ယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပြုပြင်ကြရအောင်

in #myanmar7 years ago (edited)

ခုလိုပြိုင်ပွဲဝင်ရတာအရမ်းကြိုက်တယ်။နောက်တစ်ခု ပိုကြိုက်တာက လူတွေသတိမထားမိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အသိပညာပေးခေါင်းစဉ်လေးဆိုတော့ ပြိုင်ပွဲဝင်အားလုံးကလည်း သူတို့မှု သူတို့ဟန်တွေနဲ့သဘာဝပတ်ဝန်းကျင်ဆိုတဲ့ ဗဟုသုတတွေအများကြီးရကြပြီး ရေးကွက်ရေးဟန်လေးတွေကလည်း တစ်မှုထူးခြားစွာမြင်တွေ့ရမည်။ဒါကြောင့် ခုလိုပြိုင်ပွဲကို ပြုလုပ်ပေးတဲ့Msc (Myanmar Steemit Community)အဖွဲ့ကို အထူးကျေးဇူးတင်ပါသည်။

[သင့်ပတ်ဝန်းကျင်ကိုပြောင်းလဲဖို့ သင့်ကိုယ်တိုင်စပြီးပြောင်းလဲပါ]
image

ထိုစာသားလေးကိုအရမ်းကြိုက်တယ်။ဘာဖြစ်လိုလည်းဆို ကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာ တစ်နေ့တစ်ခြားပြောင်းလဲမှုတွေပြောင်းလာတာ သတိပြုမိကြပါလိမ့်မည်။ကျွန်တော်တို့ငယ်ငယ်တုန်းကဆို ရွာရဲ့ မလှမ်းမကမ်းမှာ သစ်ပင်တွေထူထပ်ပေါများတဲ့ သစ်တောတွေအများကြီးရှိကြသည်။ထိုသစ်တောထဲတွေမှာ သားရဲ တိရိစ္ဆာန်တွေနဲ့ ကျေးငှက်လေးတွေ အများအပြားရှိခဲ့ကြသည်။ခုချိန်မှာတော့ လူတွေရဲ့ စည်းမရှိကမ်းမရှိမှုတွေကြောင့် သစ်တောဟာ ပြုန်းတီးမှုတွေ ဖြစ်သွားပါသည်။ဒါဟာ ကျွန်တော်တို့ရွာရဲ့ ပြောင်းလဲမှုတစ်ချို့ပါ။ထိုသို့ပြောင်းလဲမှု မရှိအောင် အရင်ထဲက မိမိတစ်ဦးတစ်ယောက်ချင်စီ မိမိအသိစိတ်ဓာတ်မျိုးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခဲ့မယ်ဆိုရင် ခုချိန်မှ ထိုသို ပြောင်းလဲမှုတွေ ဖြစ်လာမှာမဟုတ်ပါ။
ခုဆို လမ်းတွေမှာ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ ဆိုင်းပုဒ်တွေ ထောင်ထားကြတာတွေ့မြင်ရပါလိမ့်မယ်။ဒါဟာဆို တစ်ခြားသူတွေကို မပြောခင် မိမိကိုယ်ကို အရင်ဆုံးလိုက်နာနိင်အောင် လုပ်သင့်ပါသည်။မိမိက မလိုက်နာနိင်ရင် တစ်ခြားသူတွေ မလိုက်နာတာကို အပြစ်မမြင်ပါနဲ့။မိမိကိုယ်ကို ပြောင်းလဲမှုကို စတင်ပါ။

[သဘာဝကိုချစ်တဲ့သင့်နှလုံးသားတစ်ခုက ကမ္ဘာကြီးကို ငြိမ်းချမ်းစေပါတယ်]

image
ဒီစာသားလေးလည်း ပတ်ဝန်းကျင်ထိန်းသိမ်းမှုတွင် ထိရောက်သော စာသားလေးဖြစ်ပါသည်။သဘာဝကိုချစ်တတ်ရင် ပြောင်းလဲမှု ပျက်စီးမှုတွေနည်းသွားပါလိမ့်မည်။သဘာဝကိုချစ်တာ ငွေမပေးရပါ။ချစ်ပါ ခင်ပါ မြတ်နိုးတန်ဖိုးထားပါ။သင့်နှလုံးသားထဲက နှစ်နှစ်ကာကာမြတ်နိုးပြီး ယိုယွင်းပျက်စီးနေတဲ့သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါ။ဒါဟာ မိမိရဲ့နှလုံးသားထဲက ထွက်လာခြင်းဖြစ်သည်။ခုဆို နေရာအများအပြားမှာ သဘာဝသစ်တောတွေပြုန်းတီးလာသလို တောရိုင်းတိရိစ္ဆာန်များလည်း သစ်တောပြုန်းတီးမှုကြောင့် သေကြေပျက်စီးလာကြသည်။သစ်တောတွေပြုန်းတီးမှုဟာ တစ်ခြားကြောင့်မဟုတ်ပါဘူး။လူတွေကြောင့် ပျက်စီးကြရခြင်းဖြစ်ပါသည်။ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်အောင် သဘာဝကိုချစ်တဲ့ နှလုံးသားရှိသူတွေ လိုအပ်ပါသည်။ထိုနှလုံးသားပိုင်ရှင်တွေများမှာ သဘာဝပတ်ဝန်းကျင်ကို ယိုယွင်းမှုမရှိအောင် ထိန်းသိမ်းနိင်ကြပါလိမ့်မည်။

[အောက်စီဂျင်မရှိမဖြစ်ဆိုရင် အောက်စီဂျင်ထုတ်ပေးတဲ့သစ်ပင်တွေကို ထိန်းသိမ်းကြစို့]

image

ဒီစာသားလေးလည်း ကောင်းပါသည်။ကျွန်တော်တို့ အသက်ရှုနေတဲ့ အောက်စီဂျင်ဟာဆို သစ်ပင်တွေ သစ်တောတွေထုတ်ပေးတဲ့ အောက်စီဂျင်ဆိုတာ မမှားပါဘူး။ဒါကြောင့်လည်း တခြားနိင်ငံတွေမှာ တိုက်ပေါ်တွေ လေသာဆောင်ရှေ့တွေမှာဆို အပင်တွေစိုက်ကြသည်။ဒါကိုကြည့်ခြင်းဖြင့် အပင်တွေဟာ လောကမှာ မရှိမဖြစ် အောက်စီဂျင်ထုတ်ပေးတဲ့အရာဆိုတာ ဧကန်အမှန်ပါဘဲ။သစ်ပင်တွေမရှိတဲ့ မြို့ကြီးတွေမှာဆို အသက်ရှုရတာ ခက်ခဲပါသည်။လေကောင်းလေသန့်မရှိတော့ ရောဂါလည်း ထူပြောလှပါသည်။လေထုညစ်ညမ်းတဲ့အတွက် လက်ဆက်တဲ့လေတွေမရှိလို့ လေကောင်းလေသန့်ရှိတဲ့နေရာတွေမှာ အပန်းဖြေရတဲ့အဖြစ်မျိုးတွေ့မြင်နိင်ပါသည်။ဒါကြောင့်ချောင်းသာတို့ ငွေချောင်း ငပလီအစရှိသော လေကောင်းလေသန့်ရှိတဲ့နေရာတွေဖြစ်ကြပါသည်။လေကောင်းလေသန့်ရှုတဲ့သူဟာ လေကောင်းလေသန့်မရှုတဲ့သူတွေထက် ကျန်းမာ အသက်ရှည်တာ တွေ့မြင်ရပါသည်။ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို မပျက်စီး မယိုယွင်းအောင် ထိန်းသိမ်းကြပါ။သစ်ပင် သစ်တောများကိုလည်း နောက်ထက် ပို၍မပြုန်းတီးအောင် ကာကွယ်ကြပါ။

[သင့်နှင်သင့်အနာဂတ်မျိုးဆက်အတွင် သစ်ပင်များစိုက်ပျိုးကြပါ]

image

ဒါကတော့ ရိုးရှင်းတဲ့စာသားလေးပါ။သင့်တို့ရဲ့အနာဂတ်မျိုးဆက်သစ်တွေကျန်းမားရေးကို အဓိကထားပြီး ပြောထားတဲ့စာသားလို့ ကျွန်တော်ထင်ပါတယ်။ခုချိန်မှာ သစ်ပင်လေးတွေ လူတိုင်းကိုယ်စီစိုက်ပျိုးကြလျင် နောက်အနာဂတ် မိမိတို့မျိုးဆက်လင်ထက်ကြရင် မိမိစိုက်ပျိုးခဲ့သော သစ်ပင်တွေဟာ ကြီးထွာလာပြီး ညစ်ညမ်းသေားလေထုကို စုပ်ယူကာ ကောင်းသော လေကောင်းလေသန့် အောက်စီဂျင်များများ ထုတ်ပေးပါလိမ့်မည်။ထိုအခါ လူတွေလည်း အနာရောဂါ ထူပြောလှတဲ့ ပြဿနာတစ်ရပ် လျော့သွားပါလိမ့်မည်။ထိုကြောင့် မိမိပတ်ဝန်းကျင်ရှိ သစ်ပင်များကို ထိန်းသိမ်းကြ စိုက်ပျိုကြပြီး အနာဂတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အတူတူ ထိန်းသိမ်းကြပါစို့။

[Plastic တစ်ဆမို့ လျော့မတွက်ပါနဲ့ သူတို့ဟာ များလာရင် အန္တာရာယ်ဖြစ်စေပါသည်။]
image

ဒီစာသားကိုတော့ မြန်မာနိင်ငံက လူတိုင်းလိုက်နာသင့်တဲ့ အကောင်းဆုံးစာသားလေးပါ။နေရာအများအပြားမှာ စည်းကမ်းမရှိ အမှိုက်တွေ စွန့်ပစ်ကြသည်။ဒါဟာ တစ်စတစ်စများလာရင် မြင်မကောင်း ရှုမကောင်းအောင် ရုပ်ပျက်ဆင်းပျက်နိင်လှပါသည်။ခုဆို နေရာတော်တော်များများမှာ အမှိုက်ကို စည်းကမ်းတကျစွန့်ပစ်ဖို့အတွက် စည်ပင်သာယာရေးက အမှိုက်ပုံးတွေ ထားရှိထားပါသည်။ဒါကို လူတိုင်းက မိမိစွန့်ပစ်မဲ့အမှိုက်ကို အမှိုက်ပုံးရှိတဲ့နေရာရောက်မှ စွန့်ပစ်ကြပါ။အမှိုက်ပုံးမတွေ့ခဲ့ရင် မိမိက အိတ်တစ်ခု သို့မဟုတ် တောင်းတစ်ခုနဲ့ သိမ်းထားပါ။စည်းမဲ့ကမ်းမဲ့ လူမမြင်ပါဘူးဆိုပြီး မပစ်လိုက်ပါနဲ့။တစ်ခြားသူတွေကို လိမ်လို့ရပင်မဲ့ မိမိကိုယ်ကိုနော့ လိမ်လိုမရပါ။အရင်တစ်ခါက နိင်ငံခြားသားအဖွဲ့ဟာ ပုဂံသွားပြီး အဖွဲ့လိုက် အမှိုက်ကောက်ခဲ့ကြောင့် fbပေါ်မှာဖတ်လိုက်ရတယ်။ဒါဟာဆို အရမ်း အတုယူလေးစားအပ်ပါသည်။သူတို့နိင်ငံ မဟုတ်ဘဲနဲ့ လုပ်တာ တကယ်လေးစားတယ်ဗျာ။ထိုကြောင့်အမှိုက်ဟာ များလာရင် လှပနေတဲ့မြင်ကွင်းကိုပျက်စီးစေပါသည်။ဒါကြောင့် မိမိအသိစိတ်ဓာတ်နဲ့ စည်းမဲ့ကမ်းမဲ့အမှိုက်ပစ်ခြင်းကို ထိန်းသိမ်းကာ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးကြပါ။

[မဆိုင်သလိုမနေပါနဲ့ ကမ္ဘာကြီးကို စောင့်ရှောက်ဖို့ လူလိုနေပါပြီး]

image
လူဆိုတဲ့ အမျိုးက ခက်သားဘဲဗျာ။ဒီထဲမှာ ကျွန်တော်လည်းအပါအဝင်ပါဘဲ။အများအားဖြင့် လူတိုင်းဟာ မိမိကိစ္စမဟုတ်လျင် မဆိုင်သလိုနေတတ်တဲ့အကျင့်တွေရှိကြသည်။ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ မိမိနဲ့ မတိုင်ပါဘူး။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အဖွဲ့နဲ့ဘဲ ဆိုင်တယ်လိုထင်ကြသည်။ဒါဟာမှားယွင်းတဲ့ အယူအဆတွေပါ။သဘာဝပတ်ဝန်းကျင်ဟာ လူတိုင်းနဲ့ဆိုင်ပါသည်။သဘာဝပတ်ဝန်းကျင်မပျက်စီးဖို့ မိမိမှာလည်း တာဝန်ရှိပါသည်။တစ်ဦးချင်းစီ အသိစိတ်ဓာတ်ရှိမှထိန်းသိမ်းနိင်မှာပါ။ဒါမှလည်း ကမ္ဘာကြီးကိုတစ်ထောင့်တစ်နေရာက စောင့်ရှောက်နိင်ပါလိမ့်မည်။

[ရာသီဥတု သိသိသာသာဖောက်ပြန်နေတာ သိကြတယ်။ငါတို့တူတူ ထိန်းသိမ်းကြစို့]

image
သဘာဝပတ်ဝန်းကျင်ကလည်း ယိုယွင်းပျက်စီးလာတဲ့အတွက် ရာသီဥတုတွေမမှန်ဖြစ်လာကြသည်။သစ်တောတွေမရှိတော့ လေထုတွေညစ်ညမ်း အပူချိန်တွေသိသိသာသာတတ်လာက ကမ္ဘာကြီးပူနွေလာတဲ့အဆင့်တွေဖြစ်ပေါ်လာကြသည်။ဒါတွေအားလုံးရဲ့ အပြစ်တွေဟာ ကျွန်တော်တို့ လူသားတွေပါဘဲ။တစ်ချို့ဆို သစ်တောထဲက သစ်တွေ တရားမဝင် မှောင်ခို ကူးလာကြသည်။ငွေရဖို့ကြည့်တဲ့သူတွေပေါ့ဗျာ။သစ်တောပြုန်းတီးရင် အနာဂတ်အတွက် မကောင်းတာကို မကြည့် မသိကြဘဲ မိမိဘဝအဆင်ပြေဖို့ဘဲ ကြည့်လာကြသည်။ထ်ုသို့လူများကြောင့်သစ်တောတွေမရှိပြီး ရာသီဥတုတွေ အချိန်မဟုတ်အခါ မဟုတ် ဖောက်ပြန်လာတဲ့သဘောတွေပါ။ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းသည့်အနေဖြင့် လူတိုင်း အားလုံး တူတူပါဝင်ကြပါစို့။

ဒီခေါင်းစဉ်ငယ်စာစုတွေဟာ တောင်ကြီးနည်းပညာတက္ကသိုလ်က Queen နဲ့Kingတို့ သဘာဝပတ်ဝန်းကျင်လှုံဆော်ထားတဲ့ စာစုတွေကို ကျွန်တော်က ပြန်လည်ချဲ့ထွင်ရေးသားထားခြင်းဖြစ်ပါသည်။Photoပိုင်းအနေနဲ့ သူတို့ရဲ့ photoတွေကိုယူပြီး Creditပေးထားပါသည်။အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ခုစာကိုဖတ်ပေးကြသော စာဖတ်သူများနဲ့ commemtရေးပေးကြတဲ့သူများကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

Naingwintun
Msc207

Sort:  

V 100% $11 V n C done.@thiha/POE

Nice post လေးပါဗျာ

ကျေးဇူးပါ

မိမိကိုယ်ကို စတင်ပြောင်းလဲကြပါစို့

ဝိုင်းဝန်းပြောင်းလဲကြပါစို့

ဆုလဲရရှိပါစေ

ဟုတ်ကဲ့အကို။ပေးတဲ့ဆုနဲ့ပြည့်ရပါစေ

ဆုရပါစေဗျာ

ပေးတဲ့ဆုနဲ့ပြည့်ရပါစေ။

ရှယ်ဘဲဗျာရေးထားတာတွေ

ဟုတ်ကဲ့ပါ

ကဲကဲ အလုပ်​နဲ့သက်​​သေပြကြမယ်

ရေးထားတာကောင်းပါတယ်ဗျ အားပေးနေပါတယ်

thank you@caesar

ဆုရပါစေဗျာ

ပေးတဲ့ဆုနဲ့ပြည့်ပါရစေ@ye

Good မောင်လေး.ဆုရပါစေခွယ်😁😁

တကယ်လားမမ

တကယ်လားမမ။ပေးတဲ့ဆုနဲ့ပြည့်ရပါစေ

Coin Marketplace

STEEM 0.18
TRX 0.12
JST 0.027
BTC 62853.43
ETH 3013.11
USDT 1.00
SBD 2.50