခင်ဆိုတာ ကျွေးခဲ့မွေးခဲ့တဲ့ ကျေးဇူးတရားမဆိုသေးခင် လူ့လောကထဲလူရယ်လို့ ဖြစ်စေခဲ့တဲ့ ကျေးဇူးတရားပင် အလွန်ကြီးမားလှပါတယ် ကျွန်တော်ဟာ သမ္မတကတော်ဝမ်းထဲ သန္ဓေတည်ရင် သမ္မတသား သူဌေးမဝမ်းထဲ သန္ဓေတည်ရင် သူဌေးသား သူတောင်းစားမိခင် ဝမ်းထဲသန္ဓေတည်ရင် သူတောင်းစားသား ဖြစ်ရမှာကိုက ကျွန်တော့ကုသိုလ်ကံပါပဲ မွေးသမိခင်၊ဖခင်တို့နဲ့မဆိုင်ပါဘူး ကျွန်တော်ပြုခဲ့တဲ့ ရှေးဘဝကုသိုလ် အကျိုးပေးနဲ့သာဆိုင်ကြောင်းမိခင်မှ ငယ်စဉ်ကပင် ဆုံးမဩဝါဒပေးခဲ့ပါတယ်( ကျေးဇူးပါအမေ အကြိမ်ကြိမ်ဦးချ ကန်တော့မိပါတယ်) ထို့အတူအဖေ့အမွေလဲ ကျွန်တော်တို့ညီအကို နှစ်ယောက်နဲ့ မထိုက်တန်လို့သာ မရခဲ့တာပါ အစပိုင်းက ပုထုဇဉ်လူ့သဘာဝ အရစိတ်ထဲ ဝမ်းနည်းဒေါသ ဖြစ်ရပေမယ့် အမေ့ကျေးဇူးကြောင့် ဖြေတတ်ခဲ့ပါတယ် ဒါ့အပြင်အမေက မခံချင်စိတ်ကြိုးစားချင်စိတ်ကို ရင်ထဲထိထည့်ပေးခဲ့လို့ ကျွန်တော်လူတစ်လုံးသူတစ်လုံး ဘဝရောက်ခဲ့ရပါတယ်
ကြိုးစာမှုရလာဒ်ကိုလဲ အမျိုးအသိုင်းအဝိုင်းကြားမှာ အသိအမှတ်ပြု ခံခဲ့ရပါတယ် ညီအကိုမောင်နှမများကြားလဲ အတုယူရန် စံပြဖြစ်ခဲ့ရပါတယ် လူတစ်ယောက်နဲ့တစ်ယောက်ဟာ ကုသိုလ်ကံချင်းမတူကြပါဘူး ငယ်စဉ်ထဲက ချမ်းသာတဲ့လူရှိသလို အသက်အရွယ်ကြီးမှချမ်းသာကြသူ တွေလဲရှိကြပါတယ် ငယ်စဉ်ကချမ်းသာကြပြီး ကြီးလာမှဒုက္ခ ရောက်ကြသူများ ရှိကြသလို ငယ်စဉ်ကဘဝလမ်း ကြမ်းတမ်းခဲ့ပေမယ့် ကြိုးစားမှုကြောင့် မခံချင်စိတ်ကြောင့် ဝီရိယကြောင့် ချမ်းသာသွားကြသူများလဲ များစွာရှိကြပါတယ် ယနေ့စီးပွားရေး လောကရဲ့ထိပ်သီးပုဂ္ဂိုလ်များထဲ၌ပင် ငယ်စဉ်က သာမန်လူတန်းစားများ အဖြစ်မှလာကြသူများရှိ ကြပါတယ် ထို့အတူထိပ်ဆုံးမှ ပြုတ်ကျသူများစွာလဲ ရှိကြပါတယ်
ကျွန်တော်ငယ်စဉ်က အဖွားဖြစ်သူကို ကန်တော့ရင် အဖွားမှဆုတောင်းပေးလေ့ရှိပါတယ် မြန်မာလူမျိုး ဗုဒ္ဓဘာသာတိုရဲ့ဓလေ့စရိုက်တစ်ခုဖြစ်ပါတယ် အဲ့ဒီဆုတောင်းပေးတဲ့အထဲမှာ မရရှိသေးသော စီးပွားဥစ္စာများ ရရှိပြီး ရရှိပြီးသောစီးပွားဥစ္စာများလဲ တည်မြဲပါစေတဲ့ အလွန်ကောင်းသောဆုတောင်းလေး တစ်ခုဖြစ်ပါတယ် စီးပွားဥစ္စာများတိုးပွားအောင် ရှာကြသလို ရှာလို့ရတဲ့စီးပွားဥစ္စာတွေ
ခိုင်မြဲအောင်လဲ ကြိးစားကြရမှာဖြစ်ပါတယ် ဒီနေရာမှာ ပြောလိုတာကတော့ ကုသိုလ်စာ သမာအာဇီဝကျကျနဲ့စီးပွားတိုးသလို အပူစာလို့ခေါ်တဲ့ သမာအာဇီဝ မကျသော အလုပ်များနဲ့ စီးပွားတိုးကြသူများ နှစ်မျိုးရှိပါတယ် စာဖတ်သူများလဲ ယနေ့ခေတ်အခေါ် အပူစာနဲ့ စီးပွားရှာခြင်း မှရှောင်ကျဉ်ကြ စေလိုပါတယ်
အပူစာဖြင့် စီးပွားရှာရင်းကြီးပွားကြ သူများမှာအပူဖြင့်ပင် ပြန်ကုန်ကြရတတ်ပါတယ် ဒါဟာလဲများသောအားဖြင့် ဖြစ်တတ်တဲ့သဘောဖြစ်ပါတယ်
ကျွန်တော်ကြုံခဲ့ ဖူးသောတကယ့်အဖြစ်အပျက်တစ်ခုကို သာဓကအနေနဲ့ စာဖတ်သူများကိုတင်ပြချင်ပါတယ်
ကျွန်တော်အလုပ်ကိစ္စတစ်ခုနဲ့ မြို့တစ်မြို့ကိုရောက်ခဲ့ပါတယ် အလုပ်ကလည်း ၆လလောက်ကြာပါတယ် အဲ့ဒီ့ မြို့ကဒေသခံတွေနဲ့လဲ ခင်မင်ခဲ့ရပါတယ် အဲ့ဒီ့ထဲမှာ ကိုပါ (နာမည်လွဲ) နဲ့လည်းခင်ခဲ့ပါတယ် သူကတော့ ပွင့်ပွင့်လင်းလင်းပြောတတ်သလို စိတ်ကောင်းအလွန်ရှိတဲ့ သူတစ်ယောက်လဲဖြစ်ပါတယ် စေတနာကောင်းသလို လူတွေကိုလဲ ကူညီတတ်ပါတယ် စီးပွာေးရကလဲ အရင်ကချို့တဲ့ခဲ့ပေမယ့် ခုမှစီးပွားရေး တော်တော်ကိုအဆင်ပြေလာတယ်လို့ ပြောပါတယ် ဆီကုန်သည်ပေါ့ဗျာ ပဲတွေနှမ်းတွေကို ကိုယ်တိုင်တစ်ပိုင်တစ်နိုင် ကြိတ်လို့ရန်ကုန်ကပွဲရုံတွေ ပို့တယ်ဆိုပါတော့ ကျန်းမာရေးလဲ အရမ်းဂရုစိုက်တတ်သူဗျ အသန့်အလွန်ကြိုက်ကာ ပဲဆီနှမ်းဆီ စစ်စစ်ကိုသာ စားသုံးတယ် သူကိုယ်တိုင်ကြိတ်ပြီးလက်ဆောင်လဲ ကျွန်တော့ကိုပေးတာရခဲ့ပါတယ် အားကစားလဲလုပ်ပြီး ခြင်းခတ်တာလဲ အလွန်ဝါသနာပါသူ တစ်ယောက်ပါပဲ ဒီလိုနဲ့ တစ်ရက်တော့ ကိုပါတစ်ယောက် ကျွန်တော်နေတဲ့အိမ် ရောက်ချလာပါတယ် မျက်နှာလဲမကောင်းတော့ ကျွန်တော်တောင် ဘာဖြစ်လဲမေးမိပါတယ် အဒီ့တော့သူက
ကျွန်တော်ဗျာကျန်းမာရေး ဂရုစိုက်ရဲ့သားနဲ့ ခုတလောမောမောနေလို့ ဆေးခန်းပြတာ ဆေးတွေစစ်ရတယ်တဲ့ ခုအဖြေက နှလုံးသွေးကြောကျဉ်းတဲ့ အပြင် အသည်းအဆီဖုံးတယ်တဲ့ စိတ်ညစ်ပါတယ်ဗျာတဲ့ ကျွန်တော် တော်တော်အံ့ဩသွားမိပါတယ် သူ့လောက် ကျန်းမာရေးလိုက်စားတဲ့သူဗျာ ဒီလိုနဲ့ သူ့ရောဂါက ဆေးဖိုးတော်တော်များများကို သူ့အိပ်ထဲကနှိုက်ယူသွားခဲ့ပါတယ် သူလဲကျန်းမာရေး အတော်ချူချာလာပါတယ် ကျွန်တော်လဲတတ်နိုင်သလောက် ကူညီခဲ့ပါတယ် သိပ်မကြာပါဘူး ကိုပါတစ်ယောက်ဆုံးသွားခဲ့ပါတယ် ကျွန်တော်လဲတွေ့တာမကြာသေးပေမယ့် ညီအကိုလိုမျိုးခင်ခဲ့ကြတာမို့ စိတ်မကောင်းဖြစ်မိပါတယ်ကိုပါဆုံးပြီး သူ့စီးပွားရေးလဲဆက်မလုပ်ဖြစ်တော့ပါဘူး သူကလူပျိုကြီးကိုးဗျ ဒါနဲ့ ကျန်တဲ့သူတွေ သူ့ဆီကြိတ်စက်နဲ့ ကရိယာတွေ ရောင်းဖို့လုပ်ကြတာပေါ့ အဲ့ဒီ့မှာပဲ သူ့ဆီကြိတ်ရုံထဲက ပဲဆီအနံ့ ၊ နှမ်းဆီအနံ့ တရုတ်လုပ် ဓာတု ဆေးပုလင်းတွေတွေ့ရတာပါပဲ ဒါပေမယ့် ဘယ်သူ့ကိုမှ မပြောကြတော့ပဲ ဖျောက်ဖျက်ပစ်လိုက်ကြပါတော့တယ် သူလဲဆုံးသွားပြီကိုး ဒါ့ကြောင့်သူအလုပ်ခန်းထဲ တော်ရုံလူတွေ အဝင်မခံတာကိုးဗျ လက်ရှိ မြန်မာနိုင်ငံရဲ့ ဆီဈေးကွက်မှာ လွန်ခဲ့သော ၂၀၁၅ခုနှစ်က ဘာမှမဟုတ်သေးပေမယ့် လက်ရှိမှာတော့ ယခုလို ဓာတုအနံ့ထည့်ထား တဲ့ဆီတော်တော်များများ ဈေးကွက်ထဲရောက်နေ ကြောင်းမိတ်ဆွေတစ်ယောက် တင်တဲ့ post တစ်ခုကို Facebook မှာဖတ်လိုက်ရတဲ့အပြင် မြို့တစ်မြို့မှာပဲဆီအတု နှမ်းဆီအတုတွေ ထုတ်လုပ်နေတာ ပေပါတွေနဲ့ဖမ်းမိတဲ့ အကြောင်းကြားရပြန်တော့ အလွန်ပင်ရင်လေးရင်း ယခုအကြောင်းအရာလေးကိုရေးဖြစ်ခဲ့ပါတယ်
ကျွန်တော်တွေးမိခဲ့တဲ့ အကြောင်းအရာတစ်ခုရဲ့အဖြေက ရှင်းရှင်းလင်းလင်းကိုထွက်ခဲ့ရပါတော့တယ် အဲ့ဒါကတော့ ကိုယ်လုပ်ခဲ့သည့် ကောင်းကျိးဆိုးကျိးသည် ကိုယ်အပေါ်တွင် အနှေးနှင့်အမြန် သက်ရောက်စေမှာ အမှန်ပင်ဖြစ်ပါတော့တယ်ခင်ဗျား ........
Steemit Myanmar မှ ညီအကိုမောင်နှမများအားလုံး ချမ်းသာထီပေါက်လို့ နိဗ္ဗာန်ရောက်နိုင်ကြပါစေခင်ဗျား
တကယ့် ဘဝ အတွေ့အကြုံဖြစ်ပြီး ကိုယ်တိုင်ရေးသား ခြင်းဖြစ်လို့ အမှားပါရင်ခွင့်လွတ်ကြဖို့တောင်းပန်ပါတယ်
Written by @Nandaminkhant
Steemit Myanmar

Sort:  

အား​ပေး​နေကြတယ်​ကိုကြီး

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60185.13
ETH 3290.40
USDT 1.00
SBD 2.44