မျဝေချင်သော အခွင့်အလမ်းများ

in #myanmar7 years ago

မင်္ဂလာပါ steemit ညီအစ်ကို မောင်နမတို့ရေ။ ကျွန်တော်ဆုံးရှုံးခဲ့တဲ့ ကြီးမားတဲ့
အခွင့်အရေးတစ်ခုကို ကျွန်တော်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ဝေမျှချင်ပါတယ်။
ဆုံးရှုံးပြီးသွားမှ အခွင့်အရေးတစ်ခုရဲ့
တန်ဖိုးကို နားလည်သွားတဲ့ သင်ခန်းစာ
က ခါးသက်သက်နိုင်လှပါတယ်။

ကျွန်တော့်အဖေက စစ်သားတစ်ဦးတစ်
ဦးအဖြစ် တိုင်းပြည်တာဝန်ထမ်းဆောင်
ရင်း အမေနဲ့အကြောင်းပါခဲ့ပါတယ်။စစ်
သက်ပြည့်ပြီး မွေးရပ်မြေဇာတိကို မိဘများရဲ့ လက်ငုတ်လက်ရင်းတောင်သူလုပ်ဖို့ ပြန်လာခဲ့ပါတယ်။အဲဒီအချိန်တုန်းက ကျွန်တော်တို့ ကန့်ဘလူမြို့လေးက
မစည်ကားမဖွဲ့ဖြိုးသေးတဲ့အချိန်ပေါ့။
FB_IMG_1516149047562.jpg

စစ်တပ်မှ အနားမယူခင်စုဆောင်းထားခဲ့
သော ငွေ ၂ သိန်းခန့်နှင့် ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေသည့်အချိန်။ထို
အချိန်ကား ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေး(ငြိမ်း)မှ မိမိဇာတိချက်ကြွေမွေး
ရပ်မြေ ကန့်ဘလူတွင် မဟာရွှေစည်
ကြီးစေတီတော်ကို တည်ထားကိုးကွယ်
နေသည့်အချိန်ပင်။ စေတီတော်အနီး
တွင် တိုက်ခန်းတွဲများဆောက်ပြီး ရောင်းပေးပါသည်။စေတီကို မြို့အလယ်ဖြစ်
စေရန်ထင်ပါသည်။
images(2).jpg

တိုက်ခန်းတစ်ခန်း၏ တန်ဖိုးမှာ ၄သိန်း
ဖြစ်ပါသည်။ထိုအချိန်ကလေးသိန်းသည် မနည်းလှပါ။လွန်ခဲ့သော ၁၅နှစ်ခန့်
က ငွေတန်ဖိုးပါ။ သို့သော် အဖေနဲ့အမေ
မှာ ၄ သိန်းရှိခဲ့ပါတယ်။အဖေလည်း ဘုရားကြီးနားကတိုက်ခန်းဝယ်ပြီးဈေးဆိုင်
ဖွင့်ရမလား တောင်သူလယ်ယာပဲလုပ်ရ
မလားနဲ့ စဉ်းစားရင်း နွားလေးတစ်ရှဉ်း
ဝယ်ကာ တောင်သူလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ယခု ထိုတိုက်ခန်းများမှာ တစ်ကွက်သိန်း ၈၀၀ ခန့်ဈေးပေါက်နေပြီဖြစ်သည်။
ဝယ်မည့်သူသာရှိသည်။ရောင်းမည့်သူ
ကားမရှိ။ဆိုတော့ကား ၁၅နှစ်အတွင်း
အဆ ၂၀၀ ဈေးတက်သွားသည်။၎သိန်း
ရင်း၍လုပ်ခဲ့ရသော တောင်သူလယ်ယာ
လုပ်ငန်းမှာ ဈေးကောင်းလိုက် ဈေးကျလိုက် မိုးခေါင်သည့်ဒဏ် ခံလိုက်ရ မိုးကောင်းသည့် ဒဏ် ခံလိုက်ရနှင့်။ အကြွေး
မတင်ပဲ ချောင်ချောင်လည်လည် သုံးနိုက်စွဲနိုင် လည်ပတ်နိုင်လျှင်ပင် တော်တော်ပြေလည်နေခြင်းဖြစ်သည်။သို့သော်
နေပူမရှောင် မိုးရွာမရှောင် အလုပ်ကိုတော့ ပင်ပန်းကြီးစွာ လုပ်ကိုင်ကြရသည်။
ဒါက အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ပုံ။

ကျွန်တော် လွန်ခဲ့တဲ့ ၅နှစ်က ကန့်ဘလူ
နည်းပညာကျောင်းတွင် မြို့ပြအင်ဂျင်နီ
ယာ ဘာသာရပ်ကို သင်ယူနေသည့် ဒုတိယနှစ်ခန့်တနေ့မှာ အဖေ့နှင့်သူ၏သူ
ငယ်ချင်းကျောင်းဆရာမှာ ရေနွေးသောက်လျက် စကားစမမြည်ပြောဆိုနေကြ
သည်။
"ကိုဝင်းကို အိမ်ကွင်းလေးတွေ တစ်ကွင်းမှ သုံးသောင်းရှိတာ။စိတ်ကြိုက်အကွ
က်ယူရင်တော့ ငါးသောင်းပေါဗျာ"
"ခင်ဗျား သုံးသောင်းတန် ၂ကွက်လောက် ယူထားပါလားဗျာ"
အဖေ့သူငယ်ချင်းမှ အဖေ့ကိုဝယ်ဖို့တိုက်တွန်းနေခြင်းဖြစ်သည်။ သူကိုယ်တိုင်လည်း ၅ ကွင်းဝယ်ထားသည်။အိမ်ကွင်းဆိုသော်လည်း မြို့စွန်နှင့် ကပ်လျက်
ရှိသည့် ကောက်ပဲသီးနှံစိုက်ပျိုးသည့်
ယာမြေများကို အကွက်ရိုက်၍ရောင်းကြခြင်းဖြစ်သည်။အဖေမဝယ်ဖြစ်ခဲ့ပါ။
ကျွန်တော်လည်း ငွေကြေးပညာမတတ်
မြောက်ခဲ့ပါဆိုသည်ထက် ဗဟုသုတအနည်းငယ်မျှပင် မရှိခဲ့ပါ။ဆရာတင့်လှိုင်
ဦးနှင့် စောတွေ့ခဲ့လျှင် (ဝါ)ဂျပန်အမေရိ
ကန် ကပြား best sellerစာရင်းဝင် ရောဘတ်ကီယိုဆာကီ၏ ငွေပညာစာအုပ်များကို စောစောများဖတ်ခဲ့မိလျှင် အခွင့်အရေးများကို အမိအရ အသုံးချနိုင်ခဲ့
မည်ဖြစ်သည်။ယခု ၅နှစ်ကြာပြီးနောက်
သုံးသောင်းနှင့် မဝယ်ဖြစ်ခဲ့သော ထိုအကွက်များမှာ တစ်ကွင်လျှင်သိန်း ၅၀ဈေးပေါက်နေပြီဖြစ်သည်။၅နှစ်အတွင်း
အဆ ၁၀၀ ကျော်ဈေးတက်သွားခဲ့ခြင်း
ပင်။

ကျွန်တော်အပြန်ပြန်အလှန်လှန်စဉ်းစားနေမိသည်။ငွေကြေးအဆင်မပြေကြ
သူများပြောသည်မှာ ငွေမရှိလို့အရင်းအနှီးမရှိလို့ အခွင့်အရေးမရှိလို့ဟုသာ
ပြောကြသည်။အမှန်မှာ ငွေပညာမတတ်ခြင်း အသိပညာဗဟုသုတ နည်းပါးခြင်းကြောင့်သာ ဆင်းရဲသောဘဝမှ မလွတ်မြောက်နိုင်ခြင်းဖြစ်သည်ဟုသာမြင်မိ
သည်။အနည်းငယ်ရှင်းပြပါမည်။ ထိုအချိန်က ကန့်ဘလူမြို့ ကျွန်တော်တို့နေ
ထိုင်ရာ ရပ်ကွက်သည် တောင်သူလယ်ယာလုပ်စားသူသာ များပါသည်။အနည်းဆုံး နွား ၂ရှဉ်းနှင့်တောင်သူလုပ်ကြ
ပါသည်။နွားတစ်ရှဉ်းကို ၆သိန်းခွဲ၇သိန်း
ခွဲဈေးရှိပါသည်။ဆိုလိုသည်မှာ ငွေသုံးသောင်းမှာ မရင်းနိုင်လောက်အောင် မပြေလည် နိုင်သူအလွန်နည်းပါသည်။သို့သော် ငွေဆိုသည်မှာ အမြော်အမြင်ရှိသူ
ငွေပညာတတ်မြောက်သူထံသို့သွားမြဲ
သာဖြစ်သည် မဟုတ်လား။

ထို၅နှစ်ခန့်ကပင် ကျွန်တော်ကျောင်းတက်နေစဉ် facebookသုံးရင်း တန်ဆည်မြို့ မှ ကောင်မလေးတစ်ယောက်နှင့်သူ
ငယ်ချင်းဖြစ်ခဲ့သည်။စကားတွေနေ့စဉ်ပြောရင်း တနေ့တွင် မဟာမြိုင်တော
ထဲရှိ ဗိဿနိုး ရှေးဟောင်းနေရာသို့အလည်ရောက်နေ၍ ဓာတ်ပုံများရိုက်၍
ကျွန်တော့်ကိုလှမ်းပို့သည်။ ထို့နောက်
ကြီးမားသော စေတီတော်ကြီးတည်ထား
ကိုးကွယ်နေကြောင်းများနှင့် ထိုအနီးအနားတွင် အစိုးရမှ မြေနေရာများရှင်းလင်းကာ တိုက်ခန်းတွဲများဆောက်လုပ်၍
ရောင်းချပေးသည်များပြောပြသည်။
တခန်းမှ ၆သိန်း နှင့် ၈သိန်းဝန်းကျင်သာရှိသည်များကိုကြားသိရပါသည်။
သို့သော် လွန်ခဲ့သော ၁၅နှစ်ခန့်က ကန့်ဘလူမြို့သို့ရောက်ရှိခဲ့သော အခွင့်အရေးသည် မဟာမြိုင်တောသို့ရောက်
ရှိလာခဲ့သည်ကို ဥာဏ်နည်းလှသည့်ကျွန်တော်ကတော့ မသိနိုင်ခဲ့ပါ။သူငယ်ချင်းနှင့်လည်း အဆက်အသွယ်မရှိတော့ပါ။သို့သော် ၅နှစ်ကြာပြီးနောက် ထိုအိမ်
ကွင်းအိမ်ကွက်များ ဘယ်ဈေးပေါက်နေ
သည်ကိုတော့ သိချင်မိပါသည်။သေချာ
သည်ကား ၁၅ခန့်ကြာလျှင် အဆ၂၀၀
တော့ အကျော်ပဲရှိမည်ထင်သည်။နေရာတိုင်းကိုပြောတာ မဟုတ်ပါ။ထိုသို့အကျိုးအမြတ်များရန် အမြော်အမြင်နှင့်
ဗဟုသုတ များစွာလိုအပ်ပါသည်။
ကျွန်တော်ကတော့ လွန်ခဲ့သော၅နှစ်ခန့်
က နွားတစ်ကောင်ကို ၂သိန်းနှင့်ဝယ်ပြီး
ယခု ဆယ်သိန်းခန့်ဈေးပေါက်နေသည်
ကို ကျေနပ်ပိတိဖြစ်နေသောတောင်သူ
များကို မြင်လေတိုင်း သုံးသောင်းတန်
အိမ်ကွက် သုံးသောင်းတန်အိမ်ကွင်း၂
ကွင်း၏ သိန်း ပေါက်ဈေးသိန်း၁၀၀ကို
အားရကျေနပ်နေသော တောင်သူတချို့ကိုပြေးမြင်မိသည်။ လွန်ခဲ့သော ၅နှစ်ခန့်က ယာ၎ဧက ကို ၆သိန်းနှင့်ဝယ်ခဲ့
ပြီး ၈ သိန်းမှ ၁၀ သိန်းထိဈေးတက်လာ
ပုံကို ပျော်ရွှင်နေကြသည့်တောင်သူများ
ကိုမြင်လေတိုင်း လူနေကျဲနေသေးသောမြို့လယ်မှ ၆သိန်းနှင့် တိုက်ခန်းဝယ်
ထားသော တောင်သူအချို့အချို့နှင့်
နှိုင်းယှဉ်စဉ်းစားနေမိပါသည်။ သူတို့ကို
ကွာခြားသွားစေသည့် အချက်များကို
လေ့လာရန် စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ်ဖတ်ဖြစ်လာခဲ့ပါသည်။မေးမြန်း
စုံစမ်းပြီး သင်ယူတတ်လာသည်။
images(3).jpg

ယခုတော့ လွန်ခဲ့သော ၅နှစ်ခန့်က မန္တလေးမြို့စွန်တွင် ၁၅သိန်းပေါက်သော မြေ
ကွက်ကို အရောင်းစောခဲ့သော အစ်ကိုတစ်ယောက် ယခု သိန်း ၂၈၀၀ ဈေးပေက်နေသည်ကိုကြည့်လျက် စုတ်တသပ်သပ် နှင့် နောင်တရနေပုံများကိုမြင်လေတိုင်း ငွေပညာ အသိဥာဏ်ပညာ၏
အရေးပါပုံအကြောင်း မိမိကိုယ်ကို အမြဲ
သတိပေးနေသလို မိတ်ဆွေသူငယ်ချင်းများကိုလည်း ပြောပြချင်နေမိသည်။သတိပေး အသိပေး၍ အခွင့်အရေးများကို
ရယူကာ ဘဝကိုပျော်ရွှင်နိုင်စေကြောင်း
ဆုတောင်းလိုက်ပါသည်။
မိတ်ဆွေသူငယ်ချင်းများလည်း အခွင့်အရေးများကို ပြောပြ အကြံပေးကြပါ
ှုဦးခင်ဗျာ။

Credit Google Pghoto

Writer @nainghtetlin
Msc - 219

Sort:  

နောင်တဆိုတာနောင်မှရတာနော်အစ်ကိုရေ ဖတ်ခဲ့သည်

ဟုတ်ကဲ့ပါ နောက်ထပ်အခွင့်အဆရးတွေစောင့်နေပါတယ် ဟီးးး

အဲ့လိုပါဘဲ ဟယ်

ဟုတ် ဝယ်ထားအမ နေရာကောသ်းလေးရဗာပြီးး
ဟီးးး

ကိုယ်​နဲ့မထိုက်​လို့ပဲသ​ဘောထားလိုက်​ပါ။ဖြေသာပါလိမ့်​မယ်​။

ဟုတ် သင်ခန်းစာရတာကတော့ အခွင့်အရေးက နေရာတိုင်းမှာရှိနေတာပဲ ငျနော်တို့ကတွေ့အောင်မရှာနိုင်ခဲ့တာပါ

good post လေးပါ ဘဒို ဘုတ်ခဲ့သည်

ဟုကဲ့ပါ ဘဒို

ရွှေဥဥပေးနေတဲ့ ငန်းလေးတွေကိုတန်ဖိုးထားတတ်ကြပါစေ

ဟုတယ်ဗျာ

မျှဝေတာ ကျေးဇူးပါ

အမြန်ဆုံးသာဝယ်ထားပါbro
ဒီကြားထဲစီးပွားဆရးတတ်နိုင်သလေူက်လုပ် နောက်ဆုံးဘယ်လိုမှ အဆင်မပြေတော့တဲ့အချိန်မှာ အသက်ကယ်ဆေးပေါ့

နေပြည်တော်မှာလည်း ၁၅ သိန်းတန်ကို သိန်း ၅၀၀ ပေးလို့ဝမ်းသာမဆုံးခင် သိန်း၈၀၀၀ နဲ့ပြန်ရောင်းစားသွားတာကြားဖူးတယ်

ကျေးဇူးဗျာ သေစရာငေ်းတာ

နောက် မရှုံးစေနဲ့တော့်နော်

Sharing Good knowledge

ဟုတ်ကဲ့ပါအစ်မရေ ဝယ်ထားပ့နော

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.026
BTC 55030.03
ETH 2337.21
USDT 1.00
SBD 2.32