ကျေးဇူးတရား ရင်မှာထားလို့ မပစ်မှားပဲ အချစ်ပွားကြပါစို့steemCreated with Sketch.

in #myanmar7 years ago

Myanmar Steemit Community မှ ညီအကိုမောင်နှမ နှင့် ဆရာများအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်ကြပါစေလို့ တောင်းဆုပြုလိုက်ရပါတယ် image
ကျွန်တော် steemit မှာလုပ်လာတာ နှစ်လကျော်လာခဲ့ပါပြီ အထိုက်အလျောက်လဲ နားလည်လာသလို လက်တွဲခေါ် အပင်ပန်းခံခဲ့ ကြတဲ့ညီအကို မောင်နှမ များအားလုံးကို ရင်ထဲက လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ပါတယ် တွဲခေါ်တဲ့ ညီအကိုများ အပင်ပန်းခံဆောင်ရွက်နေတဲ့ admin များလဲ တစ်နေ့တူသောအကျိုးပေး ကြပါလိမ့်မယ် မြန်မာလူမျိုး တွေဟာအလှူအတန်း မှာလက်မနှေးသလို စေတနာအရာမှာလဲ ကပ်စီးမနဲကြပါဘူး ပညာကိုမျှဝေပေးရာမှာလဲ
အားတက်သရော ရှိကြပါတယ်
ကျွန်တော်တို့ မြန်မာလူမျိုးများ ၈၀ ရာခိုင်နှုန်း ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ် ငယ်စဉ်တောင်ကျေး ကလေးဘဝ ကပင်မိဘများက သွန်သင်ဆုံးမ ခဲ့ကြသလို စာအုပ်တွေထဲမှာ ဘာသာရေးတရားပွဲတွေမှာ ကျေးဇူးတရား ဆိုတဲ့စကားစု အမြဲလိုလိုကြား နေကြရပါတယ် မိဘကျေးဇူး ဆရာ့ကျေးဇူး ရတနာ ၃ပါး ကျေးဇူးဆိုသဖြင့် ကျွန်တော် ငယ်စဉ်ကပင် ခနခနကြားနေခဲ့ရပါတယ် ကျွန်တော်ငယ်စဉ်က အမေမှ အမြဲပြောပြသော သုဝဏ္ဏသာမ အကြောင်းဆို ကျွန်တော်အလွန်ပင် နှစ်သက်သဘော ကျခဲ့ရပါတယ် ထို့အပြင် ဆရာမှား၍ကိုးကွယ်မိကာ မိဘကျေးဇူးကန်းခဲ့သော ယခုအချိန်ထိ မဟာအဝီဇိ ငရဲမှာပင်ရှိသေးသော အဇာတသတ် အကြောင်းလဲ သိခွင့်ရခဲ့သည့် အပြင်ရုပ်ရှင်ပါကြည့် ခဲ့ရပါသေးတယ် ယနေ့ထိ မျက်စိထဲ စွဲစေခဲ့သော အကယ်ဒမီ ဒေါ် ကကည်ကြည်ဌေး ၏သရုပ်ဆောင် ကောင်းမှုကြောင် ကျွန်တော်ငယ်စဉ်ကပင် ကျေးဇူးတရား၏ အတိမ်အနက်ကို သိခွင့်ရခဲ့ပါတယ်
ကျွန်တော်ငယ်စဉ် ကလေးဘဝက ကျွန်တော့်အမေရဲ့ အမဖြစ်သူ ကျွန်တော့အဒေါ်(ကျွန်တော်ကအန်တီလေး လို့ခေါ်ပါတယ်) ဟာကျွန်တော့်ကို စာသင်ပေးခဲ့ပါတယ် အန်တီလေးဟာ အဲ့ဒီ့အချိန်က အစိုးရရုံးမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေပါတယ် သူမနက်ရုံးသွားချိန် နှင့်ကျွန်တော်ကျောင်းသွား ချိန်တိုက်နေတာမို့ မသိသာပေမယ့် ညနေရောက်မှာ ကိုတော့ကျွန်တော် အလွန်ကြောက် ခဲ့ဖူးပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော့အန်တီလေးက ညနေဆို စာမေးတော့မှာမို့လို့ပါ သူကစေတနာနဲ့ ကျွန်တော် စာရအောင်စာသင်ပေးပေမယ့် ကျွန်တော်ကတော့ လုံးဝကျေးဇူးမတင် တဲ့အပြင် သင်ကိုမသင်ချင်ခဲ့တာပါ အန်တီလေးက ကျန်တဲ့အချိန် ကျွန်တော့်ကို အရမ်းချစ်ပေမယ့် စာနဲ့ပတ်သတ်လာရင် လုံးဝမညှာခဲ့ပါဘူး ဒါ့ကြောင့်ငယ်စဉ်က အန်တီလေးနဲ့ အတူမနေရရင် ကောင်းမယ်လို့တောင်တွေးခဲ့ မိဖူးပါတယ် ဒါပေမယ့် အဲ့ဒီ့ကျေးဇူးတွေ ကြောင့်ပဲကျွန်တော် စာကိုမကြောက်ပဲ ပညာကို ဆုံးခန်းတိုင်အောင် သင်ယူနိုင်ခဲ့တာပါ
အခုအချိန် ပြန်တွေးကြည့်မှ တကယ်ကို ကျေးဇူးတင်စရာကောင်း ခဲ့သူတစ်ယောက်ဆိုတာ သိခဲ့ရပါပြီ ကျွန်တော် ၁၀ တန်းရောက်တော့လဲ အစစ အရာရာ ပံ့ပိုးပေးခဲ့သူ တွေထဲမှာ အန်တီလေးရှေ့ဆုံးက ပါခဲ့ပါတယ် ကျွန်တော် ၁၀ တန်းဖြေတော့ English စာမှာမဖြေနိုင်ခဲ့ပါဘူး အဲ့ဒီ့အကြောင်ကို အမေ့ကို ပြောပြတော့ အမေကသား ဆက်မဖြေနဲ့ ခြစ်ချလို့ သတ္တိရှိရှိ ပြောခဲ့ပါတယ် ဒါပေမယ့်အန်တီလေးက လုံးဝလက်မခံ. ခဲ့ပါဘူး ဒါ့ကြောင့်ကျွန်တော့ကို အပြင်ကိုခေါ်ထုတ်သွညးပြီး ဆက်ဖြေဖို့နဲ့ ပညာသင်တစ်နှစ်ရဲ့ စရိတ်ဘယ်လိုကြီးကြောင်း ပြောပြခဲ့ပါတယ် ဒါ့ကြောင့်ကျွန်တော်ဆက်ဖြေဖြစ်လဲ့ပါတယ် ဆက်ဖြေဖို့ အတင်းတွန်းအားပေခဲ့လို့ ကျွန်တော့အမေနဲ့ တောင်စကားမျာကြတယ် ဆိုတာကျွန်တော်နောက်မှ သိခဲ့ရပါတယ် အမေကကျွန်တော့ကို အင်ဂျင်နီယာဖြစ်စေချင်တာကိုး အဲ့ဒီ့နှစ်မှာပဲ ၁၀တန်းကို နှစ်ချင်းပေါက်အောင်ခဲ့ပါတယ် အန်တီလေးရဲ့ ကျေးဇူးတရားကြောင့်ပါ တကယ်လို့ ဆက်မဖြေဖြစ်ခဲ့ရင်လဲ နောက်နှစ်မှာထူး ချွန်စွာအောင်နိုင်သလို စိတ်လေပြီးလဲ ပညာရေးဆုံးရှုံးသွားနိုင်ပါတယ်
ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော် ၁၀ တန်းနှစ်မှာ ဂစ်တာကို ရူးရူးမူးမူး စဖြစ်ခဲ့လို့ပါပဲ
အမေ့ကျေးဇူးကတော့ အထူးပင်ပြောဖွယ်ရာ မလိုတော့လောက်အောင် ကျွန်တော့ဘဝ မှာကြီးမားတယ်ဆိုတာ ကျွန်တော့်ဘဝ အကြောင်းရေးသားခဲ့ရမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ် ယခုတိုင် ကျွန်တော့်ကိုကလေးလေး တစ်ယောက်လို စိတ်မချဖြစ်နေသေးအောင် ချစ်နေတတ်သေးပါတယ် ဒါတွေကြောင့် ကျွန်တော်အမေနဲ့အန်တီလေးရဲ့ ကျေးဇူးတရားတွေကိုအမြဲ သတိရနေသလို တတ်နိုင်သလောက်လဲ ဆပ်ဖို့ကြိုးစားခဲ့ပါတယ် အန်တီလေးပင်စင်ယူတော့ သူစားချင်တာလေးတွေ သူ့အိမ်မှာသွား လုပ်ပေးသလို သူလုပ်ချင်တာလေးတွေလဲ အမြဲဖြည့်ဆည်းခဲ့ပါတယ် အမေ့အတွက်လဲ ယခုအချိန်ထိ စားချင်တာ လုပ်ချင်တာလေးတွေ ဖြည့်ဆည်းပေးနိုင် ခဲ့ပါတယ်
တစ်နေ့တော့ ကျွန်တော့အမျိုးသမီးနဲ့ ကိစ္စတစ်ခု တိုင်ပင်ဖြစ်ပါတယ် အဲ့ဒါကတော့ အမေနဲ့ကို ကျေးဇူးဆပ်တဲ့ အနေနဲ့ အိန္ဒိယမှာရှိတဲ့ ဗုဒ္ဓဂါယာကို ဘုရားဖူးပို့ချင်လို့ပဲ ဖြစ်ပါတယ် ကျွန်တော့်အမျိုးသမီး ကလဲပါရမီဖြည့်ဖက် ပီသစွာချက်ချင်းသဘော တူခဲ့ပါတယ် အဲ့ဒီ့အကြောင်းကို အမေ့ကိုဖွင့်ပြောတော့ အမေ့ကအလွန်ပဲ ဝမ်းသာသွားပါတယ် မျက်ရည်များလဲ ကျလာပြီး ကျေးဇူးတရားဆိုတာ မမေ့ကောင်းကြောင်းနဲ့ ကျေးဇူးတရားကိုသိတတ်ပါက အရာရာအဆင်ပြေစေကြောင်း ဆုံးမပြီးဆုတောင်းပေးပါတယ် သိပ်မကြာပါဘူး အဲ့ဒီ့အကြောင်း အန်တီလေးသိသွားပါတယ် အမေ့ကို ဝမ်းသာကြောင်းနဲ့ သူ့လိုသားသမီးမရှိသူကတော့ မသွားနိုင်ကြောင်း ပြောပြီးမျက်ရည်ကျရှာပါတယ် အဲ့ဒီ့အကြောင်း ကျွန်တော်ကြားရတော့ အလွန်စိတ်မကောင်း ဖြစ်ရပါတယ်
ကျွန်တော့်အပေါ် ကျေးဇူးတရားရှိခဲ့တဲ အန်တီလေးကို ကျေးဇူးဆပ်ဖို့ ကျွန်တော်ဆုံးဖြတ်ပြီး ကျွန်တော့အမျိုးသမီးကို ဖွင့်ပြောဖြစ်ပါတယ် အမျိုးသမီးကလဲ သဘောတူပြီး ကျွန်တော်တို့ နှစ်ယောက်သား အန်တီလေးအိမ်သွားပြီး ဘုရားဖူးပို့ပေးမယ့် အကြောင်းသွားပြောဖြစ်ကြပါတယ် အန်တီလေးဟာအလွန်ပဲ အံ့ဩဝမ်းသာသွားခဲ့ပါတယ် မထင်မှတ်တဲ့စကားကို ကြားရတာဖြစ်ကြောင်းနဲ့ အန်တီလေးရဲ့ ဝမ်းသာလွန်း လို့ကျတဲ့မျက်ရည်နဲ့အတူ ကျွန်တော်တို့ပါရောငို ခဲ့ကြရပါတယ် အန်တီလေးကို သီတင်းကျွတ်ကန်တော့တာ ဖြစ်ကြောင်းပြောပြတော့ မျက်ရည်တွေကျပြီး ဆုတွေတောင်းပေးပါတယ် အဲ့ဒီ့နောက် ဆုံးမစကားတွေနားထောင် ပြီးပြန်ခဲ့ကြပါတယ် ပြန်ခါနီး အန်တီလေးမှ

  • ကျေးဇူးတရားဆိုတာ ဆပ်ချင်ပေမယ့် ဆပ်ခွင့်ကြုံဦးမှ *
    *ကျေးဇူးတရားဆပ်ခွင့်ကြုံပေမယ့် ဆပ်နိုင်ဦးမှ *
  • ကျေးဇူးတရားဆပ်ချင် ဆပ်နိုင်ပေမယ့်လဲ ကျေးဇူးဆပ်ခံပုဂ္ဂုလ်ရှိဦးမှ*
    ဆိုတဲ့ အကြောင်းတွေကို နားထဲကြားယောင်နေမိပါ တော့တယ်
    *ကျေးဇူးတရား ရင်မှာထားလို့
  • မပစ်မှားပဲ အချစ်ပွားစေ
    သောကပွေလဲ ခနတာ
    Steemit မှချစ်သော မိတ်တွေများ ညီညီမလေးများ လဲ မိဘကျေးဇူး ကိုတတ်နိုင်သလောက်ဆပ်ကြပါလို့ မိတ်ဆွေပီသစွာဖြင့် တိုက်တွန်းလိုက်ရပါတယ်
    Steemit Myanmar မှ ညီအကိုမောင်နှမများအားလုံး ချမ်းသာထီပေါက်လို့ နိဗ္ဗာန်ရောက်နိုင်ကြပါစေခင်ဗျား
    တကယ့် ဘဝ အတွေ့အကြုံဖြစ်ပြီး ကိုယ်တိုင်ရေးသား ခြင်းဖြစ်လို့ အမှားပါရင်ခွင့်လွတ်ကြဖို့တောင်းပန်ပါတယ်
    Written by @Nandaminkhant
    Steemit Myanmar
Sort:  

ကျေးဇူးပါ bro

ဖတ်လို့ကောင်းတယ် ကျေးဇူး

ဟုတ်အကို ကျေးဇူးပါ

ထီပဲပေါက်ချင်သေးတယ်…ဘရို😄

ပေါက်မှာပါ မပူပါနဲ့

Thanks for sharing... Love it.

Thanks for your comment

ကောင်းသောစာပါဗျာ အားပေးပါတယ် လိုအပ်တဲ့နေရာမှာ ပုံလေးတွေ ထည့်ပေးရင် စာကပိုဖတ်ကောင်းမှာပါ အောင်မြင်အောင်ကြိုးစားနိုင်ပါစေဗျာ

သတ်ပုံမှားတာ တစ်လုံးစ နှစ်လုံးစ ကလွဲလို့ ကောင်းပါတယ်။ မကောင်းတာကတော့ ဝါကျတွေကို အဆုံးမသတ်တာပါ။ ဝါကျတစ်ကြောင်းဆုံးတိုင်းပုဒ်မချတဲ့ အလေ့ လုပ်ပါ။ တစ်ဖြတ်နားတိုင်း ပုဒ်ထီးချတဲ့အလေ့ကိုလုပ်ပါ၊ ပြီးပြည့်စုံသောအရေးကောင်းသူဖြစ်ပါ လိမ့်မယ်။ ဆရာရေးထားတဲ့ အခြေခံသိသင့်သည်များအပိုင်း(၁)ကနေ(၈)ထိကိုသွားဖတ်ပါ၊ နမူနာယူပါ။မြန်မာစာအရေးအသားတိုးတက်စေနည်းလိုလဲဖတ်ကြည့်ပါ။ ဟယးတို့လူသယ်များအတွက် ဆရာရေးထားတာပါ၊ သားကအတွေးကောင်းပြီးသားပါ၊ အရေးကောင်းဖို့ကြိုးစားပါ။

ကျေးဇူးပါဆရာ အခုလိုသင်ပေးလို့ ကျွန်တော်ကြိုးစားပါ့မယ် နောက်တစ်ပုဒ် လဲဆက်ဝေဖန် ပေးပါဦးဆရာ

ကျေးဇူးပါဆရာကြိုးစားပါ့မယ် နောက် post တွေလဲ ဝေဖန်ပေးပါ

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60185.13
ETH 3290.40
USDT 1.00
SBD 2.44