လွမ်းဆွေးမှု ဝေဒနာ
နေခြည် တစ်ယောက် ခဏတာ အလည်သွားခဲ့သော သူငယ်ချင်းတစ်ယောက်၏ အိမ်မှ ထွက်လာခဲ့လေ၏။ဤနေရာက နေခြည် လာလေ့လာထ မရှိသော နေရာဖြစ်သည်မို့ ဘတ်စ်ကား ဂိတ်ရှိရာသို့ ရောက်အောင် လူတကာမေးစမ်းနေရသည်။တဖြည်းဖြည်းနဲ့နေရာ တစ်ခုကို ရောက်လာသည်။ဘတ်စ်ကားဂိတ်ဆီသို့ သို့ မဟုတ်ပေ။ပန်းခြံတစ်ခုသာ။
ခြေထောက်ညောင်းလာသော နေခြည်တစ်ယောက်ပန်းခြံထဲသို့ ဝင်ကာလွတ်နေသော ခုံတန်းလျားမှာ ထိုင်ကာ ခဏအနားဖြေ၏။နေခြည်စစ ဝင်လာတုန်းက ပန်းခြံထဲမှာ လူမရှိသေး။၅မိနစ်လောက်အကြာမှာ စုံတွဲတစ်တွဲ နေခြည်နှင့် မျက်နာချင်းဆိုင်ရှိခုံမှာ လာထိုင်နေကြ၏။
နေခြည် ထိုစုံတွဲကို မမြင်ရအောင် မျက်နှာလွဲထားသော်လည်း ထိုစုံတွဲဆီမှ ကြားရသော "မောင် ဘယ်နှစ်နှစ်ကြာအောင် သွားမှာလဲ" ဆိုသော စကားတစ်ခွန်းက နေခြည်၏ရင်ကို လှုပ်နှိုးသွားစေ၏။ထိုစကားမျိုး လွန်ခဲ့သောနှစ်နှစ်က ပန်းခြံထဲမှာ နေခြည်လည်း ပြောဖူးခဲ့လေသည်။
အတိတ်ဆီသို့ နေခြည်၏အတွေးများက ပြန်လည်ကူးခတ်သွားနေပါတော့၏။"မောင်" "နေခြည်သိပ်ချစ်ရသောမောင်"
မောင်နဲ့နေခြည် စတွေ့ခဲ့စဉ် အချိန်မှာ တက္ကသိုလ်ဒုတိယနှစ်တွင်ဖြစ်သည်။နေခြည်နှင့် စတွေ့ခါစကနေ နှစ်လလုံးလုံး နေခြည်နောက်မှ တကောက်ကောက်လိုက်ကာချစ်ရေးဆိုပြီးသောအခါ မောင်၏အချစ်ကို နေခြည်မှ ပြန်လည် တုံ့ပြန်ခဲ့လေသည်။ထိုမှစ၍ တက္ကသိုလ်တက်နေစဉ် ကာလတစ်လျှောက်လုံး အတူသွား,အတူစားကာ ချစ်သူစုံတွဲနေခြည်တို့ နှစ်ယောက်သည် ပျော်ရွှင်ကြည်နူးခဲ့လေသည်။
တက္ကသိုလ်ပြီးသွားသောတစ်နေ့၌ ပန်းခြံလေးတစ်ခုမှာ နိုင်ငံခြားသို့ အလုပ်လုပ်ရန် သွားမည်ဟု မောင်သည် နေခြည်နှင့် တိုင်ပင်လာလေ၏။နေခြည်မှ မသွားပါနဲ့ ဟုပြောခဲ့ပါသော်လည်း ဘဝနောင်ရေးအတွက် ပိုက်ဆံရှာချင်သော မောင်၏ပြင်းထန်သော ဆန္ဒများကို နောက်ဆုံးမတားနိုင်ဖြစ်ကာ ခဏတာခွဲခွာဖို့ နာကျင်သော ဝမ်းနည်းမှုများနှင့် ခေါင်းငြိမ့်လက်ခံခဲ့ရလေသည်။နောက်ဆုံးအနေနှင့် "ဘယ်နှစ်နှစ်ကြာအောင် သွားမှာလဲ" ဆိုသော မေးခွန်းကို မောင်သည် "ခဏလေးပါကွာ" "နှစ်နှစ်သုံးနှစ်ပါ မကြာပါဘူး" ဆိုသောအဖြေမျိုးနှင့် လွယ်ကူပေါ့ပါးစွာ ဖြေခဲ့သည်ကို နေခြည် နားထောင်ခဲ့ရသော်လည်း တကယ်တန်းဖြတ်သန်းခဲ့ရသော နှစ်နှစ်တာကာလကတော့ နေခြည်အတွက် မလွယ်ကူခဲ့ပေ။
နှစ်နှစ်တာကာလ၏ လွမ်းဆွေးမှုများကိုြံကံ့ကြံ့ခံကျော်ဖြတ်ရင်း မောင်ပြန်လာတော့မည်ဟု ပျော်ရွှင်ကြည်နူးနေသော နေခြည်သည် လွန်ခဲ့သောငါးရက်ခန့်က တယ်လီဖုန်းထဲမှာ " မောင် နိုင်ငံခြားထဲမှာ တစ်နှစ်လောက်ထပ်နေပြီး ငွေရှာဦးမယ်ကွာ" ဟူသောအဖြေစကားနောက်ဝယ် ဝမ်းနည်းမှုများဖြင့် ထပ်မံလဲပြိုကျရှုံးခဲ့ရလေသည်။လွန်ခဲ့သောငါးရက်ခန့်က မောင့်၏တယ်လီဖုန်းမှ ပြောစကားကြောင့် နာကျင်ကြေကွဲနေသော နှလုံးသားများ ယခုအချိန်တွင် နာကျင်မှုအနည်းငယ်လျော့နည်းကာ အနည်ကျတည်ငြိမ်လာသလို ရှိသော်လည်း ယခုနေခြည်ထိုင်နေသော ပန်းခြံလေးထဲရှိစုံတွဲ၏ပြောစကားများက နေခြည်၏နာကျင်နေသောနှလုံးသားအား အသက်ဝင်အောင် ပြန်လည်လှုပ်နှိုးပေးခဲ့ သလို ဖြစ်သွားလေသည်။ကျလုဆဲဆဲ မျက်ရည်များကို အလျှင်အမြန်ရှိုက်သိမ်းရင်း နေခြည်၏စိတ်ထဲမှာလည်း " မောင် ပြန်မလာမချင်း နေခြည် ဘယ်တော့မှ ပန်းခြံထဲမှာ ဝင်ထိုင်မှာ မဟုတ်တော့ပါဘူးမောင်" ဟူ၍သာ ထပ်ကာထပ်ကာ တွေးတော ဆုံးဖြတ်ရင်း နေခြည်၏ခြေလှမ်းများသည် အတိတ်၏ခြေရာတစ်ခု ဖြစ်သော ပန်းခြံလေးထဲမှ အလျှင်အမြန်လျှောက်လှမ်းထွက်ခွာ လာခဲ့ပါတော့သည်။
Photo credit-google image
MSC-033,Author-myothuzar
ခံရခက်တဲ့ဝေဒနာထဲမှာအလွမ်းလဲပါတယ်
အင်း။ဟုတ်တယ်။
Good သယ်ရင်း
ကျေးဇူး။
သြော်အလွမ်း
ဟုတ်
အလွမ်းဆိုတာ
ခံစားရခက်တဲ့ ဝေဒနာတစ်မျိုး
ခုမှပဲ အလွမ်းမင်းသား မင်းသမီပေါ်ထွက်လတော့တယ်။ 😃
ဟုတ်ပါ့
ရေးစရာမရှိတော့လဲ နောက်ဆုံးလွမ်းပဲလွမ်းပလိုက်တယ်။
အိုက်စ် အလွမ်းချင်ဘူး
ရဘူး။လွမ်းရမယ်။
Nice post sis
Thank you.
Like👍
Thank you.
အလွမ်းဆိုတာ လက်ဆုပ်လက်ကိုင်မပြနိုင်ပေမယ် တော်တော်ခံရခက်တဲ့ဝေဒနာပါဗျ
ဟုတ်ပါတယ်။
fa, no feeling . just freedom lol.
Freedom is also good.