ကတိ
ကတိဟူသည် တည်နိုင်မှ ပေးသင့်လေသည်။သူငယ်ချင်း အချင်းချင်း,မိတ်ဆွေအချင်းချင်း,မိသားစုအချင်းချင်း တစ်စုံတစ်ခုလုပ်ပေးမည်ဟု အလွယ်တကူပြောတတ်,ကတိပေးတတ်ကြသည်။ကတိတောင်းသူကတောင်းပြီး ကတိပေးသူကပေးကြသည်။ကတိပေးသူအချို့သည် ကတိကိုသာ အလွယ်တကူပေးပြီး အကြောင်းကြောင်းကြောင့် ကတိမတည်ကြပေ။ထိုအခါကတိတောင်းသူမှာလည်း ကတိပေးသူအပေါ် ကတိမတည်သောကြောင့် ငြိုငြင်စိတ်ပျက်ကာ ခင်မင်မှုပျက်ပြားတတ်ကြသည်။ ကျွန်မမှာလည်း ထိုသို့သောအတွေ့အကြုံရှိသည်ဟု ဆိုနိုင်သည်။ထို့ကြောင့် ကျွန်မသည် ထိုအဖြစ်အပျက်ဖြစ်ပြီးနောက်တွင် မတည်နိုင်သော ကတိများကို အလွယ်တကူမပေးတော့ပါ။ပေးလျှင်လည်း ထိုကတိများကို တည်နိုင်အောင် တတ်နိုင်သမျှ ကြိုးစားပါသည်။
ကျွန်မကြုံခဲ့တဲ့ အဖြစ်အပျက်ကတော့ ကျွန်မ ၁၀တန်းအောင်ပြီးတက်တဲ့ သင်တန်းတစ်ခုမှာ ကြုံတွေ့ခဲ့တာဖြစ်သည်။အဲ့ဒီ့်တုန်းက ၁၀တန်းအောင်ပြီးတော့ အဝေးသင်တက္ကသိုလ်တက်ရန် ကျောင်းသွားအပ်ဖို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(တာဝ) သို့ မည်သို့သွားရမလဲ စုံစမ်းနေချိန်ဖြစ်သည်။ကျွန်မလဲ လက်လှမ်းမီသမျှလူတွေကို တာဝဘယ်လိုသွားရမလဲမေး,နောက်ဆုံးဖေဖေက သွားတတ်တယ်ဆိုတော့ ဖေဖေနဲ့ပဲ သွားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါသည်။ထိုသို့ ဆုံးဖြတ်ချက်ချအပြီး ၁၀တန်းအောင်ပြီး အချိန်အားလပ်တုန်းတက်နေတဲ့ သင်တန်းတစ်ခုမှာ အမတစ်ယောက်နဲ့ သိကျွမ်းခဲ့ပါသည်။သင်တန်းတက်ရင်း အဲ့ဒီ့အမနှင့် သိကျွမ်းလာတော့ သူကလည်းအင်္ဂလိပ်စာမေဂျာနဲ့ အဝေးသင်တက္ကသိုလ်တက်မည်ဟုပြောကာ မိမိကိုကျောင်းအတူတူသွားအပ်ဖို့အဖော်စပ်ပါသည်။သူပြောတော့ မိမိမှာ အတူတူမသွားဘူးလို့ ငြင်းချင်သော်လည်း အားနာသောကြောင့် သူ့အပြောကိုဘာမှအဖြေပြန်မပေး,ခေါင်းငြိမ့် ခေါင်းခါလည်းမလုပ်ဘဲ ငြိမ်ငြိမ်သာနေလိုက်ပါတော့သည်။သူကတော့ မိမိထိုသို့နေလိုက်ပုံကို သဘောတူသည်ဟု ယူတလိုက်ပုံရပါသည်။ကျွန်မလည်း ပါးစပ်ကထုတ်ပြောရမှာ အားနာတာနဲ့ ဒီတိုင်းသာနေလိုက်ပါတော့သည်။
ကျွန်မသွားမည့်နေ့ မရောက်ခင်အချိန်အထိ "ခေါ်ရမလား" "မခေါ်ရဘူးလား" "ဖေဖေ့ကိုဖွင့်ပြောရရင်ကောင်းမလားဆိုတဲ့အတွေးတွေနဲ့ လုံးချာလည်လိုက်နေခဲ့ပါသည်။နောက်ဆုံးတော့ ဖေဖေ့ကိုလည်း မပြောဖြစ်တော့ပါ။အဲ့ဒီ့အမကိုလည်း သွားမည့်နေ့ ဘတ်(စ်)ကားပေါ် တက်ခါနီး အချိန်ကျမှပဲ ကိုယ့်ဘာသာကိုယ်ပဲအဖေနဲ့သွားဖြစ်သွားတဲ့အကြောင်း ဖုန်းဆက်ကာပြောဖြစ်ခဲ့ပါသည်။အဲ့ဒီ့ အမကိုဖုန်းဆက်ပြီးတဲ့ အခါမှာတော့ ဝန်ထုပ်ကြီးတစ်ခု လွှတ်ချလိုက်ရသလို ပေါ့ပါးသွားပါသည်။သို့ပေမယ့်လည်း တာဝသွားတဲ့ ခရီးလမ်းမှာ ရှုခင်းများကိုကြည့်ရှု့ရင်း အဲ့ဒီ့အမကိုခေါ်ပြီးအတူတူသွားရင်လည်းရသားပဲ,လမ်းကလည်း အဆင်ပြေသားပဲလို့ တွေးမိပြီး နောင်တအနည်းငယ်တော့ ရမိပါသည်။
ကျောင်းအပ်ပြီးနောက် အချိန်တွေလည်းတဖြည်းဖြည်းကုန်ဆုံးကာအဝေးသင်အတွက် အနီးကပ်၁၀ရက် တက်ရမည့်အချိန်ကို ရောက်လာခဲ့ပါသည်။ကျောင်းတက်တော့ အဲ့ဒီ့အမနဲ့ပြန်တွေ့ပေမဲ့ ကျွန်မကတိမတည်တဲ့ကိစ္စကြောင့် ကျွန်မကိုစိတ်ပျက်သွားဟန်တူပါသည်။ကျွန်မကို စကားတောင် မပြောတော့ပါ။ကျွန်မလည်း အဲ့ဒီ့အချိန်ကစပြီး "မတည်နိုင်တဲ့ကတိတွေ ဘယ်တော့မှမပေးတော့ဘူး" " ကတိပေးပြီးရင်လည်း တတ်နိုင်သမျှတည်အောင်လုပ်မယ်" လို့ ဆုံးဖြတ်ချက်ချလိုက်ပါသည်။
ပထမနှစ်ပြီးလို့ ဒုတိယနှစ်ရောက်တဲ့အခါမှာတော့ တစ်နေ့မှာ အဲ့ဒီ့အမဟာ သူနဲ့သူ့သူငယ်ချင်းများအတွက် ကျောင်းမတက်ဖြစ်တဲ့အချိန်တွေမှာ လက်မှတ်ထိုးပေးဖို့ အကူအညီတောင်းလာခဲ့ပါသည်။ဒီတစ်ခါမှာတော့ ကျွန်မလည်းအရင်ကလို အားနာတာကြောင့် ဘာမှပြန်မပြောဘဲနေတာမျိုးမလုပ်တော့ဘဲ လက်မှတ်တော့ထိုးပေးမယ်,အဆင်မပြေတဲ့အချိန်(ဥပမာ-ဆရာမက ကိုယ့်အတွက်ပဲ ကိုယ်ထိုးဖို့ပြောတဲ့ စာသင်ချိန်) တွေမှာ မထိုးပေးဘူးဟု ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ပြောဆိုခဲ့ပါသည်။ထိုအမကလည်း ကျွန်မပြောတာကို သဘောတူတာကြောင့် အဆင်ပြေသွားခဲ့ပါသည်။ကျွန်မလည်း အဲ့ဒီ့အမနဲ့ဖြစ်ခဲ့တဲ့ပြဿနာကြောင့် "မတည်နိုင်တဲ့ကတိတွေကို အားနာပြီး မပေးမိအောင်" "ပေးမိရင်လည်း တည်နိုင်အောင်တတ်နိုင်သမျှ ကြိုးစား" တတ်လာပါတော့သည်။
Photo credit-Google image
Author-myothuzar,MSC-033

မှန်ပါ့ဗျာ
ဟုတ်ကဲ့။
ကတိပေးပြီးရင် အကြွေးရှိနေသလိုပါပဲ။
ကျေအောင်ဆပ်ပေးဖို့လိုပါတယ် :D
ဟုတ်တယ်။အဲ့ဒါကြောင့် မပေးနိုင်တဲ့ ကတိတွေကိုမပေးပဲနေတယ်။ပေးပြီးရင်လည်း တည်အောင် တတ်နိုင်သမျှ လုပ်တယ်။
မှန်ပါသည်။မလုပ်ပေးနိုင်သည့်အရာအားကတိလွယ်လွယ်မပေးသင့်ပါ။
ဟုတ်ပါတယ်။
ကတိတလုံးကိုလွယ်လွယ်ဖြင့်မပေးသင့်
ပေးပြီးသားကတိကိုလည်းတည်နိုင်ဖို့အရေးကြီးပါသည်
ဟုတ်ပါတယ်။
အမှန်ဘဲ ဗျာ
Right.
မှန်တယ်၊ကတိဆိုတာမတည်နိုင်ရင်မပေးတာအကောင်းဆုံးပဲ
ဟုတ်တယ်။
ကတိဆိုတာ မတည်ဘဲပေး ပေးမိနေတယ်ဗျာ
အင်း။မတည်နိုင်ရင်တော့ တတ်နိုင်သမျှမပေးဘဲ နေတာ အကောင်းဆုံးပဲလို့ ထင်ပါတယ်။
ဂတိဆိုတာသူတပါးကိုသာမက ကိုယ့်ကိုယ်ကိုယ်ပါတည်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်က ကိစ္စမရှိပါဘူးဆိုရင်တော့ ။စာကျက်မယ် မကျက်တော့ဘူး၊တရားထိုင်မယ် မထိုင်တော့ဘူး ဆိုတာမျိုးတွေဖြစ်တတ်ပါတယ်
ဟုတ်ကဲ့။
မင်းမှာ သစ္စာ လူမှာ ကတိ တဲ့ ....
ကတိတည်သူကို လူအများက ချစ်ခင်နှစ်သက်ကြပါတယ်
ဟုတ်တယ်။ကတိတည်အောင် လုပ်ရတာလည်း လွယ်တော့ မလွယ်ဘူး။
အာပလာ ကတိတွေ အမုန်းဆုံးပဲဗျာ။
ဟုတ်။