ဦးကျော်လှ၏နှောင်းနောင်တ

in #myanmar6 years ago (edited)

image

ဇနီးနှင့်သားသမီးများကို မကြာခင်တွေ့ရတော့မည်မို့ ဦးကျော်လှ အထူးပျော်ရွှင်နေမိသည်။ဘာလိုလိုနှင့် ဦးကျော်လှ နိုင်ငံခြား ထွက်သွားခဲ့သည်မှာ ၁၀နှစ်ခန့်ရှိသွားခဲ့ချေပြီ။

ထို့ကြောင့် ယခု taxiကားလေးပေါ်မှ အိမ်ပြန်လမ်းခရီးမှာ ဇနီးနှင့်သားသမီးများကို မကြာခင်တွေ့ရတော့မဲ့ အရေး တွေးပြီး ကြည်နူးပျော်ရွှင်နေမိလေသည်။

"ရောက်ပြီ ဦးလေး" "ဒီအိမ်ပဲ"

"သြော် အေး..အေး" "ကျေးဇူးပဲကွာ"

ဦးကျော်လှ taxiပေါ်မှ ဆင်းရင်း နှစ်ထပ်ပျဉ်ထောင်အိမ်လေးဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။အိမ်ရှေ့သို့ရောက်သောအခါ တံခါးသော့ခတ်ထားသည်ကို ဦးကျော်လှတွေ့၍ အိမ်ထဲ၌ လူရှိလိုရှိငြား အော်ခေါ်လိုက်လေသည်။

"ခင်မြရေ" "ခင်မြ" "သား ကျော်ကျော်ရေ" "သမီး ပိုးဖြူ"

ဦးကျော်လှ အသံကုန်ဟစ်ပြီး အော်ခေါ်သည့်တိုင် အိမ်ထဲမှ မည်သူ့မျှ ထွက်မလာကြ။ကြာတော့ ဦးကျော်လှ လက်လျှော့ကာ အိမ်ရှေ့က လှေကားထစ်လေးမှာ ခြေပစ်လက်ပစ်ထိုင်လိုက်မိသည်။

"ဟူး" "ဘယ်သူမှမရှိကြပါလား" "ဘယ်ရောက်နေကြပါလိမ့်"

ဦးကျော်လှ ခေါင်းငိုက်စိုက်ချကာ တွေးတောနေခိုက် လမ်းပေါ်မှ လူတစ်ဦးဖြတ်သွားသည်ကို တွေ့လိုက်မိသည်။ထိုသူကို ဦးကျော်လှသိသည်။ကိုစံမြ။ကိုစံမြတို့က ဦးကျော်လှတို့အိမ်နှင့် နှစ်အိမ်ကျော်မှာ နေပြီး အေးဆေးတည်ငြိမ်သည့်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ။

ဦးကျော်လှသည် ကိုစံမြကိုတွေ့တော့ ရုတ်တရက်ထရပ်ကာ "ကိုစံမြ" "ကိုစံမြ" ဟုလှမ်းခေါ်လိုက်သည်။

ကိုစံမြဆိုသူမှာ ဦးကျော်လှ ခေါ်သံကြားတော့ ဆတ်ခနဲ ခေါင်းကိုလှည့်ကာ ဦးကျော်လှ ရှိရာသို့လှမ်းကြည့်သည်။ဦးကျော်လှကိုတွေ့တော့ မျက်နှာတစ်ချက်မဲ့ကာ ဦးကျော်လှဆီသို့ တန်းတန်းမတ်မတ် လာလေသည်။

"ကိုစံမြ ကျွန်တော့်ဇနီးနဲ့သားသမီးတွေ ဘယ်သွားနေကြတာလဲဗျာ" "ကျွန်တော်ခေါ်တာ တစ်ယောက်မှထွက်မလာကြဘူး"

"သြော်" " ဦးကျော်လှ" "ခင်များ ပြန်လာသေးတယ်နော်"
"ကျုပ်တို့က ခင်များနိုင်ငံခြားမှာပျော်ပြီး ပြန်မလာတော့ဘူးတောင် မှတ်တာ" "ကျုပ်တို့ကြားရတဲ့ နိုင်ငံခြားက ခင်များ သတင်းတွေကလည်း တစ်ခုမှ မကောင်းဘူး" "ကောင်မလေးတွေနဲ့ရှုပ်တာရော" "လောင်းကစား လုပ်တာတွေရော စုံလို့ပဲ" "နောက်ပြီး ခင်များအိမ်ကို ငွေလဲမှန်မှန်ပြန်မပို့ဘူးမလား"

"ခင်များဗျာ" "တော်တော်တာဝန်ဝတ္တရားမဲ့တဲ့လူ" "အိမ်ထောင်ဦးစီး တစ်ယောက်ဖြစ်ပြီး ဒီလိုလုပ်တာ ကောင်းသလားဗျာ" '"ခင်များ နိုင်ငံခြားမှာ ပျော်မြူးနေတဲ့အချိန် ဇနီးနဲ့သား,သမီးတွေက ဒီမှာငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့" "နောက်ပြီး ကြားရတဲ့သတင်းတွေကလည်း တစ်ခုမှမကောင်းဘူး"

"ဒါ့ကြောင့် ခင်မြက ခင်များကိုစိတ်ကုန်ပြီး တစ်ခြားကို ပြောင်းသွားပြီ" "နောက်ပြီးခင်များကိုလည်း ပြောသွားတယ်"

"လုံးဝမေ့ပစ်လိုက်ပြီမို့လို့ သူတို့ကို လိုက်မရှာပါနဲ့တော့တဲ့" "သူတို့ဘဝသူတို့ဘာသာပဲ ရုန်းကန်ရှာဖွေ စားသောက်ပါတော့မယ်တဲ့" "စိတ်အနာကြီးနာသွားပြီမို့ ဒီဘဝတော့ ထပ်မဆုံ ပါရစေနဲ့ တဲ့ဗျာ"

"ခင်မြ ခင်များကို စိတ်ကုန်မယ်ဆိုလည်း ကုန်ချင်စရာ" "နိုင်ငံခြားကို သွားတာ ဆယ်နှစ်" "ပို့တော့ တစ်နှစ်ကို သုံး,လေးသိန်း" "ဒီငွေလေးနဲ့ မိသားစုသုံးယောက် ဘယ်စားလောက်မှာလဲ" "နောက်ပြီး အခြားမိတ်ဆွေတွေဆီက ကြားရတာကလဲ ခင်များမိန်းမရှုပ်တဲ့အကြောင်းတွေနဲ့ လောင်းကစားလုပ်တဲ့ အကြောင်းတွေ" "ကြားရတာတွေက တစ်ခုမှမကောင်းဘူး" "ခင်များ ဒီလောက်ဆိုးတာ ခင်မြမှ ခင်များကိုစိတ်မကုန်ရင် ဘယ်သူကုန်မှာလဲဗျာ" "ဘေးကကြားရတဲ့ ကျွန်တော်တို့တောင် ခင်များကိုတော်တော် စိတ်ပျက်တယ်"
"သွားဗျာ" "ခင်များ သွားတော့" "ခင်မြလည်း ဒီမှာ မရှိဘူး" "ခင်များ မျက်နှာလည်း ကျွန်တော် မမြင်ချင်တော့ဘူး"

"ဟာ မလုပ်ပါနဲ့ ကိုစံမြရာ" " ကျွန်တော့်ကို ခင်မြ လိပ်စာလေးတော့ပေးသွားပါဦး" "ကျွန်တော် ခင်မြနဲ့သားသမီးတွေကို အရမ်းတွေ့ချင်လို့ပါ"

"ခုမှ တွေ့ချင်နေလို့လဲ အပိုပဲ" "ခင်မြက ခင်များကို စိတ်ကုန်သွားပြီ" "သွားဗျာ" "သွားတော့" "မသွားရင် ခင်များကို ကျွန်တော် ဆွဲထိုးမှာနော်"

"ခင်များ ထိုးချင်လည်းထိုးပါဗျာ" "ခင်မြ လိပ်စာလေးတော့ ပေးခဲ့ပါ"

"မသိဘူးဗျာ"

"ခွပ်"

ကိုစံမြ ထိုးလိုက်သော လက်သီးကြောင့် ဦးကျော်လှ ဖင်ထိုင်ရက်လဲကျသွားသည်။

ကိုစံမြသည် ဦးကျော်လှအားထိုးပြီးနောက် ထိုနေရာမှ ချက်ချင်းထွက်ခွာသွားသည်။ဦးကျော်လှက ကိုစံမြအား တစ်ကျော်ကျော်ခေါ်ပါသော် လည်း ကိုစံမြက လုံးဝလှည့်မကြည့်တော့ချေ။

ဦးကျော်လှသည် ထွက်ခွာသွားသည့် ကိုစံမြကျောပြင်ကို ကြည့်ရင်း ဇနီးနှင့်သားသမီးများ မိမိကို စွန့်ခွာသွားပြီဖြစ်သည့် အကြောင်းကိုတွေးမိကာ တစ်ဖြည်းဖြည်း မျက်ရည်ဝိုင်းလာလေသည်။နောက်ဆုံးတော့ နာကျင်ဝမ်းနည်းမှု့နဲ့အတူ မိမိလုပ်ရပ်များကိုလည်း နောင်တ အကြီးအကျယ်ရလာမိသည်။သို့သော်လည်း မိမိမိုက်ပြစ်များကို တောင်းပန်ရန် ဇနီးနဲ့သားသမီးများက မိမိနားမှာ မရှိတော့ပေ။မိမိကို နာကျည်းမုန်းတီးကာ မိမိကိုအပြီးတိုင်စွန့်ခွာသွားကြလေပြီ။နောင်တနဲ့ မျက်ရည်စက်များက ဦးကျော်လှအတွက်ဇနီးနဲ့သားသမီးများကို ပြန်လည် ခေါ်ဆောင် မပေးနိုင်။သို့သော်လည်း ဦးကျော်လှအနား ယခုအချိန်အဖော်ပြုနေသူများမှာ နောင်တနှင့်နာကျင်ဝမ်းနည်းမှု့အတွက်ကျဆင်းသော မျက်ရည်စက်များမှတစ်ပါး အခြား မရှိခဲ့ပါတော့ချေ။

Photo credit-https://pngtree.com/freepng/middle-aged-mans-cry_2905361.html

Author-myothuzar,MSC-033

Sort:  

နောင်​တဆိုတာ​နောက်​မှရတယ်​ဆိုတာ
ဒါမျိုး​နေမှာ ​ပေါ့​နော့

ဟုတ်ပ။

နောင်တနဲ့အတူ ရွာတဲ့ မျက်ရည်မိုး ပေါ့

ဟုတ်ပါတယ်။ခုချိန်မှာ မျက်ရည်မိုးရွာသွန်းခြင်းမှတစ်ပါး အခြား မလုပ်နိုင်တော့ပါ။

အော် ဒီလိုနေပြီးမှဘာလို့ပြန်လာတာလဲ

ဇနီးနဲ့ သားသမီးကို သတိရလို့ပါ။

ဇာတ်လမ်းလေးအရမ်းကြိုက်တယ်။

ကျေးဇူးတင်ပါတယ်။

အား‌ပေး‌နေပါတယ်‌။

ဟုတ်ကဲ့။ကျေးဇူးပါ။

နောက်တစ်ပိုင်းဆဆက်ဦးမှာလားဟင်

မဆက်တော့ဘူး။ပြီးပြီ။

Allah has created all beautiful men & women, and ugly ones also.If not created ugly then we had couldn't justify, praise beautiful ones. But we shouldn't ignore them.
all island, hill, mountain, forest,ocean everything is made by Allah, seeing it we become fascinate, but very few we ever think who made it? Why made? He is Allah, we have to back again to Him. He is free from all partnership. thank you very much for such a good post.

Posted using Partiko Android

ရသစာပေများလာတော့ ဆရာဖတ်ရမယ့်ခွင်ကျယ်လာတာပေါ့ဗျာ။

ဟုတ်ကဲ့ ဆရာ။

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58097.21
ETH 2581.79
USDT 1.00
SBD 2.41