အပြောင်းအလဲနှင့်အညီ

in #myanmar5 years ago

srfpgvu9vy.png

Image Source

စာမရေးဖြစ်တာ​တောင် အချိန်တစ်လကျော်ကြာသွားခဲ့ပြီ။အခုတစ်လော အဖေမျက်စိခွဲစိတ်သည့်ကိစ္စ၊ဂျိုးဖြူရေ ပုံမှန်မလာသည့် ပြဿနာများကြောင့် လူသည် ပျာယာခတ် အလုပ်များကာ စာမရေးနိုင်ဖြစ်ခဲ့ရသည်။စာမရေးနိုင်ရုံမက စာပါမတင်နိုင်သည့်ဘဝ။အရင်နှစ်ပတ်ကျော်လောက်က steemitပေါ်တင်ဖြစ်ခဲ့သည့်စာလေးတောင် လွန်ခဲ့သည့် တစ်လလောက်ကတည်းက ရေးသားပြီးစီးခဲ့ပြီး noteထဲမှာအချိန်အကြာကြီးသိမ်းထားမိခဲ့သည့်စာလေးဖြစ်သည်။အလုပ်တွေ အာရုံတွေများနေတော့ စာလေးတင်ဖို့တောင် မတင်နိုင်ဘဲ အချိန်အတန်ကြာ နှောင့်နှေးကြန့်ကြာ ခဲ့ရလေသည်။

လူကတော့ steemitပေါ်မှာ ထုံးစံအတိုင်း ဂိမ်းလေးတွေ ကစားနေသည်။ဂိမ်းလေးတွေက steem အနည်းအကျဉ်းတော့ ရသည်မလား။ထို့ကြောင့် ဂိမ်းလေးတွေပဲ ပုံမှန်ကစားဖြစ်နေသည်။Road of rich၊Drugwars၊Nextcolony ဂိမ်းလေးတွေက အပြောင်းအလဲအဆင့်မြှင့်တင်မှု့လေးတွေ လုပ်တတ်တော့ လူလည်းအပြောင်းအလဲနှင့်အညီ စိတ်ပါဝင်စားမှု့လေးတွေပါ ပြောင်းရသည်။လွန်ခဲ့တဲ့ တစ်လလောက်ကတော့ road of rich လေးစတင်ကစားပြီး စိတ်ဝင်စားမိသည်။သို့​သော်လည်း နောက်ပိုင်းမှာတော့ ဒီဂိမ်းကို မဆော့ဖြစ်သလောက် ဖြစ်လာသည်။အခုတစ်လောမှ သတိရလို့သာ တစ်ခါတစ်လေ ဖွင့်ကစားမိသည်။တိုက်ပွဲတိုက်၊items​လေးတွေရှာရုံထက် ပိုမကစားတတ်သေးပေ။Drugwars ကတော့ ဟိုတစ်လောက vote မှန်မှန်လာမပေးသလိုဖြစ်တော့ စိတ်ပျက်လက်ပျက် ကစားနေရင်း အခုတစ်လောတော့ အရင်ကထက်စာရင် ခပ်စိတ်စိတ်လေး နည်းနည်းvote ပြန်ပေးနေလေတော့ စိတ်အားထက်သန်စွာ ပြန်ကစားဖြစ်ပြန်သည်။အခုတစ်လော စိတ်ဝင်စားမှု့ အပေးဆုံးကတော့ Nextcolony ဖြစ်သည်။Nextcolony ကတော့ marketတွေလုပ်၊ဂြိုလ်တွေကိုburnကာ stardust ရသည့်စနစ်တွေလုပ်၊stardustတွေကို steem-engine မှာ ပြန်အရောင်းအဝယ်လုပ်လို့ရသည့် စနစ်တွေလုပ်တော့ ကစားရတာ စိတ်ဝင်စားမှု့ ပေးလာပြန်သည်။stardust တွေကို steem-engine မှာအရောင်းအဝယ်လုပ်လို့ရသောစနစ်ပေါ်လာတာကိုတော့ အထူးသဘောကျမိသည်။ထို့ကြောင့် အခုတစ်လောတော့ Nextcolony ကိုပဲ အာရုံစိုက်စိတ်ဝင်စားကာ ပြန်ကစားမိပြန်သည်။

https://nextcolony.io/

Author-myothuzar,MSC-033

Sort:  

Congratulations @myothuzar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 300 posts. Your next target is to reach 350 posts.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

You can upvote this notification to help all Steem users. Learn how here!

Vote ပိုရတော့ ကောင်းတယ် 😁

အင်း။ဟုတ်တယ်။

Posted using Partiko Android

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.026
BTC 56905.21
ETH 2508.41
USDT 1.00
SBD 2.36