steemit ခရီးအစ

in #myanmar7 years ago (edited)

Steemit ကို စတင်တွေ့ရှိခဲ့သည်မှာ online ငွေရှာ facebook တစ်ခုထဲမှ ဖြစ်သည်။စစတွေ့တုန်း ကစိတ်ဝင်စားမိသော်လည်း steemit account မဖွင့်သေး facebook group ကိုပဲjoinထားခဲ့သည်။နောက်ပိုင်း စာရေးရင်း$တွေရတယ်,ပိုက်ဆံတွေရတယ်ဆိုတဲ့ သူများpostတွေ ထပ်တွေ့တော့ steemit မှာပါဝင်ဖို့ စိတ်ကူးခဲ့သည်။

Steemit-big.png

pdfလေးဖတ်ပြီး မလုပ်တတ်,လုပ်တတ်နဲ့ account တစ်ခုဖွင့်ခဲ့သည်။introducing post ကိုလည်း account ဖွင့်ပြီး ချက်ချင်းမတင်နိုင်။မရေးတတ်လို့။အကိုဟင်နရီရဲ့pdf ထပ်ဖတ်။သူများ introducing postတွေလိုက်ဖတ်ရင်း အချိန်ကုန်ခဲ့သည်။စစချင်းဆိုတော့ လူကစာတင်ဖို့ မရဲတရဲဖြစ်နေတာလည်း ပါသည်။account ဖွင့်ပြီး နှစ်ပတ်,သုံးပတ်လောက်ကြာမှသာ ကျွန်မနာမည်က ဘယ်သူပါ,ဘာဝါသနာပါပါတယ်,ဘယ်အနုပညာရှင်ကိုကြိုက်ပါတယ်,steemit ကို facebook မှာစတင်သိရှိလာပြီး အသိပညာ,အတွေ့အကြုံနဲ့ပိုက်ဆံပါရလို့ စိတ်ဝင်စားပါတယ်လို့မြန်မာလိုရေး,ကိုယ့်ရဲ့မတောက်တခေါက် အင်္ဂလိပ်စာလေးနဲ့ပါရေးတင်ပြီး နိုင်ငံခြားသားတွေဆီကရော မြန်မာကရော votesတွေ commentsတွေရလာခဲ့သည်။အကိုဟင်နရီရဲ့ a very good introducing post ဆိုပြီး comment ပေးတာတွေ့လိုက်ရတော့ pdfရေးတဲ့အကိုကြီး(အဲ့ဒီ့အချိန်တုန်းက leaderမှန်းမသိသေး) ငါ့စာလာကြည့်ပြီးကောင်းတယ်ပြောတယ်ဆိုပြီး တော်တော်ပျော်သွားသည်။

နောက်အကိုသက်ကိုဇော်ရဲ့ သူ့ရဲ့facebook accountကို friendလုပ်ပြီး မေးချင်တာရှိရင် မေးပါဆိုတဲ့ comment လေးတွေ့တော့ သူ့ရဲ့ accountကို friend လုပ်ပြီး မေးစရာရှိတာမေးခဲ့ရသည်။စစတုန်းမှာ မလုပ်တတ်တာက စာပုဒ်တွေစီတာ။လူက space bar နှိပ်ပြီး လုပ်ပေမဲ့ စာပုဒ်တွေက ကမောက်ကမဖြစ်နေခဲ့သည်။ကိုယ့်ဟာကိုယ်ထင်မိတာက noteထဲမှာရေးပြီး ဒီမှာ pasteလုပ်မိလို့ အဆင်မပြေတာလား,steemit မှာပဲ စာတန်းရေးမှအဆင်ပြေမှာလားပေါ့။အကိုက စာပုဒ်ခြားဖို့ enterနှိပ်ရတယ်လို့ပြောတော့ မှ ကိုယ့်စာကိုယ်enter နှိပ် စာပုဒ်စစချင်းက space တွေလည်း ဖျက်ပစ်လိုက်မှ စာပုဒ်တွေလှလှပပနဲ့ညီညီညာညာ ပေါ်လာခဲ့သည်။စာပုဒ်တွေလှလှပပ ညီညီညာညာ စီတတ်ခဲ့သည်မှာ အကို သက်ကိုဇော်၏ရှင်းပြမှုကြောင့်ဖြစ်သည်။MSC messenger group ထဲကိုလည်း အဲ့ဒီ့အကိုပဲ သွင်းပေးလို့ရောက်သွားသည်။

အခုintroducing post လေးကိုပြန်ရှာကြည့်လိုက်တော့ အခြား admins တွေထဲက@donjaun,@ansoe,@nyinyiwinနဲ့@domelayတို့ရဲ့ ကြိုဆိုအားပေးတဲ့comments,votes များကိုပါ ပြန်လည်တွေ့ရှိခဲ့ရသည်။မြန်မာလူမျိုး steemit account ပိုင်ရှင်တွေထဲကတော့ @galatofresco,@konyi,@ kyawhlaing,@ tamuthar,@ patricksanlin တို့ရဲ့ကြိုဆိုအားပေးတဲ့commentsများ votes များ ကိုတွေ့ရှိရသည်။အခုအချိန်introducing posts လေးကိုပြန်ကြည့်ပြီး leaderရော adminsတွေရော အခြားမြန်မာ steemit accounts ပိုင်ရှင်တွေရော နိုင်ငံခြားသားတွေရော လူအများကြီး votesပေး comments ပေးခဲ့ကြသည်ကို ပြန်လည်တွေ့ရှိရသည်မှာ ကြည်နူးအားရဖွယ်ကောင်းသည်။votesပေး,comments ပေးခဲ့ကြသူအားလုံးကို ကျေးဇူးလည်း တင်ပါသည်။
introducing post တင်ပြီးနောက်တစ်ပိုဒ်မှာ admins ထဲက ဆရာတင်လှိုင်ဦးလာရောက်vote,commentပေးခဲ့သည်။

ကျွန်မ steemit ကို စစဝင်တဲ့ အချိန်မှာပဲ proပေးနေတဲ့အချိန်ဖြစ်တာကြောင့် ကျွန်မစာတွေ pro post ထဲပါခဲ့သည်။postတစ်ခုကို8$,9$လောက် စရခဲ့သည်။$တွေရသော်လည်း စစချင်းစာရေးရတာ အခက်တွေ့နေတော့ သူများတွေလို postsများများ သိပ်မတင်နိုင်။တစ်ပတ်တစ်ခါ,တစ်ခါတစ်လေ နှစ်ပတ်လောက်ကြာမှ တစ်ပုဒ်လောက် တင်ဖြစ်သွားသည်။ထို့ကြောင့်လည်း ယခုမိမိဆီမှာ sp နည်းနေခြင်းဖြစ်သည်။

proမှာ စာလေးနှစ်ပုဒ်,သုံးပုဒ်လောက်တင်ပြီးတော့ sbdတွေsteem powerတွေ ရလာခဲ့ပြီ။ရလာတဲ့sbdတွေလည်း ဖုန်းဘေဝယ်ယူတတ်ခဲ့သည်။1sbd-ဘေ၁ထောင်။ခုချိန်မှာ ကိုယ်သုံးခဲ့တဲ့ sbdတွေအကြောင်း ပြန်စဉ်းစားမိလျှင် နည်းနည်းတော့ နှမြောစရာအကောင်းသား။sbdတွေ ဖုန်းဘေနဲ့လဲတော့ အကိုဒွန်ဂျွန်နဲ့စသိခဲ့သည်။အကိုဒွန်ဂျွန်ကတော်တော်သဘောကောင်းသည်။ဖုန်းဘေဝယ်ပြီး ကိုယ့်ဆီသူပို့တာ အချိန်အတန်ကြာတော်တော်နဲ့မရောက်လျှင် သူကစိုက်ပြီးထပ်ပို့ပေးတတ်သည်။ဖုန်းဘေထပ်ပို့ပေးသည့်အတွက် 1sbd ထပ်ပို့ပေးမယ်လို့ကိုယ်က ပြောတော့လည်း steemit familyတွေပဲ,ရပါတယ်ဆိုပြီးငြင်းတတ်တဲ့သူ။steemitအကြောင်းတွေသာမက phoneအတွက်virusရှင်းနည်းအကြောင်းတွေရော back upလုပ်လို့ရသည့်note တွေပါ မကျန် အခက်အခဲရှိသမျှကို မေးတိုင်း စိတ်ရှည်စွာနဲ့ရှင်းပြတတ်ပြီး ကျွန်မကို proရှိတုန်း စာများများရေးဖို့ပါ တိုက်တွန်းခဲ့သူဖြစ်သည်။

ကျွန်မရဲ့steemitခရီးလမ်းကတော့ leaderနဲ့ adminsတွေရဲ့ ကူညီမှုကြောင့် စစချင်းထဲက ဖြောင့်ဖြူးခဲ့သည်ဟု ဆိုနိုင်ပါသည်။leaderနှင့်adminsများအားလုံးကိုလည်း ကျေးဇူးတင်ပါသည်။အခုအချိန်ထိvotes,comments ပေးခဲ့ကြသည့် steemit members များအားလုံးကိုလည်း ကျေးဇူးတင်ပါသည်။ကျွန်မလည်း steemit ခရီးလမ်းမှာ မိမိကိုယ်ပိုင်ရေးသားသည့်စာများနှင့် ရှေ့ဆက်ခရီးနှင်နေပါဦးမည်။

Photo credit-Google image

Author-myothuzar,MSC-033

Sort:  

တူတူကြိုးစားကြတာ​ပေါ့အစ်​မ

ဟုတ်ကဲ့ sis။

လက်တွဲညီညီခရီးဆက်ကြမယ် ကျွန်တော်တို့

ဟုတ်ကဲ့ပါအကို။

အတူတူ ရှေ့ဆက်ကြမယ်နော်

ဟုတ်ကဲ့။

အားပေးလျက်ပါဗျာ

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

အတူတူလျှောက်လှမ်းကြတာပေါ့

ဟုတ်ကဲ့။

အိုက်စ် ကိုယ်တွေနာမည်လည်းပါနေပါလား
အသိအမှတ်ပြုခံရတော့ ပျော်ပီလေ :-D

ကျွန်မလည်းပြန်ကြည့်ပြီးအကိုနာမည်တွေ့တော့ခုချိန်မှာလည်း group တစ်ခုထဲကျပြီးတော်တော်ရေစက်ဆုံပါလားလို့။

Steemit ရဲ့လမ်းခရီးက ဒီလိုပါပဲ အခက်အခဲတွေနဲ့စတင်ရတာ ပြီးရင် ပျော်ပြီးစွဲလမ်းနေရော

ဟုတ်တယ်။အခုsteemitကို စွဲလမ်းနေပြီ။

Fighting together

အယ်လဲ့ ကြိုးစားတာပေါ့

ဟုတ်။

အတူတူပဲ

ဟုတ်။

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60340.89
ETH 2615.66
USDT 1.00
SBD 2.56