ချည်ကြိုးပုတီးစေ့လက်ကောက်လုပ်နည်း အပိုင်း(၁)

in #myanmar6 years ago (edited)

image

လက်ကောက်လုပ်ဖို့ ပထမဦးစွာ ချည်ကြိုးလေးတွေလိုပါတယ်။ချည်ကြိုးလေးတွေကို သိမ်ကြီးဈေး၂၅,၂၆လမ်းထဲက ဆိုင်တစ်ချို့မှာ ဝယ်လို့ရပါတယ်။တစ်ခင်ကို ၃၀၀ပါ။တစ်ချို့ဆိုင်တွေက တစ်ထောင်ဖိုးယူရင် တစ်ခင် ၂၅၀နဲ့၎ခုတောင်ဝယ်လို့ရပါတယ်။ရောင်စုံဝယ်လို့ရပါတယ်။

image
ပထမဦးစွာ လက်ကောက်လုပ်ဖို့ချည်ခင်ထဲမှ ချည်ကြိုးတစ်စကို ယူကာ ၃ပေခန့် တိုင်းပြီး ဖြတ်လိုက်ပါမယ်။ချည်ကြိုးတစ်စရလျှင် သူ့အရှည်အတိုင်း ၃ပေခန့်နောက်ထပ်ကြိုးတစ်စ ထပ်ဖြတ်ရပါမယ်။၃ပေခန့်ရွယ်တူ ကြိုးနှစ်စရလျှင် လက်ကောက်လေးစလုပ်လို့ရပါပြီ။

ကြိုးနှစ်စရလျှင် တူတူပူးပြီး တစ်ဖက်မှာ ၃လက်မအရှည်လောက်ချန်ကာ ပူးချည်လိုက်ပါ။ပြီးလျှင် သတင်းစာ(သို့)ဘုတ်ပြား(သို့) စာအုပ်တစ်ခုခုအောက်မှာ ကြိုးကိုထားပြီး တစ်ဖက်ကကြိုးစနှစ်ခုကို အပေါ်ကနေဆွဲယူပြီး ကျန်တဲ့ပူးချည်ထားတဲ့တစ်ဖက်ထဲထည့်လိုက်ပါ။လက်ကောက်ကြစ်လို့ အဆင်ပြေအောင် သတင်းစာမှာ ပူးချည် ထားခြင်းဖြစ်ပါတယ်။ချည်ထားတဲ့နေရာက ကြိုးလျော့လျော့သွားလျှင် ထိပ်ဘက်မှာညှပ်လေးနဲ့ညှပ်ပြီး ထိန်းပေးရင် ပိုကောင်းပါတယ်။

နောက်ထပ်ချည်ခင်ထဲမှ ၅ပေခန့် ကြိုးတစ်စဖြတ်ပါ။ထိုကြိုးကို ခုနသတင်းစာမှာချည်ထားသော နှစ်ချောင်ပူးကြိုးအောက်သို့ထည့်ပါ။အစွန်းနှစ်ဖက်က အစတွေကတော့ တစ်ဖက်တစ်ချက်စီမှာရှိနေပါမယ်။
image
ပထမဦးစွာ အစွန်းတစ်ဖက်ကကြိုးစကို နှစ်ချောင်းပူးကြိုးအောက်က သွင်းကာ အခြားတစ်ဖက်က ကြိုးပေါ်မှာတင်လိုက်ပါ။ပြီးလျှင် ကျန်တစ်ဖက်က ကြိုးစကို တစ်ဖန်ပြန်ယူပြီး နှစ်ချောင်းပူးကြိုးပေါ်ကနေ အခြားတစ်ဖက် ကကွင်းလေးလိုဖြစ်နေသည့်နေရာထဲသို့ ချည်ကြိုးလေးကို သွင်းပြီးနောက် ကြိုးစနှစ်ဖက်ကို တင်းတင်းဆွဲချည်လိုက်ပါ။အရစ်တစ်ရစ်ရပါပြီ။

ဆက်ရန်.......

Author-myothuzar,MSC-033

Sort:  

လုပ်​ကြည့်​ဦးမယ်​။

ဟုတ်။မသိတာရှိရင် မေးပါ။ကတိုက်ကရိုက်ရေးထားလို့ နည်းနည်းတော့ရှုပ်နေတယ်။

ဝိုးးးအဲလိုလဲလုပ်တတ်တာပဲလား

ဟုတ်ကဲ့။လုပ်တတ်တယ်။

တစ်ကုံး ဘယ်လောက် ဈေး ရပါလဲ

1sbd ...ဟီး....ဈေးများသွားလားမသိဘူး။

အားပေးနေပါတယ် အမ

ကျေးဇူးပါ။

ဈေးကဘယ်​​လောက်​လဲဗျ

1sbd....ဟီး....ဈေးများသွားလားမသိဘူး။

စိတ်ဝင်စားစရာအလုပ်တခုပါပဲဗျာ

ဟုတ်တယ်။

နောက်မှ လုပ်ကြည့်ဦးမယ်

ဟုတ်ကဲ့။မသိတာရှိရင်မေးပါ။

You got a 50% upvote from @aungzawhtwe courtesy of @myothuzar ! its cool fee free .

ဝါသနာပါတယ် လိုက်လုပ်ကြည့်အုံးမယ်

ဟုတ်။ရေးထားတာပြီးတော့မပြီးသေးဘူး။

Steemit ရောက်မှအကုန်တတ်တော့မယ်

ဟီး။ပညာစုံလေ့လာ နိုငိတဲ့steemit.

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 64928.52
ETH 3525.30
USDT 1.00
SBD 2.36