အတွေးများ

in #myanmar9 years ago

Creative-Thought-Process.png
Photo credit to google

လူရယ်လို့စဖြစ်လာကတည်းက ကျွန်ုပ်တို့နှင့် အတူ အတွေးများသည်လည်း မွေးဖွားလာကြသည်။ အဲ့ဒီမှာ ကံကောင်းတာတစ်ခုက ဘယ်သူက ဘာတွေကို တွေးနေလဲဆိုတာ မသိကြနိုင်သည့် အချက်ပင် ဖြစ်သည်။ မေးခွန်းက ဘာဖြစ်လို့ တစ်စုံတစ်ယောက် တွေးနေတာကို အခြားသူတစ်ဦးက မသိရတာလဲ။ အကယ်၍များ အခြားသူတစ်ဦးတွေးနေ တာကို သိနေကြလျှင် ဘာဖြစ်နိုင်သနည်း။ ဒီမေးခွန်းကို အနည်းငယ် စဉ်းစားပြီး ဖြေကြည့်စေချင်ပါသည်။ ဦးဏှောတ် အလုပ်ပေးခြင်းတစ်မျိုးပေါ့။
လူတစ်ယောက်နှင့်တစ်ယောက် အတွေးများသည် တူနိုင်သည်များ ရှိသလို၊ မတူညီသော အတွေးများလည်း ရှိကြသည်။ မြန်မာစကားပုံတောင် ရှိပါသေး ဘာတဲ့ အကြံတူလျှင် ရန်သူတဲ့။ သို့ပေသည့် အချို့သောအခါများတွင် အတွေးတူညီသူများ ပေါင်းဆုံမိကြပြီး ကြီးပွားရေး၊ စီးပွားရေးများ ဖြစ်ထွန်းအောင်မြင်သွားကြသူများလည်း ရှိကြပေသည်။ ရှေးလူကြီးသူမများ အကြံပြုသလို များများတွေး၊ ဦးဏှောတ်ကို အလုပ်ပေးပြီး အတွေးများကို အကောင်အထည်ဖော်ကြဆိုပြီး ပြောကြသည်။ ဒါကြောင့်လည်း အကြံကောင်းတော့တစ်ချက်၊ လိုလျှင်ကြံဆနည်းလမ်းရ စသည့် မြန်မာစကားပုံများလည်း ထွက်ပေါ်လာခဲ့ ပါသေးသည်။
ယခု ကျွန်ုပ်တို့ ပူးပေါင်းလုပ်ဆောင်နေကြသော Steemit သည်လည်း အားလုံးသောသူများ၏ အတွေး၊ အမြင် စသည်တို့ ကို မျှဝေ၊ ထောက်ပံ့ပေးခြင်းဖြင့် လူမှုပတ်ဝန်းကျင်တစ်ခုကို အွန်လိုင်းတွင် စတင်လုပ်ဆောင်နေကြသည်ကို တွေ့ရှိနေကြ ပါပြီ။ ပထမဆုံးခြေတစ်လှမ်းစတင်ဖို့သည် မိမိ၏ အတွေးတစ်ခုသည်လည်း အပါအ၀င်ဖြစ်ပေသည်။ ထိုအတွေးထဲတွင် မိမိ မည်မျှအထိ အောင်မြင်မည်မှ စတင်ပြီး မိမိ၏ဘ၀အခြေအနေများအထိပါ ထင်ဟပ်တွေးတောမိတက်ကြပါသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏အတွေးများသည် စကြာင်္ဝဠာအနှံ ခရီးဆက်နိုင်ကြသလို မိမိဖြစ်ခြင်သည်များကို ဖြစ်ခွင့်ရကြပါသည်။ သို့ပေသည့် အတွေးကောင်းများ ဖြစ်စေဖို့ရန် အကြံပြုလိုပါသည်။
စာကြွင်း ။ ။ ဤပို့စ်သည် ကျွန်တော်၏အတွေး၊ အမြင်များသာ ဖြစ်ပါသည်။ လိုအပ်သည်များကို ဖြည့်စွတ်အကြံပြု ပေးပါရန် လေးစားစွာ ဖိတ်ခေါ်ပါသည်။

Sort:  

Congratulations @myothantz! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got your First payout
Award for the number of upvotes

Click on any badge to view your own Board of Honnor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 60051.75
USDT 1.00
ETH 1521.77
SBD 0.47