နွေရာသီနှင့်အပူဒဏ်

in #myanmar6 years ago (edited)

image

အချိန်ရာသီစက်ဝိုင်းမှာလည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး ယခုအခါ နွေရာသီသို့ပင် ရောက်ရှ်ိခဲ့လေပြီ။နွေရာသီရောက်သည်နှင့် လူအများခံစားရလေ့ရှိသည့်ခံစားမှုမှာ ပူပြင်းမှု။နှစ်တိုင်း ထိုအပူကိုခံစားရသည်။နွေရာသီရောက်တိုင်း ထိုအပူကို ရှောင်တိမ်း၍မရ။မလွဲမသွေ ခံစားရသည်။ထိုသို့ အမြဲခံစားရသော နွေရာသီ၏အပူဒဏ်သည် ယခုနှစ်နှင့်လွန်ခဲ့သည့် သုံးလေးနှစ်အတွင်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ပို၍ပို၍ပူပြင်းလာခဲ့လေသည်။ယခုကာလများတွင် လူအများ၏ပါးစပ်ဖျားမှ အများဆုံးကြားရလေ့ရှိသောငြီးတွားမှုများမှာ "ပူလိုက်တာ" "နေတော်တော်ပူတာပဲ" "ပူလွန်းလို့ အပြင်တောင်မထွက်ချင်ဘူး" စသဖြင့် အပူဒဏ်နှင့်ပက်သက်သော ငြီးတွားမှုများပင်ဖြစ်လေသည်။

ထိုသို့လူတွေငြီးတွားကြသည့်အတိုင်း ယခုကာလကလည်း တော်တော်ပူလေသည်။အမိုးအကာပါသည့် အိမ်ထဲတွင်နေသည့်သူပင် အပူဒဏ်ကိုခံစားမိသည်။နည်းနည်းပါးပါး လမ်းလျှောက်လူပ်ရှားလိုက်ရုံနှင့်ပင် အပူဒဏ်ကြောင့် ချွေးများထွက်လာပေတော့သည်။အပူဒဏ်ကြောင့်နေရထိုင်ရသည်မှာလည်းမကောင်း။အပြင်သွားလျှင်လည်း ပူပြင်းသည့်နေလောင်ဒဏ်ကို ခံစားရသည်။

ထိုသို့ အစွမ်းကုန်ပူပြင်းနေသော နေမင်းကြီးကို မပူပါနှင့်ဟု တားဆီးချင်သော်လည်း တားဆီး၍မရ။ထိုနေမင်းကြီး၏အပူဒဏ်ကို ခံကြရဦးမည်။ထိုသို့အပူဒဏ်ခံနေရသည့် နွေရာသီတွင် မိမိခန္ဓာကိုယ်၏ကျန်းမာရေးကိုလည်း အထူးဂရုပြုဖို့လိုပေသည်။အပူဒဏ်ကြောင့်ကြွက်တက်ခြင်း,မူးမေ့လဲခြင်း,ပင်ပန်းနွမ်းနယ်ခြင်း,အပူမိတ်ထွက်ခြင်း,အပူဒဏ်ကြောင့် ရေနှင့် ဓါတ်ဆားများ ဆုံးရှုံးမှုများခြင်းနှင့် အပူရှပ်ခြင်း စသည့် ရောဂါများဖြစ်ပွားနိုင်သည်။အထက်ပါရောဂါများထဲမှ ခန္ဓာကိုယ်အတွင်း အပူလွန်ကဲခြင်းကြောင့် ဖြစ်သော အပူရှပ်ခြင်း heat stroke ကြောင့် အသက်ဆုံးရှုံးခြင်း(သို့မဟုတ်)တစ်သက်လုံးဒုက္ခတအဖြစ် ဖြစ်သွားနိုင်ခြင်း စသည့်အန္တရာယ်များရှိသောကြောင့် အထူးပင် ဂရုပြုဖို့လိုပေသည်။အပူဒဏ်ကြောင့် ဖြစ်ပွားသောရောဂါများအတွက် ဆောင်ရန်ရှောင်ရန်များ,ရောဂါလက္ခဏာများ,အရေးပေါ်ပြုစုကုသနည်းများ ကို အောက်ပါလင့်တွင် https://m.facebook.com/story.php?story_fbid=1322527084459509&id=1309767552402129 အသေးစိတ်ဖတ်ရှု့လေ့လာနိုင်ပါသည်။ထိုမျှသာ မက မြင့်မားသောခရမ်းလွန်ရောင်ခြည်ကြောင့်လည်း အရေပြားပျက်စီးခြင်း,ယားယံခြင်း,နီရဲခြင့်နှင့် အရေပြားကင်ဆာထိပင်ဖြစ်ပွားနိုင်လေသည်။

image

ထို့ကြောင့် ယခုကာလများတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ကြီးဌာနများ၏ ညွှန်ကြားချက်များအတိုင်း ရေများများသောက်ခြင်း,ဓာတ်ဆားရည်များသောက်ပေးခြင်း,နေပူရှိန်မြင့်သော နေ့လည်၁၀နာရီမှ၃နာရီအတွင်းအပြင် ထွက်ချင်းများကို တတ်နိုင်သမျှ ရှောင်ကျဉ်ခြင်း,မတတ်သာ၍ အပြင်ထွက်ရပါကလည်း နေရောင်ကာကွယ်သော ထီးနှင့် ဦးထုပ်များဆောင်းပေးခြင်း,တတ်နိုင်သမျှ အရိပ်ရသောနေရာများတွင် နားနေပေးခြင်း,ပွပွချောင်ချောင် ချည်ထည်အကျီင်္များဝတ်ဆင်ခြင်း,နေရောင် ကာကွယ်သောခရင်များလိမ်းပေးခြင်း စသည့်အပူဒဏ်ကာကွယ်သောနည်းလမ်းများကို လိုက်နာကျင့်သုံးသင့်ပေသည်။ထို့ပြင် ယခုကာလများတွင် သတင်းစာ,ဂျာနယ်နှင့်ရုပ်မြင်သံကြားများမှလည်း အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်သင့်သည်များကို ရေးသားထုတ်လွှင့်နေကြသဖြင့် ထိုစာစောင်များနှင့် ရုပ်မြင်သံကြားအစီအစဉ်များကို ကြည့်ရှု့၍ ဗဟုသုတရယူကာ ကျန်းမာရေးအတွက် သတိပြုသင့်သည့်အချက်အလက်များကို မိမိခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်သင့်ပါကြောင်း နှိုးဆော်တင်ပြလိုက်ရပါသည်။

Photo credit-pixabay.com

Author-myothuzar,MSC-033

Sort:  

ပူတာမှပက်ပက်စက်စက်ပဲ

ဟုတ်ပ။

Thank you.

ကေိ​ကျေး .မမ

ဘာအံမှာ​တော့အ​တော်​​ပူတယ်

ဟုတ်။ရန်ကုန်မှာကောပဲ။

အသက်ကို ဥာဏ်စောင့်ဆိုသလို သတိထားနေရတယ်ဗျာ။ပူလွန်းလို့ အကီ င်္ျတောင်မကပ်ချင်ဘူး။
စကားမစပ်-အီးစတင်းကလေ proမတင်သင့်ဘူးဗျ။bot တဲ့ postတွေလည်းမတင်သင့်ဘူး ။အီးစတင်းက 10%ယူတော့ ကိုယ့်အတွက်က 65%ပဲရတော့တာလေ။

proတင်တဲ့နေ့မှာ vote များများရအောင်တင်တာ။သူကခုနောက်ပိုင်း လာလည်းမvoteတော့ နောက်ပိုင်း တင်ဖို့စဉ်းစားရတော့မယ်။

အပူဒဏ်​ကတိုးတိုးလာတယ်​​နော်

ဟုတ်တယ်။

ဒီနွေကတော့အပူပြင်းလွန်တယ်မနေနိုင်ဘူး

ဟုတ်တယ်။

You got a 25% upvote from @aungzawhtwe courtesy of @myothuzar ! its cool fee free .

နွေမသီချင်းလေးဆိုပြီးအပူဒါဏ်ကိုတန်ပြန်ခံနေလိုက်တယ်

ဒါလည်း ကောင်းတာပဲ။

လိုက်လျော ညီထွေစွာ ဝတ်စားဆင်ရင်မှ အပူဒဏ်ကို အံတုနိုင်မှာပါ...

ဟုတ်ပါတယ်။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57475.27
ETH 2375.39
USDT 1.00
SBD 2.34