EMERALD BUDDHA TEMPLE(BANGKOK, THAILAND'S)

in #myanmar7 years ago (edited)

EMERALD TEMPLE(BANGKOK, THAILAND'S)

Emerald temple known as Wat Phra Kaew in Bangkok's Grand Palace is the largest power is located in the area. Nice cathedral highly adaptive device Emerald pagoda with visible. King of the Emerald Buddha worship directed 1 in Bangkok, Thailand's capital, as defined in the 18th century after the second built. My church's fresco, Sculpture Rattanakosin style.

image

Emerald Buddha, precious gems, dress the host slic . Emerald has a height of 66 cm Kumudra sitting on the film shape carved. spring, King and once a winter ceremony certainly swap the host's a slice. I left not know the exact time and location-related history. The history about the Emerald Buddha are many various kinds of speech. According to a history of the Emerald Buddha began in 50 BC in India directed
500 years after Buddha distributor set, he said.

image

Historically, Buddhism in Burma except for the spread of the Emerald Buddha and the Bible was taken from Indian King. Emerald Buddha, while the ship was carried by storm the ship landed in the capital of the Khmer empire's Anna.

Decades later seized in Thailand in 1431, Anna brought the Emerald Buddha, Thailand. Thailand has been offered towards the Temple of the Emerald Buddha Finally, Chiang Rai worship set.

Then a powerful king who conquered other people, the Emerald Buddha at Wat Phra Kaew, because of concern some temple hidden. At the time the Wat Phra Kaew Wat Ya Pier. Was hit by a lightning bolt in 1434 found the Emerald Buddha.

image

After I heard the news that Alan King Sam Fang Kaen, Chiang Mai, capital of the Emerald Buddha, his lead was directed. While carrying on the Emerald Buddha school brought its wish Alan Pan said. Therefore, the King of God's desire for supposed Emerald Buddha placed Alan Pan Wat Phra Kaew Don Tao cathedral to offer. In 1468 the Emerald Buddha, Wat Chedi Luang in Chiang Mai offer placed church.

Around the 16th century Emerald Buddha in Vientiane Laos Haw Phra Kaew temple brought up. In 1778, King Taksin the Great Vientiane, the ruler of the Emerald Buddha was moved to Abu fountain.

1 King after King Taksin risk today as the Thai capital Bangkok, identified some of the Wat Phra Kaew was the cathedral of the Emerald Buddha.

History, meanwhile, say they are diverse. Some historians of the Emerald Buddha in the 14th and 15th century England carved hardly believed. Emerald Buddha in the Grand Palace in Rattanakosin Wat Phra Kaew is located in the church.

image

Since the stronger of the Emerald Buddha, Thailand's culture, instead of should go. Temple Daily 8:30am to 3:30pm opening device.

By Myothant

မြန်မာ(MYANMAR)....

မြဘုရားကျောင်း(ဘန်ကောက်, ထိုင်း)

မြဘုရားကျောင်းလို့ သိကြတဲ့ Wat Phra Kaew ဟာ ထိုင်းနိုင်ငံ ဘန်ကောက်ရဲ့ တန်ခိုးအကြီးဆုံး ဘုရားဖြစ်ပြီး Grand Palace ၀န်းအတွင်းမှာ တည်ရှိပါတယ်။ ဘုရားကျောင်းမှာ အလွန် သပ္ပါယ် ကြည်ညိုဖွယ်ကောင်းတဲ့ မြဘုရားတစ်ဆူကို ဖူးမြင်နိုင်ပါတယ်။ မြဘုရားကို သိမ်ထဲမှာ တည်ထားကိုးကွယ်ထားပြီး ဘုရင် ရာမ ၁ က ဘန်ကောက်ကို ထိုင်းရဲ့ မြို့တော် အဖြစ် သတ်မှတ်ပြီးနောက် ၁၈ ရာစု ဒုတိယ တစ်ဝက်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မြဘုရားကျောင်းရဲ့ နံရံဆေးရေး ပန်းချီ၊ ပန်းပုများဟာ Rattanakosin စတိုင် ဖြစ်ပါတယ်။

မြဘုရားကို အဖိုးတန် ကျောက်မျက်ရတနာများဖြင့် ဆင်ယင်ထားပြီး ချပ်ဝတ်တန်ဆာများကို ရွှေချထားပါတယ်။ မြဘုရားဟာ အမြင့် ၆၆ စင်တီမီတာရှိပြီး ကုမုဒြာ ပုလင်ပေါ်မှာ တရားထိုင်နေတဲ့ ပုံသဏ္ဍာန် ထွင်းထုထားပါတယ်။ နွေ၊ မိုးနဲ့ ဆောင်းရာသီမှာ တစ်ကြိမ်စီ ဘုရင်က ပူဇော်ပွဲ အခမ်းအနားဖြင် ဘုရားရဲ့ ချပ်ဝတ်တန်ဆာများကို လဲလှယ်ပေးပါတယ်။ မြဘုရားကို တည်ထားခဲ့တဲ့ အချိန်နဲ့ နေရာဒေသနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း အတိအကျကို မသိကြပါဘူး။ မြဘုရားနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းများစွာကို အမျိုးမျိုး အဖုံဖုံ ပြောဆိုနေကြပါတယ်။ သမိုင်းကြောင်းတစ်ခုအရ မြဘုရားကို အိန္ဒိယမှာ ဘီစီ ၅၀ က တည်ထားခဲ့တာ ဖြစ်ပြှီး ဗုဒ္ဓဘုရားရှင် ပျံလွန်တော်မူပြီး နှစ်ပေါင်း ၅၀၀ မှာ တည်ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ သမိုင်းကြောင်းအရ မြန်မာဘုရင် တစ်ပါးဟာ သူ့နိုင်ငံမှာ ဗုဒ္ဓဘာသာ ပြန့်ပွားစေဖို့အတွက် မြဘုရားနဲ့ ကျမ်းစာများကို အိန္ဒိယ ဘုရင်ထံကနေ တောင်းယူခဲ့တယ်လို့ သိရပါတယ်။ မြဘုရားကို သင်္ဘောဖြင့် သယ်ဆောင်ခဲ့စဉ်မှာ မုန်တိုင်းမိခဲ့ပြီး သင်္ဘောဟာ ခမာ အင်ပါယာရဲ့ မြို့တော် အန်ကောကို ဆိုက်ရောက်ခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ ကြာပြီးနောက် ထိုင်းဟာ ၁၄၃၁ ခုနှစ်မှာ အန်ကောကို သိမ်းပိုက်ခဲ့ပြီး မြဘုရားကို ထိုင်းသို့ ပင့်ဆောင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဘုရားကျောင်းများစွာမှာ မြဘုရားကို ထားရှိ ပူဇော်ခဲ့ပြီး နောက်ဆုံးမှာ ချင်းရိုင်မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဘုရင်တစ်ပါးက တန်ခိုးကြီးတဲ့ မြဘုရားကို အခြားလူများ သိမ်းပိုက်မှာကို စိုးရိမ်တဲ့အတွက် Wat Phra Kaew မှ စေတီတစ်ဆူမှာ ဖွက်ထားခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ Wat Phra Kaew ကို Wat Ya Pier လို့ ခေါ်ဆိုပါတယ်။ ၁၄၃၄ ခုနှစ်မှာ မိုးကြိုးထိမှန်ပြီး မြဘုရားကို ပြန်လည် တွေ့ရှိခဲ့ကြပါတယ်။

အဲဒီ သတင်းကို ကြားသိပြီးနောက်မှာ လန်န ဘုရင် Sam Fang Kaen က မြဘုရားကို သူ့ရဲ့ မြို့တော် ချင်းမိုင်သို့ ပင့်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။ မြဘုရားကို ဆင်ပေါ်မှာ ကျောင်းဆောင်ဖြင့် တင်ဆောင်လာစဉ်မှာ ဆင်ဟာ သူ့ရဲ့ သဘောဆန္ဒအတိုင်း လန်ပန်ကို ယူဆောင်သွားခဲ့ပါတယ်။ အဲဒီအတွက် ဘုရင်ဟာ ဘုရားရဲ့ အလိုဆန္ဒလို့ ယူဆပြီး မြဘုရားကို လန်ပန်မှ Wat Phra Kaew Don Tao ဘုရားကျောင်းမှာ ထားရှိပူဇော်ခဲ့ပါတယ်။ ၁၄၆၈ ခုနှစ်မှာ မြဘုရားကို ချင်းမိုင်ရှိ Wat Chedi Luang ဘုရားကျောင်းမှာ ထားရှိ ပူဇော်ခဲ့ပါတယ်။

၁၆ ရာစုနှစ်ဝက်လောက်မှာ မြဘုရားကို လာအိုနိုင်ငံ ဗီယန်ကျင်းရှိ Haw Phra Kaew ဘုရားကျောင်းသို့ ပင့်ဆောင်ခဲ့ပါတယ်။ ၁၇၇၈ ခုနှစ် Taksin the Great ဘုရင်က ဗီယန်ကျင်းကို အုပ်စိုးခဲ့ပြီး မြဘုရားကို သွန်ဘူရီသို့ ရွှေ့ပြောင်းခဲ့ပါတယ်။

Taksin နန်းစွန့်ပြီးနောက်ဘုရင် ရာမ ၁ က ထိုင်းနိုင်ငံရဲ့ မြို့တော်ကို ဘန်ကောက် အဖြစ် သတ်မှတ်ခဲ့ပြီး ဒီနေ့ တည်ရှိနေတဲ့ Wat Phra Kaew ဘုရားကျောင်းမှာ မြဘုရားကို ပင့်ဆောင် ထားရှိခဲ့ပါတယ်။

အခြား သမိုင်းကြောင်းများကလည်း အမျိုးမျိုး အဖုံဖုံ ပြောဆိုကြပါတယ်။ အချို့ သမိုင်းပညာရှင်များက မြဘုရားကို ၁၄ နဲ့ ၁၅ ရာစုမှာ လန်နမှာ ထွင်းထုခဲတယ်လို့ ယုံကြည်ထားကြပါတယ်။ မြဘုရားဟာ Rattanakosin ရှိ Grand Palace ထဲမှ Wat Phra Kaew ဘုရားကျောင်းမှာ တည်ရှိပါတယ်။

မြဘုရားဟာ ထိုင်းနိုင်ငံရဲ့ တန်ခိုးကြီး ဘုရားဖြစ်တဲ့အတွက် ယဉ်ကျေးမှု ရှိတဲ့ အ၀တ်အစားများကို ၀တ်ဆင်သွားသင့်ပါတယ်။ ဘုရားကျောင်းကို နေ့စဉ် နံနက် ၈ နာရီခွဲကနေ ညနေ ၃ နာရီခွဲအထိ ဖွင့်လှစ်ပေးထားပါတယ်။
image
image
image
By Myothant😊

Sort:  

သာဓုပါဗျာ

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်😊
@mgmgkse

Amazing pictures! Thank you for sharing. :D @myothant

Thank you for you comment😊
@dihoa

Coin Marketplace

STEEM 0.25
TRX 0.25
JST 0.040
BTC 94006.35
ETH 3379.28
USDT 1.00
SBD 3.47