သူမ

in #myanmar6 years ago (edited)

3316428-00bcd4.png

ကျွန်တော်ထိုင်လေ့ရှိသော လက်ဖက်ရည်ဆိုင်သည် သူမစားလေ့ရှိသော မုန့်ဟင်းခါးဆိုင်၏ရှေ့တွင်ရှိသည်။ထို့ကြောင့် သူမကို စတင်သတိထားမိသွားသည်။ဆံပင်ရှည်ရှည်,မျက်နှာဘဲဥပုံစံရှိသော သူမ၏မျက်နှာလေးသည် မုန့်ဟင်းခါးပန်းကန်ကိုငုံကာ စားနေရင်း တစ်ချက် တစ်ချက်မော့အလိုက်တွင် အလွန်ချစ်စရာကောင်းလှသည်။ထို့ကြောင့် ဘာရယ်မဟုတ်...ကျွန်တော်သည် လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ဂျာနယ်ဖတ်သလိုလိုနှင့် မုန့်ဟင်းခါးငုံ့စားနေသော သူမ၏မျက်နှာလေးကို ချောင်းချောင်းကြည့်မိသည်။တစ်ခါတစ်ရံ သူမက မျက်နှာအမော့ ကျွန်တော်ကလည်း သူ့မျက်နှာလေးကိုချောင်းကြည့်ချိန် မျက်လုံးချင်းဆုံမိလျှင် သူမက ကျွန်တော့်ကိုစူးစိုက်ကြည့်ကာ မျက်စောင်းထိုးတတ်သေးသည်။ထို့ကြောင့် ကျွန်တော်လည်း...ဘာရယ်မဟုတ်....သူမ၏ထိုအပြုအမှုလေးကို သဘောကျနှစ်သက်သွားမိသည်။

ဒီလိုနှင့် သူမသည် ကျွန်တော်သဘောကျနှစ်သက်သော ကောင်မလေးတစ်ယောက်ဖြစ်လာပါသည်။ကျွန်တော်ပြောပြ၍ထိုအကြောင်းများကိုသိသော ကျွန်တော့်သူငယ်ချင်းက အမြဲတမ်းထိုင်၍ကြည့်မနေဘဲ လိုက်ရန်တိုက်တွန်းသည်။သို့သော် ကျွန်တော့်မှာ ထိုသို့ပြုလုပ်ရန်ဆန္ဒမရှိ။ရည်းစားလည်းမဖြစ်ချင်။မုန့်ဟင်းခါးစားနေသော သူမ၏မျက်နှာလေးကိုသာ မြင်ချင်မိသည်။ထို့ကြောင့် သူမနောက် ရည်းစားစကားလိုက်မပြောရန် ဆုံးဖြတ်မိသည်။

ဒီလိုနှင့် အချိန်တွေကြာလာသည်။ထိုအချိန်များအတွင်း သူမသည်အမြဲဈေးသို့လာကာ ဒေါ်တုတ်ကြီးဆိုင်မှာ အမြဲမုန့်ဟင်းခါးစားမပျက်ခဲ့သလို။ကျွန်တော်ကလည်း လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း သူမကိုချောင်းကြည့်သည့်အကျင့် မပျက်ခဲ့ပါ။ကျွန်တော့်ဘက်က ဘာမှမပြောင်းလဲခဲ့သော်လည်း သူမကတော့ ကျွန်တော်နှင့် မျက်လုံးချင်းဆုံမိလျှင် ယခင်လို မျက်စောင်းမထိုးတော့ဘဲ မျက်လွှာချခေါင်းငုံ့ကာ မသိချင်ယောင်ဆောင်နေတတ်လာသည်။

ဒီလိုနှင့် တစ်နေ့မှာ သူမ မုန့်ဟင်းခါးဆိုင်သို့မလာခဲ့ပါ။နောက်တစ်နေ့မှာလည်း မလာခဲ့ပါ။ဒီလိုနှင့် အချိန်တွေကြာလာပြီး နောက်တစ်နေ့...နောက်တစ်နေ့နှင့် တစ်ဖြည်းဖြည်းရက်တွေများလာသောအခါ ကျွနိတော်စိုးရိမိသောကကြီးလာရသည်။သူမဘာကြောင့် ဈေးသို့မလာ,မုန့်ဟင်းခါးဆိုင်သို့မလာတော့သည်ကိုလည်း သိချင်လာသည်။ထို့ကြောင့် ကျွန်တော်သည် တစ်နေ့ လက်ဖက်ရည်ဆိုင်မှာမထိုင်ဘဲ ဒေါ်တုတ်ကြီးမုန့်ဟင်းခါးဆိုင်သို့သွားကာ မုန့်ဟင်းခါးစားမိသည်။ကျွန်တော် သူ့ဆိုင်မှာ မုန့်ဟင်းခါးစားလေ့မရှိသော်လည်း တစ်လမ်းတည်းနေသည့်သူတွေမို့ ဒေါ်တုတ်ကြီးသည် ကျွန်တော်ကို ကောင်းကောင်းသိသည်။ထို့ပြင် ဒေါ်တုတ်ကြီးသည် ကျွန်တော်သူ့ဆိုင်မှာလာစားသောကောင်မလေးကို ချောင်းချောင်းကြည့်နေတတ်သည်ကိုလည်း အတော်အသင့်ရိပ်စားမိပုံပေါ်သည်။

ထို့ကြောင့် ဒေါ်တုတ်ကြီးက ကျွန်တော်မုန့်ဟင်းခါးလာစားသည်ကိုမြင်သော် "ဘာမေးချင်လို့လဲ မောင်ဇေယျရဲ့" ဟု ပွင့်ပွင့်လင်းလင်းကြီးမေးချလိုက်သည်။ထိုအခါ ကျွန်တော်လည်း ရှောင်လွှဲမနေတော့ဘဲ မုန့်ဟင်းခါးစားလေ့ရှိသောကောင်မလေးအကြောင်း ပွင့်ပွင့်လင်းလင်းမေးလိုက်မိလေတော့သည်။

ထိုအခါ ဒေါ်တုတ်ကြီးက ထိုကောင်မလေးက ဆင်းရဲကြောင်း,ရိုးသားကြောင်း,ကျွန်တော်တို့လမ်းရဲ့တစ်ဖက်ကလမ်းမှာနေကြောင်း,ကျွန်တော်ကြည့်ကြည့်နေတာကို ကောင်မလေးက ရိပ်စားမိကြောင်း,တစ်ခါက ကောင်မလေးက ကျွန်တော့်အကြောင်းကို ဒေါ်တုတ်ကြီးထံမှာ မေးမြန်းစုံစမ်းဖူးကြောင်း,နောက်ပြီးကာလကြာရှည် ကျွန်တော့်ဘက်က ဘာမှဆက်လှုပ်ရှားမှု့မရှိသဖြင့် ကောင်မလေးက စိတ်ပျက်သွားပုံရကြောင်း,ခုကောင်မလေးက မိဘလက်ထပ်ပေးသည့်ယောက်ျားကိုယူကာအခြားနေရပ်သို့ပြောင်းရွေ့သွားပြီဖြစ်ကြောင်း စသဖြင့် အကြောင်းစုံပြောပြလေသည်။ထို့ပြင် ဒေါ်တုတ်ကြီးက ဆက်လက်ပြီး " ကောင်မလေးက မင်းကိုစိတ်ဝင်စားပုံတော့ရသား" "ဒါပေမဲ့မင်းဘက်က ဘာမှမလှုပ်ရှားတာကိုး" "ခုတော့မင်းကျန်ရစ် ဖြစ်ပြီပေါ့ မောင်ဇေယျရဲ့" ဟု ပြောလိုက်သည့်စကားကို နားထောင်အပြီးမှာ ကျွန်တော်ခေါင်းငိုက်စိုက်ကျသွားမိလေသည်။

ဒေါ်တုတ်ကြီးစကားကို နားထောင်ရင်း ကျွန်တော် ကျွန်တော့်သူငယ်ချင်းကိုပြောခဲ့သော "ကျွန်တော်သူ့ကို ရိုးရိုးလေးပဲထိုင်ကြည့်ချင်သည်,ရည်းစားမဖြစ်ချင်" စကားကိုပြန်တွေးကာ နောင်တရမိသည်။အမှန်တော့ကျွန်တော်သည် သူမကို ရည်းစားမဖြစ်ချင်ခြင်းမဟုတ်ပါ။သူမကို ရည်းစားစကားမပြောရဲခြင်းသာ။ကျွန်တော်သူမကို ရည်းစားစကားပြောမိလျှင် သူမကျွန်တော့်ကိုငြင်းမှာ ကျွန်တော်ကြောက်သည်။

စစ်မရောက်မှီကတည်းက မြှားကုန်နေတတ်သော,ကြိုတင်စိုးရိမ်ပူပန်ကာ ရှုံးနိမ့်မှာကြာက်တတ်သော ကျွန်တော့်၏စိတ်ဓာတ်နှင့်အကျင့်များက ကျွန်တော့်ကိုသူမနှင့် ဝေးကွာစေခဲလေ့ပြီ။ကျွန်တော်သည် ကျွန်တော်၏အားနည်းချက်များကို သိသော်လည်း ပြင်နိုင်ဖို့ တော်တော်ကြိုးစားရဦးမည်။ထိုအကျင့်ကို ကျွန်တော်မပြင်နိုင်သရွေ့ ကျွန်တော်ချစ်သော,ကျွန်တော်ချစ်လာလတ္တံသောသူမများနှင့် ဘယ်လောက်ဝေးကွာနေရဦးမည်လဲ ကျွန်တော်မသိပေ။ယခုတော့ ကျွန်တော်ချစ်သော သူမတစ်ယောက်နှင့်တော့ ဝေးကွာခဲ့ရပြီးပြီ ဖြစ်လေသည်။

Photo crefit- https://svgsilh.com/00bcd4/image/3316428.html

Author-myothuzar,MSC-033

Sort:  

အဲ့လို ရသဇာတ်လမ်းလေးတွေ ရေးတတ်ချင်ထာ

Posted using Partiko Android

ကျွန်မလည်း သိပ်မရေးတတ်ပါဘူး။ဒီဟာတောင် မနည်းကြိုးစားရေးထားရတာ။

Posted using Partiko Android

အမ် ဇာတ်လမ်းက စစချင်းကို သိမ်းသွားတာလား

ဟီး....တစ်ပုဒ်တည်းနဲ့အပြီးရေးလိုက်တာ။

Posted using Partiko Android

လှပ‌သောမိန်းခ‌လေး‌တွေသည်‌ရဲရင့်‌‌သော‌ယောင်္ကျား‌တွေရဲ့လက်‌ထဲမှာသာရှိသည်‌တဲ့။

ဟုတ်ကဲ့။

Posted using Partiko Android

ဖွင့်တော့ပြောသင့်တာပေါ့ မိန်းကလေးရင်ထဲ ဘာရှိလည်း မသိနိုင်ဘူးလေ

Posted using Partiko Android

ဟုတ်တယ်။ဖွင့်ပြောသင့်တယ်။သူက ဖွင့်ပြောရင် ငြင်းခံရမှာတွေးပူပြီး ဖွင့်မပြောမိတာ။

Posted using Partiko Android

စစ်မရောက်ခင် မြှားကုန်နေတာသေချာပါတယ်။ဇာတ်လမ်းလေးရေးပြထားတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်ခင်ဗျာ။

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

Posted using Partiko Android

ဂလိုမှန်းမှမသိတာ နှမို့ပြောတာပေါ့

Posted using Partiko Android

ဟုတ်ပ။

Posted using Partiko Android

ဂလိုမှန်းမှမသိတာ နှမို့ပြောတာပေါ့

Posted using Partiko Android

ဟုတ်ပနော်။သိမှ သိပဲ။

Posted using Partiko Android

ဒီလို​ရေးနိုင်​တဲ့အဆင့်​မ​သေးဘူး
ကျွန်​​တော်​ ဒါမျိုး​ရေးရင်​ ​နောက်​ပိုင်း
ဘယ်​လိုဇာတ်​သိမ်းရမှန်းမသိဖြစ်​ ဖြစ်​သွားတယ်​ အဟီး

ကျွန်မလည်း ဇာတ်သိမ်းမနည်းစဉ်းစားထားရတာ

Posted using Partiko Android

အေးလေကွာ ပြောလိုက်ပြီးရော
မနက်ဆို မုန့်ဟင်းခါး အတူစားပြီး လက်ဖက်ရည် အတူ သောက်လို့ ရတာပေါ့။ ခုတော့ ....

ဟုတ်ပ။

Posted using Partiko Android

အားမငယ်ပါနက်ခွာ ကိုယ်တွေဆို ခဏခဏ ဒါနဲ့ ဘဲဥပုံမျက်နာတော့ပါဘူး ဘဲဥလဲ ကြိုက်ဖုရယ် ဘဲဥကို မျက်လုံးတွေ နှာခေါင်းတွေ တပ်ကြည့်ကြည့်တယ် ကျွှန်တော် အဲ့ပုံစံကောင်မလေးနဲ့ဆို ဟီး စတာနော် စိတ်ဆိုးနက် ။

ဟုတ်။ရပါတယ်။စိတ်ဆိုးပါဘူး။

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63608.16
ETH 2621.61
USDT 1.00
SBD 2.77