About Life Repent

in #myanmar7 years ago (edited)

image

ဟေ့​ကောင်​....ထွန်းမင်း ​ဖြေး​ဖြေး ​သောက်​ပါကွာ ဘယ်​လိုဖြစ်​​နေတာတုန်း နားကိုမနား​တော့ဘူးအဲ့လို​သောက်​​နေရင်​ကျန်းမာ​ရေးထိခိုက်​လိမ့်​မယ်​ကွ..
ထွန်းမင်းလက်​ထဲမှအရက်​ခွက်​အားလှမ်းဆွဲရင်းခိုင်​​မောင်​​ပြောလိုက်​ခြင်းပင်​။ ငါ​သောက်​ပါရ​စေကွာငါမူးပြီး​လောကကြီးကို​မေ့သွားမှ​အေးမှာကွ...

မူးပြီး​မေ့​တော့​ရောမင်းဘယ်​​လောက်​ကြာကြာ​မေ့မှာမို့လဲကွာ..တရားနဲ့​ဖြေပါကွာဖြစ်​ပြီးတဲ့ကိစ္စကိုပြန်​ပြင်​လို့မှမရပဲ....ခိုင်​​မောင်​နှင့်​မြတ်​သူတို့နှစ်​​ယောက်​ဝိုင်းဝန်း​ဖြောင်းဖျ​သော်​လည်းထွန်းမင်းတ​ယောက်​မိမိအမှားအတွက်​ယူကြုံးမရ​နောင်​တရမိ​နေ​လေပြီ။
အ​မေ..သားကိုခွင့်​လွှတ်​ပါနဲ့ ဒီသားမိုက်​ကြီးကိုခွင့်​မလွှတ်​ပါနဲ့ အ​မေ..​ပြောရင်းထွန်းမင်​တ​ယောက်​ ရှိုက်​ကြီးတငင်​ငို​ကြွေး​လေပြီ။မင်းလဲအတက်​နိုင်​ဆုံးလုပ်​​ပေးခဲ့တာပဲကွာ​သေခြင်းတရားကိုဘယ်​သူမှလွန်​ဆန်​လို့မရပါဘူးတ​နေ့​သေရမယ့်​လူ​တွေချည်းပါပဲ။အ​မေ​နေမ​ကောင်းတာကိုငါဘာမှမလုပ်​​ပေးနိုင်​ခဲ့ဘူးကွာထွန်းမင်းငိုရင်း​နဲ့​ပြော​လေသည်​။မင်း​ငွေ​တော့ပို့​ပေးခဲ့တာပဲ​လေလူကိုယ်​တိုင်​ပြန်​မကြည့်​နိုင်​တာပဲရှိတာ..မဟုတ်​ဘူးကွငါ​ငွေလဲမပို့ဖြစ်​ဘူး...

ဟာ...ဒါဆိုမင်းအိမ်​ကိုပို့မယ့်​​ငွေ​တွေဘယ်​​ရောက်​သွားပြီလဲ....ငါမိုက်​မိတာပါ....​ငွေပို့မယ်​ဆိုပြီးသွားတဲ့​နေ့ကငါတ​ယောက်​ထဲကိုတုတ်​ကြီးဆိုင်​မှာဝင်​​သောက်​လိုက်​မိတယ်​ကွာ..နဲနဲပါးပါး​လောက်​ပါပဲ...​သောက်​ပြီးလို့လူကနဲနဲ​ထွေ​နေတဲ့အချိန်​ပိုက်​ဆံရှင်းပြီး​ငွေလွဲမယ့်​ဆီဆက်​ထွက်​လာခဲ့တယ်​....အဲ့မှာပဲဟိုဘက်​ရပ်​ကွက်​ကအသုဘအိမ်​​ရှေ့အ​ရောက်​လူစည်​ကား​နေတဲ့ဖဲဝိုင်းကြီးမြင်​​တော့ငါလဲဝါသနာအရခဏ​လောက်​ဝင်​ကြည့်​အုံးမှပဲဆိုပြီးဝင်​ကြည့်​မိတယ်​...ငါ​ရောက်​ပီးခဏကြာ​တော့​ဆော့​နေတဲ့လူထဲကတ​ယောက်​ပိုက်​ဆံကုန်​လို့ထွက်​သွားတယ်​...အဲ့ဒီအချိန်​မှာငါ့ရဲ့​လောင်းကစားဝါသနာအရဝင်​​ဆော့ချင်​စိတ်​​တွေတဖွားဖွား​ပေါ်လာ​တော့တယ်​...ကိုတုတ်​ကြီးဆိုင်​က​သောက်​လာတဲ့​ဆေးရဲ့အာနိသင်​ကငါ့ရဲ့စိတ်​​တွေကိုအမိုက်​​မှောင်​ထဲတွန်းပို့ခဲ့ပြီ​လေ...ငါဖဲဝိုင်းထဲမိန့်​မိန့်​ကြီးဝင်​ထိုင်​လို့အိမ်​ပို့မယ့်​ပိုက်​ဆံ​တွေနဲ့​ပျော်​​ပျော်​ကြီးဖဲရိုက်​​နေခဲ့တယ်​...

သား​ရေ...မင်းအ​မေကျန်းမာ​ရေးမ​ကောင်းလို့​ဆေးကုသဖို့ပိုက်​ဆံလိုအပ်​​နေတယ်​လို့​ပြောခဲ့တဲ့အ​ဖေ့စကားကိုလဲဒီအချိန်​မှာငါမကြားနိုင်​​တော့ဘူး...
နေမ​ကောင်းဖြစ်​​နေတဲ့အ​မေ့ရဲ့မျက်​နှာကိုလဲငါမမြင်​နိုင်​ခဲ့ဘူး...​လောင်းကစားရဲ့​လောဘစိတ်​​တွေ ငါ့ခန္ဓာကိုယ်​မှာကြီးစိုးမင်းမူ​နေပြီ​လေ...ဒီလိုနဲ့​ဆော့ရင်း​ဆော့ရင်းငါ့​ငွေ​တွေတ​ဖြေး​ဖြေး​လျော့လာပြီး...ငါရှုံးမဲမဲပြီးအရင်းပြန်​ရဖို့အတွက်​အသည်းအသန်​ကြိုးစားပြီးလိုက်​​ဆော့​နေခဲ့တယ်​...အ​မေ့​ဆေးဖိုးအတွက်​ပို့​ပေးရမယ့်​​ငွေ​တွေပါလားလို့အသိတရားဝင်​လာတဲ့အချိန်​ငါ့လက်​ထဲမှာပိုက်​ဆံသုံး​သောင်း​လောက်​ပဲကျန်​​တော့တယ်​...

ဇော​ချွေး​တွေပြန်​ပြီး​ဆော့​နေတဲ့ငါ့ကိုကံတရားကမျက်​နှာသာမ​ပေးခဲ့ပါဘူး...ငါ့အ​မေအတွက်​​ဆေးဖိုးပို့​ပေးမယ့်​ပိုက်​ဆံ ငါးသိန်း လုံးအကုန်​ရှုံးသွားခဲ့တယ်​...ငါတ​ယောက်​ထဲ​ဆောက်​တည်​ရာမရ​ခြေမကိုင်​မိလက်​မကိုင်​မိဖြစ်​​နေပြီ...ဒီလိုနဲ့ငါ့ရဲ့အပူမီးကိုမင်းတို့ဆီမကူးစက်​​စေချင်​တာရယ်​ငါ့ရဲ့မိုက်​မဲမှုကိုသိရင်​မင်းတို့အပြစ်​​ပြောကြမှာစိုးလို့ငါတ​ယောက်​ထဲကြိတ်​မှိတ်​ခံစားခဲ့တာပါသူငယ်​ချင်းတို့ရာ...ဒီလိုနဲ့​ငွေထပ်​ပို့နိုင်​​အောင်​ငါတ​ယောက်​ထဲကြိတ်​ပြီးရှာ​နေတုန်းမှာ...​ဆေးကုသဖို့စရိတ်​မရှိလို့...ငါ့အ​မေဆုံးပြီဆိုတဲ့သတင်းဆိုးကြီးငါ့ဆီဆိုက်​ဆိုက်​မြိုက်​မြိုက်​​ရောက်​လာခဲ့တာပဲ...ငါ့မိုက်​ပြစ်​​တွေပါကွာ...အ​မေ့အစားငါ​သေသွားရမှာ..​ပြော​နေရင်​အုတ်​နံရံနှင့်​​ခေါင်းကို​ဆောင့်​​နေ​သောထွန်းမင်းအားမြတ်​သူနှင့်​ခိုင်​​မောင်​တို့အတင်းဆွဲထားလိုက်​ရသည်​။

မင်းဘာလို့အဲ့​လောက်​မိုက်​မဲရတာလဲသူငယ်​ချင်းရာ...မင်းငါတို့ကိုလဲပွင့်​ပွင့်​လင်းလင်း​ပြောငးသင့်​တာ​ပေါ့ခု​တော့မဖြစ်​သင့်​တာဖြစ်​ကုန်​ပီ​ပေါ့ကွာ...ငါ့ရဲ့မိုက်​ပြစ်​​တွေအတွက်​ငါပဲခံစားသင့်​တာပါ ..ခု​တော့​နောင်​မှရတဲ့​နောင်​တ ကငါ့အ​မေအသက်​ကိုပြန်​ရှင်​လာ​အောင်​မစွမ်း​ဆောင်​နိုင်​​တော့ဘူး​လေ။

ထွန်းမင်း လို​နောင်​တများနဲ့ကင်း​ဝေးနိုင်​ကြပါ​စေလို့ဆန္ဒပြုရင်း

အစဉ်​ကြိုးစားလျှက်
Author. Nainglinn
HFS 13
Msc. 114

Sort:  

နောင်တတွေနည်းအောင်ကြိုးစားနေပါတယ်

နောင်တ ဆိုတဲ့အတိုင်း နောင်မှပဲ တရတာပေါ့
ပေးဆပ် မှုကတော့ အတိုင်းအဆမရှိပါပဲ။

ဟုတ်​တာ​ပေါ့ဗျာ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62832.46
ETH 3374.71
USDT 1.00
SBD 2.48