အပြုသဘောဆောင် အဖျက်သဘောရှောင်

in #myanmar7 years ago (edited)

image

လူရဲ့လို့ ဖြစ်လာရင် လူတိုင်းမှာ လောဘ ဒေါသ မောဟဆိုပြီး အနည်းအများဆိုသလို ရှိကြပါလိမ့်မည်။ထိုလောဘ ဒေါသ မောဟက လောကကြီးရဲ့အဖျက်သဘောဆောင်တဲ့ အဖျက်အင်အားတစ်ခုလည်းဖြစ်သည်။တကယ်လို့ လောကမှာ လူတိုင်း လောဘ ဒေါသ မောဟတွေအရမ်းများနေလျင်တော့ ဒီကမ္ဘာလောကကြီးဟာ တိရိစ္ဆာန်ဘုံနဲ့မခြား ဖြစ်သွားပါလိမ့်မည်။လောဘ ဒေါသ မောဟဟာ လူတိုင်းအပေါ် စိုးမိုးနေကြတာ အကုန်လုံးသိမယ်လိုထင်ပါသည်။ဒီအကုသိုလ် ၃ ပါးကို နည်းနိင်သမျှ နည်းအောင် ပြုလုပ်သင့်သည်။ထိုသို့နည်းလေ လောကကြီးအေးချမ်းလေ ဖြစ်ပါလိမ့်မည်။လောကကြီး ဆေးချမ်းဖို့ဆိုတာ လောဘ ဒေါသ မောဟ ကင်းနေမှ ဖြစ်ပါလိမ့်မည်။လောဘ ဒေါသ မော မကင်းသေးသ၍ လောကကြီးဟာ အေးချမ်းမှုရှိမှာ မဟုတ်ဘူး။စစ်ဘေးတွေ ဖြစ်နေကြလိမ့်မည်။ဒီလိုတွေဖြစ်အောင် လုပ်တာ လူတွေဖြစ်သလို ကောင်းအောင်လုပ်ဖို့ကလည်း လူတွေဘဲ လုပ်နိင်ပါလိမ့်မည်။ဘာဖြစ်ဖြစ် အကောင်းအဆိုးမှန်သမျှကို ကျွန်တော်တို့ လူတွေဘဲ ဖန်တီး ပြုလုပ်ကြတာပါ။လူကဘဲ မိမိတို့ဘဝ အနာဂတ်တွေကို လှပအောင် အေးချမ်းအောင် အဆင်ပြေအောင် ဖန်းတီရှင်တွေပါ။

ကမ္ဘာကြီးစတည်ဖြစ်ပေါ်လာတုန်းက ဘာမှမရှိခဲ့ဘဲ ဟာလာဟင်လင်းကြီးဖြစ်နေတာပါ။အဝတ်ဆိုတာဟာလည်း ကျောက်ခေတ်လူသားတွေဖြစ်ခဲ့ရကြပါတယ်။ဒါပင့်မဲ့ လူတွေဘဲ အသိပညာတွေဥာဏ်အမြော်အမြင်တွေ တဖြည်းဖြည်းတိုးတတ်လာတဲ့အချိန်တွေမှာ ဒီလူတွေဘဲ တီထွင်မှုတွေပြုလုပ်လာကြသည်။ဖန်းတီမှုအများကြီးပြုလုပ်လာကြတော့ လောဘကြီးဟာ တစ်နေ့တစ်ခြားတိုးတတ်ကြသည်။ဒါပင်မဲ့ တိုးတတ်လာသည်နှင့်အမျှ လောဘ ဒေါသ မောဟတွေလည်း အများကြီးဖြစ်ပေါ်လာကြတယ်။လိုချင်တပ်မက်မှုတွေ အများကြီးဖြစ်ပေါ်လာပြီး တိုက်ကြ ခိုက်ကြနဲ့တစ်နိင်ငံနဲ့တစ်နိင်ငံ စစ်ဘေးဆိုတဲ့အရာတွေဖြစ်လာကြသည်။ဒါတွေအစပြုသူတွေဟာ လူတွေပါဘဲ။ဘာကြောင့်အစပြုခဲ့သလဲဆိုရင် လောဘ ဒေါသ မောဟတရားတွေကြောင့်ဖြစ်ပါသည်။ဒီလောဘ ဒေါသ မောဟ တရားတွေဟာ အရမ်းကြောက်စရာကောင်းကြောင်းလည်း တွေ့မြင်နိင်ပါသည်။

ထိုလောဘ ဒေါသ မောဟတို့အဖျက်သဘောရဲ့ဆန့်ကျင်ဘက်တွေလည်းရှိပါသည်။ထိုအရာကတော့ သစ္စာ မေတ္တာ ခန္တီစသော အပြုသဘောဆောင်တဲ့ တရားသုံးမျိုးရှိပါသည်။လောကမှာ ထိုသစ္စာ မေတ္တာ ခန္တီစသောအရာတွေ လူတိုင်းရှိကြရင်တော့ အရမ်းအေးချမ်းသွားမှာပါ။လောကကြီးကို အေးချမ်းအောင်လုပ်ပေးတဲ့တရားတွေဖြစ်ကြပါသည်။ထိုအရာကို လူတိုင်းရှိကြရင် အေးချမ်းမှုအမှန်တွေ့ပါလိမ့်မည်။အေးချမ်းမှုအစစ်အမှန်ကို ပြုလုပ်နိင်တာလည်း လူတွေပါဘဲ။ဒါပင့်မဲ့အများစုရဲ့စိတ်ထဲတွေမှာ အဖျက်သဘောဆောင်တဲ့ လောဘ ဒေါသ မောဟတရားတွေအများဆုံးရှိကြသည်။တစ်နေ့တာမှာ မိမိတို့ ကုသိုလ်တရားနဲ့ အကုသိုလ်တရား ထိုတရားနှစ်ပါးတွင် ဘာတရားကို အများဆုံးပြုလုပ်ကြလည်းဆိုတာ စဉ်းစားကြည့်ပါ။တစ်နေ့တာ အချိန်တွေမှာ မကောင်းခြင်း အကုသိုလ်တရားတွေကို အများဆုံးပြုလုပ်ကြသည်။အနည်းစုသောလူများသာ ကုသိုလ်တရား ကောင်းမှုတွေကိုပြုလုပ်ကြပါသည်။တစ်နေ့တာ စိုမိုးနေတာက အကုသိုလ်တရားဘဲဖြစ်ပါသည်။

ထိုအပြုသဘောဆောင်တဲ့ သစ္စာ မေတ္တာ ခန္တီတရားသုံးပါးနဲ့အဖျက်သဘောဆောင် လောဘ ဒေါသ မောဟတရားသုံးပါးတို့ဟာ လောကကြီးကို စိုးမိုးနေကြပါသည်။ဒါတွေက စဉ်းစားနိင်ကြပါစေ။ငါ့တို့ရဲ့ တစ်နေ့တာမှာ အပြုသဘောဆောင်တဲ့အလုပ်ကိုလုပ်မလား၊ဒါမှမဟုတ် အဖျက်သဘောဆောင်တဲ့အလုပ်ကို လုပ်ကြမှာလားဆိုတာ မိမိဘာသာ ဖန်းတီနေကြတာပါ။ဒါဆို အပြုသဘောကြိုက်လား၊အဖျက်သဘောကြိုက်ကြလား ဆုံးဖြတ်ကြပါ။လောကအကျိုးကို ငါ့တို့ ဘယ်လောက်သယ်ပိုးနိင်မလဲ၊လူသားအားလုံးအပေါ် ဘယ်လို ကောင်းကျိုးတွေဖြစ်အောင်လုပ်ကြမလဲ ဆိုတဲ့ အတွေးလေးတွေများများတွေးပေးကြပါ။ဒါဆို မိမိတို့ရဲ့စိတ်ထဲမှာ ကောင်းသောစိတ် ကောင်းသောအကြံ ကောင်းသောအလုပ်တွေ လုပ်ကြပါလိမ့်မည်။ကောင်းသောအလုပ်တွေလုပ်ရင် လောဘ ဒေါသ မောဟတွေနည်းလာကာ သစ္စာ မေတ္တာ ခန္တီတွေရကြပါလိမ့်မည်။

အဖွဲ့သားအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။ဆန္ဒနဲ့ဘဝ တစ်ထပ်ထဲဖြစ်ကြပါစေ။

naingwintun
msc.207

Sort:  

voting 100% 0.099$ V n C Done . @thiha/poe

thank you@thiha

ကြိုးစားရင် ရပါတယ်

မှန်တယ်@nyein

လျှော့နိုင်ကြရင်အကောင်းဆုံးပေါ့ဗျာ

Good writing
I like it

ခုလိုအားပေးတဲ့အတွက် ကျေးဇူးပါ@aster

လောဘ​လောဘ။

ဒေါသ ဒေါသ

ကြိုးစားတာပဲရသေးဘူးဗျာ

ဟဲဟဲ လွယ်တော့မလွယ်ဘူးဗျ

လောကကြီးအေးချမ်းသာယာဖို့ လူတိုင်းမှာ တာဝန်ရှိတာပေါ့နော် အစ်ကို

လူတိုင်းတာဝန်ရှိ တာဝန်ယူတတ်ဖို့လိုပါတယ်

အဆိုးဆုံးကတော့ ဒေါသပါပဲအကိုရေ

ဟုတ်ပါတယ်။ဒေါသက အဆိုးဆုံးပါ

သိပ်​မှန်​တယ်​ဗျာ ဘရို​ရေးတာ

ခုလိုအားပေးတဲ့အတွက် ကျေးဇူးပါ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61896.22
ETH 2413.79
USDT 1.00
SBD 2.66