သူငယ်ချင်း
ပေတလူဆိုတဲ့ရွာတစ်ရွာမှာ ပေတလူအလယ်တန်းကျောင်းဆိုတဲ့ ကျောင်းတစ်ကျောင်းရှိတယ်။ကျောင်းသားလေးနှစ်ယောက်ဟာ အလယ်တန်းကျောင်းမှ ထွက်လာကာ ရွာအလယ်လမ်းမတလျှောက် စကားတပြောပြောနဲ့ လမ်းလျှောက်နေခဲ့ကြတယ်။
"ဟေ့ကောင် တိုးကျော်" "မင်း ကြီးလာရင် လာလုပ်မှာလဲကွ" "ငါကတော့ ဒီမှာပဲ ကျောင်းဆရာ လုပ်မယ်ကွာ" "ငါ ဒီရွာလေးကို ချစ်တယ်ကွ"
"မင်းရော .....ဟေ့ကောင်" "ငါလား ငါကတော့ကွာ ကြီးလာရင် မြို့တက်စီးပွားရှာပြီး ချမ်းသာတဲ့စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်အောင် လုပ်မှာကွ" "အေးကွာ" "ကောင်းတယ်" "ငါတို့ နှစ်ယောက်စလုံး ငါတို့ရည်မှန်းချက်တွေဖြစ်အောင် ကြိုးစားကြမယ်ကွာ" "အေး" "ကြိုးစားမယ်" "ငါကတိပေးတယ် သူငယ်ချင်း" "ငါလည်း ကတိပေးတယ်"
ဒီလိုနဲ့ အသီးသီးကိုယ်စီရည်မှန်းချက်တွေ ထားရှိခဲ့တဲ့ တိုးကျော်နဲ့ဖြိုးမောင်တို့ သူငယ်ချင်းနှစ်ဦးဟာ အလယ်တန်း,အထက်တန်းစသဖြင့် အဆင့်ဆင့်တက်ရင်း ငယ်စဉ်ဘဝကို အတူဖြတ်သန်းခဲ့ကြပါတယ်။၁၀တန်းအောင်ပြီးနောက် မြို့တက်ပြီး တက္ကသိုလ်တက်ကြတဲ့အခါမှာ တိုးကျော်ကတော့ ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ ပညာရေးကိုဘဲ အာရုံစိုက်သင်ကြားခဲ့ပြီး ဖြိုးမောင်ကတော့ ပညာအပြင်ကြင်ယာပါစုံအောင် ရည်းစားတွေအများကြီးထားကာ ပွေရှုပ်နေခဲ့တယ်။ဘေးကစာကြိုးစားတဲ့ တိုးကျော်ရဲ့ကူညီသင်ကြားပေးမှုနဲ့ အနီးကပ်တွန်းထိုး ကြိုးစားမှုတွေကြောင့်တော့ ဖြိုးမောင် တစ်နှစ်တစ်တန်းတော့ ပွတ်ကာသီကာလေးနဲ့ အောင်ခဲ့ပါရဲ့။ပညာရေးမှာ တစ်နှစ်ပြီးတစ်နှစ် ပွတ်ကာသီကာလေးနဲ့ အောင်မြင်ခဲ့တဲ့ ဖြိုးမောင်ဟာ အချစ်ရေးမှာလည်း တစ်ယောက်ပြီးတစ်ယောက်တွဲကာ ဖြတ်သန်းခဲ့ပါသတဲ့။တွဲသမျှရည်းစားတိုင်းကို တကယ်မချစ်ကြိုက်ဘဲ အပျော်သဘောနဲ့သာတွဲခဲ့ပြီး သူများအသည်းတွေ ကွဲအောင်ဖျက်စီးခဲ့တဲ့ ဖြိုးမောင်ဟာ ဝဋ်လည်တယ်လို့ ခေါ်ရမလား။တက္ကသိုလ်နောက်ဆုံးနှစ်မှာ သူတကယ် ချစ်ကြိုက်တဲ့ ကောင်မလေးကိုရှာတွေ့ခဲ့ပြီး တက္ကသိုလ်ပြီးရင် အတူတူလက်တွဲမယ်လို့ပြောခဲ့တဲ့ကောင်မလေးဟာ တကယ်တန်းတော့ သူ့စကားအတိုင်းမတည်ခဲ့ဘဲ အိမ်ကပေးစားတဲ့ ချမ်းသာတဲ့ယောကျာ်းတစ်ယောက်ကိုသာ ယူသွားခဲ့တယ်။ကျန်ရစ်ကြီးဖြိုးမောင်ဟာ အချစ်ကြောင့် အသည်းကွဲတော့ ဘဝကိုအရက်နဲ့ပဲအဖော်ပြုကာ ရှေ့ဆက်ခရီးဆက်နေခဲ့ပါတယ်။ရွာကိုလည်း မပြန်ချင်။မြို့မှာလည်း အလုပ်အကိုင်မရှာဘဲ လေလွင့်ပျက်စီးနေပါတယ်။အဲ့ဒီ့အချိန်အတွင်းမှာ သူငယ်ချင်းဖြစ်သူ တိုးကျော်ကတော့ ရွာကိုပြန်ကာ ရွာရဲ့ကျောင်းကလေးမှာ ကျောင်းဆရာလုပ်,ရွာရဲ့သာရေးနာရေးကိစ္စတွေမှာ ဦးဆောင်ပါဝင်ကူညီ ဆောက်ရွက်ရင်း ရွာသူရွာသားတွေ လေးစားရတဲ့ ကျောင်းဆရာလေးတစ်ဦး ဖြစ်နေပါပြီ။
တစ်နေ့မှာတော့ မြို့မှာ အသည်းကွဲပြီးမူးရူးနေတဲ့ ဖြိုးမောင်ကို တိုးကျော်က လာခေါ်ပါတယ်။ဖြိုးမောင်ကအစက ပြန်မလိုက်ဘူးလို့ငြင်းပေမဲ့ ရွာမှာရှိတဲ့ မိဘတွေစိတ်ပူနေတယ်,ပြန်လိုကခဲ့ပါလို့ တိုးကျော်ရဲ့ဖြောင်းဖြပြောဆိုမှုကြောင့်နောက်ဆုံးလက်ခံကာ ပြန်လိုက်လာခဲ့ပါတယ်။ရွာမှာရှိတဲ့ ဖြိုးမောင်ရဲ့မိဘတွေဟာ ဖြိုးမောင်ကိုပြန်တွေ့တဲ့အခါ ဝမ်းသာလှပေမဲ့ တစ်ဖက်ကလည်း မူးရူးပျက်စီးနေတဲ့ ဖြိုးမောင်ရဲ့အသွင်သဏ္ဍာန်ကိုကြည့်ပြီး ဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။
ရွာကိုပြန်ရောက်နေတဲ့ဖြိုးမောင်ဟာ မိဘတွေက အရက်ဖြတ်ဖို့ပြောဆိုဆုံးမပေမဲ့ နားမထောင်ပါဘူး။မူးမြဲမူး,ပေမြဲပေ,တေမြဲတေ နေဆဲပါ။သူငယ်ချင်းဖြစ်သူတိုးကျော်ကလည်း ညနေကျောင်းဆင်းတိုင်း မူးရူးနေတဲ့ သူငယ်ချင်းဖြိုးမောင်ဆီသွားကာ အရက်ဆက်မသောက်ဖို့,အချစ်ကြောင့်ဘဝပျက်စီးမခံဖို့,ရွာမှာပဲသူ့လို ကျောင်းဆရာဖြစ်ဖြစ်ဝင်လုပ်ဖို့ပြောပေမဲ့ ဖြိုးမောင်က "အသာနေစမ်းပါကွာ" "ငါ့ဘဝနဲ့ငါနေပါရစေ"လို့သာ ငြင်းဆန်ရင်း ဖြိုးမောင်က အရက်ဆက်သောက်နေဆဲပါ။သူငယ်ချင်းဖြစ်သူတိုးကျော်ကလည်း လက်မလျှော့ပါဘူး။ဖြိုးမောင်ငြင်းဆန်လည်း ဖြိုးမောင်ဆီလာမြဲလာဆဲ ဖြောင်းဖြမြဲဖြောင်းဖြဆဲ။
တစ်နေ့မှာတော့ ကျောင်းဆရာလေးတိုးကျော်ဟာ ထုံးစံအတိုင်း သူ့သူငယ်ချင်းကို လာဖြောင်းဖြရင်း အရက်ဝိုင်းမှအပြန် ရွာစွန်က မြစ်တစ်ခုနားအရောက်မှာ ရုတ်တရက်ဖြိုးမောင်က အရက်ကြောင်ကြောင်ပြီး "ခိုင်ရေ"ဟုအော်ကာ မြစ်ထဲဆင်းပြေးပါတယ်။တိုးကျော်က "သူငယ်ချင်း မသွားနဲ့" လို့တားပေမဲ့ မမှီတော့ပါဘူး။ဖြိုးမောင်ဟာ အရက်မူးမူးနဲ့မြစ်ထဲဆင်းပြီး ရေနစ်မလိုဖြစ်နေပါပြီ။ဒါကိုမြင်တော့ မနေနိုင်တဲ့ တိုးကျော်ဟာ "အနီးအနားက လူတွေရှိရင် လာကြပါဦး" ဟုအော်ကာ ချက်ချင်းရေထဲဆင်းပြီး ဖြိုးမောင်ကိုကယ်ပါတယ်။ခဏတာအတွင်း ဆရာလေးအော်တာကြားတဲ့ ရွာသူရွာသားအချို့ဟာ မြစ်နားဆင်းလာကြပါတယ်။ရွာသားအချို့ကလည်း ချက်ချင်းမြစ်ထဲဆင်းကာ ဆရာလေးတိုးကျော်နဲ့ဖြိုးမောင်ကို ဝိုင်းဝန်းကယ်ဆယ်ဖို့ ကြိုးစားပါတယ်။မြစ်ထဲမှာ ရုန်းကန်နေတဲ့ ဖြိုးမောင်ကို အားကုန်သုံးပြီး ကယ်ဆယ်နေရတဲ့ ဆရာလေးတိုးကျော်ဟာ ရွာသားတွေသူတို့နားရောက်လာဖို့ စက္ကန့်ပိုင်းလေးအလိုမှာပဲ အားကုန်ကာနစ်မြုပ်သွားပါတယ်။ရွာသားတွေ သူတို့ဆီရောက်လာတဲ့အခါမှာတော့ ဖြိုးမောင်ကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ဆရာလေးတိုးကျော်ကိုတော့ အလောင်းကိုသာ ဆယ်ယူနိုင်ခဲ့ပါတယ်။
ဆရာလေးတိုးကျော်အလောင်းကိုရွာထဲယူလာတဲ့အခါမှာတော့ ရွာသူရွာသားတွေဟာ ဝမ်းနည်းစွာနဲ့ ဝိုင်းဝန်းငိုကြွေးကြပါတယ်။ကျောင်းသားကျောင်းသူတပည့်များကလည်း "ဆရာလေး ကျွန်တော်တို့ကို မထားခဲ့ရဘူး" "ကျွန်မတို့ကိုမထားခဲ့ရဘူး" "ဆရာလေးမသေပါနဲ့" ဟုပြောဆိုရင်း ဝိုင်းဝန်း ငိုကြွေးကြပါတယ်။ငိုကြွေးသံတွေနဲ့အဝေး ချောင်တစ်ချောင်မှာတော့ အရက်မူးပြေသွားပြီဖြစ်တဲ့ ဖြိုးမောင်ဟာ မျက်ရည်တွေဝဲကာ သူငယ်ချင်းဖြစ်သူရဲ့အလောင်းကို ငေးမောနေပါတယ်။ခေါင်းထဲမှာလည်း သူငယ်ချင်း ဖြစ်သူရဲ့ "အရက်ဖြတ်ပါကွာ" "စိတ်ထိန်းပါသူငယ်ချင်း" "အချစ်ကြောင့် ဘဝကိုမဖျက်စီးပစ်ပါနဲ့" "ငါနဲ့အတူတူကျောင်းဆရာဖြစ်ဖြစ်လုပ်ပါလား"ဆိုတဲ့စကားလုံးတွေဟာ မတွေးသော်လည်း ထပ်ခါထပ်ခါပေါ်ပေါက်နေပါတော့တယ်။
နောက်ဆုံးတော့ဖြိုးမောင်လည်း ခံစားမှုများကြောင့်မခံမရပ်နိုင်ဖြစ်ကာ "အား" ဟုတစ်ချက်အော်ရင်းနေရာမှထွက်ခဲ့ပါတယ်။ခြေလှမ်းများက အရက်ဆိုင်ဆီသို့ပဲ ဦးတည်လျှောက်လှမ်းနေပါတယ်။အရက်ဆိုင်ဆီသို့အရောက် ဖြိုးမောင်ဟာအရက်သောက်ဖို့ ပုလင်းကို ကိုင်လိုက်တဲ့အခါမှာတော့ သူငဟ်ချင်းဖြစ်သူ တိုးကျော်ရဲ့မျက်နှာ,သူငယ်ချင်းဖြစ်သူ သူ့ကို အသက်အသေခံပြီး ကယ်ခဲ့တဲ့ဖြစ်ရပ်တွေဟာ မျက်ဝန်းထဲမှာ အလိုလိုပြန်ပေါ်လာရင်း ကိုင်ထားတဲ့အရက်ပုလင်းဟာလည်း လက်ထဲမှ လွတ်ကျသွားပါတော့တယ်။"ဟာကွာ"လို့ပါးစပ်ကတစ်ချက်အော်ရင်း နောက်ဆုံးတော့ ဖြိုးမောင်ဟာ အရက်မသောက်နိုင်တော့ဘဲ အရက်ဆိုင်မှထွက်ကာ အိမ်သို့သာပြန်လာခဲ့ပါတော့တယ်။နောက်တစ်နေ့ မနက်စောစောမှာတော့ ဖြိုးမောင်ဟာ အင်္ကျီအဖြူလက်ရှည်နဲ့ပုဆိုးလေး သပ်သပ်ရပ်ရပ်ဝတ်ကာ နေရာတစ်ခုဆီသို့ ဦးတည်သွားနေပါတော့တယ်။ဖြိုးမောင်သွားသော နေရာလေး၏ဦးတည်ရာကား "ပေတလူအလယ်တန်းကျောင်း" ဟူသောဆိုင်းဘုတ်လေး ချိတ်ဆွဲထားသော နေရာလေးဆီသို့သာပင်။
Photo credit-google image
Author-myothuzar,MSC-033
Good
တန်ကြေးတော့ပြန်ပေးဆပ်ရမယ်လေ
ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။
အရေးအသားတကယ်ကိုကောင်းမွန်ပါတယ် sis
ဟုတ်ကဲ့။ကျေးဇူးပါ။
အရေးအသားလေးက သုတ၊ ရသ နှစ်ဖြာရပြီး
တိုတိုထိထိလေး ကောင်းပါတယ်။
အရက်ကြောင့်ဘဝပျက်နေရသူတွေ များပေသမို့ ခုလို ဆောင်းပါးလေးများ အတွက် ကျေးဇူးပါ
ဟုတ်ကဲ့။ကျေးဇူးပါ။
တကယ့်သူငယ်ချင်းကောင်းပဲ
မှန်ပါတယ်။
ရေးထားတာစိတ်ဝင်စားစရာကောင်းပါတယ်
ဟုတ်ကဲ့။ကျေးဇူးပါ။
သငယ်ချင်ူကောင်းဆ်ုတာရှားပါတယ်...plz v and m me back @mgtoetat!!
ဟုတ်။ပေးပြီးပြီ bro မနေ့တည်းက။
စိတ်ဝင်စားဖို့ကောင်းပါတယ်..
ဟုတ်ကဲ့။ကျေးဇူးပါ။
အရေးအသားတော်တော်ကောင်းပါတယ်
ဟုတ်ကဲ့။ကျေးဇူးပါ။
Good fri. ရေးတတ်တယ်ဗျာ။
ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။
စိတ်မကောင်းစရာ။ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေကရှားပါးသလောက်သိပ်ကိုတန်ဖိုးရှိပါတယ်။
ဟုတ်တယ် မဇင်။