အဖေ

in #myanmar6 years ago

image

အဖေရှိစဉ်တုန်းကတော့ ကျောင်းမပျော်တဲ့ ကျွန်တော့်ကို ရိုက်နှက်ဆုံးမပြီး ကျောင်းမှန်မှန်တက်ခိုင်းခဲ့တယ်နော်။ဒါပေမဲ့ ကျောင်းမပျော်တဲ့ ကျွန်တော်ဟာ အဖေဘယ်လောက်ရိုက်ရိုက် လစ်ရင်လစ်သလို ကျောင်းပြေးပြီး အပြင်မှာ ပျော်ပါးနေလေ့ရှိတယ်။အခုတော့ အဖေရယ် ကျွန်တော် ကျောင်းမပြေးနိုင်တော့ပါဘူး။ကျောင်းပြေးဖို့ မပြောနဲ့ ကျောင်းတောင် မတက်နိုင်တော့ပါဘူး ။အဖေရှိစဉ်တုန်းက လိမ်လိမ်မာမာနဲ့ ကျောင်းမတက်ခဲ့တဲ့ကျွန်တော့်ကို အခု ကံကြမ္မာကြီးက အပြစ်ပေးတဲ့အနေနဲ့ ကျောင်းမတက်ခိုင်းတော့ဘူးနဲ့ တူပါတယ်။အခု ကျွန်တော် လယ်ယာအလုပ် လုပ်နေရပြီလေ။

ဒါပေမဲ့ အဖေရယ် ကျွန်တော်ပျော်ပါတယ်။ကျောင်းမတက်ရပေမဲ့ မရှိတော့တဲ့ အဖေ့ကိုယ်စား အမေနဲ့ညီ,ညီမလေးတွေကို ကျွန်တော့်ခွန်အားနဲ့ လုပ်ကျွေးခွင့်ရပြီလေ။ဒါကြောင့် ပင်ပန်းပေမဲ့ ကျွန်တော်ပျော်ပါတယ်။ဒါပေမဲ့လေ ကျွန်တော် တစ်ခါတစ်လေ လယ်ထွန်နေရင်း သိပ်ပင်ပန်းတဲ့ အခါ ကျောင်းမတက်လို့ကြိမ်းမောင်းနေတဲ့ အဖေ့ရဲ့ အသံကို အမှတ်မထင် သတိရမိသလိုပါပဲ။အခုတော့ ကျွန်တောလည်း အရင်က လုပ်ရပ်တွေကိုနည်းနည်း နောင်တရမိတယ် ထင်ပါတယ် အဖေ။

အခု အဖေမရှိတော့ အဖေမဖြစ်စေချင်တဲ့ ပင်ပန်းတဲ့ နွားတွေနဲ့အတူ ရုန်းရတဲ့ဘဝတော့ရောက်သွားပြီပေါ့
အဖေရယ်။ကံကြမ္မာအရဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ကံကြမ္မာ ထားရာစေရာ လူသားတွေက နေရမှာပေါ့။ဒါကြောင့် ကံကြမ္မာက ပေးတဲ့ လယ်သမားအလုပ်ကို ကျွန်တော် ကြိုးကြိုးစားစား လုပ်တယ်။နွားတွေနဲ့အတူ လယ်တွေထွန်တယ်။စပါးတွေစိုက်ခဲ့တယ် အဖေ။

ဒါပေမဲ့လေ ကံကြမ္မာဆိုတဲ့ အရာကြီးက ကျွန်တော်တို့မိသားစုကို ရက်စက်လိုက်တာ အဖေရယ်။အဖေ့ကို ကျွန်တော်တို့မိသားစုဆီက စောစောစီးစီး ဆွဲထုတ်ယူသွားခဲ့တဲ့အပြင် အခုလည်း ကျွန်တော်ပင်ပင်ပန်းပန်းစိုက်ထားတဲ့စပါးခင်းကြီးကို မုန်တိုင်းဆိုတဲ့အရာကြီးနဲ့ ရက်ရက်စက်စက် ဖျက်စီးပစ်လိုက်ပြီအဖေ။ဒါတင်မက ယိုင်တိယိုင်တိုင် တည်ဆောက်ထားရတဲ့ တစ်ခုတည်းသော ကျွန်တော်တို့မိသားစုရဲ့တဲလေးဟာ လည်း မုန်တိုင်းရဲ့ခြေမွဖျက်စီးအောက်မှာ မတောင့်ခံနိုင်ဘဲ ကျရှုံးပျက်စီးသွားခဲ့ပြီအဖေ။အဖေရယ် ကျွန်တော်တို့ ဘဝတွေဆိုးလှချည်လား။တောရွာမှာနေပြီး လယ်သမားအလုပ်ကို လုပ်ကိုင်စားရတဲ့ကျွန်တော်တို့ ဘဝတွေဟာ ဒီလောက်တောင်ပဲ ပင်ပန်းဆင်းရဲသလား။ဒါကြောင့်ပဲ အဖေက ကျွန်တော့်ကိုဒီလိုပင်ပန်းဆင်းရဲပြီးဒုက္ခများတဲ့ လယ်သမားဘဝမဖြစ်စေချင်လို့ အပြင်းအထန်ရိုက်နှက်ဆုံးမပြီး ကျောင်းတက်ခိုင်းခဲ့တာပေါ့ ဟုတ်လား အဖေ။အခုတော့လေ အတိတ်ကအမှားတွေကိုပြန်ပြင်လို့မရတဲ့ ကျွန်တော်ဟာ ဝမ်းနည်းကြေကွဲမှု့တွေနဲ့အတူ နောင်တတွေအကြီးအကျယ်ရရင်း အဖေ့ကိုပဲ အပြင်း အထန် သတိရမိပါတယ်လေ။

Photo credit-https://www.publicdomainpictures.net/en/view-image.php?image=91372&picture=farmer-field-crop-grass

Author-myothuzar,MSC-033

Sort:  

မိခင်​ ​မေတ္တာအဖွဲ့များပြီး
ဖခင်​​မေတ္တာ အဖွဲ့နည်းတဲ့အချိန်​မှာ
ဒီပိုစ်​ကို ဖတ်​လိုက်​ရတာ အ​တော်​အရသာရှိသားဗျာ

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။

ကျေးဇူးရှင်အဖေ

အဖေတွေက မဟာကျေးဇူးရှင်တွေပါ။

ကိုဟ်ကုသိုလ်တစ်ခုပြုတိုင်း အဖေ့ကိုသတိရပေးပေါ့ အဖေမရှိတဲ့ သူတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်ပါတယ်

တင်ပါ့ ဘုရား။ဒါကဇာတ်လမ်းဆင်ပြီး ရေးထားတာပါ။လက်ရှိဘဝမှာတော့ အဖေရှိပါသေးတယ်။

တောင်သူလယ်သမားများဘဝ ပင်ပန်းပ
ဒါကြောင့် သားသမီးများကို ပညာတတ်စေချင်တာပ

ဟုတ်ပါတယ်။

ရင်‌ထဲမ‌ကောင်းလို့ ဆက်‌မမန့်‌တတ်‌‌တော့ပါဘူး ။တစ်‌ခု‌တော့ ‌ပြောချင်‌တယ်‌ ။စိတ်‌ဓာတ်‌ကြံ့ခိုင်‌ရင်‌ အားလုံးဟာ ‌အေး‌အေး‌ဆေး‌ဆေးပါ bro.

ဟုတ်ကဲ့။

အ​ဖေ့​မေတ္တာ​တွေပါဗျာ☺

ဟုတ်ပါတယ်။

ဖတ်ရတာ ရင်ထဲဆို့နစ်နစ်နဲ့

ဟုတ်ကဲ့။ဖတ်ပေးတာ ကျေးဇူးပါ။

အဖေတွေက အမေတွေလောက် သားသမီးတွေရဲ့ အချစ်ကို မရကျပေမဲ့ အိမ်ထောင်တစ်ခုရဲ့ အရေးကြီးဆုံးနေရာမှာ အဖေက ရှိတာပါ

အမှန်ပါပဲ။

ကျောင်းပြေးတဲ့အရသာလည်း ကောင်းမယ်ထင်တယ်

အင်း ကောင်းမယ် ထင်တယ်။

ဆက်ရန် ရှိပါသေးလားဗျာ

မရှိတော့ပါဘူး။ဒါအပြီးပါပဲ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63135.01
ETH 2546.56
USDT 1.00
SBD 2.64