ကန်ရေပြင်လေး

in #myanmar6 years ago (edited)

images (5).jpg

အစိမ်းရောင်မြက်ခင်းနုနုလေးတွေနဲ့ကုန်းမြေဟာ ကြည်လဲ့လဲ့ရေကန်ပြာလေးကို ဝိုင်းရံကာကွယ်ပေးထားတယ်။အပြာရောင် ကန်ရေပြင်လေးဟာ ကုန်းမြေရဲ့ဝိုင်းရံကာကွယ်မှု အလယ်မှာ တည်တည်ငြိမ်ငြိမ် တည်ရှိနေတယ်။ထိုကန်ရေပြင်ထက်မှာတော့ အဖြူရောင်ဘဲကလေးတွေ,လာရောက်လှော်ခတ်ကြတဲ့ လှေငယ်ကလေးတွေဟာ အပြာရောင် ကန်ရေပြင်ရဲ့အလှကို ပိုမိုလှပအောင် ဝိုင်းရံခြယ်သပေးသကဲ့သို့နှယ်။

အေးချမ်းမှုတွေနဲ့ လွှမ်းခြုံထားတဲ့ ကန်ရေပြင်လေးရဲ့အလှဟာ ကန်ရေပြင်လေးဆီလာသူအပေါင်းရဲ့ စိတ်နှလုံးကို ကြည်နူးအောင် အစွမ်းကုန်လုပ်ဆောင်ပေးတယ်။ကန်ရေပြင်ထက်က လေညင်းကလေးဟာလည်း ကန်ရေပြင်လေးဆီလာသူအပေါင်းရဲ့ စိတ်နှလုံးပေါ့ပါးချမ်းမြေ့အောင် အေးမြလတ်ဆတ်တဲ့ လေညင်းကလေးတွေနဲ့ အစွမ်းကုန်တိုက်ခတ်ပေးခဲ့ကြတယ်။

ထို့ကြောင့် စိတ်နှလုံးကြည်နူးချမ်းမြေ့စရာကောင်းပြီး လှပတဲ့ ကန်ရေပြင်ဆီကို လူအများ လာရောက်အပန်းဖြေခဲ့ကြတယ်။ကန်ရေပြင်လေးဟာလည်း သူ့ဆီလာရောက်အပန်းဖြေတဲ့ လူတွေကို မွန်းကြပ်မှုတွေ,ရှုံးနိမ့်မှု့တွေ,အခက်အခဲတွေ ဆီကနေ ခဏတာရုန်းထွက်နိုင်အောင် သူရဲ့အလှအပတွေနဲ့ အစွမ်းကုန်ကူညီပေးခဲ့တယ်။

ဒါပေမဲ့ လူများစွာဟာ ကန်ရေပြင်လေးရဲ့အလှအပကိုသာခံစားပြီး ကန်ရေပြင်လေးရဲ့အလှအပရေရှည်တည်တံ့မှု့ကိုတော့ ဂရုမစိုက်ခဲ့ကြဘူး။ကန်ရေပြင်လေးရဲ့ လှပမှုတွေပျက်စီးအောင် ကုန်းမြေပေါ်မှာရော,ကန်ရေပြင်လေးထဲမှာရော အမှိုက်တွေထားပစ်ခဲ့ကြတယ်။ပြန်လည်သိမ်းဆည်းဖို့ မေ့ပစ်ခဲ့ကြတယ်။အချိန်တွေကြာလာတဲ့အခါ လှပတဲ့ကန်ရေပြင်ဆီမှာ အမှိုက်တွေများလာခဲ့တယ်။ဒီအမှိုက်တွေကြောင့် အဖြူရောင်ဘဲကလေးတွေနဲ့ လှေကလေးတွေဟာ ကန်ရေပြင်လေးထဲမှာ လွတ်လွတ်လပ်လပ် မကူးခတ်နိုင်တော့ဘူး။ရေညစ်ပတ်မှု့ကြောင့် ဘဲကလေးတွေသေဆုံးသွားခဲ့ရသလို လှေကလေးတွေရဲ့ပိုင်ရှင်တွေဟာလည်း ကန်ထဲမှာအမှိုက်တွေပြည့်နေမှု့ကြောင့် လှေကူးခတ်မှု့ကို ရပ်တန့်လိုက်ကြတယ်။

images (6).jpg

ကန်ထဲမှာ အမှိုက်တွေကြောင့် ညစ်ပတ်နေသလို ကန်ရေပြင်ထက်မှာ သွားလာကူးခတ်နေတဲ့ လှေကလေးတွေ,ဘဲကလေးတွေလည်း မရှိတော့တာကြောင့် ကန်ရေပြင်လေးရဲ့လှပမှု့တွေ ပျောက်ဆုံးလာခဲ့ရတယ်။ထို့အတူပဲ အမှိုက်တွေကြောင့် လတ်ဆတ်သန့်ရှင်းတဲ့လေညင်းကလေးမှာလည်း အောက်သိုးသိုးအနံ့တွေပါလာခဲ့ပြီး အရင်လို လတ်ဆတ်သန့်ရှင်းတဲ့လေရနံ့တွေချည်းပဲ မပေးစွမ်းနိုင်တော့ဘူး။ကန်ရေပြင်လေးရဲ့ အခြေအနေပျက်စီးလာတဲ့အခါမှာတော့ လူတွေလာ ကန်ရေပြင်လေးဆီလာရောက်မှု့ကို ရပ်တန့်လာကြတယ်။

ကန်ရေပြင်ဆီလာသူအချို့ကလည်း "ကန်ရေပြင်လေးဟာ အရင်လို မလှတော့ဘူး" "မသန့်ရှင်းတော့ဘူး" "လေကလည်းအရင်လို မလတ်ဆတ်တော့ဘူး" ဟု ဆိုပြီး ကန်ရေပြင်လေးကို ပြစ်တင်ပြောဆိုကာ ထွက်ခွာသွားခဲ့ကြတယ်။ကိုယ့်အပြစ်ကို ကိုယ်မသိတဲ့ လူသားတွေဟာ ကန်ရေပြင်လေးကို စွန့်ခွာသွားခဲ့ကြပြီး အပြစ်မဲ့တဲ့ ကန်ရေပြင်လေးမှာတော့ သူ့ကိုပြစ်တင်ပြောဆိုထွက်ခွာသွားခဲ့ကြတဲ့ လူများစွာကို ဝမ်းနည်းစွာနဲ့ ငေးမောကြည့်ရင်း ကျန်နေခဲ့ရရှာတယ်။

Photo credit- Pixabay.com

Author-myothuzar,MSC-033

Sort:  

အသိတရားကိုယ်စီနဲ့ ကိုယ့်ပတ်ဝန်းကျင်လေးကိုထိန်းသိမ်းသင့်ကြပါတယ်။

မှန်ပါတယ် မဇင်။

Vote ပေးခဲ့တယ် အမရေ

ကျေးဇူးပါ။

You got a 50% upvote from @aungzawhtwe courtesy of @myothuzar ! its cool fee free .

ပတ်​ဝန်းကျင်ညစ်​ညမ်းမှူကိုလူတိုင်းထိန်းသိမ်းသင့်​ပါတယ်

မှန်ပါတယ်။

အမှိုက်ကိုစည်းကမ်းတကျ စွန့်တက်တဲ့အကျင့်လေးတွေ တိုးတက်လာရင်ကောင်းမယ်နော်။အာ့ဆိုရင် ပတ်ဝန်းကျင်ရဲ့အလှပလည်း မထိခိုက်တော့ဘူးပေါ့

ဟုတ်ပါတယ်။လူတစ်ဦးချင်းစီကစပြီး အမှိုက်စနစ်တကျ စွန့်ပစ်သင့်ပါတယ်။

လူတိုင်းကိုယ့်အသိနဲ့ကိုယ် ထိန်းသိမ်းသင့်ပါတယ်

ဟုတ်ပါတယ်။

သဘာဝပတ်​၀န်းကျင်​ကိုလူတိုင်းထိန်းသိမ်းသင့်​ပါတယ်

ဟုတ်ပါတယ်။

စည်းကမ်းရှိသင့်​တယ်​ဗိာ လူတစ်​ဦးချင်းကအစ​ပေါ့

မှန်ပါတယ်။

အားပေးခဲ့ပါတယ်👍

ကျေးဇူးပါ။

မိမိပတ်ဝန်းကျင်ကို မိမိတာဝန်ယူခဲ့
င် ခုလိုတွေ ဖြစ်မှာမဟုတ်ဘူး

ဟုတ်ပါတယ်။

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63725.17
ETH 2619.74
USDT 1.00
SBD 2.82