သူ

in #myanmar6 years ago (edited)

image

သူဟာ အချောကြီးမဟုတ်ပေမဲ့ ထင်ရှားသောမေးရိုး,ပါးရိုးများနှင့် ယောကျာ်းပီသသော မျက်နှာရှိသူတစ်ယောက်ပါ။သူဟာ တစ်ချိန်လုံး ပျော်နေတတ်သူမဟုတ်ပေမဲ့ အများအမြင်မှာတော့ ပျော်နေတယ်လို့ထင်အောင် မျက်နှာကို အပြုံးများနှင့်လွှမ်းမိုးထားတတ်သူ တစ်ယောက်ပါ။တစ်ခါတစ်ရံ အခြေအနေအရ နာကျင်မှု့တွေကို အပြုံးတွေနဲ့ သူဘယ်လောက်ဖုံးကွယ်ထားခဲ့သလဲဆိုတာ တွေးတောမရလောက်အောင်ပါပဲ။

သူ့ကို နားလည်ပေးနိုင်သူ,သူ့ကိုချစ်ခင်သူများကတော့ သူ့ရဲ့စေတနာနဲ့လုပ်ဆောင်မှု့ကို နားလည်ပေးကြပေမဲ့ သူ့ကိုနားလည်မပေးနိုင်သူ,မချစ်ခင်သူများအတွက်တော့ သူဟာ တန်ဖိုးမရှိတဲ့သူတစ်ယောက်လို,လူဆိုးတစ်ယောက်လို အပြောခံ,အနှိမ်ခံရင်း သူဟာ သူလုပ်ရမဲ့ တာဝန်နဲ့ဝတ္တရားအတိုင်း ကျေကျေပွန်ပွန် ထမ်းရွက်နေတတ်ခဲ့သူတစ်ယောက်ပါ။

အများအမြင်မှာ နှလုံးသားမာကြောတဲ့သူတစ်ယောက်လို့ ထင်မြင်ယူဆကြပေမဲ့ သူ့ကိုအသေးစိတ်လေ့လာကြည့်ရင် သူဟာ နှလုံးသားနုသူတစ်ယောက်ပါ။ဒါပေမဲ့ သူဟာ ခံစားလွယ်တဲ့နှလုံးသားကို ဖုံးကွယ်ရင်း အများအမြင်အတို်င်း ကြံ့ခိုင်မာကြောတဲ့သူတစ်ယောက်ဖြစ်အောင် အမြဲတမ်းကြိုးပမ်းနေထိုင်သွားတတ်သူပါ။

သူဟာ အားကစားလိုက်စားသူတစ်ယောက်ဖြစ်လို့ လှပကြံ့ခိုင်ကြီးမားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဒီကြံ့ခိုင်တောင့်တင်းကြီးမားတဲ့ ခန္ဓာကိုယ်အရေပြားရဲ့အောက်မှာ အနည်းငယ်ယိုင်နဲ့ကောက်ကွေးနေသော အဓိကကျောရိုးကြီးရှိနေခဲ့သူ တစ်ယောက်ပါ။နောက်ပြီး ဒီကျောရိုးကြီးကြောင့်ပဲ တစ်ဘဝလုံးရဲ့ အချို့ရက်တွေကို နာကျင်မှု့တွေနဲ့ ဖြတ်သန်းပြီး ဘဝတစ်လျှောက်လုံးလည်း နာကျင်မှု့တွေကို သက်သာလျော့နည်းစေဖို့ အားကစားတွေ အသည်းအသန်လုပ်ကာ ကြိုးစားရှင်သန်နေထိုင်ခဲ့ရသူ တစ်ယောက်ပါ။

နောက်ပြီး သူဟာ လူသားတစ်ယောက်ဖြစ်လို့ အမှားတွေလည်းရှိတဲ့သူတစ်ယောက်ပါ။တစ်ခါတစ်ရံ သူဟာလောဘကြီးခဲ့တယ်။တစ်ခါတစ်ရံ သူဟာဒေါသကြီးခဲ့တယ်။တစ်ခါတစ်ရံ သူဟာအပြောမှားခဲ့တယ်။တစ်ခါတစ်ရံ သူဟာ ငွေနောက်လိုက်တတ်တယ်။တစ်ဖက်မှာလည်း သူဟာ လူသားတစ်ယောက်ဖြစ်လို့ အမှန်တွေလည်း ရှိတဲ့သူတစ်ယောက်ပါ။သူဟာ စိတ်ကောင်းရှိတယ်။သူဟာ ကြင်နာတတ်တယ်။သူဟာ အလှူအတန်း ရက်ရောတယ်။သူဟာ ဆွေမျိုးများနှင့် သူငယ်ချင်းများကို ချစ်ခင်တတ်တယ်။နောက်ပြီး သူဟာ တစ်ခါတစ်ရံမှာ လောဘနည်းခဲ့တယ်။တစ်ခါတစ်ရံမှာ ဒေါသနည်းခဲ့တယ်။

နိဂုံးချုပ်ပြောရရင်တော့ သူဟာ မိဘကျေးဇူးသိပြီး ပြန်လည်တုံ့ပြန် ကျေးဇူးဆပ်တတ်သောသူ,အားနည်းချက်တွေရှိပေမဲ့ ဒီအားနည်းချက်တွေကြောင့် ဘဝကိုအလျော့မပေးဘဲ ကြိုးစားအသက်ရှင်သောသူ,အလုပ်ကြိုးစားသောသူ,သာယာချိုမြိန်သော သူ့အသံနဲ့ လူအများကိုဖျော်ဖြေနှစ်သိမ့်ပေးနေသောသူ,သူငယ်ချင်းများနှင့် ဆွေမျိုးများကို ချစ်ခင်အားပေးထောက်ပံ့တတ်သောသူ,ခံစားချက်တွေကို အပြုံးလေးနဲ့ဖုံးကွယ်ထားတတ်သောသူ,သူ့ရဲ့အလျော့မပေးတဲ့ စိတ်ဓာတ်နဲ့ကြိုးစား အားထုတ်မှု့ကြောင့် လူအများက ချစ်ခင်လေးစားအားကျရသောသူ...... စသဖြင့် စသဖြင့် အရည်အချင်းများစွာနဲ့ ပြည့်စုံနေသောသူ။

ထို့ကြောင့် သူဟာ ကျွန်မချစ်ခင်လေးစားအားကျရသော သူတစ်ယောက်အနေနဲ့ ကျွန်မနှလုံးသားရဲ့တစ်ထောင့်တစ်နေရာမှ နေရာယူနိုင်ခဲ့သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။

မှတ်ချက်။ ။ကျွန်မနှစ်သက်သော အနုပညာရှင် တစ်ယောက်အကြောင်း ရေးသားထားခြင်း ဖြစ်ပါသည်။

Photo credit- https://openclipart.org/detail/216877/he-logo-for-healthse-no-background-white-text

Author-myothuzar,MSC-033

Sort:  

သူ လေးတစ်လုံးကို ပေါ်အောင်ရေးသွားတာဗျာ

ဟုတ်ကဲ့။ကျေးဇူးပါ။

ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူ ပါလားဗျ

ဟီးဟီး...အဲလိုရေးကြည့်တာ။

Good​ရေးထားတာဖတ်​ရင်းမျက်​လုံးထဲမြင်​​​ယောင်​မိတယ်​.....

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

သူလိုလူပေါ့လေ

ဟုတ်တယ် အမ။

ဟိုက်‌ ! သူ့ အ‌ကြောင်း ‌တော်‌‌တော်‌ ‌လေ့လာထားတာဘဲ။

ဟီး...ဟုတ်တယ်။

ဘာပြောရမှန်းကိုမသိတော့ဘူးဟီး

ဟီး....ရတယ်။comment ရေးပေးတာပဲကျေးဇူး။

ကောင်းတယ်​ဗျာ အ​ရေးအသား
မျက်​စိထဲ မြင်​​အောင်​​ရေးနိုင်​တယ်

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

သူကတော့ သူ ပါပဲလေ ဘူမှန်းတော့မသိပါဘူး

ဘယ်သူလဲဆိုတာတော့ လျှို့ဝှက်ချက်ပါ။

နှစ်သက်သောလူချီးကျူးသင့်ပါည်

ဟုတ်ကဲ့ အန်တီ။ကျေးဇူးပါ။

ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်လေးစားအတုယူရမဲ့ သူတွေများလေ
ကိုယ့်ဘဝတိုးတက်လေပါပဲ။
ကောင်းလိုက်တဲ့ "သူ"

ဟုတ်ပါတယ်။ကျေးဇူးပါ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63747.71
ETH 2543.33
USDT 1.00
SBD 2.66