စာ ဖတ်​ခြင်း၏ အကျိုး ​ကျေးဇူးများ

in #myanmar7 years ago (edited)

"စာဖတ်​ခြင်း၏အကျိုး​ကျေးဇူးများ"
ကျွန်​​တော်​က ​စာဖတ်​ခြင်း၊ပုံ​ပြောခြင်းကိုအလွန်​ဝါသနာပါခဲ့ပါသည်​။ထို​ကြောင့်​ကျွန်​​တော်​ရဲ့သူငယ်​ချင်းများကိုစာဖတ်​ရန်​အမြဲတို​က်​တွန်း​လေ့ရှိပါသည်​။စာဖတ်​ခြင်းမှအသိပညာဗဟုသုတများစွာရရှိ​ကြောင်း​ပြောပြ၍သူငယ်​ချင်းများစာဖတ်​​နေသည်​ကိုကြည့်​ရင်းကျွန်​​တော်​ပီတိဖြစ်​​ခဲ့ဖူးပါသည်​။စာဖတ်​ခြင်း​ကြောင့်​ ရလာမည့်​ ​ဗဟုသုတ​တွေ အသိပညာ​တွေကို လက်​​တွေ့မှာ အကျိုးရှိနဲ့ အသုံးချတတ်​ဖို့ လိုအပ်​ပါသည်​။စာဖတ်​ခြင်းဟာစာဖတ်​သူအတွက်​အသိအမြင်​ဗဟုသုတရရှိ​စေယုံသာမကယူတတ်​သမျှဟာမိမိဘဝအတွက်​ကြီးမားကြီးကျယ်​တဲ့အ​ထောက်​အကူရရှိ​စေနိုင်​ပါသည်​။စာ​ရေးသူများရဲ့အ​တွေ့အကြုံများမှမိမိအတွက်​​ဆောင်​ရန်၊​ရှောင်​ရန်​အ​တွေးအ​ခေါ်​ကောင်းများရရှိ​စေမှာဖြစ်​ပါတယ်​။လူ​ဘောင်​​ကောင်းကျိုးကိုဦး​ဆောင်​သယ်​ပိုးကြမယ့်​လူငယ်​များအတွက်​စာဖတ်​ခြင်းဟာအဓိကအ​ရေးပါတဲ့အတွက်​စာများများဖတ်​ပါလို့တိုက်​တွန်းပါရ​စေ။လူငယ်​များ​ခေတ်​အဆက်​ဆက်​မှယ​နေ့အထိစာအုပ်​​ကောင်း​​တွေကိုလက်​လှမ်းမီသမျှဖတ်​ကြ​စေချင်​ပါတယ်​။စာဖတ်​ဝါသနာပါမှ​ခေါင်း​ဆောင်​​ကောင်းဖြစ်​လာနိုင်​မှာပါသည်​။စာဖတ်​နာ​လေဗဟုသုတအသိပညာကြွယ်​ဝ​လေ​လေ၊နိုင်​ငံတကာနဲ့ယှဉ်​ပြိုင်​နိုင်​​အောင်​အရည်​အ​သွေး​ပြည့်​ဝ​လေ​လေပါ။လူသား​တွေကိုတိုးတက်​ဖွံ့ဖြိုး​အောင်​ဦး​ဆောင်​မယ့်​သူ​တွေ၊လုပ်​ငန်း​ဆောင်​တာများကိုတိုးတက်​ဖွံ့ဖြိုး​အောင်​​ရှေ့​ဆောင်​မယ့်​သူ​တွေအဲသလိုလူငယ်​၊လူရွယ်​များကျွန်​​တော်​တို့မြန်​မာနိုင်​ငံမှာအများကြီး​ပေါ်ထွန်း​စေချင်​ပါတယ်​။လူငယ်​ဘဝမှာရည်​မှန်းချက်​ရှိစွာနဲ့​ကောင်း​အောင်​​တော်​​အောင်​မိမိကိုယ်​ကိုပြုပြင်​ပျိုး​ထောင်​မှအနာဂတ်​ကာလမှာလူ​ကောင်းလူ​တော်​​ခေါင်း​ဆောင်​​တွေဖြစ်​လာကြမှာပါ။စာဖတ်​ခြင်းဟာလူတစ်​​ယောက်​ကိုအချိန်​တိုအတွင်းရင့်​ကျက်​ပြည့်​ဝလာ​အောင်​အ​ထောင့်​ပံ့​ပေးနိုင်​ပါတယ်​။စာ​ပေဖတ်​ရှု​လေ့ရှိသူရဲ့စိတ်​ထဲမှာအ​မှောင်​ပယ်​ခွင်းတဲ့အလင်း​ရောင်​ရဲ့ကြီးမားတဲ့ထုထည်​စွမ်းအားကိုမြင်​ရမှာဖြစ်​သလိုလူလူချင်းအသိဥာဏ်​အ​မြော်​အမြင်​အလင်း​ရောင်​ပိုမိုလင်းလက်​သူများဟာ​ခေါင်း​ဆောင်​အကြီးအကဲတာဝန်​ကိုယူကြရတယ်​ဆိုတာနားလည်​နိုင်​ကြပါလိမ့်​မယ်​။ဒါ​ကြောင့်​မို့စာဖတ်​ခြင်းဟာမိမိရဲ့ဘဝပိုမို​ကောင်းမွန်​ပြည့်​စုံလှပလာ​အောင်​စာများများဖတ်​ပါလို့တိုက်​တွန်းလိုက်​ရပါတယ်​။.......။
ဆရာ​ဝန်​တစ်​​ယောက်​ရဲ့ အပ်​တစ်​​ချောင်းက လူတစ်​​ယောက်​ရဲ့ အသက်​ကို​ပဲသေ​​စေနိုင်တာပါ​။စာ​ရေးဆရာတစ်​​ယောက်​ ရဲ့ စာအုပ်​တစ်​အုပ်​က လူ​ပေါင်းများစွာရဲ့ ဘဝကိုပျက်​​စေနိုင်​တယ်​ စာ​ရေးဆရာက မ​ကောင်း​တဲ့လမ်းကိုညွန်​​ပြသော စာအုပ်​ဖြစ်​ခဲ့ရင်​​ တကယ်​ပဲ​ကြောက်​စရာပါ။ဘဝ ပျက်​ရင်​ အသက်​​သေတာထက်​ ဆိုးရွားပါသည်​ ငရဲကျ​နေသကဲ့သို့ပါပဲ​။ဒါ​ကြောင့်​ ပညာ​ပေး သုတ ပါ​သော စာအုပ်​ စာ​ပေ များကိုသာ ဖတ်​​ပေးကြ ပါ ရသကိုဦးစား​ပေးထား​သော စာ​ပေထက်​ သုတပါ​သောစာ​ပေများ ကို သာအား​ပေးဖတ်​​ပေးသင့်​ပါသည်​။ဘာပဲဖြစ်​ဖြစ်​ သုတ ရသ နှစ်​မျိုးပါ​သော စာ​ပေးများကို ဖတ်​ဖို့ တိုက်​တွန်းနှိုး​ဆော်​ ​ပေးပါသည်​။စာဖတ်​ ခြင်းရဲ့ အကျိုး​ကျေးဇူး ​တွေဟာ ညွန်းဆို၍ပင်​မကုန်​နိုင်​ပါ ။ဘဝတွက်​အကျိုးရှိ​စေဖို့ လူအလယ်​မှာ ​ခေါင်း​ထောင်​နိုင်​ဖို့ စာဖတ်​ ဖတ်​​ပေးကြဖို့ တိုက်​တွန်းနှိုး​ဆော်​ရင်း
ဒီစာပိုဒ်​​လေးကို ဒီမှာပဲ ရပ်​ပါရ​စေ။........။

အပန်းမကြီးဘူးဆိုရင်​ မန့်​ပေးခဲ့ကြပါလား ကိုယ့်​ဘဝမှာ ဘယ်​စာအုပ်​​​တွေကြောင့်​ အသိ​တွေကြွယ်​ခဲ့ဘူးလဲ?ဘယ်​​စာအုပ်​​တွေက ကိုယ့်​ဘဝကို တိုးတက်​​အောင်​​ထောက်​ပံ့​​ပေခဲ့ကြလဲ? စာအုပ်​မည်​​လေး​တွေ​ရေး​ပေးခဲ့ကြပါလား?


Credit: photo facebook

Sort:  

အစက ဖတ်တဲ့ စာအုပ်တွေ မန့်မလို့
လူတေ ရယ်မှာ စိုးလို့ မမန့်တော့ဘူးဗျ ဟဲဟဲ

Bro တိုက်တွန်းထားတာ တကယ်ကိုကောင်းပါတယ်..
စာရေးတဲ့အခါ အပိုဒ်လေးတွေခွဲရေးရင် ပိုအဆင်ပြေပါတယ်..
ဖတ်ဖို့ လည်းပိုစိတ်ဝင်စားစေပါတယ်...

ဟုတ်​ကဲ့ပါ ​ကျေးဇူး ပါ​ဗျာ့

စာအုပ် စာပေ လူ့မိတ်ဆွေ စာဖတ်ခြင်းသည် လွန်စွာ အကျိုးရှိပါတယ်

ဟုတ်​ကဲ့ပါ

စာဖတ်​ခြင်း​ကြောင့်​အကျိုးယုတ်​သွားတဲ့သူ၊ယ​နေ့ထိကမ္ဘာ​ပေါ်မှာမရှိ​သေးတဲ့အတွက်​၊စာအုပ်​စာ​ပေဟာတကယ့်​မိတ်​​ဆွေ​ကောင်းပါbro

ဟုတ်​ကဲ့bro

စာပိုဒ်လေးတွေ ခွဲရေးရင် ပိုအဆင်ပြေမယ်လို့ ထင်မိပါတယ် မောင်လေးရေ အရေးအသားကောင်းပါတယ် အားပေးနေပါ့မယ်

ဟုတ်​ကဲ့ပါ
ကျေးဇူးပါ အမ

နိုင်းနိုင်းစနေစာအုပ်တွေကတကယ်ကိုအားတက်စေပါတယ်,ဘဝတွေကိုမြင်နိုင်အောင်ပြောပြပေးတာကတော့ဆရာဘုန်းနိုင်စာအုပ်တွေအရမ်းကိုကောင်းပါတယ်ဆရာဝန်ဆိုဆရာဝန်ဘဝလယ်သမားဘဝ အကုန်လုံးကိုထင်ဟပ်စေလို့ဖတ်ဖြစ်ပါတယ်

ဟုတ်​ပါတယ်​ ​ဗျာ

ကျေးဇူးဗျ

ဟုတ်​ကဲ့ပါ

စာအုပ်စာပေ လူ့မိတ်ဆွေတဲ့ဗျ

ကောင်းတယ်

အမှန်ပါပဲစာများများဖတ်သင့်ပါတယ်

ဟုတ်​ပါတယ်

စာက​တော့ဖတ်​သင့်​ပါတယ်​bro ​ကျေးဇူးပါပဲ

ဟုတ်​ကဲ့ပါ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58131.27
ETH 2360.42
USDT 1.00
SBD 2.38