အကူအညီတောင်းသံနားစွင့်ပါ

in #myanmar7 years ago (edited)

အကူအညီတောင်းသံကို နားစွင့်ပါ

နေ့စဉ်ဘဝမှာ ကြုံဖူးကြတဲ့ ရင်ဆိုင်ဖြတ်သန်းရတဲ့ အခက်အခဲတစ်ခုကို အမြင်
ကိုပြောင်းလဲခြင်းဖြင့်(ဝါ)ခြားနားသော
ရှုထောင့်ပြောင်းလဲကြည့်လိုက်တာနဲ့
မိမိအပါအဝင် ပတ်ဝန်းကိုပါ ပျော်ရွှင်စေနိုင်မယ့် အကြောင်းလေးပြောချင်ပါ
တယ်။ အရင်ဆုံး တိုက်တန်းနစ်သင်္ဘော
အကြောင်းအရင်ပြောပါရစေ။

တိုက်တန်းနစ်သင်္ဘောကြီးဆိုတာ အလွန်လှပပြီး ကြီးမားခိုင်ခံ့လှတဲ့ သင်္ဘောကြီးပါ။ အလွယ်တကူမနစ်မြုပ်နိုင်တဲ့
မုန်တိုင်းဒဏ် လှိုင်းဒဏ်ကို ခံနိုင်တဲ့ တကယ့် သင်္ဘောကြီးပါ။တိုက်တန်းနစ်
သင်္ဘောကြီးက ပင်လယ်အောက်မှာ
မမြင်ရတဲ့ ရေခဲတောင်ကြီးနဲ့တိုက်မိပြီး
ပျက်စီးခဲ့ပါတယ်။လူပေါင်းများစွာသေ
ဆုံးခဲ့ရတဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်
တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီသင်္ဘောပေါမှာ
အမျိုးသမီးတွေ အမျိုးသားတွေ အသက်ကြီးတဲ့အဖိုးအဖွားတွေ ပျော်ရွှင်တတ်
စ ကလေးငယ်တွေ များစွာသေဆုံးခဲ့ရပါ
တယ်။ဝမ်းအနည်းစရာအကောင်းဆုံးက ဒီသင်္ဘောကြီး နစ်မြုပ်နေတော့ တစ်မိုင်ခန့်အကွာမာ နောက်ထပ် သင်္ဘော
ကြီတစ်စီးရှိနေခဲ့ပါတယ်။

အလွန်ကြီးမားတဲ့သင်္ဘာကြီးဟာ ရေထဲကို မြန်မြန်မနစ်မြုပ်ခဲ့ပါဘူး။ အချိန်တော်တော်ကြာမှ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောဟာ ပင်လယ်အောက်မှ ရေခဲတောင်နှင့်တိုက်မိပြီးသကာလ ထက်ပိုင်းကျိုးသွားပြီး စတင်နစ်မြုပ်ချိန်မှာ သဘောင်္မာလိန်မှုးဟာ ရေဒီယိုနဲ့
နီးစပ်ရာ သဘောင်္ကို အကူအညီတောင်း
နေပါတယ်။ တိုက်တန်းနစ်သင်္ဘာကြီး
နစ်မြုပ်နေတဲ့အကြောင်း အချိန်မီလာကယ်ဖို့ အားကိုးတကြီး ဆက်သွယ်ပြောနေချိန်မှာ အနီးမှာရှိနေတဲ့ သင်္ဘောပေါမှ တာဝန်ကျသူက မူးပြီးအိပ်နေပါတယ်။ ဒါကြောင့်ပဲ တိုက်တန်းနစ်ရဲ့အကူ
အညီတောင်းသုံကို မကြားခဲ့အောင် မူးနေလို့သာ လူပေါင်းများစွားသေဆုံးခဲ့ရပါ
တယ်။ အလွန်ကို ဝမ်းနည်းဖို့ကောင်းပါ
တယ်။ဒီ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်သလိုပါပဲ လူသင်္ဘောတွေလည်း နေ့
စဉ်နစ်မြုပ်နေပါတယ်။

ကျွန်တော်တော့ ခဏခဏကြုံဖူးပါတယ်။ မိမိက အရမ်းခင်ရတဲ့ သူငယ်ချင်း
တွေ တခါတလေ မျက်နှာမကောင်းဖြစ်
နေချိန် စိတ်ဆိုး ဒေါသထွက်နေချိန်မှာ
"သူငယ်ချင်း မင်းဘာဖြစ်နေတာလဲ
ဘာစိတ်ညစ်စရာရှိလို့လဲ"လို့ မေးလိုက်
ရင် "မင်းနဲ့မဆိုင်ဘူး ငါ့ဘာသာဘာဖြစ်
ဖြစ်"ဆိုတာမျိုး တုန့်ပြန်ပြောခံလိုက်ရ
ရင် စိတ်အရမ်းဆိုးပါတယ်။ မိမိကစေတ
နာနဲ့ မေးသည်ကို မချေမငံပြောသော
ကြောင့် ထိုသူဘာဖြစ်ဖြစ်မမေးဖို့ဆုံး
ဖြတ်ပစ်လိုက်လေ့ရှိသည်။ မိမိဖြစ်သည်
မှ မဟုတ်။ မိမိစေတနာကိုစော်ကားသောသူကို စေတနာထားမိသည်ကို နောင်တရ၍မဆုံးပါ။ ထို့ကြောင့်လည်း နောက်တကြိမ် စေတနာမထားချင်တော့ခြင်းပင်။
"ငါ တစ်ယောက်နည်းနေပါရစေ"

"ငါ ဘာဖြစ်ဖြစ် မင်းအပူမပါဘူး"

"ငါနဲ့ဝေးဝေးနေစမ်းပါ"

ဒီလိုဆိုလိုခြင်း အဓိပ္ပာယ်တူတဲ့ ခွန်းတုန့်
ပြန်တာတွေကို ကျွန်တော်တို့ကြုံဖူးကြ
ပါတယ်။ ဒီလိုပြောခံရတဲ့အခါ ကျွန်တော်တို့လည်းစိတ်ဆိုးဒေါသထွက်ပါတယ်။ တကယ်တော့ သူတို့တွေက အကူအညီလိုနေကြတာပါ။
"ငါတစ်ယောက်တည်း နေပါရစေ"လို့
ပြောလိုက်တာဟာ "ငါ အခက်အခဲတွေ့
နေတယ်ကွာ။ ဘယ်လိုဖြေရှင်းရမယ်ဆို
တာ ငါမသိဘူး။ ငါ ဘာလုပ်ရမယ်မသိဘူး"ဆိုတဲ့ အကူအညီတောင်းနေတဲ့အသံပါ။
"ငါဘာဖြစ်ဖြစ် မင်းအပူမပါဘူး"လို့ပြော
လိုက်တာဟာ "ငါဟာ အကူအညီမဲ့နေပါတယ်။ ငါဘာလုပ်လို့လုပ်ရမှန်းမသိအောင် ငါ့စိတ်တွေ ရှုပ်ထွေးနေပါပြီ။ ကျေးဇူးပြုပြီး ငါ့ကို ကူညီပါ"လို့ အကူအညီတောင်းနေတဲ့ အသံပါ။
ထွက်ပေါက်မရှိ အခက်အခဲဖြစ်စိတ်ညစ်
နေတဲ့ လူတစ်ယောက်ကတော့ အဲအချိန်မှာ ပြောမိမှာပါပဲ။ ကျွန်တော်တို့လည်း
ပြောခဲ့တာပါပဲ။

ဒါကြောင့် "ငါ တစ်ယောက်တည်းနေပါ
ရစေ"လို့ ပြောခံရတိုင်း "ကျေးဇူးပြု၍
ငါ့ကို ကူညီပါ။ ငါအကူအညီမဲ့နေပါတယ်။ ငါဝမ်းနည်းနေပါတယ်။ ငါ ဒုက္ခရောက်နေပါတယ်"ဆိုတဲ့ အကူအညီတောင်းသံကို နားစွင့်ကြည့်လိုက်ပါ။
အစောတလျင် စိတ်မဆိုးလိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက မိမိ
ကိုယ် ခွန်းတုန့်ပြန်ပြောခံလိုက်ရရင် "နေပေါ့ နင့်ဘာသာ ဘာဖြစ်ဖြစ် ငါကအနေသာကြီး မေးမိတာကိုက ငါ့အမှား"ဆိုပြီး လျစ်လျူရှုလိုက်ကြမှာမလို့ပဲ။ဒါကြောင့် မိမိသူငယ်ချင်းကို အချိန်လေးခဏခံစားပါစေ။ ပြီးလျှင် စိတ်နည်းနည်းပြေသွားချိန်မှာတစ်ကြိမ်ထပ်ပြီး
သင့်ရဲ့နွေးထွေးမှု ကြင်နာမှုဖြင့်ထွေးပွေ့
ထားပါ။ နွေးထွေးလုံးခြုံပါစေ။
"ငါတစ်ယောက်တည်းနေပါရစေ"လို့
အကူအညီတောင်းရင်း တိုက်တန်းနစ်
သင်္ဘောလို နစ်မြုပ်သေဆုံးနေတဲ့ လူသေင်္ဘာတွေရှိတယ်။ "ငါ့ကို ကူညီပါ"ဆို
တဲ့ အကူအညီတောင်းသံကို နားစွင့်ပါ။
ငါ့ကို ဒီလိုပြန်ပြောရသလားဆိုတဲ့ ဒေါသအရက်မူးမနေပါနဲ့ဦး။ ကျွန်တော်
တို့ နေ့စဉ်မူးပြီး အကူအညီတောင်းသံကို နားမထောင်တတ်လို့ ဝမ်းနည်းအား
ငယ်မှု အထီးကျန်မှု ပင်လယ်ထဲမှာ နစ်မြုပ်နေတဲ့ လူသင်္ဘောတွေရှိလို့ပါ။
image

သူငယ်ချင်းတို့အားလုံး အကူအညီတောင်းသံကို နားစွင့်နိုင်ပါစေ။ အနည်းဆုံး
တော့ မိသားစုမှာတောင် ကြုံနေတတ်
ကြတာပါပဲ။အဖေ ဘာဖြစ်တာလဲလို့
မျက်နှာမကောင်းတဲ့ အဖေကို မေးလိုက်
လို့ ဘာမှမဖြစ်ပါဘူးကွာဆိုတာ ဆိုတာမျိုး အစ်ကို ဘာဖြစ်တာလဲလို့မေးလိုက်
ချိန် ဘာမှမပြောပဲ တိတ်ဆိတ်နေတာမျိုး ကြုံဖူးရင် နားလည်မှာပါ။ဘာပဲဖြစ်
ဖြစ် သူငယ်ချင်းများအားလုံး အမြင်တစ်ခုနဲ့ ပျော်ရွှင်နေစေဖို့ ဆန္ဒပြုလိုက်ပါသည်။

နောက်ပြီးတဆက်တည်းမှာ 90/10 နိယာမလေးကို ပြောပါရစေ။ ဆရာမ နိုင်းနိုင်းစနေဘာသာပြန်ထားတာကို ဖတ်ရ
လို့ပါ။
90/10နိယာမဆိုတာက ကျွန်တော်တို့
ဘဝတွေမှာဖြစ်လာတဲ့ အခြေအနေတွေ
ိကို ကျွန်တော်တို့မထိန်းချုပ်နိုင်ဘူး။
သို့သော် ဘယ်လိုတုန့်ပြန်မည်လဲဆိုတာ
ကိုတော့ ကျွန်တော်တို့ရွေးချယ်ခွင့်ရှိသည်။ ဥပမာ အိပ်ယာထနောက်ကျလို့ အမျိုးသားတစ်ဦးဟာ စာရွက်တွေသိမ်းရင်း နံနက်စာသောက်လက်စ ကော်ဖီမှောက်သွားတယ်ဆိုပါစို့။ ကော်ဖီပန်းကန်ကို စာပွဲအစွန်းမှာ ထားမိတဲ့ ဇနီးကိုဆူ
မယ်။ ဇနီးကလည်း သူအပြစ်မရှိကြောင်း ခင်ပွန်းသာ ပျာယာခတ်နေ၍ဖြစ်ကြောင်းပြောရင်း စကားအဖုအထစ်ဖြစ်
မယ်။ဇနီးသည်က ယောကျာ်းနဲ့စကားများနေလို့ ဟင်းအိုးတူးသွားတယ်။ဒီလို
နဲ့ ကလေးတွေကျောင်းပို့ဖို့ နောက်ကျ
တယ်။ ကော်ဖီတစ်ခွက်မှောက်သွားတဲ့
အဖြစ်အပျက်တစ်ခုကနေ ကလေးကျောင်းနောက်ကျတဲ့ထိ အခြေအနေတွေဖြစ်သွားတာကို နမူနာကြည့်လိုက်ရင်
ကော်ဖီမှောက်သွားတာကိုတော့ မတား
နိုင်ဘူး မတတ်နိုင်ဘူး။ ဖြစ်သွားတဲ့အခြေအနေကိုတော့ အကောင်းဆုံးတုန့်ပြန်
လို့ရတာပါပဲ။ ကော်ဖီပေတဲ့ အဝတ်တွေ
ကို လဲမယ်။ ရုံးနောက်ကျတော့လည်း
အကျိုးအကြောင်းပြောပြရုံပေါ့။ ဇနီးလည်းစိတ်မဆင်းရဲရသလို ကလေးတွေလည်းကျောင်းနောက်မကျတော့ဘူးပေါ့။

ကျွန်တော်ကြုံဖူးတာလေးကို နမူနာပြောရစေ။ကျွန်တော် facebook မှာ သူငယ်ချင်းတွေရှိတယ်။ တရက်မှာတော့ fb
သုံးနေရင်း messengerမှာ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က လာ
ဆဲတယ်ဗျ။ ကျွန်တော်လည်း ဒေါသထွက်သွားတယ်။ နီးနီးနားနားဆို ရန်ဖြစ်ပြီပေါ့။ ဒါပေမယ့် ကျနော်က အဲအချိန်မှာ စာရေးဆရာမ နိုင်းနိုင်းစနေဘာ
သာပြန်ထားတဲ့ 90/10နိယာမကို ဖတ်
ပြီးကာစ။ ဒီတော့ ခုဖြစ်သွားတဲ့ အတိတ်
ကိုတော့ ကျွန်တော်မတတ်နိုင်ဘူး။ သူဆဲပြီးသွားပြီလေ။ ကျွန်တော်သူ့ကိုဒေါ
သနဲ့ ပြန်တုန့်ပြန်မလား။ စိတ်အေးအေး
ထားပြီး အကြောင်းရင်းကို မေးရမလား
ဆိုတာကို ရွေးခွင့်ရှိတယ်။ နောက်တော့
သူက တခြားတစ်ယောက်နဲ့စကားများ
နေရင်းမှ ကျွန်တော့်ကိုမှားဆဲမိတဲ့အကြောင်းသိရတယ်။ အဲတော့ဗျာ စိတ်ချမ်းသာအောင် နေကြဖို့ 90/10နိယာမလေး
ကို သုံးကြည့်ပါ။နေ့စဉ်သုံးကြည့်ပါ။အကူအညီတောင်းသံကို နားစွန့်ကြည့်
ပါ။တပါးသူကိုစိတ်ချမ်းသာအောင်လုပ်
ပေးပြောပေးနေရင် မိမိနေ့စဉ်ဘဝက ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိတဲ့ နေ့လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

ပုံပြင်တိုလေးနဲ့ အဆုံးသတ်ပါရစေ။တခါက လူတစ်ယောက်ဟာ သူခံစားရတဲ့
စိတ်ဆင်းရဲမှုတွေ ဝမ်းနည်းမှုတွေကို ပြေပျောက်စေဖို့ ဘုရားမှာ ဆုတောင်းနေ
ပေမယ့် တရက်မှ သူ စိတ်ချမ်းသာမလာ
ခဲ့ပါဘူး။ စိတ်ဆင်းရဲမြဲ စိတ်ဆင်းရဲနေဆဲပါပဲ။ တနေ့မှာတော့သူဆုတောင်းရာနေရာသို့ လာရာလမ်းတွင် အခက်အခဲကြုံဒုက္ခရောက်နေတဲ့ သူငယ်ချင်းတစ်
ယောက်ကို တွေ့ခဲ့ရပြီး မိမိဝမ်းနည်းပူ
ဆွေးမှုတွေအစား သူငယ်ချင်းရဲ့ ဒုက္ခ
တွေကို ပျောက်အောင်လုပ်ပေးပါလို့
ဆုတောင်းလိုက်တဲ့ တခဏမှာပဲ သူ့ရဲ့
ခံစားနေရတဲ့ စိတ်ဆင်းရဲ ဝမ်းနည်းမှုဟာ ပြေပျောက်သွားပြီး ဝမ်းသာကြည်
နူးသွားပါတယ်။ ကျွန်တော်တို့လည်း ဝမ်းနည်းနေတဲ့သူငယ်ချင်းများကို ကူညီပေးကြရအောင်ပါ

Writer @nainghtetlin
Msc-219
Google Credit Photo

Sort:  

Good Writing.

ဟုတ် ကျေါ်ဇူး

ဟုတ် ကျေးဇူး

ဟုတ်​အကို

ဟုတ်တာပေါ့သူများကိုကူညီရင်ကိုယ်လည်းအေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်ခွင့်ရမှာပါ။

ဟုတ်တဟ် အစ်က်ု

သူ့အကျိုး​ဆောင်​ကိုယ့်​အကျိုး​အောင်

ဟုတ်တဟ် စိတ်လည်ချမ်းသာရတယ် တကယ်ပျော်ရတာပါ

အ​ရေးအသား​ကောင်းပါတယ်​​မောင်​​လေး။

အားပေးလို့ ကျေးဇူးတင်ပါတယ် အမရေ

Good writing

စိတ်ဓာတ်တည်ငြိမ်ရင့်ကျက်လာတဲ့အခါ ဆဲတာတွေတောင်မေ့ပစ်နိုင်လာတယ်

ဟုတ် လေးစားမိပါတဟ် အစ်ကို

ဟုဆ်ကဲ့ bro

ဒီလိုမျိုးလေးတွေ များများရေးပေးပါအကို..plz v and c me back @mgtoetat

အရေးအသား good လပြီ bro

ဟုကဲ့ ကျေးဇူးပါ အစ်က်ုရေ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58906.05
ETH 2666.51
USDT 1.00
SBD 2.44