မေတ္တာ

in #myanmar8 years ago

မေတ္တာ
image
မေတ္တာဆိုတဲ့အတိုင်း လူတိုင်းအပေါ်ထားရှိရမဲ့စိတ်ကိုပြောတာပါ။မေတ္တာဆိုတဲ့ စကားကိုလူတိုင်းကြားဖူးတယ်။အမျိုးမျိုးသောသူတို့ စာရေးဆရာတို့တွေဟာ ဖွဲ့ဆိုသော စာပေတွေလည်းအများကြီးရှိပါသည်။ဒီမေတ္တာအကြောင်းကိုတော့ ကျွန်တော်သိသလောက် နားလည်သလောက် ရေးပြတင်ပြချင်ပါသည်။မေတ္တာထားပုံနဲ့ မေတ္တာပွားပုံတို့ကို ရေးသားတင်ပြသွားပါမည်။

တစ်ဦးအပေါ်တစ်ဦး မာန်မာနမထားဘဲ မေတ္တာအရင်းခံကာ ပြောဆို ပြုမှု ခင်တွယ်ကြပါ။မာန်မာနမထားဘဲ ဒေါသကိုခွာကာ မေတ္တာထားပေးပါ။မေတ္တာသည် လူတိုင်း၏ရင်ထဲမှာ အေးမြပြီး ပီတိဖြစ်စေပါသည်။ထိုမေတ္တာကြောင့်ရသော အေးချမ်းမှုပီတိသည် ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။မေတ္တာတရားကို အရင်းခံပြီး သတ္တဝါတွေအပေါ် ကြင်နာသနားကြပါ။ကျွန်တော်ဆိုရင် သင်္ဘော ကမ်းကပ်တဲ့အချိန်ဆို ကိုအေးချမ်းနဲ့အတူတူ ဆိုင်ထိုင်ကြသည်။ဆိုင်ထိုင်သည်ဆိုတာ အကြော်ဆိုင်ကိုပြောခြင်းဖြစ်ပါသည်။ထိုအကြော်ဆိုင်မှာထိုင်ရင် ခွေးတွေက အမြဲတမ်း ကျွန်တော်တို့နှစ်ယောက်ဆီ အမြဲတမ်းလာကြသည်။ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့နှစ်ယောက်မှာ အမြင်တူပြီး စိတ်ဓာတ်ချင် တူနေလို့ပါ။ဘယ်လိုစိတ်ဓာတ်ချင်းတူသလဲဆို မည့်သူအပေါ်ဖြစ်ဖြစ်မေတ္တာထားတတ်လို့ပါ။ကျွန်တော်တို့ဟာ ခွေးတွေအပေါ်မေတ္တာထားပြီး ဆိုင်ထိုင်တိုင်း ခွေးတွေကိုအကြော်တစ်ထောင်ဖိုးအမြဲတမ်းကျွေးပါသည်။လူတွေက ပြောပြတယ်။ခွေးတွေကျွေးမဲ့အစား မရှိဆင်းရဲသားတွေကို ပေးကမ်းပါလား လို့ပြောတတ် အကြံပေးတတ်ပါသည်။

သို့သော် ကျွန်တော်တို့ဆီမှာ အမြင်တစ်ခုရှိတယ်။သူတို့ပြောတာလည်း မှန်ပါတယ်။ကျွန်တော်တို့ခွေးတို့ တိရိစ္ဆာန်တို့ကျွေးတာဟာ သူတို့တွေ ဗိုက်စားရင် လူတွေလို ဝယ်စားလို့မရသလို ဗိုက်ဆာလို့ဆိုပြီး ပြောတတ်တာလည်းမဟုတ်ဘူး။လူဆိုတာ ငွေရှိရင် ဘယ်ဆိုင်မှာဖြစ်ဖြစ် စားသောက်လို့ရပါသည်။ခွေးတို့တိရိစ္ဆာန်တို့ဆိုတာ လူတွေလို ပြောဆိုမတတ်တဲ့အတွက် ကျွန်တော်တို့နှစ်ယောက်က ခွေးတွေကို ကျွေးရခြင်းဖြစ်သည်။ဟိုအရင်က ကျွန်တော်ခုလိုအတွေးမျိုးမရှိခဲ့ဘူး။မိတ်ဆွေကောင်းတစ်ယောက်ရှိလို့ ခုလိုအတွေးမျိုးရပြီး ခုလို လုပ်ရခြင်းဖြစ်တယ်။ကျွန်တော်ရဲ့မိတ်ဆွေကောင်းက ကျွန်တော်နဲ့ သင်္ဘောတစ်စီးထဲနေ ကိုအေးချမ်းဆိုတဲ့သူဖြစ်ပါသည်။ဒါကြောင့် မိတ်ဆွေကောင်းတစ်ယောက်ရဲ့မေတ္တာစေတနာတွေဟာ အရမ်းတန်ဖိုးရှိပါတယ်။သူကပြောတဲ့စကားတစ်ခွန်းကြောင့် ခုလိုပြောင်းလဲလာခြင်းဖြစ်ပါသည်။သူငယ်ငယ်တုန်းက စာအုပ်တစ်အုပ်မှာ ကျွန်တော်တို့ လုပ်တဲ့ခွေးကျွေးရခြင်းအကြောင်းကိုဖတ်ဖူးကြောင်း၊နောက် ရန်ကုန်မှာ သူသိခဲ့တဲ့အမတစ်ယောက်ရဲ့ မေတ္တာ ဂရုဏာထားတတ်တဲ့စိတ်အကြောင်းတွေကြောင့် သူဟာငယ်ငယ်ထဲက ခုချိန်ထိ ထိုအလုပ်မျိုးကိုတွေ့တဲ့နေရာမှာ လုပ်တတ်ကြောင်းပြောပြခဲ့လို့ ကျွန်တော်လည်း သူနဲ့တွေ့ပြီးတဲ့နောက် အကျင့်တွေ စိတ်တွေပြောင်းလဲလာခြင်းဖြစ်သည်။

သူပြောတဲ့အမတစ်ယောက်အကြောင်းကိုလည်း ပြောပြချင်ပါသည်။တစ်နေ့ ထိုအမဟာ ဆူးလေကနေ တောင်ဒဂုံပြန်တဲ့အချိန် ဘတ်ကားစီးပြီးအိမ်အပြန် သူနောက်မှာ ခါးပိုက်နှိုက်တစ်ယောက်ရောက်လာသည်။ထိုခါးပိုက်နှိုက်ဟာ သူလက်ကိုင်အိတ်ထဲက ငွေကိုနှိုက်တော့သည်။ဒါကို ထိုအမက သိသော်လည်း သူအော်ပြောလိုက်ရင် လူတွေအကုန်းလုံးက ဖမ်းပြီး ခါးပိုက်နှိုက်ဒုက္ခရောက်မှာစိုးတဲ့အပြင် သူနောက်မှာ မိသားစုရှိလျင် ထိုမိသားစုတွေ ဒုက္ခရောက်မှာစိုးလို့ မအော်ဘူးတဲ့ဗျာ။နောက်မအော်တဲ့အပြင် ငွေတွေအလွယ်ယူလို့ရအောင် ပိုက်ဆံအိတ်ကိုတောင် အနည်းငယ်ဟပေးလိုက်သေးတယ်။ဒါကိုကြည့်ခြင်းဖြင့် ထိုအမလို့ စိတ်မျိုး မေတ္တာမျိုး အံ့သြဖို့ကောင်းတယ်။ဒီအကြောင်းကို ကိုအေးချမ်းက မေးတော့ မမက အသက်ရှိနေသ၍ ပိုက်ဆံပြန်ရှာလို့ရတယ်။နောက်ပြီး ဒီပိုက်ဆံက မမကို ဘဝပျက်လောက်အောင်မဖြစ်ဘူးတဲ့။အဲလိုထားတတ်တဲ့စိတ်လေးက လေးစားစရာကောင်းလှသည်။နောက် ထိုခါးပိုက်နှိုက်ကလည်း သူဆီက အကုန်မယူသွားဘူးတဲ့ဗျာ။မေတ္တာစေတနာဆိုတာ ခုချက်ချင်း ရောင်ပြန်ဟပ်တာလေ။ဒီအကြောင်းလေးပြောပြတဲ့ ကိုအေးချမ်းကို ကျေးဇူးတင်သလို မိတ်ဆွေစစ်လည်း ရပါသည်။

ဒီအကြောင်းအရာလေးတွေဖတ်ပြီး အသိပညာရရှိပြီး လူအချင်းချင်းမေတ္တာထားနိင်။

naingwintun
Msc.207

Sort:  

V100%$0.092/#thargyi

မေတ္တာ ဆိုတာ​ပေါင်းကား တစ်​စင်းလို့ပါဘဲ...

ဗဟုသုတရပါတယ်​။thank for post

ဟုတ်ကဲ့ပါအမရေ

ပုံလေးနည်းနည်းလောက် ထည့်လိုက်ပါလားဘရို ကျန်တာပြောစရာမရှိပါ

ဟုတ်။နောက်ထည့်နိင်အောင်ကြိုးစားပါမယ်

အခြားပုံလေးတွေလဲ ထည့်ရသေးတယ်လေ ကိုယ်စဉ်းစားမိသလောက်လေးပေါ့ ဒါဆိုပိုပြီးပြည့်စုံသွားမယ်ထင်တယ်

ဟုတ်။ခုလိုအကြံပေးတာ ကျေးဇူးပါ

မေတ္တာထားမှ အေးချမ်းပါမယ်ဗျ

ကောင်းပါတယ်

ဟုတ်ကဲ့။ကျေးဇူးပါ

မေတ္တာဟာ ဆေးစွမ်းကောင်းတစ်လက်ပါဘဲဗျာ

မေတ္တာသည်​သာအ​ကောင်းဆုံးလက်​နှက်

ကျေါ်ဇူးပါ

ခေါင်းစဉ်အတွက်စိတ်ကူးကောင်းပါတယ်။ပုံလေးနဲနဲထပ်ထည့်ရင်ပိုကောင်းသွားမယ်ထင်တယ်ဗျာ။

ဟုတ်ကဲ့ပါ။ကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.14
TRX 0.35
JST 0.035
BTC 116079.58
ETH 4732.24
SBD 0.86