ကိုသာမောင်နဲ့မစိန်လှ

in #myanmar6 years ago (edited)

ပျဉ်းကတိုးလို့ အမည်တွင်တဲ့ ရွာတစ်ရွာမှာ မစိန်လှဆိုတဲ့ အပျိုကြီး တစ်ယောက်ရှိပါတယ်။မစိန်လှဟာ ၃၅နှစ်အရွယ်လောက်ရှိပြီး အခုချိန်ထိလည်း ဘယ်ယောကျာ်းကိုမှ စိတ်မဝင်စားခဲ့,မကြိုက်ခဲ့ပါဘူး။ရွာမှာ ထမင်း,ဟင်းရောင်းပြီး ဟင်းချက်ကောင်းလို့ ရွာက လူတော်တော်များများကလည်း သူ့ဆီကဝယ်စားလေ့ ရှိကြပါတယ်။

image

အဲ့ဒီ့ ပျဉ်းကတိုးရွာမှာ လယ်တွေလည်းပိုင်ပြီး အရောင်းအဝယ်လည်း အနည်းငယ်လုပ်တတ်တဲ့ ကိုသာမောင်ဆိုတဲ့လူတစ်ယောက်လည်း ရှိပါသေးတယ်။အဲ့ဒီ့ကိုသာမောင်ဟာ မစိန်လှရဲ့လက်ရာကိုကြိုက်လို့ မစိန်လှဆီမှာပဲ ထမင်း,ဟင်း ဝယ်စားလေ့ရှိပါတယ်။

ကိုသာမောင်ဟာ မစိန်လှကိုလည်း အနည်းငယ် စိတ်ဝင်စားတော့ ပိုးပန်းစကား ပြောကြည့်ပါတယ်။အစကတော့ မစိန်လှလည်း စိတ်မဝင်စားပါဘူး။ဒါပေမဲ့ ကိုသာမောင်ကလည်း ခဏခဏပြော,ဘေးလူတွေကလည်း ကိုသာမောင်ဟာ ပစ္စည်းဥစ္စာ,ရုပ်ရည်,အကျင့်စရိုက် အဘက်ဘက်က ပြည့်စုံတာကြောင့် ပြန်လည်ကြိုက်သင့်ကြောင်းဘေးတွန်းကြတာနဲ့ မစိန်လှလည်း တဖြည်းဖြည်းစိတ်ပါကာ နောက်ဆုံးတော့ ကိုသာမောင်ရဲ့အချစ်ကို လက်ခံလိုက်ပါတယ်။ဒီလိုနဲ့ပဲ ကိုသာမောင်နဲ့ မစိန်လှဟာ ချစ်သူတွေ ဖြစ်သွားကြပါတယ်။

ချစ်သူတွေဖြစ်သွားကြတော့ ကိုသာမောင်ဟာ မစိန်လှဆီမှာ ထမင်းဟင်းဝယ်စားတဲ့အခါမှာ ပိုက်ဆံတောင် မပေးတော့ပါဘူး။အကြွေးမှတ်ထားပေါ့။နောက်မှရှင်းမယ်။ချစ်သူအချင်းချင်း ဒီလောက်ပိုက်ဆံကလေးက ဘယ်တော့ရှင်းရှင်းရတယ်။ကိစ္စမရှိဘူးပေါ့။နောက်ပြီး လက်ထပ်ပြီးလို့ရှိရင် သူ့ပိုက်ဆံမှန်သမျှ မစိန်လှပိုင်ရမှာပဲ။ဒီလောက်လေးနဲ့တွက်ကပ်မနေနဲ့ပေါ့။ကိုသာမောင်က ဒီလိုပြောတော့ မစိန်လှလည်း ချစ်သူအချင်းချင်းပဲဟု ခေါင်းငြိမ့်လက်ခံကာ ကိုသာမောင်ဆီက ပိုက်ဆံတောင်းမနေတော့ပါဘူး။

ဒီလိုနဲ့ပဲ အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးပြီး ကိုသာမောင်နဲ့မစိန်လှတို့ ချစ်သူဖြစ်တာတစ်နှစ်နီးပါးလောက်ရှိလာခဲ့ပါတော့တယ်။ဒီအတောအတွင်း ကိုသာမောင် စားထားသောက်ထားတဲ့ ထမင်းဖိုးဟင်းဖိုးတွေလည်း မစိန်လှတစ်ပြားမှမရပါဘူး။ပိုက်ဆံမရတာအသာထား။လက်ထပ်ဖို့ ကိုသာမောင်ကိုတိုက်တွန်းတော့လည်း မအားသေးလို့,အချိန်ကာလက လက်ထပ်ဖို့ အချိန်အခါကောင်း မဟုတ်သေးလို့,အမျိုးထဲက ဘယ်သူနေမကောင်းဖြစ်နေလို့ စတဲ့ အချိန်ဆွဲရှောင်တိန်းတဲ့ အကြောင်းပြချက်အမျိုးမျိုးသာ ပြန်လည်ကြားရပါတယ်။

ဒီအချိန်အတောအတွင်း ကိုသာမောင်ဟာ တစ်ဖက်ရွာဖြစ်တဲ့ ကျွန်းသစ်ရွာကိုလည်း အရောင်းအဝယ်ကိစ္စအတွက် ခဏခဏသွားပါတယ်။တဖြည်းဖြည်းနဲ့ ပျဉ်းကတိုးရွာမှာ သတင်းတွေပျံ့လာတာက ကိုသာမောင် ကျွန်းသစ်ရွာက ကောင်မလေးတစ်ယောက်နဲ့ ကြိုက်နေတယ်ဆိုပဲ။ဒီသတင်း မစိန်လှနားထဲ ရောက်လာတော့ မစိန်လှဒေါပွပြီပေါ့။ကိုသာမောင်ကိုမေးတော့ ကိုသာမောင်က "မဟုတ်ပါဘူး,ကောလဟာလတွေပါ,သူနဲ့ကောင်မလေးနဲ့ ရိုးရိုးပဲခင်တာပါ,ချစ်ကြိုက်တာ မဟုတ်ပါဘူး"ပေါ့။ကိုသာမောင်စကား မစိန်လှကြားတော့ သိပ်တော့ မကျေနပ်ပေမဲ့ ကိုသာမောင်စကားကိုလက်ခံလိုက်ပါတယ်။ဒါပေမဲ့ ကိုသာမောင်ကို တစ်ခွန်းတော့ ပြောလိုက်တယ် "ဒီသတင်းအမှန်သာဖြစ်လို့ကတော့ ရှင်သေပြီသာမှတ်ပေတော့" တဲ့။

တစ်နေ့မှာ မစိန်လှဆီကို သတင်းဆိုးတစ်ခုရောက်လာပါတယ်။အဲ့ဒီ့ သတင်းက ကိုသာမောင် ကျွန်းသစ်ရွာက သတင်းထွက်နေတဲ့ကောင်မလေးနဲ့ လက်ထပ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ဒီသတင်းကြားတော့ မစိန်လှ မျက်ရည်တွေကျပြီး ဒေါသတွေလည်း အကြီးအကြယ်ထွက်။ပါးစပ်ကလည်း "ကိုသာမောင် ရှင်တော့ သေပြီသာမှတ်ပေတော့" "တစ်နှစ်လုံးလုံး ကျွန်မဆီက ပိုက်ဆံ,ယုံကြည်မှုနဲ့အချစ်တွေ လိမ်ညာလှည့်စားသွားတဲ့လူ" "ရှင်နဲ့ကျွန်မတွေ့လို့ကတော့ အသေပဲ" လို့ပြောပြီး ငိုကြွေးနေပါတော့တယ်။အဲ့ဒီ့နေ့က မစိန်လှ ဆိုင်တောင် မဖွင့်နိုင်ပါဘူး။

ကိုသာမောင်က ကျွန်းသစ်ရွာမှာ လက်ထပ်ပြီးလို့ တစ်ပတ်လောက်အကြာမှာ ပျဉ်းကတိုးရွာက သူ့အိမ်မှာ အဝတ်အစားအသုံးအဆောင်ပစ္စည်း အချို့လာယူပါတယ်။ရွာက မစိန်လှရဲ့အသိအကျွမ်းအချို့က ကိုသာမောင်ရွာထဲရောက်နေတာကို သတင်းပေးတော့ မစိန်လှချက်ချင်း ထမီပြင်ဝတ်ပြီး ကိုသာမောင်အိမ်ရှိရာ သွားပါတယ်။မစိန်လှ ဒေါသတကြီးလာနေတာ တွေ့တဲ့ ကိုသာမောင်သူငယ်ချင်းအချို့လည်း ကိုသာမောင်ဆီ အလျှင်အမြန်သတင်းပို့ပါသေးတယ်။ကိုသာမောင်က မစိန်လှရဲ့ဒေါသကြီးမှုကို သိပ်မသိသေးတော့ မရှောင်ပုန်းဘဲ အေးအေးဆေးဆေးနေနေပါတယ်။အဲ့ဒီ့အချိန်မှာ မစိန်လှ ဒေါသတကြီးနဲ့ အိမ်ပေါ်တက်လာပြီး လမ်းပေါ်က ကောက်လာတဲ့ အုတ်ခဲနဲ့ ကိုသာမောင်ကိုလှမ်းပစ်ပါတယ်။အဲ့ဒီတော့မှ ကိုသာမောင်လည်းကြောက်လန့်ပြီး ထပြေးပါတယ်။ပြေးတာလည်း တန်းနေတာပါပဲ။သူနဂိုက ယူဖို့ ထုပ်ပိုးထားတဲ့ သူ့ရဲ့ပစ္စည်းအချို့တောင် မယူနိုင်ပါဘူး။

အဲ့ဒီ့အချိန်ကစပြီး ကိုသာမောင်လည်း ပျဉ်းကတိုးရွာကို သိပ်မလာရဲတော့ပါဘူး။မဖြစ်မနေကိစ္စရှိလို့ လာရင်တောင်မှ နင်ဂျာတစ်ယောက်လို လျပ်တပြက် ပြေးလွှား သစ်ပင်တွေမှာ ပုန်းကွယ်ပြီး ရွာထဲကို ဝင်ပါတယ်။ဒါတောင်မှ တစ်ယောက်ယောက်က သူ့ကိုမြင်လို့ ချွန်ပြီး မစိန်လှကိုပြောလိုက်ရင် သူ့မှာပြေးရတာအမော။မစိန်လှကလည်း ကိုသာမောင်ဆိုတဲ့ အသံမကြားလိုက်နဲ့။ကြားလိုက်တာနဲ့ ချက်ချင်းအုတ်နီခဲကောက်ကိုင်ပြီး ရွာမှာ လိုက်ရှာတော့ပါပဲ။အဲ့ဒီ့အချိန်ကစပြီး "ကိုသာမောင်နဲ့ မစိန်လှတို့ ရဲ့တူတူပုန်းတမ်း,စိန်ပြေးတမ်း ကစားနည်းကတော့ ကြောက်စရာကြီးပဲဟေ့" "မိရင်မလွယ်ဘူး" လို့ ရွာမှာ ပြောစမှတ်ပြုကြတာခုထိပါပဲ။

Photo credit-google image

MSC-033,Author-myothuzar

Sort:  

အာ့မျိုးဆို အုတ်နီခဲက သေးရယ် ma myo ရေ။ ထုသာထု :p

အုတ်နီခဲကသေးတယ်ဆိုတော့ ဘာနဲ့ထုရမှာပါလိမ့်။

ဖြစ်လေ့ဖြစ်ထရှိတာလေးတွေပေါ့😃😄

အင်း...။

ထုချင်​စရာဘဲ​လေ ထု ထု

အားပေးနေတယ်။

သစ္စာရှိ့သာ အဓိက မိန်းမတစ်ယောက်အတွက်တော့

ဟုတ်တယ်။

ဟီးမိရင်တော့မလွယ်ဘူးပဲ

ဟီး...ဟုတ်တယ်။ကိုသာမောင်လည်း မစိန်လှလက်ထဲ မမိအောင် ရှောင်တိန်းပြေးနေတယ်။

အရမ်း​ကောင်းပါတယ်​ ။ပတ်​ဝန်းကျင်​မှာဖြစ်​​လေ့ဖြစ်​ထရှိတဲ့သဘာဝ​တွေပါ။

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

Cင့်​ ..အသာလုပ်​ပါဟ 😃😃

လုပ်ဖူး

ဓါးနဲ့ပါ လိုက်ထိုးရမှာ

ဓါးနဲ့ဆို လူသတ်မှုဖြစ်ပြီ။

အင်း ပတ်ဝန်းကျင် မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေ ဟိဟိ

အင်း...။

အင်း ထမင်းအလကားစားနည်းတစ်ခုဖြစ်မလားမသိဘူး

ဒီနည်းတော့ မသုံးတာတော့ အကောင်းဆုံးပဲ။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 63721.78
ETH 3503.08
USDT 1.00
SBD 2.54