ကျွန်မတို့ အနီးအနားတွင်ဖြစ်ပွားခဲ့သော အဖြစ်အပျက်တစ်ခု(၂

in #myanmar6 years ago (edited)

image

ဒီလိုမျိုးခေါင်းစဉ်နဲ့ လွန်ခဲ့တဲ့ခြောက်လလောက်တုန်းက စာတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။အဲ့ဒီ့တုန်းက ရေးခဲ့တဲ့အကြောင်းကတော့ မိန်းကလေးငယ်ငယ်တစ်ယောက်ကို ညဘက်မှာ ခေါင်းကိုပုလင်းနဲ့ရိုက်ပြီး ဖုန်းလုပြေးတဲ့အကြောင်းပါ။အခုလည်း ဒီလိုခေါင်းစဉ်မျိုးနဲ့ ရေးရမဲ့အကြောင်းအရာတစ်ခုပေါ်လာပြန်ပါပြီ။ဒီတစ်ခါဖြစ်တာ အရင်လိုရာဇဝတ်မှု့တော့ မဟုတ်ပါဘူး။ဒီတစ်ခါတော့ ယာဉ်တိုက်မှု့ပါ။ဒီဖြစ်ရပ်လေးကို အစအဆုံးတော့ ကိုယ်တိုင်မမြင်ခဲ့ရပါဘူး။ကျွန်မလည်း ဒီဖြစ်ရပ်အကြောင်းကြားပြီး ဖြစ်တဲ့နေရာရောက်တော့ ကားတိုက်တဲ့သူကို ဖမ်းသွားတာပဲမြင်လိုက်ရပါတယ်။အကြောင်းအရာအလုံးစုံကိုတော့ ဘေးကရပ်ကြည့်ရှု့သူတွေပြောတဲ့အတိုင်းပဲရေးလိုက်ပါမယ်။

ဖြစ်ပွားခဲ့တာကတော့ ကားက လမ်းမကြီးကနေ လမ်းချိုးလေးထဲကို ချိုးအဝင်မှာ ယာဉ်တိုက်မှု့ဖြစ်တာပါ။ကားက ပထမလမ်းထိပ်က ကွမ်းယာဆိုင်ကို တိုက်မိမလိုဖြစ်ပြီး အခြားဘက်ကွေ့အရှောင်မှာ တစ်ဘက်ခြမ်းမှာဖွင့်ထားတဲ့ လမ်းဘေးဆိုင်လေးကို ဝင်တိုက်မိတာပါ။အမေဖြစ်သူနဲ့ သမီးဖြစ်သူ အမျိုးသမီးနှစ်ဦးအတူတူဖွင့်ထားတဲ့ဆိုင်မှာ သမီးဖြစ်သူကိုတော့ အနည်းငယ်ပွတ်တိုက်မိရုံလေးပဲဖြစ်ပြီး ဒဏ်ရာသိပ်မရဘဲ အမေဖြစ်သူကိုတော့ ကားနဲ့ ဝင်ကြိတ်မိပါတယ်။ပြောကြတာကတော့ အဲ့ဒီ့အမျိုးသမီးရဲ့ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး ကားအောက်ထဲရောက်သွားတယ်ဆိုပဲ။နောက်ပြီး ပိုဆိုးတာက ကားသမားကကြောက်လန့်ပြီး မောင်းပြေးချင်စိတ်နဲ့ နောက်တစ်ခါတောင် ထပ်ကြိတ်မိတယ်ဆိုပဲ။ဒီလိုနဲ့ကားသမားလည်း မောင်းပြေးဖို့ကြိုးစားရှာပါတယ်။ဒါပေမဲ့ အဲ့ဒီ့လမ်းကလူတွေဝိုင်းဖမ်းလို့မလွတ်ပါဘူး။လမ်းက လူတွေက ကားသမားကိုဝိုင်းဖမ်းရုံတင်မက သူ့အပြုအမှုကြောင့် ဒေါသထွက်ပြီး ဝိုင်းပါထိုးကြိတ်ကြပါတယ်။ကားသမားအတွက် ကံကောင်းသွားတာက ဘေးကဖြန်ဖြေဝိုင်းတားတဲ့လူတွေရှိလို့ရယ်,ရဲစခန်းကမြန်မြန်ရောက်တာတွေရယ်ကြာင့် ကားသမားအသက်ချမ်းသာရာရသွားပါတယ်။

အဲ့ဒီ့ကားတိုက်မှု့ဖြစ်တာ ကျွန်မနေတဲ့လမ်းရဲ့ဘေးကပ်လျက်ကလမ်းမှာဖြစ်တာပါ။အတိုက်ခံရတဲ့ဆိုင်လေးကလည်း သင်္ဘောသီးထောင်း,အကင်,မြိတ်ကတ်ကျေးကိုက်တို့ ရောင်းတဲ့ဆိုင်လေးဖြစ်ပြီး ကျွန်မတောင်ပြီးခဲ့တဲ့နှစ်ပတ်လောက်က ထမင်းနဲ့စားဖို့ သင်္ဘောသီးထောင်းကို အဲ့ဒီ့ဆိုင်လေးမှာ ဝယ်စားခဲ့ပါသေးတယ်။အဲ့ဒီ့ဆိုင်လေး ကားတိုက်မှု့ဖြစ်တာကြားရတဲ့အခါ စိတ်မကောင်းဖြစ်မိသလို မထင်မှတ်ပဲရုတ်တရက်ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်လေးအတွက် ထိတ်လန့်လည်း ထိတ်လန့်ခဲ့မိပါတယ်။ကျွန်မဟာ သတင်းစာ,ဂျာနယ်တွေမှာ လူတွေထိခိုက်ဒဏ်ရာရတာ,သေဆုံးတာတွေ့ဖူးပေမဲ့ တစ်ခါမှဒီလိုမျိုးကြီးကြီးမားမား ထိတ်လန့်တုန်လှုပ်မှု့ သိပ်မရှိခဲ့ပါဘူး။အခုတော့ မိမိပတ်ဝန်းကျင်အနီးအနားက ကိုယ်မြင်နေကျဆိုင်,ကိုယ်မြင်နေကျလူဟာ ရုတ်တရက်ထိခိုက်ဒဏ်ရာရတာ ကြားရတဲ့အခါ မိမိကိုထိတ်လန့်မိစေပါတယ်။မိမိသည်လည်း အချိန်မရွေးထိုသို့ ထိခိုက်ဒဏ်ရာရနိုင်ကြောင်း တွေးမိစေပါတယ်။ဥပမာ-ကားတိုက်မှု့ဟာ အဲ့ဒီ့ချိန်မှာမဖြစ်ဘဲ လွန်ခဲ့တဲ့နှစ်ပတ် ကျွန်မသင်္ဘောသီးထောင်း ဝယ်တဲ့အချိန်လောက်မှာသာဖြစ်ခဲ့ရင် အတိုက်ခံရတဲ့သူက ကျွန်မဖြစ်နေမှာပါ။ဒါကြောင့် ဒီဖြစ်ရပ်လေးဟာ ကျွန်မကိုထိတ်လန့်တုန်လှုပ်စေသလို မမြဲတဲ့တရားသဘောကိုလည်း သိမြင်စေပါတယ်။နောက်ပြီး ဒီဖြစ်ရပ်လေးကြောင့် လူဆိုတာ မမျှော်လင့်ဘဲ ဘယ်အချိန်ဘယ်နေရာမှာမဆို ထိခိုက်ဒဏ်ရာရခြင်း,သေဆုံးခြင်းတွေဖြစ်နိုင်တယ်ဆိုတဲ့ အသိတရားလေး ကျွန်မမှာ ရရှိသွားစေခဲ့ပါတယ်။

Photo credit-Pixabay.com

Author-myothuzar,MSC-033

Sort:  

ဆန့်သောလက်မကွေးမီ ကွေးသောလက်မဆန့်ခင်သေနိုင်တယ်အစ်မရေ။အသိနဲ့သတိကို လက်လွှတ်လို့မဖြစ်ဘူး။အရေးသားလေးလေ့လာသွားတယ်နော်ကောင်းတယ်ဗျာ။

မမြဲတဲ့တရား​တွေ​ပေါ့ရှင်​။

ဟုတ်ပါတယ်။

၊ကံတွေ ပြုလိုက်ဖြစ်လိုက် ပေါ့

ကံတရားတွေကလည်း မမျှော်လင့်ပဲဖြစ်တတ်ပြီး တစ်ခါတစ်ရံဖြစ်လာတဲ့ကံတရားကလည်း ကြောက်စရာပါလား။

ဆိုင်ရှင်အမကြီးက ကံဆိုးတာပေါ့ သနားပါတယ်

ဟုတ်တယ်အကို။အဲ့ဒီ့ အန်တီ သနားပါတယ်။

ကွေးသောလက်မဆန့် မီ ဆန့် သောလက်မကွေးမီ

ဘယ်အချိန်မဆို သေခြင်းတရား ရောက်လာနိုင်ပါတယ်။မမြဲတဲ့တရား သဘောတွေပါ။

သံဝေဂရစရာကောင်းပါတယ်

သံဝေဂ ရစရာကောင်းပါတယ်

ဟုတ်တယ်။

သနားပါတယ်

ဟုတ်တယ်။အန်တီကြီး သနားစရာကောင်းတယ်။

အသွားမ​တော်​တစ်​လှမ်း

ဟုတ်ကဲ့။

ုဖစ်​ချိန်​တန်​လို့ပါပဲ ကံမ​ကောင်းဘူး​ပေါ့ ဒါ​ပေမယ့်​ အကျိုးရှိလို့လဲ အ​ကြောင်းဖြစိလာတာပါ

မှန်ပါတယ်။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62260.20
ETH 2431.98
USDT 1.00
SBD 2.64